Colourful books stand in a row on a shelf. © Jamie Grill/Jamie Grill via Getty Images

A

die Ablöse (ငွေရှင်းခြင်းများ)
အိမ်ခန်းတစ်ခုသို့ သင်ပြောင်းရွှေ့သွားပြီး ယခင် အိမ်ငှားက ထိုအိမ်ခန်းတွင် ပရိဘောဂများ ထားခဲ့လျှင် ဘာဖြစ်မည်နည်း။ ယေဘုယျအားဖြင့် ၎င်းတို့အတွက် သင် ငွေပေးချေရသည်။ ၎င်းကို ငွေရှင်းခြင်းဟု သိကြသည်။ ပုံမှန်အားဖြင့် ဗီရိုကဲ့သို့သော ကြီးမားပြီး လေးလံသော ပရိဘောဂ ပစ္စည်းများနှင့် သက်ဆိုင်သည်။ သို့မဟုတ် မီးဖို သို့မဟုတ် ရေခဲသေတ္တာ ကဲ့သို့သော မီးဖိုချောင်သုံး ပရိဘောဂများအတွက် ဖြစ်သည်။

der Abschluss, die Abschlüsse (ပညာအရည်အချင်း၊ ပညာအရည်အချင်းများ)
သင်တန်း၊ အလုပ်သင်ကာလတစ်ခု သို့မဟုတ် ကျောင်းတစ်ကျောင်း ပြီးဆုံးချိန်တွင် စာမေးပွဲဖြေရန် လိုအပ်သည်။ ပုဂ္ဂိုလ်တစ်ဦးသည် ထိုစာမေးပွဲကို အောင်မြင်လျှင် ပညာအရည်အချင်းတစ်ခုကို ရရှိသည်။ ဂျာမဏီတွင် အရည်အချင်း အမျိုးအစား အမျိုးမျိုးရှိသည်။ ပုဂ္ဂိုလ်တစ်ဦးသည် အလုပ်လုပ်ရန် သို့မဟုတ် ကျောင်းတက်ရန် ဆန္ဒရှိလျှင် ပညာအရည်အချင်းတစ်ခု လိုအပ်သည်။ သို့ရာတွင် ပညာအရည်အချင်းတိုင်းသည် ပုဂ္ဂိုလ်တစ်ဦးကို အလုပ်အမျိုးအစားတိုင်းအတွက် သို့မဟုတ် သင်ယူလေ့လာမှု သင်တန်းတိုင်းအတွက် အရည်အချင်းပြည့်မီစေသည် မဟုတ်ပေ။

die Abschlussprüfung, die Abschlussprüfungen (အတန်းတင်စာမေးပွဲ)
လေ့လာသင်ယူမှု သင်ရိုး သို့မဟုတ် သက်မွေးဝမ်းကျောင်းသင်တန်း အဆုံးတွင် ပြုလုပ်သည့် စာမေးပွဲ သို့မဟုတ် စစ်ဆေးမှုဖြစ်သည်။ ပေါင်းစည်းသင်တန်းအဆုံးတွင် “ဝင်ရောက်အခြေချနေထိုင်သူများအတွက် ဂျာမန်ဘာသာစကား စာမေးပွဲ” (DTZ) ကို သင် ဖြေဆိုရသည်။ ပေါင်းစည်းသင်တန်းတက်ရောက်နေသည့် ကျောင်းသားများသည် ဤအတန်းတင်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ ပိုမိုသိရှိလိုက BAMF တွင် ကြည့်ပါ။

der Allgemeinarzt/die Allgemeinärztin, die Allgemeinärzte (အထွေထွေရောဂါကု ဆရာဝန်)
ကျန်းမာရေး ပြဿနာအားလုံးအတွက် ဆရာဝန်ဖြစ်သည်။ သင် ဖျားနာနေလျှင် GP ထံသို့ ဦးစွာ သွားရောက်သည်။ အကယ်၍ သင့်အား GP က မကူညီနိုင်ပါက သင့်အား အထူးကု ဆရာဝန်တစ်ယောက်ထံသို့ လွှဲပြောင်းစာ သင့်အတွက် ရေးပေးသည်။

der Alphabetisierungskurs, die Alphabetisierungskurse (စာတတ်မြောက်ရေး သင်တန်း)
စာမရေးနိုင် သို့မဟုတ် မဖတ်နိုင်သော သူများအတွက် သင်တန်းတစ်ခုဖြစ်သည်။ စာတတ်မြောက်ရေး သင်ကြားပို့ချမှုပါဝင်သော အထူးပေါင်းစည်းသင်တန်းများလည်း ရှိသည်။ ဤပေါင်းစည်းသင်တန်းကို စာတတ်မြောက်ရေး သင်တန်း ဟုလည်း သိကြပြီး ပုံမှန်အားဖြင့် နာရီပေါင်း ၉၆၀ ကြာမြင့်သည်။

die Anerkennung ausländischer Abschlüsse (နိုင်ငံခြား ပညာအရည်အချင်းများကို အသိအမှတ်ပြုခြင်း)
သင့်လျော်သော ပညာအရည်အချင်းများ သင့်တွင် ရှိလျှင် သင် လုပ်ကောင်းလုပ်နိုင်မည့်အသက်မွေးဝမ်းကျောင်းအလုပ် ဂျာမဏီတွင် များစွာရှိသည်။ (ဥပမာ ဆရာဝန်၊ ကျောင်းဆရာ)။ ဤအသိအမှတ်ပြုမှုကို အောင်မြင်ရရှိရန် ဝင်ရောက်အခြေချနေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် ပညာရေးဆိုင်ရာ အရည်အချင်းများကို စစ်ဆေးသည်။ အကယ်၍ ထိုအရည်အချင်းသည် ဂျာမန် အရည်အချင်းနှင့် တန်းတူဖြစ်လျှင် ဂျာမဏီတွင်လည်း ဤအသက်မွေးဝမ်းကျောင်းအလုပ်ဖြင့် အလုပ်လုပ်ရန် ဤအရည်အချင်းကို အသုံးပြုရန် သင့်ကို ခွင့်ပြုလိမ့်မည်။ ပိုမိုသိရှိလိုပါက BAMFသို့မဟုတ် anerkennung-in-deutschland.de. တွင် ကြည့်ပါ။

die Anschlussgebühr, die Anschlussgebühren (ဆက်သွယ်ရေး အဖိုးအခ)
သဘောတူညီမှု အစတွင် တစ်လုံးတစ်ခဲတည်း ပေးချေရသည့် အဖိုးအခဖြစ်သည်။ တစ်ကြိမ်ပေးချေပြီးသည်နှင့် ဖုန်းခေါ်ဆိုခြင်းကို စတင်ပြုလုပ်နိုင်မည်ဖြစ်သည်။

der Ansprechpartner/die Ansprechpartnerin, die Ansprechpartner (ဆက်သွယ်ရန် ပုဂ္ဂိုလ်၊ ဆက်သွယ်ရန် ပုဂ္ဂိုလ်များ)
မေးမြန်းစုံစမ်းရန်နှင့် ပြဿနာများပေါ်ပေါက်လာသည့်အခါ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်သည်။ မေးမြန်းလိုသည်များ ရှိသည့်အခါဖြစ်စေ၊ သို့မဟုတ် ပြဿနာအမျိုးမျိုး ပေါ်ပေါက်လာသောအခါ ထိုဆက်သွယ်ရန် ပုဂ္ဂိုလ်က အကူအညီ ပေးအပ်လေ့ရှိသည်။ ပုံမှန်အားဖြင့် ဆက်သွယ်ရန် အခြေအနေ အချို့အတွက် ပုဂ္ဂိုလ်တစ်ယောက်အား ခွဲဝေသတ်မှတ်ပေးထားလေ့ရှိသည်။

die Arbeitsagentur, die Arbeitsagenturen (အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ)
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက သင့်ကို မှန်ကန်သော အလုပ်ရရှိရန် ဆောင်ရွက်ပေးသည်။ သင့်အနေဖြင့် အလုပ်အမျိုးအစား အားလုံးအတွက် အလုပ်ကြော်ငြာများကို ဤနေရာတွင် ရှာဖွေနိုင်သည်။ တစ်ခါတစ်ရံ သင်အလုပ်လျှောက်ထားရာတွင် ဥပမာ ကုန်ကျသည့် စာရွက်စာတမ်းကြေး အတွက် ငွေကြေးထောက်ပံ့မှုရရှိနိုင်သည်။ မြို့တိုင်းတွင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရှိသည်။ သင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကို www.arbeitsagentur.de. တွင် ရှာဖွေနိုင်သည်။

der Arbeitgeber, die Arbeitgeber (အလုပ်ရှင်)
၎င်းသည် ဥပမာအားဖြင့် ကုမ္ပဏီတစ်ခု ဖြစ်နိုင်သည်။ ၎င်းသည် ထိုကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကြသည့် ဝန်ထမ်းများ၏ အလုပ်ခန့်အပ်ပေးထားသူဖြစ်သည်။ အစိုးရသည်လည်း ဥပမာ ကျောင်းဆရာများ သို့မဟုတ် ကလေး ပြုစုစောင့်ရှောက်မှု ပေးအပ်သူများ ကဲ့သို့ ပြည်သူ့ဝန်ထမ်းများ၏ အလုပ်ရှင်ဖြစ်ပေသည်။ သင့်တွင် မိမိကုမ္ပဏီရှိပြီး ထိုကုမ္ပဏီတွင် အလုပ်လုပ်လျှင် သင့်တွင် အလုပ်ရှင်မရှိပေ။

der Arbeitnehmer, die Arbeitnehmer (ဝန်ထမ်း)
သင်သည် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီဆိုလျှင် သင့်ကို ထိုကုမ္ပဏီ၏ ဝန်ထမ်းအဖြစ် သတ်မှတ်နိုင်သည်။

die Arbeitnehmervertretung, die Arbeitnehmervertretungen (အလုပ်သမား ကိုယ်စားလှယ် အဖွဲ့အစည်း)
အလုပ်သမားကိုယ်စားလှယ် အဖွဲ့အစည်းသည် ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသော ဝန်ထမ်းများအားလုံး၏ အကျိုးစီးပွားကို ကိုယ်စားပြုသည်။ သင်က အလုပ်ရှင်နှင့် ပြဿနာဖြစ်သည့်အခါတွင် အလုပ်သမားကိုယ်စားလှယ်အဖွဲ့ထံမှ အကူအညီတောင်းခံနိုင်သည်။ အလုပ်သမားကိုယ်စားလှယ်အဖွဲ့က အလုပ်သမားများနှင့် အလုပ်ရှင်များအကြားစေ့စပ်ညှိနှိုင်းပေးသည်။ အလုပ်သမားကောင်စီ သို့မဟုတ် ဝန်ထမ်းရေးရာ ကောင်စီလည်း ရှိသည်။ အထူးသဖြင့် ကုမ္ပဏီကြီးများတွင် အလုပ်သမားကောင်စီရှိသည်။ ကုမ္ပဏီနှင့်မပတ်သက်ဘဲ လွတ်လပ်စွာရပ်တည် ဆောင်ရွက်ပေးသည့် အလုပ်သမား သမဂ္ဂအဖွဲ့များလည်းရှိကြသည်။

die Arbeitserlaubnis (အလုပ်လုပ်ခွင့် ပါမစ်)
သင်သည် ဂျာမဏီနိုင်ငံတွင် အလုပ်လုပ်လိုသော်လည်း သင်သည် ဥရောပ သမဂ္ဂ(EU) နိုင်ငံတစ်နိုင်ငံမှ မဟုတ်ပေ။ ထိုအခါ သင်သည် အလုပ်လုပ်ကိုင်ခွင့် ပါမစ်တစ်ခု လိုအပ်သည်။ EU နိုင်ငံများဖြစ်သော ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယားမှ နိုင်ငံသားများသည်လည်း ၂၀၁၃ ခုနှစ် အကုန်အထိအလုပ်လုပ်ကိုင်ခွင့် ပါမစ်တစ်ခု လိုအပ်သည်။ သို့ရာတွင် ထိုကာလကျော်လွန်ပြီးနောက် မလိုအပ်ပေ။ ပိုမိုသိလိုပါက www.arbeitsagentur.de တွင်ကြည့်ပါ။

die Arbeitsgenehmigung, die Arbeitsgenehmigungen (အလုပ်လုပ်ခွင့် ပါမစ်)
သင်သည် ဂျာမဏီနိုင်ငံတွင် အလုပ်လုပ်လိုသော်လည်း သင်သည် ဥရောပ သမဂ္ဂ(EU) နိုင်ငံတစ်နိုင်ငံမှ မဟုတ်ပေ။ ထိုအခါ သင်သည် အလုပ်လုပ်ကိုင်ခွင့် ပါမစ်တစ်ခု လိုအပ်သည်။ EU နိုင်ငံများဖြစ်သော ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယားမှ နိုင်ငံသားများသည်လည်း ၂၀၁၃ ခုနှစ် အကုန်အထိအလုပ်လုပ်ကိုင်ခွင့် ပါမစ်တစ်ခု လိုအပ်သည်။ သို့ရာတွင် ထိုကာလကျော်လွန်ပြီးနောက် မလိုအပ်ပေ။ ပိုမိုသိလိုပါက www.arbeitsagentur.de တွင်ကြည့်ပါ။

die Arbeitslosenversicherung, die Arbeitslosenversicherungen (အလုပ်လက်မဲ့ အာမခံ)
ဝန်ထမ်းတစ်ယောက်သည်၎င်း၏ အလုပ် ဆုံးရှုံးလျှင် ဤအာမခံက ၎င်း၏ လုပ်ခများ/လစာ၏ အစိတ်အပိုင်းတစ်ရပ်ကို တစ်နှစ်ကြာ ပေးချေသည်။ ဝန်ထမ်းအားလုံးတွင်အလုပ်လက်မဲ့ အာမခံ အလိုအလျောက် ရှိကြသည်။ ပေါ်လစီ၏ ကုန်ကျစရိတ်တစ်စိတ်တစ်ပိုင်းကို အလုပ်ရှင်က ကျခံသည်။

die Arbeitsunfähigkeit (အလုပ်လုပ်နိုင်စွမ်း မရှိခြင်း)
သင် အလုပ် မလုပ်ကိုင်နိုင်သည့် အခြေအနေမျိုးကို ဆိုလိုသည်။ ဥပမာ သင် နာမကျန်းလျှင် သို့မဟုတ် မတော်တဆမှုတစ်ခု ပြီးနောက်တွင် ဖြစ်သည်။

das Arbeitsverbot, die Arbeitsverbote (အလုပ်ကို တားမြစ်ခြင်း၊ အလုပ်ကို တားမြစ်ခြင်းများ)
အလုပ်ကို တားမြစ်ခြင်းဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးကို တစ်စုံတစ်ရာသော ကာလအပိုင်းအခြားအထိ အလုပ်လုပ်ရန် ခွင့်မပြုခြင်းကို ဆိုလိုသည်။ ၎င်းကို နေထိုင်မှု စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ (ဥပမာ ယာယီ နေထိုင်ခွင့်ပါမစ်တစ်ခု သို့မဟုတ် သည်းခံခြင်း)

der Arbeitsvertrag, die Arbeitsverträge (အလုပ်ခန့်အပ်ခြင်း စာချုပ်)
သင့်အား အမြဲတမ်းဝန်ထမ်းတစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရလျှင် သင့်အား အလုပ်ခန့်အပ်ခြင်းစာချုပ်တစ်ခုကို ပေးအပ်လိမ့်မည်။ စာချုပ်၌ သင့် အလုပ်နှင့် သက်ဆိုင်သည့် စည်းမျဉ်များအားလုံး ပါဝင်သည်။ ဥပမာအားဖြင့် သင့်အလုပ်သည် မည်သည့် တာဝန်ဝတ္တရားများကို အကျုံးဝင်သနည်း။ သင့်ကို လစာ မည်မျှ ပေးမည်နည်း။ ရက်သတ္တပတ်လျှင် နာရီပေါင်း မည်မျှ သင် အလုပ်လုပ်ရမည်နည်း။ အားလပ်ရက် မည်မျှ သင်ရရှိမည်နည်း။ ထိုသဘောတူ စာချုပ်ကို သင်နှင့် သင့်အလုပ်ရှင်က လက်မှတ်ရေးထိုးရသည်။

die Ausreise, die Ausreise (ထွက်ခွာခြင်း၊ ထွက်ခွာခြင်းများ)
ထွက်ခွာခြင်းဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးက မိမိရောက်ရှိနေသည့် တိုင်းပြည်တစ်ခုမှ ထွက်ခွာခြင်းကို ဆိုလိုသည်။ တစ်ခါတစ်ရံ ထွက်ခွာခြင်းကို အတင်းအကျပ် ပြုလုပ်ရသည်။ ဆိုလိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးသည် မိမိဆန္ဒအလျောက် တိုင်းပြည်မှ မထွက်ခွာပေ။ အတင်းအကျပ်ထွက်ခွာစေခြင်း ဥပမာတစ်ခုမှာ ပြည်နှင်ဒဏ်ပေးခြင်း ဖြစ်သည်။

das Attest, die Atteste (ဆေးလက်မှတ်)
သင် နာမကျန်းဖြစ်ကာ အလုပ်မလုပ်နိုင် ဖြစ်နေပါသလား။ သို့ဖြစ်လျှင် သင်သည် ပုံမှန်အားဖြင့် သင့်အလုပ်ရှင်အတွက် ဆေးလက်မှတ် တစ်စောင် လိုအပ်သည်။၎င်းသည် သင့် ဆရာဝန်က သင့်အား ပေးအပ်သည့် စာတစ်စောင်ဖြစ်သည်။သင်သည် နာမကျန်းဖြစ်ကာ အလုပ်မလုပ်နိုင်ကြောင်း ထိုစာက ဖော်ပြသည်။ တစ်ခါတစ်ရံ ကလေးများသည် ကျောင်းအတွက် ဆေးလက်မှတ် တစ်စောင် လိုအပ်သည်။

der Aufenthaltstitel, die Aufenthaltstitel (နေထိုင်မှု ပါမစ်)
နေထိုင်မှု ပါမစ်တွင် ဥပမာ ဂျာမဏီတွင် သင့်အား မည်မျှကြာကြာ နေထိုင်ရန် ခွင့်ပြုသည် သို့မဟုတ် သင့်အား ဂျာမဏီတွင် အလုပ်လုပ်ခွင့် ပြုသည် နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။သင့်တွင်နေထိုင်မှု ပါမစ်တစ်ခုရှိလျှင် သင်သည် ဂျာမဏီတွင် တရားဝင် ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းသည် ဗီဇာအသွင်တစ်မျိုးလည်း ဆောင်သည်။

der Aufenthaltsstatus (နေထိုင်မှု အဆင့်အတန်း)
နေထိုင်မှု အဆင့်အတန်းသည်ဥပမာ ဂျာမဏီတွင် သင့်အား မည်မျှကြာကြာ နေထိုင်ရန် ခွင့်ပြုသည် သို့မဟုတ် သင့်အား ဂျာမဏီတွင် အလုပ်လုပ်ခွင့် ပြုသည်နှင့် ပတ်သက်၍ စည်းကမ်းထိန်းပေးသည်။ သင့်တွင်နေထိုင်မှု အဆင့်အတန်းတစ်ခုရှိလျှင် သင်သည် ဂျာမဏီတွင် တရားဝင် ရောက်ရှိနေခြင်း ဖြစ်သည်။

die Ausbildung, die Ausbildungen (အသက်မွေးဝမ်းကျောင်း သင်တန်း)
အသက်မွေးဝမ်းကျောင်း သင်တန်းတွင် ပုဂ္ဂိုလ်တစ်ယောက်သည် တစ်စုံတစ်ရာသော နယ်ပယ်၌ အသိပညာနှင့် စွမ်းဆောင်ရည်များကို ရရှိကြသည်။ အစိုးရကျောင်း၊ တက္ကသိုလ် သို့မဟုတ် ကုမ္ပဏီတစ်ခုတွင် အသက်မွေးဝမ်းကျောင်း သင်တန်း တက်ရောက်နိုင်သည်။ အသက်မွေးဝမ်းကျောင်း သင်တန်းပြီးဆုံးချိန်တွင် စာမေးပွဲတစ်ခု ဖြေဆိုရန် လိုအပ်သည်။ ထို့နောက်တွင် ပုဂ္ဂိုလ်တစ်ယောက်သည် အရည်အချင်းတစ်ခုကို ရရှိသည်။ အလုပ်သင်ခြင်းသည် အထူးသင်တန်း အမျိုးအစားတစ်ခုဖြစ်ပြီး ပုဂ္ဂိုလ်တစ်ယောက်သည် လက်တွေ့အလုပ်အကိုင်ကို သင်ယူ လေ့လာသည်။

das Ausländeramt, die Ausländerämter (လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်)
လူဝင်မှုကြီးကြပ်ရေးရုံး (Ausländeramt)ဟုလည်း သိရှိကြသည်။ ဤရုံးသည် ဂျာမဏီသို့ ပထမဆုံး သင်ရောက်ရှိချိန်တွင် သွားရောက်ရမည့် နေရာဖြစ်သည်။ ထို့အပြင် သင့် ပြည်ဝင်ခွင့်ဗီဇာသည် သက်တမ်းကုန်ဆုံးလုနီးပါဖြစ်နေပြီး သက်တမ်းတိုးလိုသည့်အခါတွင်လည်း ဤရုံးသို့ သွားရမည်ဖြစ်သည်။ မြို့တော်ခန်းမရှိ ဝန်ထမ်းများက သင့်အား လူဝင်မှုကြီးကြပ်ရေးရုံး တည်နေရာကို လမ်းညွှန်ပေးနိုင်သည်။

die Ausländerbehörde, die Ausländerbehörden (လူဝင်မှုကြီးကြပ်ရေးရုံး)
လူဝင်မူကြီးကြပ်ရေးအာဏာပိုင် (Ausländeramt) ဟုလည်းသိရှိကြသည်။ ဤရုံးသည် ဂျာမဏီသို့ ပထမဆုံး သင်ရောက်ရှိချိန်တွင် သွားရောက်ရမည့် နေရာဖြစ်သည်။ထို့အပြင် သင့် ပြည်ဝင်ခွင့်ဗီဇာသည် သက်တမ်းကုန်ဆုံးလုနီးပါဖြစ်နေပြီး သက်တမ်းတိုးလိုသည့်အခါတွင်လည်း ဤရုံးသို့ သွားရမည်ဖြစ်သည်။ မြို့တော်ခန်းမရှိ ဝန်ထမ်းများက သင့်အား လူဝင်မှုကြီးကြပ်ရေးရုံး တည်နေရာကို လမ်းညွှန်ပေးနိုင်သည်။

das Auswärtige Amt (နိုင်ငံခြားရေးရုံး)
Außenministerium ဟုလည်း သိကြသည်။ ဂျာမန်နိုင်ငံခြားရေးရုံးသည် အစိုးရ၏ အစိတ်အပိုင်း ဖြစ်သည်။ ၎င်း၏တာဝန်မှာ ဂျာမန်နိုင်ငံခြားရေး နှင့် ဥရောပနိုင်ငံရေး ကိစ္စရပ်များ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းသည် အခြားပြည်နယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည်။ ဂျာမဏီသို့ ခရီးသွားလာခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးရုံးမှလည်း သတင်းအချက်အလက်များ ရယူနိုင်သည်။

der Ausweis, die Ausweise (သက်သေခံ စာရွက်စာတမ်း)
ဤစာရွက်စာတမ်းများသည် သင် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပေးသည်။ သက်သေခံစာရွက်စာတမ်းများ၏ ဥပမာများမှာ သင့် မှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ဖြစ်သည်။ သို့သော် ယဉ်မောင်းလိုင်စင်သည်လည်း သက်သေခံ စာရွက်စာတမ်းတစ်ခု ဖြစ်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

B

der Bankeinzug (ဘဏ်စာရင်းမှ တိုက်ရိုက်ဝယ်ယူခြင်း)
တစ်စုံတစ်ရာကို သင့်ဘဏ်စာရင်းမှ တိုက်ရိုက်ဝယ်ယူလျှင် ပစ္စည်းရောင်းသူသည် ပစ္စည်းတန်ဖိုးကို သင်၏ ဘဏ်စာရင်းထဲမှ နုတ်ယူနိုင်သည်။ ဆိုလိုသည်မှာ၎င်းကို သင့်ဘဏ်စာရင်းမှ ငွေထုတ်ယူရန် သင် ခွင့်ပြုပေးလိုက်သည်။ သင့်ဘဏ်စာရင်းကို ဂျာမဏီနိုင်ငံရှိ ဘဏ်တစ်ခုတွင် ဖွင့်ထားခြင်းဖြစ်ပါက ထိုသို့ ဝယ်ယူမှုအတွက် အကုန်အကျ မရှိပါ။ သင် အွန်လိုင်းပေါ်မှ ပစ္စည်းများ မှာယူ၍ တိုက်ရိုက်ဝယ်ယူလျှင်လည်း ဘဏ်စာရင်းမှ တိုက်ရိုက်ငွေပေးချေခြင်းကို ပြုလုပ်နိုင်သည်။ သို့သော် အာမခံကြေး နှင့် လစဉ်ပေးချေမှုများ (လျှပ်စစ်/ဓာတ်ငွေ့၊ ဖုန်း/အင်တာနက်ခများ) အတွက်လည်း သင် ပေးချေနိုင်သည်။ ဆိုလိုသည်မှာ အာမခံကုမ္ပဏီ သို့မဟုတ် ရေ၊မီတာ၊လျှပ်စစ် ဝန်ဆောင်မူပေးသည့် ကုမ္ပဏီများအား သင့်ဘဏ်စာရင်းမှ ကုန်ကျစရိတ်အား လစဉ် ဖြတ်တောက်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။

die Behörde, die Behörden (အစိုးရ အေဂျင်စီ/ အစိုးရ အေဂျင်စီများ)
အစိုးရ အေဂျင်စီသည် ဥပဒေတွင်ဖော်ပြပါရှိသော တာဝန်များကို ဖြည့်ဆည်းပေးရသည့် အစိုးရ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ထိုကြောင့် ၎င်းသည် နိုင်ငံ့ရေးရာများကို စီမံခန့်ခွဲသည်။

der Benutzername, die Benutzernamen (အသုံးပြုသူအမည်)
သင်သည် ဝက်ဘ်ဆိုက်တစ်ခု သို့မဟုတ် ကွန်ပျူတာတစ်လုံးကို အသုံးပြုသောအခါ သင်မှတ်ပုံတင်သည့် အမည်ဖြစ်သည်။

das Bargeld (ငွေသား)
ငွေစက္ကူများနှင့် အကြွေစေ့များသည် ငွေသားများဖြစ်သည်။ သင်အနေဖြင့် မည်သည့်နေရာတွင်မဆို ငွေသားဖြင့် ပေးချေနိုင်သည်။

die Beglaubigung, beglaubigen (အထောက်အထားပြခြင်း၊ အထောက်အထားပြရန်)
တရားဝင်အဖွဲ့စည်းတစ်ရပ်က စာရွက်စာတမ်းများကို စစ်ဆေးပြီး ၎င်းတို့သည် စစ်မှန်ကြောင်း သက်သေပြရန် တံဆိပ်နှိပ်ပေးခြင်းဖြစ်သည်။

die Beratung (အကြံဥာဏ်)
အကြံပေးချိန်တစ်ခု၌ အကြောင်းအရာများစွာနှင့် ပတ်သက်၍ ပညာရှင်များထံမှ အကူအညီကို ရယူနိုင်သည်။ ပိုမိုသိရှိရန် အကူအညီရယူခြင်းတွင် ကြည့်ပါ။.

der Bereitschaftsdienst, die Bereitschaftsdienste, der ärztliche Bereitschaftsdienst (အရန်သင့် ဆေးကုသရေး ဝန်ဆောင်မှု)
ညနေပိုင်း၊ ညအချိန် သို့မဟုတ် စနေ၊ တနင်္ဂနွေကဲ့သို့ ပုံမှန်မဟုတ်သော အချိန်တွင် သင် ဆရာဝန်တစ်ယောက်လိုအပ်ပါသလား။ လိုအပ်ပါက အရန်သင့် ဆေးကုရေး ဝန်ဆောင်မှုကို သင် ဆက်သွယ်နိုင်သည်။ ဂျာမဏီနိုင်ငံ တစ်ဝှမ်းလုံးတွင် တစ်ခုတည်းသော ဖုန်းနံပါတ် ၁၁၆၁၁၇ ဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် ဤနံပါတ်ကို အသုံးမပြုပါနှင့်၊ ၁၁၂ ဖြင့် လူနာတင်ယာဉ် ဝန်ဆောင်မှုကို ဖုန်းဆက်ပါ။ ၎င်းသည် ဂျာမဏီနိုင်ငံတစ်ဝှမ်းလုံးတွင် အတူတူပင်ဖြစ်သည်။

die Berufsausbildung (အသက်မွေးဝမ်းကျောင်းသင်တန်း)
၎င်းသည် သင် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို သင်ယူသောအချိန်အခါဖြစ်သည်။ အသက်မွေးဝမ်းကျောင်း သင်တန်းသည် ပုံမှန်အားဖြင့် စီးပွားရေးကျောင်းနှင့်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခြင်း ဟူ၍ နှစ်ပိုင်းရှိသည်။ အသက်မွေးဝမ်းကျောင်း သင်တန်းသည် ပုံမှန်အားဖြင့် ၂ နှစ် နှင့် ၃.၅ နှစ် အကြား ကြာမြင့်တတ်သည်။ ၎င်းသည် အသက်မွေးဝမ်းကျောင်းအလုပ် အပြင် သင်၏ ကျောင်းပြီးဆုံး ပညာအရည်အချင်း အပေါ်တွင်လည်း မူတည်နေသည်။ သင့်တွင် Abitur ရှိလျှင် သင်တန်း သင်ရိုးသည် တစ်ခါတစ်ရံ အနည်းငယ် ပိုတိုနိုင်သည်။

das Berufsinformationszentrum (BIZ) (အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင် အကြံပေးဌာန)
ဤဌာနမှ ဝန်ထမ်းများသည် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် သွင်ပြင်လက္ခဏာအားလုံးနှင့် ပတ်သက်၍ အကြံပေးသည်။ www.arbeitsagentur.de တွင် ကြည့်ပါ။

die Berufsoberschule, die Berufsoberschulen (အထူးပြု ပညာရပ်သင်ကျောင်း)
သင်သည် ဤကျောင်းတွင် အဆင့်မြင့် ကျောင်းထွက် ပညာအရည်အချင်းတစ်ရပ်ကို သင်ယူနိုင်သည်။ သင်၏ သက်မွေးဝမ်းကျောင်းသင်တန်းကို တက်ရောက်ပြီးနောက် အထူးပြု ပညာရပ်သင်ကျောင်းတစ်ခုကို သင် တက်ရောက်နိုင်သည်။

die Berufsschule, die Berufsschulen (စီးပွားရေးကျောင်း)
စီးပွားရေးကျောင်းသည် သက်မွေးပညာသင်တန်း လက္ခဏာ သွင်ပြင်တစ်ခုဖြစ်သည်။ စီးပွားရေးကျောင်းများ၌ သင့် သက်မွေးဝမ်းကျောင်း ပညာနှင့် သက်ဆိုင်သော အထူးသင်ရိုးများအပြင် အခြားနယ်ပယ်များမှ ပညာရပ်များကိုလည်း သင်ကြားရမည်ဖြစ်သည်။ တစ်ပတ်လျှင် သင်ခန်းစာ ၈ ခု မှ ၁၂ ခုအထိ သင်ကြားရမည်ဖြစ်သည်။ ကျန်ရှိသည့်အချိန်များ၌ ကုမ္ပဏီများတွင် အလုပ်ဆင်းရမည်ဖြစ်သည်။ သို့မဟုတ် စီးပွားရေးသင်တန်းများတွင် ရက်သတ္တပတ်အနည်းငယ် တက်ရောက်ပြီး နောက်အပတ်များတွင် ကုမ္ပဏီတွင် အလုပ်ဆင်းနိုင်သည်။ တချို့သော အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် စီးပွားရေးသင်တန်းကျောင်းတွင် တစ်နှစ်ခန့် တက်ရောက်ရမည်ဖြစ်သည်။ ထို့နောက် ကုမ္ပဏီများတွင် အလုပ်သင်အနေဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်သည်။ စီးပွားရေးသင်တန်းသည် ပုံမှန်စာသင်ကျောင်းကဲ့သို့ပင် စာအုပ်စာတမ်းဖိုးများမှ လွဲ၍ သင်ကြားစရိတ်အခမဲ့ဖြစ်သည်။

die Bewerbung, die Bewerbungen (အလုပ်လျှောက်ထားခြင်း)
သင်သည် ကုမ္ပဏီလုပ်ငန်းတစ်ခုတွင် အလုပ်လျှောက်ထားလိုသည်ဆိုပါက အလုပ်လျှောက်လွှာတစ်ခုကို ရေးသားရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် အလုပ်လျှောက်ထားခြင်းအတွက် ပေးပို့ကြောင်း အကြောင်းကြားစာ၊ သင့် ကိုယ်ရေးရာဇဝင်၊ ဓာတ်ပုံ နှင့် ပညာအရည်အချင်းအထောက်အထားများ လိုအပ်မည်ဖြစ်သည်။ စာဖြင့်ရေးသားထားသည့် သင်၏ အလုပ်လျှောက်လွှာ ကောင်းမွန်သည်ဆိုပါက အလုပ်လျှောက်ထားခြင်း၏ ဒုတိယအဆင့်အနေဖြင့် အလုပ်ရှင်နှင့် တွေ့ဆုံရန် အင်တာဗျူးဖြေဆိုခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ အကြောင်းအရာများ ပိုမိုသိရှိလိုပါက အလုပ်အကိုင်ရှာဖွေရေး အင်ဂျင်စီများ၌ မေးမြန်းစုံစမ်းနိုင်သည်။

die Bewerbungsunterlagen (အလုပ်လျှောက်ရန်လိုအပ်သည့် စာရွက်စာတမ်းများ)
၎င်းတွင် ပေးပို့ကြောင်း အကြောင်းကြားစာ၊ တစ်နည်းအားဖြင့် ကုမ္ပဏီထံသို့ စာတစ်စောင် ပါဝင်သည်။ သင် အဘယ်ကြောင့် ဤအလုပ်ကို ရလိုကြောင်းနှင့် သင်သည် အဘယ်ကြောင့် ဤအလုပ်နှင့် သင့်တော်ကြောင်း ထိုစာကပြောပြသည်။ ဤစာရွက်စာတမ်းများတွင် ဓာတ်ပုံတစ်ပုံ၊ ကိုယ်ရေးရာဇဝင် (သင့် အရည်အချင်းများကို ဖော်ပြထားသည့် ဇယားတစ်စောင်) နှင့် သင်၏ တရားဝင် အထောက်အထား လက်မှတ်များလည်း ပါဝင်သည်။

die Botschaft, die Botschaften (သံရုံး)
သံရုံးသည် ကောင်စစ်ဝန်ရုံးများနှင့် ဆင်တူသည်။ ၎င်းသည် အခြားသော တိုင်းပြည်တစ်ပြည်တွင် နိုင်ငံတစ်ခု၏ ကိုယ်စားလှယ်ဖြစ်သည်။ ဂျာမဏီသံရုံးနှင့်ပတ်သက်၍ www.diplo.de.ဝက်ဘ်ဆိုက်တွင် ပိုမိုသိရှိနိုင်သည်။

die Broschüre, die Broschüren (လက်ကမ်းစာစောင်)
သင်နှင့်အတူ ယူဆောင်သွားနိုင်ရန် စာရွက်ပေါ်တွင် ရိုက်နှိပ်ဖော်ပြထားသော သတင်းအချက်အလက်များဖြစ်သည်။

das Bundesland, die Bundesländer(ပြည်ထောင်စု ပြည်နယ်များ)
ဂျာမဏီနိုင်ငံကို ပြည်ထောင်စု ပြည်နယ်(Bundesländer) ၁၆ ခုဖြင့် ဖွဲ့စည်းထားသည်။ ပြည်ထောင်စု ပြည်နယ်တစ်ခုသည် ပုံမှန်အားဖြင့် ဘာဗာရီးယား၊ ဟီစီ သို့မဟုတ် မြောက် ရိုင်ဝစ်ဖာလိယာ တို့ကဲ့သို့ အတော်အသင့် ကြီးမားသော ဧရိယာတစ်ခု ဖြစ်သည်။ သို့ရာတွင် အချို့သော မြို့တော်များ ကိုယ်တိုင်သည်လည်း ပြည်ထောင်စု ပြည်နယ်တစ်ခု ဖြစ်သည်၊ ဥပမာ ဘာလင် သို့မဟုတ် ဟမ်းဘက်။ ပြည်နယ်တစ်ခုချင်းစီတွင် ကိုယ်ပိုင်အစိုးရ (Landesregierung) နှင့် ပြည်နယ်လွတ်တော် (Landtag) တို့ရှိသည်။ ပြည်နယ်အစိုးရသည် ပညာရေး၊ ယဉ်ကျေးမှုနှင့်ဆက်နွယ်သော ကိစ္စရပ်များကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ သို့သော် အရေးပါဆုံးသော ဆုံးဖြတ်ချက်များကို ပြည်ထောင်စုအစိုးရ သို့မဟုတ် ဂျာမဏီတစ်နိုင်ငံလုံး၏ အစိုးရက ချမှတ်သည်။

der Bundestag (ဂျာမန် ပြည်ထောင်စု အစိုးရအဖွဲ့)
Bundestagသည် ဂျာမန်လွှတ်တော်ဖြစ်သည်။ လွှတ်တော်တွင် မည်သည့် ပါတီများသည် ပါဝင်နေသနည်း။ ၎င်းကို ရွေးကောက်ပွဲများတွင် ပြည်သူက ဆုံးဖြတ်သည်။

brutto (စုစုပေါင်းလုပ်အားခ)
အားလုံးပေါင်းလုပ်အားခ/လစာ ဆိုသည်မှာ စုစုပေါင်း ပမာဏဖြစ်သည်။ ထိုအထဲမှ အာမခံကြေးနှင့် အခွန်ခများကို သင် ပေးဆောင်ရမည်။ ကျန်ရှိသည့် ပမာဏသည် အသားတင် ပမာဏဖြစ်သည်။

das Bußgeld, die Bußgelder (ပြစ်ဒဏ်ကြေး)
သင်သည် မီးနီကိုဖြတ်လျှောက်မိသည် ဆိုပါစို့ သို့မဟုတ် လူသွားလမ်းပေါ်တွင် စက်ဘီးစီးမိသည် ဆိုပါစို့ သို့မဟုတ် အရက်သောက်ပြီး ကားမောင်းမိသည် ဆိုပါစို့။ ရဲက သင့်ကိုဖမ်းမိလျှင် သင် ဒဏ်ငွေဆောင်ရလိမ့်မည်။ တစ်ခါတစ်ရံ ပြစ်ဒဏ်ကြေးသည် ၅ ယူရို သို့မဟုတ် ၁၀ ယူရိုသာ ဖြစ်သည်။ သို့ရာတွင် တစ်ခါတစ်ရံ ထိုထက် အများကြီးပိုသည်။ တစ်ခါတစ်ရံ သင့် ယာဉ်မောင်းလိုင်စင်ကိုပင် ဆုံးရှုံးနိုင်သည်။ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ ကားမောင်းရန် သင့်အား ခွင့်မပြုဟု ဆိုလိုသည်။

Glossar Sprungnavigation

Glossar Sprungnavigation

C

D

der Dauerauftrag, die Daueraufträge (ပုံသေညွှန်ကြားချက်)
ပုံသေညွှန်ကြားချက်သည် ဘဏ်ငွေလွှဲမှု သီးခြားပုံစံတစ်ရပ်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်သည် ပုံသေညွှန်ကြားချက်ဖြင့် အိမ်ငှားခကို ပေးချေနိုင်သည်။ နေ့စွဲကို သင်က အတိအကျ သတ်မှတ်ပေး(ဥပမာ ထိုလ၏ ပထမဆုံးရက်) ပြီး ၎င်းတို့အား အိမ်ရှင်၏ ဘဏ်စာရင်းကို ပေးရသည်။ ထို့နောက် ဘဏ်က အိမ်ငှားခကို အိမ်ရှင်၏ ဘဏ်စာရင်းထဲသို့ လစဉ် ထိုရက်တွင် အလိုအလျောက် လွှဲပေးသည်။

die Deutsche Sprachprüfung für den Hochschulzugang/TestDaF (တက္ကသိုလ်ဝင်ခွင့်အတွက် ဂျာမန်ဘာသာစကား စာမေးပွဲ/ နိုင်ငံခြားဘာသာအဖြစ် ဂျာမန် အတွက် ဘာသာစကား စာမေးပွဲ)
သင်သည် တက္ကသိုလ် သို့မဟုတ် နည်းပညာကောလိပ်တစ်ခုခုတွင် ဒီဂရီအဆင့်၌ ပညာသင်ယူလိုလျှင် ပုံမှန်အားဖြင့် ဂျာမန်ဘာသာစကားကို အဆင့်မြင့်မြင့် ပြောဆိုတတ်ရမည်ဖြစ်ပြီး ဤစာမေးပွဲများအနက်တစ်ခုခုကို အောင်မြင်ရမည်ဖြစ်သည်။ သင်၏ မွေးရပ်မြေတွင် ရှိနေစဉ်တွင်လည်း ဤစာမေးပွဲကို မကြာခဏ ဖြေဆိုနိုင်သည်။ အသေးစိတ်ကို www.dsh-germany.com, www.dsh-termin.de und www.testdaf.deတွင် ကြည့်ရှုပါ။

der Deutschtest für Zuwanderer (ဝင်ရောက်အခြေနေထိုင်သူများအတွက် ဂျာမန်ဘာသာစကား စာမေးပွဲ)
၎င်းသည် ပေါင်းစည်းသင်တန်းတွင် နောက်ဆုံး စာမေးပွဲဖြစ်သည်။ ထိုစာမေးပွဲကို ပေါင်းစည်းသင်တန်းအဆုံးတွင် ဖြေဆိုရမည်ဖြစ်သည်။ ဂျာမန်ဘာသာကို အဆင့် A2 သို့မဟုတ် B1 အထိ သင် ပြောနိုင်/ရေးနိုင်ကြောင်း ၎င်းက သက်သေပြသည်။

das duale System (တွဲယှက်သင်ကြားစနစ်)
ဂျာမဏီနိုင်ငံတွင် သက်မွေးဝမ်းကျောင်းသင်တန်းများအတွက် တွဲယှက်သင်ကြားစနစ်ကို အသုံးပြုသည်။ တစ်နည်းအားဖြင့် သက်မွေးဝမ်းကျောင်းသင်တန်းတွင် စာတွေ့နှင့် လက်တွေ့နှစ်ပိုင်းပါဝင်သည်။ သင့်အနေဖြင့် ပါဝင်လုပ်ဆောင်မှု အတွေ့အကြုံမှတစ်ဆင့် ကုမ္ပဏီတစ်ခုတွင် လက်တွေ့အပိုင်းကို သင်ယူရသည်။ ထိုကုမ္ပဏီတွင် သင်တန်းသား အဖြစ်ဖြင့် အလုပ်လုပ်ပြီး သင့်အား လစာ/လုပ်ခအနည်းငယ် ပေးသည်။ စာတွေ့ကို စီးပွားရေးကျောင်းတွင် သင်ယူရသည်။

Glossar Sprungnavigation

Glossar Sprungnavigation

E

die EC-Karte, die EC-Karten
သင့်တွင် အထင်ကရဘဏ်များ/ ငွေစုဘဏ်များ၌ စာရင်းဖွင့်ထားပါက သင့်အား အီးစီကတ်တစ်ခု ပေးအပ်သည်။ အီးစီကတ်အရှည်ကောက်မှာ အီလက်ထရောနစ်ငွေသား(Electronic Cash)ဖြစ်သည်။ EC ကတ်ကို အသုံးပြုလျက် စူပါမားကတ်၊ ကုန်တိုက်များနှင့် အထူးသီသန့် ဈေးဆိုင်များတွင် အီလက်ထရောနစ် စနစ်ဖြင့် ငွေပေးချေနိုင်သည်။ (မုန့်ဆိုင်၊ အသားဆိုင် နှင့် ရွေ့လျားအရောင်းသမားများ) ဈေးဆိုင်ငယ်များသည် ငွေသားကိုသာ လက်ခံသည်။ အေတီအမ် စက်များမှ ငွေထုတ်ယူရန်လည်း အီးစီကတ်ကို သင် အသုံးပြုနိုင်သည်။

die Eheberatung, die Eheberatungen (အိမ်ထောင်ရေးရာ ဆွေးနွေးလမ်းညွှန် အကြံပြုမှု)
သင့်အိမ်ထောင်ရေးတွင် ပြဿနာများရှိပါက အိမ်ထောင်ရေးရာ ဆွေးနွေးလမ်းညွှန် အကြံပြုမှုနှင့် မိသားစုရေးရာ အကြံဥာဏ်များ ပေးအပ်သည့် ဌာနတစ်ခုသို့ သင် သွားရောက်နိုင်သည်။ ၎င်းတို့က သင့်အား ကူညီလိ်မ့်မည်။ ဆွေးနွေးလမ်းညွှန် အကြံပြုသူသည် ပုံမှန်အားဖြင့် စိတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး အိမ်ထောင်ဖက် နှစ်ဦးစလုံးနှင့် ဆွေးနွေးလေ့ရှိသည်။ ပြဿနာကို အဖြေရှာပြီး ဖြေရှင်းရန် လူတိုင်း အတူ အလုပ်လုပ်ကြသည်။

die Eheurkunde, die Eheurkunden (လက်ထပ်စာချုပ်)
သင်အိမ်ထောင်ပြုလျှင် သင့်အား မှတ်ပုံတင်ရုံးက မှတ်တမ်းမှတ်ရာတစ်ခုကို ပေးအပ်လိမ့်မည်။ ၎င်းသည် သင့် လက်ထပ်စာချုပ် ဖြစ်သည်။ ၎င်းအတွက် ဂျာမန်ဘာသာဖြင့် “Heiratsurkunde” နှင့် “Eheurkunde”ဟူ၍ စကားလုံး နှစ်လုံးရှိသည်။

die Einbürgerung, einbürgern (နိုင်ငံသားပြုခြင်း)
သင်သည် ဂျာမဏီနိုင်ငံသားအဖြစ်ကို သင် ရရှိသည်ဟု ဆိုလိုသည်။

der Einstufungstest, die Einstufungstests (ဘာသာစကား အဆင့် ဆန်းစစ်မှု)
၎င်းသည် သင်တန်းတစ်ခု မတိုင်မီ ပြုလုပ်သော စာမေးပွဲတစ်ခုဖြစ်သည်။ သင်မည်မျှ တော်သည်ကို ကျောင်းက သိမြင်နိုင်သည်။ ပေါင်းစည်းသင်တန်းမတိုင်မီ ဤ စာမေးပွဲကို သင်ဖြေဆိုရသည်။ ဘာသာစကား ကျောင်းသည် သင်၏ ဂျာမန်ဘာသာစကား ကျွမ်းကျင်မှုကို စစ်ဆေးသည်။ သင့်ကိုယ်ပိုင် အဆင့်တွင် ထိုသင်တန်းကို သင် စတင်နိုင်သည်ဟု ဆိုလိုသည်။ တစ်ခါတစ်ရံ ပေါင်းစည်းသင်တန်းအတွက် သင် မှတ်ပုံတင်သောအခါ ဤ စာမေးပွဲကို သင်ဖြေဆိုရသည်။

das Einwohnermeldeamt, die Einwohnermeldeämter (နေထိုင်သူများ မှတ်ပုံတင်ရုံး)
မြို့သစ်တစ်ခုသို့ ပြောင်းရွှေ့မည်လား။ သို့ဖြစ်လျှင် ထိုနေရာတွင် သင် မှတ်ပုံတင်ရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်ရန် သင်သည် နေထိုင်သူများ မှတ်ပုံတင်ရုံးသို့ သွားရသည်။ သင်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပေးသည့် သက်တမ်းမကုန်သေးသော နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြား မှတ်တမ်းမှတ်ရာတစ်ခု လိုအပ်သည်။

die elektronische Lohnsteuerkarte, die elektronischen Lohnsteuerkarten (အီလက်ထရောနစ် ဝင်ငွေခွန် ကတ်)
သင် အလုပ်တစ်ခု စတင်ဝင်ရောက်သောအခါ အလုပ်ရှင်အား သင့်အခွန်နံပါတ်ကို ပေးရမည်ဖြစ်သည်။ ထိုနံပါတ်ကို ဘဏ္ဍာရေးရုံးတွင် ရယူနိုင်သည်။ ၎င်းကို အီလက်ထရောနစ် ဝင်ငွေခွန်ကတ်ဟုလည်း သိရှိကြသည်။ သင့်အလုပ်ရှင်က ဤနံပါတ်ကို အသုံးပြုလျက် သင့်အခွန်ကို တွက်ချက်သည်။ သင့်လုပ်အားခ/လစာမှ ထိုပမာဏကို ဖြတ်တောက်ကာ ၎င်းကို ဘဏ္ဍာရေးရုံးသို့ ပေးချေရသည်။ ဝင်ငွေခွန်ကတ်များကို ယခင်က စက္ကူသားဖြင့် ပြုလုပ်အသုံးပြုခဲ့သော်လည်း ယခုအချိန်တွင် အီလက်ထရောစနစ်ကို အသုံးပြုလျက် ကွန်ပျူတာဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်သည်။

der Elternabend, die Elternabende (မိဘများ၏ ညနေခင်း)
တစ်နှစ်လျှင် မိဘများ၏ ညနေခင်း အကြိမ်များစွာရှိသည်။ သင်အနေဖြင့် ကျောင်းနှင့် ပတ်သက်သည့် အရေးကြီး အချက်အလက်များကို ရှာဖွေနိုင်သည်၊ စီစဉ်ထားသည့် ခရီးစဉ်များနှင့် ကျောင်း ခရီးစဉ်များအကြောင်း ဆွေးနွေးနိုင်သည်။ ၎င်းအပြင် သင်သည် အခြားမိဘများနှင့် ရင်းနှီးကျွမ်းဝင်နိုင်သည်။

das Elterngespräch, die Elterngespräche (မိဘအတိုင်ပင်ခံ ဆွေးနွေးမှု)
ကျောင်းတွင် ဆရာတစ်ယောက်နှင့် ချိန်းဆိုမှုတစ်ခုဖြစ်သည်။ သင့်ကလေးသည် ကျောင်းတွင် မည်သို့ လုပ်ဆောင်ပြီး မည်သို့ ပြုမူနေကြောင်းနှင့် ပတ်သက်၍ ၎င်းက သင့်အား ပြောပြလိမ့်မည်။

die Elternvertretung, die Elternvertretungen (မိဘ ကိုယ်စားလှယ်)
၎င်းတို့သည် သူငယ်တန်း သို့မဟုတ် ကျောင်းနှင့် အတူတကွ အလုပ်လုပ်ကြမည့် မိဘများဖြစ်ကြသည်။ မိဘ ကိုယ်စားလှယ်ကို မိဘများအားလုံးက ရွေးကောက်ကြသည်။ မိဘ ကိုယ်စားလှယ်များသည် ဥပမာ စီမံကိန်းများနှင့် ပတ်သက်၍ ကျောင်းသားများကို ကူညီကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် စာသင်ခန်းများကို အသစ်ပြုပြင်ရန် သို့မဟုတ် ကျောင်းတွင် ဥယျာဉ်တစ်ခု တည်ဆောက်ရန်လည်း ကူညီကြသည်။

die Elternzeit (မိဘ ခွင့်)
အမြဲတမ်း အလုပ်အကိုင် ရှိကြသည့် မိဘများသည် မိဘ ခွင့်ကို ယူနိုင်သည်။ ကလေး ၃နှစ်ပြည့်သည်အထိ မိခင် သို့မဟုတ် ဖခင်သည် အိမ်တွင် နေနိုင်ပြီး ကလေးကို ပြုစုစောင့်ရှောက်နိုင်သည်။ မိဘနှစ်ဦးစလုံး မိဘခွင့်ယူရန်လည်း ဖြစ်နိုင်သည်။ ၃နှစ်ကြာပြီးနောက် ၎င်းတို့သည် ထိုကုမ္ပဏီသို့ ပြန်လာနိုင်သည်။ ၎င်းတို့ကို ပထမ ၁၂ လအတွင်း မိဘ ထောက်ပံ့ကြေး ပေးသည်။ ၎င်းသည် ယခင် ရရှိသည့် အသားတင် လစာ (သင့်အကောင့်ထဲတွင် သင် လက်ခံရရှိသည့် ငွေ) ၏ ၆၇%ဖြစ်သည်။ သို့ရာတွင် ထိုကာလကျော်လွန်ပြီးနောက် မိဘ ခွင့်ကာလအတွင်း နောက်ထပ် လုပ်ခများ/လစာကို မပေးတော့ပေ။

der Erzieher/die Erzieherin, die Erzieher
Das ist ein Beruf. Man muss dafür eine Ausbildung an einer Fachschule oder Berufsfachschule machen. In der Ausbildung hat man Fächer wie Psychologie, Pädagogik, Gesundheit, Sport und so weiter. Erzieher arbeiten zum Beispiel in einem Kindergarten, in einem Kinderheim (ein Ort für Kinder ohne Eltern) oder beim Jugendamt.

der Ethikunterricht (စာရိတ္တနီတိ ပညာရေး)
ပြည်ထောင်စု ပြည်နယ်အများစုတွင် ကျောင်းသားများသည် ဘာသာရေးပညာရေးနှင့် စာရိတ္တနီတိ ပညာရေးတို့အကြား ရွေးချယ်နိုင်ကြသည်။ ဘာလင်မြို့တော်တွင် ကျောင်းသားများအားလုံးသည် စာရိတ္တနီတိ သင်ခန်းစာများကို တက်ရောက် သင်ယူကြရသည်။ ဤသို့ တက်ရောက် သင်ယူရန် သင်သည် ဘာသာတရား အဖွဲဝင်တစ်ဦး အတိအကျဖြစ်ရန် မလိုအပ်ပေ။ သင့်အနေဖြင့် မတူညီသော ဘာသာများနှင့် ဒဿနအကြောင်းကိုပါ သင်ယူရသည်။

die EU, die Europäische Union (ဥရောပသမဂ္ဂ)
ဥရောပသမဂ္ဂသည် ဥရောပနိုင်ငံများအကြား ပေါင်းစည်းထားသည့် စီးပွားရေးနှင့် နိုင်ငံရေးသမဂ္ဂ အဖွဲ့အစည်းဖြစ်သည်။ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံ ရှိသည်။ ဤအဖွဲ့ဝင်နိုင်ငံများတွင် လွတ်လပ်မှု၊ ညီတူညီမျှရှိမှု၊ ဒီမိုကရေစီ ကဲ့သို့သော ဘုံ အခြေခံမူများ ရှိသည်။ ထို့အပြင် ရောင်းကုန်ပစ္စည်းများနှင့် လုပ်သားထုအတွက်လည်း ဘုံ ဈေးကွက်ရှိသည်။ အီးယူနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများသည် အီးယူအတွင်းရှိ မည့်သည့်နိုင်ငံတွင်မဆို နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်သည်။ အဖွဲ့ဝင်နိုင်ငံများထဲမှ ၁၇ နိုင်ငံတွင်လည်း တူညီသော ငွေကြေး ယူရို (€)ကို သုံးစွဲကြသည်။

der Europäische Wirtschaftsraum (ဥရောပ စီးပွားရေး နယ်ပယ်)
ဥရောပ စီးပွားရေနယ်ပယ်တွင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများအားလုံးအပြင် အိုင်းစ်လမ်း၊ လစ်တင်စတိုင်နှင့် နော်ဝေနိုင်ငံများလည်း ပါဝင်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

F

das Fachabitur (နည်းပညာကျောင်းဆင်း ဒီပလိုမာ)
၎င်းသည် နည်းပညာကျောင်းဆင်း ပညာအရည်အချင်းတစ်ခုဖြစ်သည်။နည်းပညာကျောင်းဆင်း ဒီပလိုမာတစ်ခုကို စီးပွားရေးကျောင်း သို့မဟုတ် အထူးပြု သက်မွေးဝမ်းကျောင်း ပညာရပ်သင်ကျောင်း/ကောလိပ်(Berufsfachschule, Fachakademie သို့မဟုတ် Berufsoberschule) တစ်ခုတွင် သင်ယူရသည်။ သို့မဟုတ် သက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုတွင် အဝေးသင် သင်ယူခြင်းဖြင့်။ Fachhochschulreife နှင့် Fachgebundene Hochschulreife ဟူ၍ Fachabitur နှစ်မျိုးရှိသည်။ ဤဒီပလိုမာသည် တက္ကသိုလ် အချို့တွင် သင်ယူလေ့လာရန် သင့်အား အရည်အချင်းပြည့်မီစေလိမ့်မည်။

die Fachoberschule, die Fachoberschulen (အထူးပြု ပညာရပ်သင်ကျောင်းများ)
Realschule ပြီးနောက် သင်သည် အထူးပြု ပညာရပ်သင်ကျောင်းတစ်ခုခုကိုတက်ရောက်နိုင်သည်။ ဤကျောင်းသည် သက်မွေးဝမ်းကျောင်းမှု အထူးအလေးပေးသည်။ ဥပမာအားဖြင့် အင်ဂျင်နီယာ သို့မဟုတ် လူမှုရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းအလုပ်များတွင် အထူးပြုထားသော ပညာရပ်သင်ကျောင်းများရှိသည်။ ကျောင်းသားများသည် အထူးပြု ပညာရပ်သင်ကျောင်းကို ၁၀ တန်းနှင့် ၁၁ တန်းတွင် ၂ နှစ်ကြာ တက်ကြသည်။ လက်တွေ့နှင့် စာတွေ့ ဘာသာရပ်များရှိပြီး ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုတွင် ကာလရှည် အတွေ့အကြုံများ ရှိသည်။ ဤသင်တန်း ပြီးဆုံးချိန်တွင် သင်သည် နည်းပညာကောလိပ်တစ်ခု၌ ဘွဲ့သင်တန်းတစ်ခုကို တက်ရောက်နိုင်သည်။

die Fachhochschule, die Fachhochschulen (နည်းပညာကောလိပ်)
၎င်းသည် တက္ကသိုလ်တစ်ခုနှင့် ဆင်တူသည်။ သို့ရာတွင် လက်တွေ့ကို ပို၍ အခြေပြုထားသည်။ အင်ဂျင်နီယာ၊ လူမှုရေး ပညာနှင့် အနုပညာ အသက်မွေးဝမ်းကျောင်း အလုပ်များတွင် အထူးပြုသည့် နည်းပညာကောလိပ်များရှိသည်။ နည်းပညာကောလိပ်တစ်ခုတွင် တက်ရောက် သင်ယူရန် ပုံမှန်အားဖြင့် သင်သည် Abitur သို့မဟုတ် Fachabitur ကို လိုအပ်သည်။

die Fahrscheinkontrolle, die Fahrscheinkontrollen (လက်မှတ်စစ်ဆေးခြင်း)
ဘတ်စ်ကား၊ ဓာတ်ရထား၊ မြေအောက်ရထား သို့မဟုတ် မြို့ပတ်ရထား သို့မဟုတ် ရထားပေါ်တွင် အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ယောက်က သင့်လက်မှတ်ကို တောင်းခံလိမ့်မည်။ သင့်တွင် လက်မှတ်မပါပါက သင်သည် ဒဏ်ငွေ ပေးဆောင်ရလိမ့်မည်။

der Fahrzeugschein, die Fahrzeugscheine (မော်တော်ယာဉ် မှတ်ပုံတင် မှတ်တမ်းမှတ်ရာ)
Zulassungsbescheinigung. အဖြစ်လည်း သိကြသည်။ ၎င်းသည် မော်တော်ယာဉ်တစ်စီးနှင့် ပတ်သက်သည့် အချက်အလက်များအားလုံးပါဝင်သော မှတ်တမ်းမှတ်ရာတစ်ခုဖြစ်သည်။ ဥပမာ ပြုလုပ်သည့် ကုမ္ပဏီ (Fiat, VW, …)၊ မှတ်ပုံတင်အမှတ်၊ ဤကားကို မောင်းနှင်သည့် ပုဂ္ဂိုလ် (ယာဉ်ပိုင်ရှင်)။ ဤမှတ်တမ်းမှတ်ရာတွင် ယာဉ်နှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ အားလုံးလည်း ပါဝင်သည်။ မော်တော်ယာဉ် မှတ်ပုံတင် မှတ်တမ်းမှတ်ရာကို မော်တော်ယာဉ် မှတ်ပုံတင် အာဏာပိုင်ထံမှ ရရှိနိုင်သည်။ ၎င်းသည် သင့်ကားကို သင် မှတ်ပုံတင်သည့် နေရာဖြစ်သည်။ မော်တော်ယာဉ် မှတ်ပုံတင် မှတ်တမ်းမှတ်ရာကို သင်နှင့်အတူ အမြဲတမ်း ဆောင်ထားရန် လိုအပ်သည်။ သို့ရာတွင် ၎င်းကို ကားထဲတွင် မထားသင့်ပေ။ ကားအခိုးခံရပါက မော်တော်ယာဉ် မှတ်ပုံတင် မှတ်တမ်းမှတ်ရာကို ရဲထံ ပြသရန် လိုအပ်သည်။

das Familienstammbuch, die Familienstammbücher (အိမ်ထောင်စု မှတ်ပုံတင်)
သင် အိမ်ထောင်ပြုသောအခါ သင့်အား မိသားစုမှတ်ပုံတင် တစ်ခုပေးအပ်သည်။ ၎င်းတွင် မိသားစုအကြောင်း အချက်အလက်များ ပါဝင်သည်။ ဥပမာ သင့် မိဘများသည် မည်သူဖြစ်သနည်း။ သင် မည်သည့်နိုင်ငံမှ လာသနည်း။ သင်၏ အိမ်ထောင်မပြုမီ အပျိုအမည်သည် အဘယ်နည်း။ သင့် အိမ်ထောင်ဘက်၏ မိဘများသည် မည်သူဖြစ်သနည်း။ သင့် အိမ်ထောင်ဘက်သည် မည်သည့်နိုင်ငံမှ လာသနည်း။ သင့်တွင် ကလေးများ ရှိပါသလား အစရှိသည်ဖြင့်။

die Filiale, die Filialen (ဘဏ်ခွဲ)
မြို့တော်များနှင့် မြို့နယ်များစွာတွင် ဖွင့်လှစ်ထားသော အထင်ကရဘဏ်ကြီးများနှင့် ငွေစုဘဏ်များ၏ ရုံးများဖြစ်သည်။ ဘဏ်အများစုတွင် ရုံးချုပ်နှင့် ရုံးခွဲအများအပြားရှိသည်။

die Flatrate, die Flatrates (ပုံသေနှုန်းထား)
၎င်းမှာ သင်သည် အင်တာနက် သို့မဟုတ် ဖုန်းကို မည်မျှပင် ကြာအောင် သုံးစေကာမူ ထိုဈေးနှုန်းပင် ဖြစ်သည်။

die Förderschule, die Förderschulen (အထူးကျောင်း)
ကောင်းစွာ သင်ယူနိုင်စွမ်းမရှိသော သို့မဟုတ် နှေးကွေးသော သင်ယူသူများဖြစ်ကြသည့် ကျောင်းသားများသည် အထူးကျောင်းကို တက်ကြသည်။

der Führerschein, die Führerscheine (ယာဉ်မောင်းလိုင်စင်)
သင်သည် ကား၊ မော်တော်ဆိုင်ကယ် သို့မဟုတ် HGV တစ်ခုခု မောင်းမည်ဆိုပါလျှင် ယာဉ်မောင်းလိုင်စင် လိုအပ်မည်ဖြစ်သည်။ သင့်အား ယာဉ် (ကား၊ မော်တော်ဆိုင်ကယ် သို့မဟုတ် HGV) မောင်းခွင့်ပြုကြောင်း ဤအထောက်အထားက ဖော်ပြသည်။

Glossar Sprungnavigation

Glossar Sprungnavigation

G

die Ganztagsschule, die Ganztagsschulen (တစ်နေကုန်ကျောင်း)
ကလေးများသည် ပုံမှန်အားဖြင့် ဤကျောင်း၌ ညနေ ၄ နာရီ သို့မဟုတ် ၅ နာရီအထိ တစ်နေကုန် နေနိုင်သည်။ ၎င်းတို့ကို နေ့လယ်စာ ကျွေးမွေးပြီး အိမ်စာများကိုလည်း ဝိုင်းကူပေးသည်။ ကျောင်းသားများအနေဖြင့် ဥပမာအားဖြင့် တူရိယာတစ်ခု သင်ယူရန်၊ အားကစား သို့မဟုတ် ပြဇာတ် ကရန်အထူး ဘာသာရပ်များကို သင်ယူနိုင်သည်။ အစိုးရက ဖွင့်လှစ်သည့် တစ်နေကုန်ကျောင်းများသည် ကျောင်းစရိတ် အခမဲ့ဖြစ်သော်လည်း ပုဂ္ဂလိက တစ်နေကုန် ကျောင်းများတွင်မူ ကျောင်းစရိတ် ပေးရမည်ဖြစ်သည်။

die Garantie, die Garantien (အာမခံ)
သင်သည် အိမ်သုံးအဆောင်ပစ္စည်းတစ်ခု (တီဗွီကဲ့သို့)ကို ဝယ်ယူခဲ့ပြီး ယခု ပျက်နေပါသလား။ ကိစ္စရပ်များစွာတွင် သင့်တွင် အာမခံတစ်ရပ်ရှိသည်၊ ဝယ်ယူသည့်ဆိုင်သို့သွားရောက်ကာ ပစ္စည်းများကို ပြန်လည်အပ်နှံနိုင်သည်ဟု ဆိုလိုသည်။ ထိုဆိုင် သို့မဟုတ် ထုတ်လုပ်သူက သင့်အား ပစ္စည်းအသစ်တစ်ခု ပေးရန် သို့မဟုတ် ပြုပြင်ခကို ပေးရန် တာဝန်ရှိသည်။ အာမခံသည် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွက်သာ (ယေဘုယျအားဖြင့် တစ်နှစ်၊ သို့သော် တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ) အကျုံးဝင်သည်။

die Geburtsurkunde, die Geburtsurkunden (မွေးစာရင်း)
ကလေး၏ အမည်၊ လိင်(ယောက်ျား သို့မဟုတ် မိန်းမ)၊ နေ့ရက်နှင့် မွေးဖွားရာ နေရာ၊မိဘများ၏ အမည် စသည့် အချက်အလက်များကို ဖော်ပြထားသော ကလေးတစ်ယောက် မွေးဖွားမှုနှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာတစ်ခု ဖြစ်သည်။ မွေးစာရင်းကို မှတ်ပုံတင်ဌာနက ထုတ်ပေးသည်။

das Gehalt, die Gehälter (လစာ)
အမြဲတမ်းအလုပ်အကိုင်တစ်ခုရှိသည့် ဝန်ထမ်းတစ်ယောက်အဖြစ်ဖြင့် သင့်အား လစဉ်ပေးချေသည့် ငွေဖြစ်သည်။ သင်နာမကျန်း ဖြစ်လျှင် သို့မဟုတ် အားလပ်ရက်ယူလျှင် သင့်လစာကို သင်ရရှိသည်။ စုစုပေါင်း လစာကို အားလုံးပေါင်း လစာအဖြစ် သိကြသည်။ ထိုလစာထဲမှ အခွန်များနှင့် အာမခံကြေးကို သင် ပေးချေရသည်။ ကျန်ရှိနေသောငွေမှာ သင်၏ အသားတင် လစာဖြစ်သည်။

die Gesamtschule, die Gesamtschulen (စုပေါင်းပညာသင်ကျောင်း)
စုပေါင်းပညာသင်ကျောင်းသည်Hauptschuleကျောင်း၊Realschule ကျောင်းနှင့် အားကစားရုံတို့ကို စုစည်းကာ တစ်ကျောင်းတည်းအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကလေးငယ်များသည် ခက်ခဲမှု အမျိုးမျိုးရှိသည့် သင်တန်းများကို သင်ယူကြသည်။ ကလေးငယ်တစ်ဦးက သင်္ချာဘာသာရပ်၌ အားနည်းသည်ဆိုပါက တစ်ဆင့်နိမ့်သင်ရိုးကို သင်ယူနိုင်သည်။ ကလေးငယ်တစ်ဦးသည် အင်္ဂလိပ်ဘာသာစကား၌ ထူးချွန်ပါက ၎င်းသည် ခက်ခဲသော သင်ရိုးတစ်ခုကို သင်ယူနိုင်ပေသည်။ စုပေါင်းပညာသင်ကျောင်း (Gesamtschule) တွင် ကျောင်းတစ်ကျောင်းမှ အခြားတစ်ကျောင်းသို့ ပြောင်းရွှေ့ရန် အလွန်လွယ်ကူသည်။ သို့သော် ထိုကျောင်းများကို နေရာတိုင်းတွင် မရရှိနိုင်ပေ။

die Gewährleistung, die Gewährleistungen (အာမခံပေးခြင်း)
အပြစ်အနာအဆာရှိသော ထုတ်ကုန်များကို ရောင်းသူ (ဥပမာ- ကုန်တိုက်တစ်ခု) ထံသို့ ပြန်လည် ပေးအပ်နိုင်သည့် အခွင့်အရေးဖြစ်သည်။ သင့်အား ပစ္စည်းအသစ်တစ်ခု ပေးသည် သို့မဟုတ် သင့်ငွေကို သင် ပြန်ရနိုင်သည်။ သင်အနေဖြင့် ရောင်းသူနှင့်လည်း ပြောဆိုပြီး လျှော့ဈေးဖြင့်ပေးရန်လည်း ညှိနှိုင်းနိုင်သည်။ သင့်ထံတွင် အရောင်း လက်ခံဖြတ်ပိုင်း ရှိနေသေးလျှင် အဆင်ပြေသည်။ သို့သော် မရှိမဖြစ်တော့ မလိုအပ်ပါေ

der Gewerbeschein, die Gewerbescheine (လုပ်ငန်းလိုင်စင်)
သင်သည် ကုမ္ပဏီတစ်ခု တည်ထောင်လိုပါသလား။ သို့မဟုတ် ဈေးဆိုင်၊ စားသောက်ဆိုင် သို့မဟုတ် ကော်ဖီဆိုင်တစ်ခုခု ဖွင့်လိုပါသလား။ သို့ဖြစ်လျှင် သင်သည် လုပ်ငန်းလိုင်စင်တစ်ခု လိုအပ်ပြီး ၎င်းကို ကုန်သွယ်မှုလိုင်စင်ရုံးမှ ရယူနိုင်ပါသည်။ လိုင်စင်ရယူရန်အတွက် သင့် နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင် ပါမစ်နှင့် တစ်ခါတစ်ရံ ရဲစခန်းထောက်ခံချက် စာရွက်စာတမ်းများလိုအပ်သည်။ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းအတွက် ယူရိုငွေ ၂၀ မှ ၆၀ အထိ ကုန်ကျသည်။

das Gewerbeamt, die Gewerbeämter (ကုန်သွယ်မှု လိုင်စင် ရုံး)
သင့် ကိုယ်ပိုင် ကုမ္ပဏီတစ်ခု ထူထောင်လိုပါသလား။ သို့မဟုတ် ဈေးဆိုင်၊ စားသောက်ဆိုင် သို့မဟုတ် ကော်ဖီဆိုင်တစ်ခုခု ဖွင့်လိုပါသလား။ သို့ဖြစ်လျှင် သင်သည် လုပ်ငန်းလိုင်စင်တစ်ခု လိုအပ်ပြီး ၎င်းကို ကုန်သွယ်မှုလိုင်စင်ရုံးမှ ရယူနိုင်ပါသည်။

die Gewerkschaft, die Gewerkschaften (အလုပ်သမား သမဂ္ဂ)
၎င်းတို့သည် ဝန်ထမ်းများ၏ အကျိုးစီးပွားကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်ကြသည်။

das Girokonto, die Girokonten (စာရင်းရှင်အပ်ငွေ)
စာရင်းရှင် အကောင့်များသည် နေ့စဉ်အသုံးပြုရန် အရေးပါသည့် ဘဏ်စာရင်းဖြစ်သည်။ ဥပမာအားဖြင့် သင်၏ လစာ၊ ပင်စင် နှင့် ကလေးထောက်ပံ့ကြေးများကို ဤဘဏ်စာရင်းထဲသို့ ပေးချေသည်။ ၎င်းအပြင် ကျသင့်ငွေတောင်းခံလွှာအများစုကိုလည်း ဤဘဏ်စာရင်းမှ ပေးချေနိုင်သည်။

die Gruppenunterkunft, die Gruppenunterkünfte (စုပေါင်း အိမ်ခန်း/ စုပေါင်း အိမ်ခန်းများ)
စုပေါင်းအိမ်ခန်းဆိုသည်မှာ (ပူပေါင်း အိမ်ခန်းဟုလည်းခေါ်) သည် ဒုက္ခသည်များကို စုပေါင်းထားရှိရာ နေရာဖြစ်သည်။ ဒုက္ခသည်များသည် အစပိုင်းတွင် စဦး လက်ခံစခန်းများတွင် နေထိုင်ကြသည်။ အနည်းဆုံး ၆ လ နေထိုင်ပြီးနောက် ၎င်းတို့ကို ဘုံအဖွဲ့တစ်ခုသို့ ပြောင်းရွေ့ပေးသည်။ ပုံမှန်အားဖြင့် ထိုနေရာ၌ ပူးပေါင်းအိမ်ခန်းများတွင်လည်းကောင်း၊ အခြားသူများနှင့်အခန်းတစ်ခန်းကို မျှဝေကာနေထိုင်ကြသည်။

die Grundgebühr, die Grundgebühren (အခြေခံကျသင့်ငွေများ)
လစဉ်ပေးဆောင်ရမည့် အဖိုးအခများကိုဆိုလိုသည်။

Glossar Sprungnavigation

Glossar Sprungnavigation

H

die Hausordnung, die Hausordnungen (တိုက်ခန်း စည်းမျဉ်းစည်းကမ်းများ)
အဆောက်အဦတစ်ခုတွင် အိမ်သူအိမ်သားများ အတူတကွ နေထိုင်ကြသည့် နည်းလမ်းကို တိုက်ခန်း စည်းမျဉ်းစည်းကမ်းများက စည်းကမ်းသတ်မှတ်သည်။ ဥပမာအားဖြင့် နေထိုင်သူများအနက် တစ်ဦးက တစ်ပတ်တွင် တစ်ရက် လှေကားသန့်ရှင်းရေးပြုလုပ်ရန် စည်းကမ်းဖြစ်သည်။ အခြား စည်းကမ်းတစ်ခုသည် ကလေးငယ်များအနေဖြင့် အဆောက်အအုံရှေ့မြက်ခင်းပြင်တွင် ကစားနိုင်ပြီး ကားဂိုဒေါင်ထဲတွင် မကစားရန် ဖြစ်နိုင်သည်။ တိုက်ခန်း စည်းမျဉ်းစည်းကမ်းများ အားလုံးသည် မတူညီကြပေ။ တိုက်ခန်း စည်းမျဉ်းများကို ပုံမှန်အားဖြင့် အိမ်ငှား စာချုပ်ဖြင့် ချမှတ်သည်။

der Hauptschulabschluss, die Hauptabschlüsse (Hauptschule မှ သင်တန်းဆင်းလက်မှတ်)
သင်သည် Hauptschule ကျောင်းတွင် သင်တန်းပြီးဆုံးသွားသည့်အခါ ထိုကျောင်းမှ ချီးမြှင့်သည့် သင်တန်းဆင်းလက်မှတ်ကို ရရှိမည်ဖြစ်သည်။ ၎င်းသည် ၈တန်း (အသက် ၁၅ -၁၆ နှစ်) တွင် ဖြစ်သည်။ တစ်ချို့သော ပြည်ထောင်စု ပြည်နယ်များတွင်လည်း ၈ တန်းအဆုံး စာမေးပွဲတစ်ခုဖြစ်သည့် ပညာအရည်အချင်း အသိအမှတ်ပြုလက်မှတ် (Quali)ကို ပေးအပ်သည်။ Quali ရရှိရန် မဖြစ်မနေမလိုအပ်ပေ။ သို့သော် ၎င်းသည် ကုမ္ပဏီတစ်ခုတွင် အသက်မွေးဝမ်းကျောင်း သင်တန်း နေရာတစ်ခုကို ရှာဖွေရန် သင့်အား အထောက်အကူပြုသည်။

die Hebamme, die Hebammen (သားဖွားဆရာမ)
သားဖွားဆရာမသည် ဆရာဝန်တစ်ယောက် မဟုတ်ပေ။ အမျိုးသမီးများ ကလေးမွေးဖွားရာတွင် ပြင်ဆင်ပေးရန်နှင့် မွေးဖွားပြီးနောက်ပိုင်းကာလအတွင်း ၎င်းတို့ကို ပံ့ပိုးထောက်ကူရန် သားဖွားဆရာမကို လေ့ကျင့်သင်ကြားပေးထားသည်။ သင့်ကလေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအားလုံးအတွက် သင့်ကို ကူညီပေးပြီး သင့်မေးခွန်းများကို ဖြေပေးသည်။

das Heimatland, die Heimatländer (မိခင်နိုင်ငံ၊ မိခင်နိုင်ငံများ)
၎င်းသည် တစ်စုံတစ်ယောက် မူလက လာရောက်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံကူးလက်မှတ်က တစ်စုံတစ်ယောက် လာရောက်သည့် နိုင်ငံ၊ ဆိုလိုသည်မှာ ၎င်းတို့ကို မွေးဖွားသည့် နိုင်ငံနှင့် မည်သည့် နိုင်ငံသားဖြစ်သည်ကို ဖော်ပြသည်။

die Heiratsurkunde, die Heiratsurkunden (လက်ထပ်စာချုပ်)
သင်အိမ်ထောင်ပြုလျှင် သင့်အား မှတ်ပုံတင်ရုံးက မှတ်တမ်းမှတ်ရာတစ်ခုကို ပေးအပ်လိမ့်မည်။ ၎င်းသည် သင့် လက်ထပ်စာချုပ် ဖြစ်သည်။ ၎င်းအတွက် ဂျာမန်ဘာသာဖြင့် “Heiratsurkunde” နှင့် “Eheurkunde”ဟူ၍ စကားလုံး နှစ်လုံးရှိသည်။

das Herkunftsland, die Herkunftsländer (မူလန်ိုင်ငံ၊ မူလန်ိုင်ငံများ)
၎င်းသည် တစ်စုံတစ်ယောက် မူလက လာရောက်ခဲ့သည့် တိုင်းပြည်နိုင်ငံကို ဆိုလိုသည်။ သင်မည်သည့်နိုင်ငံသားဖြစ်သည်၊ တစ်စုံတစ်ယောက်သည် မည်သည့်နိုင်ငံမှ ရောက်ရှိလာသည်ကို သင့် နိုင်ငံကူးလက်မှတ်တွင်ဖော်ပြထားသည်၊ ၎င်းတို့သည် မည်သည့်နိုင်ငံတွင် မွေးဖွားခဲ့ပြီး မည်သည့်နိုင်ငံသားဖြစ်သည်ဟုဆိုလိုသည်။

die Hochschulzugangsberechtigung, die Hochschulzugangsberechtigungen (တက္ကသိုလ် ဝင်ခွင့် ရထိုက်မှု၊ တက္ကသိုလ် ဝင်ခွင့် ရထိုက်မှုများ)
ဂျာမဏီနိုင်ငံတွင် တက္ကသိုလ်တစ်ခု၌ ပညာသင်ယူရန် တက္ကသိုလ် ဝင်ခွင့် ရထိုက်မှုတစ်ခု လိုအပ်သည်။ ပုဂ္ဂိုလ်တစ်ယောက်သည် တက္ကသိုလ် ဝင်ခွင့် ရထိုက်မှုကို ကျောင်းတစ်ကျောင်းမှ တစ်စုံတစ်ရာသော အရည်အချင်းကို ရယူခြင်းဖြင့် ရရှိကြသည်။ တက္ကသိုလ် ဝင်ခွင့် ရထိုက်မှုဖြင့် ဂျာမဏီနိုင်ငံတွင် မည်သည့် တက္ကသိုလ်၌မဆို ပညာသင်ယူရန် ဖြစ်နိုင်သည်။ သို့ရာတွင် ဘာသာရပ်တိုင်းကို သင်ယူလေ့လာရန် အမြဲတမ်း မဖြစ်နိုင်ပေ။ အချို့သော ဘာသာရပ်များအတွက် တစ်စုံတစ်ရာသော အဆင့်ကို လိုအပ်သည်။

der Hort (ကျောင်းချိန် နောက်ပိုင်း ကလေးထိန်းဌာန)
မိဘများ လုပ်ငန်းခွင်အတွင်းရှိနေပါက ကလေးများသည် ကျောင်းဆင်းပြီးနောက် ဤဌာနတွင် ဆက်နေနိုင်သည်။ တစ်ခါတစ်ရံ ကျောင်းတက်ချိန်မတိုင်မီလည်း ဤဌာနသို့ သွားရောက်နိုင်သည်။ ကျောင်းချိန်နောက်ပိုင်း ကလေးထိန်းဌာန၌ ကလေးများကို နေ့လယ်စာ ကျွေးမွေးသည့်အပြင် အိမ်စာများကိုလည်း ဝိုင်းကူပေးကြသည်။ ကလေးများသည် ကလေးထိန်းဌာန၌ ပုံမှန်အားဖြင့် ညနေ ၄ နာရီ သို့မဟုတ် ၅ နာရီအထိ နေနိုင်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

I

der Immobilienmakler, die Immobilienmakler (အိမ်ခြံမြေ အကျိုးဆောင်/ကိုယ်စားလှယ်)
သင်သည် အိမ်ခန်းတစ်ခန်း ရှာဖွေရန်အတွက် အကူညီလိုအပ်နေပါသလား။ အိမ်ခြံမြေ အကျိုးဆောင် (ကိုယ်စားလှယ်ဟုလည်း သိကြသည်)တစ်ယောက်က အဖိုးအခဖြင့် သင့်အား ကူညီဆောင်ရွက်ပေးနိုင်သည်။

die Impfung, die Impfungen (ကာကွယ်ဆေး ထိုးခြင်း)
ရောဂါများစွာသည် ဘက်တီးရီးယားပိုး သို့မဟုတ် ရောဂါပိုးမွှားများကြောင့် ဖြစ်ပေါ်သည်။ ဆရာဝန်က သင့်အား တူညီသော ဘက်တီးရီးယားပိုး/ရောဂါပိုးမွှားများကို အလွန်အားနည်းသော ပုံစံဖြင့်ထိုးပေးသောအခါ ကာကွယ်ဆေးထိုးခြင်းဟု ခေါ်သည်။ ကာကွယ်ဆေး ထိုးခြင်းက ရောဂါကာကွယ်သော ပဋိပစ္စည်းများကို ဖြစ်ထွန်းစေသည်။ဤပဋိပစ္စည်းများသည် လူများကို ဘက်တီးရီးယားပိုးနှင့် ရောဂါပိုးမွှားများရန်မှ ကာကွယ်ပေးသည်။ ၎င်းတို့သည် ဤရောဂါကို မစွဲကပ်စေနိုင်တော့ပေ။ အဓိက ကာကွယ်ဆေး ထိုးခြင်းအချို့မှာ မေးခိုင်ရောဂါ၊ ဝက်သက်၊ ဂျာမန် ဝက်သက်၊ပါးချိတ်ရောင်နာ၊ ပိုလီယို အကြောသေရောဂါနှင့် ကြက်ညှာချောင်းဆိုး တို့ဖြစ်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

J

das Jugendamt, die Jugendämter (လူငယ်ရုံး)
လူငယ်ရုံးသည် ကလေးများနှင့် ၎င်းတို့၏ မိဘများအား အကူအညီပေးသည်။ ဥပမာ မိသားစုတွင် ပြဿနာများရှိပါက ၎င်းတို့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြံဥာဏ်ပေးနိုင်သည်။ တစ်ခါတစ်ရံ ကလေးတစ်ယောက်သည် မိသားစုတွင် ဆက်မနေနိုင်တော့လောက်အောင် ထိုပြဿနာများသည် ကြီးမားလွန်းသည်။ ထိုအခါ လူငယ်ရုံးသည် ကလေးကို လက်ခံရန် နောက်မိသားစုတစ်ခုကို ရှာဖွေပေးသည်။ ယေဘုယျအားဖြင့် လူငယ်ရုံးတွင် သူငယ်တန်း/ကလေးများအတွက် နေ့ကလေးထိန်း ဌာနများရှိသည်။ မြို့/မြို့တော်တိုင်းတွင် လူငယ်ရုံးတစ်ခု ရှိသည်။

das Job-Center (အလုပ်အကိုင် ဌာန)
ဤဌာနတွင် ၎င်းတို့က သင့်ကို မှန်ကန်သော အလုပ်ရရှိရန် ကူညီပေးသည်။ သင့်အနေဖြင့် အလုပ်အမျိုးအစား အားလုံးအတွက် အလုပ်ကြော်ငြာများကို ဤနေရာတွင် ရှာဖွေနိုင်သည်။ တစ်ခါတစ်ရံ သင်အလုပ်လျှောက်ထားရာတွင် ဥပမာ ကုန်ကျသည့် စာရွက်စာတမ်းကြေး အတွက် ငွေကြေးထောက်ပံ့မှုရရှိနိုင်သည်။ မြို့တိုင်းတွင် အလုပ်အကိုင်ဌာနရှိသည်။ သင့် အလုပ်အကိုင်ဌာနကို www.arbeitsagentur.de. တွင် ရှာဖွေပါ။

Glossar Sprungnavigation

Glossar Sprungnavigation

K

die Kaltmiete, die Kaltmieten (စရိတ်နည်း ငှားရမ်းခြင်း)
၎င်းသည်အသုံးဝန်ဆောင်မှု ကုန်ကျစရိတ်များ မပါဝင်သော ငှားရမ်းခဖြစ်သည်။ အသုံးဝန်ဆောင်မှုကုန်ကျစရိတ်များတွင် ရေ၊ လှေကားသန့်ရှင်းခြင်းနှင့် အမှိုက်သိမ်းဆည်းခြင်းများ ပါဝင်သည်။ အပူပေးခြင်းနှင့် စွမ်းအင်တို့သည်လည်း ဤကုန်ကျစရိတ်များတွင် ပါဝင်နိုင်သည်။ သို့သော် ၎င်းသည် ပြောင်းလဲသည်။ အသုံးဝန်ဆောင်မှု ကုန်ကျစရိတ်များတွင် မည့်သည့်စရိတ်များ ပါဝင်ပြီး မည်သည့်စရိတ်များကို မိမိကိုယ်တိုင် ပေးချေရမည်ကိုသင်၏ အိမ်ခန်းပိုင်ရှင်အား မေးမြန်းပါ။ "စရိတ်နည်းငှားရမ်းခြင်း" နှင့် အသုံးဝန်ဆောင်မှု သုံးစွဲခများကို ပေါင်းစည်းလိုက်ပါက "အလုံးစုံပါဝင်သော ငှားရမ်းခြင်း" ဖြစ်သွားသည်။ သင့်အနေဖြင့် အားလုံးပါဝင်ပြီးဖြစ်သော အိမ်ငှားခကို အိမ်ခန်းပိုင်ရှင်၏ ဘဏ်စာရင်းထဲသို့ လစဉ် ပေးချေရသည်။

der Kaufvertrag, die Kaufverträge der Kaufvertrag, die Kaufverträge (အရောင်းစာချုပ်)
သင်သည် ဈေးကြီးသည့် မော်တော်ကားကဲ့သို့သော ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူလျှင် သင်နှင့်ရောင်းသူသည် အရောင်းစာချုပ်ဟုသိကြသည့် မှတ်တမ်းမှတ်ရာတစ်ခုကို လက်မှတ်ရေးထိုးကြရသည်။ အရောင်းစာချုပ်သည် ကုန်ပစ္စည်းဈေးနူန်း၊ ဝယ်ယူသည့်နေရက် စသည်တို့ကဲ့သို့သော သင့် ဝယ်ယူမှုနှင့် ဆက်စပ်နေသည့် အချက်အလက်များကိုသိမ်းဆည်းထားသည့် မှတ်တမ်းတစ်ခုဖြစ်သည်။

die Kaution (စရန်ငွေ)
အခန်းအသစ်တစ်ခုသို့ ပြောင်းရွေ့လာသောအခါ အိမ်ငှားကအိမ်ရှင်အား ပေးဆောင်ရသော စရန်ငွေကို ဆိုလိုသည်။ အိမ်ငှားက အိမ်ငှားခမပေးချေသည့် အခြေအနေမျိုးတွင် အိမ်ရှင်က ထိုစရန်ငွေကို အရေးပေါ်အဖြစ် အသုံးပြုနိုင်သည်။ ထိုစရန်ငွေကို အိမ်ငှားက နေရာအသစ်သို့ ပြောင်းရွှေ့သည့်အခါတွင် ပုံမှန်အားဖြင့် အိမ်ရှင်က ပြန်လည်ပေးအပ်သည်။ စရန်ငွေသည် စရိတ်နည်းငှားရမ်းခြင်းအတွက် သုံးလစာ ကြိုတင်ပေးချေရငွေပမာဏနှင့် ညီမျှသည်။

die Kinderbetreuung, die Kinderbetreuungen (ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်း)
သင်အလုပ်အကိုင်ရရှိသွားသည့်အခါ သင့်ကလေးအားကြည့်ရှုစောင့်ရှောက်ပေးရန် တစ်စုံတစ်ယောက်လိုအပ်ပါလိမ့်မည်။ ရွေးချယ်စရာ အမျိုးမျိုး ရှိပါသည်။ ယေဘုယျအားဖြင့် အသက် ၆ နှစ် အောက် ကလေးများသည် နေ့ကလေးထိန်းဌာန သို့မဟုတ် မူကြိုကျောင်းများတွင် တက်နိုင်သည်။ (အသက် ၃ နှစ်အောက်)ပိုငယ်သော ကလေးသူငယ်များအတွက်လည်း နေ့ကလေးထိန်းဌာနများရှိသည်။ သို့မဟုတ် ကလေးထိန်းတစ်ဦးနှင့် သီးခြား စီစဉ်မှုများ ပြုလုပ်နိုင်သည်။ မနက်ခင်းတိုင်းတွင် သင့်ကလေးငယ်အား ကလေးထိန်းထံသို့ ခေါ်သွားပြီး နေ့လယ် သို့မဟုတ် ညနေပိုင်းတွင် ၎င်းကို သွားရောက်ခေါ်ယူနိုင်သည်။

der Kindergarten, die Kindergärten (သူငယ်တန်း)
ကလေးများသည် အခြားသူများနှင့် အုပ်စုတစ်စုတွင် အတူတကွ ရှိနေသည်။ အသက် ၃ နှစ်နှင့် ၆ နှစ်ကြား ကလေးများသည် သူငယ်တန်း တက်ကြသည်။ ကလေးများသည် ပိုအသက်ကြီးသော ကလေးများနှင့် ပြုစုစောင့်ရှောက်သူများထံမှ သင်ယူကြသည်။ သူငယ်တန်း အများစုတွင် အပြင်ဘက် ကစားကွင်းတစ်ခုလည်း ရှိကြသည်။ တစ်နေကုန် သူငယ်တန်းကျောင်းကို “Kita”ဟုလည်း သိကြသည်။

die Kinderkrippe, die Kinderkrippen (ကလေးထိန်းကျောင်း)
လအနည်းငယ်မှ အသက် ၃ နှစ်အထိ နို့စို့ကလေးငယ်များကို ကြည့်ရှုစောင့်ရှောက်ပေးသည့် နေရာဖြစ်သည်။

die Kindertagesstätte (Kita), die Kindertagesstätten (Kitas) (နေ့ကလေးထိန်းဌာန)
၎င်းသည် သူငယ်တန်းနှင့် ဆင်တူသည်။ ကလေးငယ်များသည် ဤဌာနတွင် ပုံမှန်အားဖြင့် ညနေ ၄ နာရီ သို့မဟုတ် ၅ နာရီထိ တစ်နေ့လုံး နေနိုင်သည်။

die Krankenversicherung, die Krankenversicherungen (ကျန်းမာရေး အာမခံ)
ဤအာမခံသည် ဂျာမဏီနိုင်ငံတွင် မထားမနေရ ဖြစ်သည်။ ကျန်းမာရေးအာမခံက ဆရာဝန်ထံ သွားရောက်ပြသမှု၊ ဆေးရုံနှင့် ဆေးဝါးအချို့ကုန်ကျစရိတ်များကို များသောအားဖြင့် ကျခံပေးသည်။ သင်ကိုယ်တိုင် ပေးချေရမည့် ဆေးဝါးစရိတ်များလည်းရှိသည်။ သင်၏ လုပ်အားခက လွန်စွာနည်းပါးနေလျှင် သင့်အိမ်ထောင်ဖက်မှတစ်ဆင့် အာမခံထားနိုင်သည်။ ကလေးငယ်များကို ၎င်းတို့၏ မိဘများမှတစ်ဆင့် အလိုအလျောက် အာမခံထားသည်။

der Kredit, die Kredite(ချေးငွေ)
သင်သည် တစ်စုံတစ်ရာ ဝယ်လိုသော်လည်း သင့်တွင် ငွေအလုံအလောက်မရှိ ဖြစ်နေပါသလား။ သို့ဆိုလျှင် ဥပမာ သင်သည် ဘဏ်တစ်ခုမှ ချေးငွေတစ်ရပ် ရယူနိုင်သည်။ ဘဏ်သည် သင့်အား ငွေကြေးပမာဏတစ်ခုကို အတိအကျဖြစ်သော ကာလတစ်ခုအတွက် ပေးအပ်သည်။ ထို့နောက် သင့်အနေဖြင့် ထိုငွေကို အတိုးဖြင့် ပြန်ဆပ်ရသည်။

die Kündigung, die Kündigungen (အကြောင်းကြားစာ)
သင်သည် သဘောတူညီချက်တစ်ရပ်ကို အဆုံးသတ်လိုပါက သင်သည် အကြောင်းကြားစာ ပေးပို့ရန် လိုအပ်သည်။ ဤ အကြောင်းကြားစာကို စာဖြင့်ရေးသားထားရမည်။

die Kündigungsfrist, die Kündigungsfristen (Arbeit) (အကြောင်းကြားရမည့် ကာလ - အလုပ်အကိုင်)
သင်သည် ကုမ္ပဏီတစ်ခုတွင် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့လျှင် သင့်အကြောင်းကြားစာကို တင်သွင်းရန် လိုအပ်လိမ့်မည်။ပုံမှန်အားဖြင့် သင်သည် ၃ လ ကြိုတင် အကြောင်းကြားရန် လိုအပ်သည်။ အကယ်၍ အလုပ်ရှင်သည် သင့်အားအလုပ်ခန့်ထားမှုကို အဆုံးသတ်လိုပါက ၎င်းသည်လည်း သင့်အား ၃ လ ကြိုတင် အကြောင်းကြားရန် လိုအပ်သည်။ အကြောင်းကြားကာလမရှိဘဲ အလုပ်မှ ထုတ်ပစ်သည်လည်းရှိသည်။ ထိုကဲ့သို့သောဖြစ်ရပ်တွင် ဝန်ထမ်းသည် ဥပမာ၎င်းအနေဖြင့် ထိုအလုပ်ကို မလုပ်လိုလျှင် ချက်ချင်း ထွက်ခွာရန် လိုအပ်သည်။

die Kündigungsfrist, die Kündigungsfristen (Wohnung) (အကြောင်းကြားရမည့် ကာလ - နေရာထိုင်ခင်း)
အိမ်ငှားသည် အိမ်ပြောင်းရန် ရည်ရွယ်လျှင် ၎င်းအနေဖြင့် အိမ်ရှင်ကို စာဖြင့်ရေးသား အကြောင်းကြားရန် လိုအပ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် အိမ်ငှား ထွက်ခွာလိုသည့် အချိန်မတိုင်မီ ၃ လဖြစ်သည်။ ထိုလ၏ အစတွင် ၎င်းကို မှန်မှန် လုပ်ဆောင်ရန် လိုအပ်သည်။ အိမ်ရှင်သည်လည်း အကြောင်းကြားရမည့် ကာလ ၃ လ သို့မဟုတ် ထိုထက်ပိုစော၍ ကြောင်းကြားရန် တာဝန်ရှိသည်။

der Kursträger, die Kursträger (သင်တန်းပေးရာဌာန)
၎င်းတို့သည် ပေါင်းစည်းသင်ရိုးများကို သင်ကြားပေးသည့် ဘာသာစကားသင်တန်းကျောင်းများဖြစ်သည်။ သတင်းအချက်အလက်များကို ဘာသာစကားသင်တန်းကျောင်းများ သို့မဟုတ် အင်တာနက်ပေါ်တွင် ရှာဖွေရရှိနိုင်သည်။ သင်နေထိုင်ရာနေရာနှင့် နီးစပ်သော သင်တန်းကို BAMF ၏ ပေါင်းစည်းသင်ရိုးနေရာဝက်ဘ်ဆိုက်တွင်ရှာဖွေပါ။

Glossar Sprungnavigation

Glossar Sprungnavigation

L

der Landtag, die Landtage (ပြည်နယ်လွှတ်တော်)
ပြည်ထောင်စု သမ္မတ ဂျာမဏီနိုင်ငံကို ပြည်ထောင်စု ပြည်နယ် ၁၆ ခု အဖြစ် ပိုင်းခြားထားသည်။ ပြည်နယ်တစ်ခုစီတွင် ၎င်း၏ ကိုယ်ပိုင် လွှတ်တော်ရှိသည်။ ပြည်နယ်လွှတ်တော်ကို Landtag ဟုခေါ်သည်။

die Landtagswahl, die Landtagswahlen (ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ)
လွှတ်တော်အဖွဲ့ဝင်များကို ၄ နှစ် သို့မဟုတ် ၅ နှစ်လျှင် တစ်ကြိမ် ရွေးကောက်တင်မြှောက်ကြသည်။ ၎င်းတို့သည် ပြည်ထောင်စု ပြည်နယ် Landtag မှ နိုင်ငံရေးသမားများဖြစ်ကြသည်။

der Lebenslauf, die Lebensläufe (CV) (ကိုယ်ရေးရာဇဝင်)
ကိုယ်ရေးရာဇဝင် (CV) သည် သင့်အလုပ်အကိုင်လျှောက်ထားခြင်းစာရွက်စာတမ်းများတွင် ပါဝင်သည်။ ကိုယ်ရေးရာဇဝင်တွင် သင့်အမည်၊ အလုပ်အကိုင်၊ ပညာအရည်အချင်းနှင့် အလုပ်အတွေ့အကြုံ သို့မဟုတ် အထူး ကျွမ်းကျင်မူများ (ကွန်ပျူတာ၊ နိုင်ငံခြားဘာသာစကား) တို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ ဂျာမန်ကိုယ်ရေးရာဇဝင် (PDf ဖိုင်) နမူနာ တစ်စောင်ကို ဒေါင်းလုတ်ရယူပါ။

der Lohn, die Löhne (လုပ်ခများ)
အမြဲတမ်း အလုပ်အကိုင်တစ်ခုရှိသည့် ဝန်ထမ်းတစ်ယောက်အဖြစ်ဖြင့် သင့်အား လစဉ်ပေးချေသည့် ငွေဖြစ်သည်။ သင်နာမကျန်း ဖြစ်လျှင် သို့မဟုတ် အားလပ်ရက်ယူလျှင် သင့်လစာကို သင်ရရှိသည်။ စုစုပေါင်း လစာကို အားလုံးပေါင်း လစာအဖြစ် သိကြသည်။ ထိုလစာထဲမှ အခွန်များနှင့် အာမခံကြေးကို သင် ပေးချေရသည်။ ကျန်ရှိနေသောငွေမှာ သင်၏ အသားတင် လစာဖြစ်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

M

der Makler, die Makler (အိမ်ခြံမြေ အကျိုးဆောင်/ကိုယ်စားလှယ်)
သင်သည် အိမ်ခန်းတစ်ခန်း ရှာဖွေရန်အတွက် အကူညီလိုအပ်နေပါသလား။ အိမ်ခြံမြေ အကျိုးဆောင် (ကိုယ်စားလှယ်ဟုလည်း သိကြသည်)တစ်ယောက်က အဖိုးအခဖြင့် သင့်အား ကူညီဆောင်ရွက်ပေးနိုင်သည်။

der Mietspiegel (အိမ်ငှားခ အညွှန်း)
အိမ်ငှားခ အညွှန်းတွင် သီးခြားဖြစ်သော မြို့/မြို့တော်အတွင်းရှိ အိမ်ရာအတွက် ပျမ်းမျှ အိမ်ငှားခများ ပါဝင်သည်။

der Mietvertrag, die Mietverträge (အိမ်ငှားနေထိုင်မှု သဘောတူစာချုပ်)
အိမ်ခန်းတစ်ခန်း ငှားမည်လား။ သို့ဖြစ်လျှင် အိမ်ငှားနေထိုင်မှု သဘောတူစာချုပ်ဟု သိကြသည့် မှတ်တမ်းမှတ်ရာတစ်ခုကို သင့်အား ပေးအပ်လိမ့်မည်။ သင်နှင့် အိမ်ရှင်သည် ထို သဘောတူစာချုပ်ကို လက်မှတ်ထိုးရန် လိုအပ်သည်။ ဤသို့ပြုလုပ်ခြင်းက သင့်အား အိမ်ငှားဖြစ်စေသည်။

die Migrationsberatung, die Migrationsberatungen(ဝင်ရောက်ရွှေ့ပြောင်းနေထိုင်မှု အကြံပေး ဝန်ဆောင်မှု၊ ဝင်ရောက်ရွှေ့ပြောင်းနေထိုင်မှု အကြံပေး ဝန်ဆောင်မှုများ)
နိုင်ငံသစ်တစ်ခုတွင် ဘဝသစ်တစ်ခုကို အခြေချနေထိုင်ကြသူများသည် ဝင်ရောက်ရွှေ့ပြောင်းနေထိုင်မှု အကြံပေး ဝန်ဆောင်မှုမှ အကူအညီနှင့် အကြံဥာဏ်များ ရယူနိုင်ကြသည်။ ပြဿနာများနှင် မေးမြန်းစရာများရှိပါက ပုဂ္ဂိုလ်တစ်ယောက်သည် ဝင်ရောက်ရွှေ့ပြောင်းနေထိုင်မှုအကြံပေး ဝန်ဆောင်မှုဌာနကိုဆက်သွယ်နိုင်သည်။ အထူးသဖြင့် အခြေအနေသစ်များနှင့် မသိရှိသော အခြေအနေများတွင် ၎င်းတို့အနေဖြင့် အကူအညီ ပေးနိုင်သည်။ သင်နှင့် နီးကပ်သော ဝင်ရောက်ရွှေ့ပြောင်းနေထိုင်မှုအကြံပေး ဝန်ဆောင်မှုဌာနကို “ဂျာမဏီသို့ ကျွန်ုပ်၏ လမ်းကြောင်း” www.goethe.de/mwnd/karte တွင် ရှာဖွေတွေ့ရှိနိုင်သည်။

der Minijob/450-Euro-Jobs, die Minijobs/450-Euro-Jobs (အသေးစား အလုပ်)
အသေးစား အလုပ်ဆိုသည်မှာ သင် အခွန် မပေးရဘဲ အများဆုံး ယူရို ၄၅ဝ ဝင်ငွေရသည့်အလုပ်ကို ဆိုသည်။ သင်သည် အလိုအလျောက် ကျန်းမာရေးအာမခံနှင့် ပင်စင် အာမခံကို ရရှိပြီး အလုပ်လက်မဲ့ ထောက်ပံ့မှု မပါဝင်ပေ။ အိမ်တွင်း အကူအညီ၊ ရုံးလုပ်သား သို့မဟုတ် ယာဉ်မောင်းကဲ့သို့သော နယ်ပယ်များစွာတွင် အသေးစား အလုပ်များကို ရရှိနိုင်သည်။ သင်သည် အသေးစား အလုပ်တစ်ခုကို အလုပ်အကိုင်ဌာန၊ သတင်းစာနှင့် အင်တာနက်တွင် ရှာဖွေတွေ့ရှိနိုင်သည်။

der Mitgliedsbeitrag, die Mitgliedsbeiträge (အဖွဲ့ဝင်ကြေး၊ အဖွဲ့ဝင်ကြေးများ)
အသင်းအဖွဲ့များစွာတွင် အဖွဲ့ဝင်ကြေးပေးဆောင်ရန် လိုအပ်သည်။ အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်နိုင်ရန် ပေးချေရသည့် လစဉ် သို့မဟုတ် နှစ်စဉ် ငွေပမာဏတစ်ခုဖြစ်သည်။

der Mutterschutz (အလုပ်လုပ်သော မိခင်များအား ဥပဒေအရ အကာအကွယ်ပေးမှု)
ကိုယ်ဝန်ဆောင်မိခင်များနှင့် အမြဲတမ်း အလုပ်အကိုင်ရှိသည့် မိခင်များအား ကာကွယ်ရန် စည်းမျဉ်းများရှိသည်။ အရေးအကြီးဆုံးသော စည်းမျဉ်းများမှာ ကလေး မမွေးဖွားမီနှင့် မွေးဖွားပြီး တစ်စုံတစ်ရာသော ကာလအထိ အမျိုးသမီးတစ်ယောက်ကို အလုပ်လုပ်ခွင့် မပြုခြင်းပင်ဖြစ်သည်။ ဂျာမဏီတွင် ၎င်းသည် ကလေး မမွေးဖွားမီ ရက်သတ္တ ၆ ပတ်နှင့် မွေးဖွားပြီး အနည်းဆုံးရက်သတ္တ ၆ ပတ် ဖြစ်သည်။ ဤကာလအတွင်း ထိုအမျိုးသမီးသည် ၎င်း၏ လုပ်ခများ/လစာကို ဆက်လက် ရရှိသည်။ ကိုယ်ဝန်စဆောင်သည်မှကလေး မွေးဖွားပြီး ၄ လအထိ ၎င်း၏ အလုပ်အကိုင်ခန့်ထားမှုကို ရပ်စဲရန် အလုပ်ရှင်အား ခွင့်မပြုပေ။ ကိုယ်ဝန်ဆောင်စဉ် ကာလတစ်ခုလုံးတွင် အမျိုးသမီးများအား အလုပ်လုပ်ရန် ခွင့်မပြုသည့် သက်မွေးဝမ်းကျောင်းအလုပ်အကိုင် အချို့ရှိသည်။ ၎င်းသည် ဓာတုပစ္စည်းများနှင့် အလုပ်လုပ်ရသည့် သီးခြားအလုပ်အကိုင်များနှင့် သက်ဆိုင်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

N

die Nebenkosten (အသုံးဝန်ဆောင်မှုအဖိုးအခများ)
ဤအဖိုးအခများကို အခန်းအတွက် ငှားရမ်းသည့် ဈေးနှုန်း (စရိတ်နည်း ငှာရမ်းခ)အပေါ်တွင် ပေါင်းထည့်သည်။ ဥပမာ ရေ ဖိုး၊ လှေကားများနှင့် မြေအောက်ခန်း ကဲ့သို့ အများနှင့် ဆိုင်သော ဧရိယာများတွင် မီးထွန်းခြင်း၊ အမှိုက် သိမ်းဆည်းခြင်း၊ ရုပ်မြင်သံကြားစက်အတွက် ကောင်းကင်ကြိုး/ကြိုး။ တစ်ခါတစ်ရံ အပူပေးခြင်းနှင့် စွမ်းအင်ပါ ပါဝင်သည်။ သို့သော် ပုံမှန်အားဖြင့် ၎င်းတို့ကို သီးခြား ပေးချေရသည်။

netto (အသားတင်ဝင်ငွေ)
အသားတင်ဝင်ငွေမှာ လုပ်ခများ/လစာမှ အခွန်နှင့် အာမခံကြေးများကို နုတ်ပြီး ကျန်ငွေဖြစ်သည်။

die Niederlassungserlaubnis, die Niederlassungserlaubnisse (အမြဲတမ်း နေထိုင်ခွင့်ပါမစ်၊ အမြဲတမ်း နေထိုင်ခွင့်ပါမစ်များ)
ပုဂ္ဂိုလ်တစ်ဦးတွင် အမြဲတမ်း နေထိုင်ခွင့်ပါမစ်တစ်ခု ရှိလျှင် ဂျာမဏီနိုင်ငံတွင် အမြဲတမ်း နေထိုင်ပြီး အလုပ်လုပ်ခွင့်ပြုသည်။ ပုဂ္ဂိုလ်တစ်ဦးသည် နေထိုင်ခွင့်ပါမစ်တစ်ခုကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ရရှိထားခဲ့ပြီး မည်သည့် ထောက်ပံ့ကြေးကိုမှ လက်ခံမရရှိခဲ့လျှင် ပုံမှန်အားဖြင့် အမြဲတမ်း နေထိုင်ခွင့်ပါမစ်တစ်ခုကို လက်ခံရရှိသည်။ ပုဂ္ဂိုလ်တစ်ဦးသည် ဂျာမန်ဘာသာစကားကို ကောင်းစွာပြောနိုင်ပြီး ယခင် မည်သည့် ပြစ်ဒဏ်ကျခံခြင်းမျှ မရှိရန်လည်း လိုအပ်သည်။

der Notdienst, die Notdienste (အရေးပေါ် ဝန်ဆောင်မှုများ)
ဆရာဝန်များနှင့် ဆေးဝါးကျွမ်းကျင်သူများသည် စနေ/တနင်္ဂနွေနေ့များနှင့် ညပိုင်းတွင် အလုပ်လုပ်ကြသည်။ အရေးပေါ်အကူအညီလိုအပ်လျှင် ဤဆရာဝန်များနှင့် ဆေးဝါးကျွမ်းကျင်သူများသည်သင့်အတွက် အသင့်ရှိကြသည်။

Glossar Sprungnavigation

Glossar Sprungnavigation

O

P

das Parkhaus, die Parkhäuser (အထပ်ပေါင်းများစွာပါသော ကားရပ်ရန်နေရာ)
လမ်းပေါ်တွင် ကားရပ်ရန် နေရာအလုံအလောက် မရှိသောကြောင့် မြို့တော်/မြို့များစွာတွင် အထပ်ပေါင်းများစွာပါသော ကားရပ်ရန်နေရာများရှိကြသည်။ သင့်ကားရပ်နားရန်သင့်ကားကို ရပ်နားနိုင်သည့် အထပ်ပေါင်းများစွာရှိသည်။ ဤနေရာတွင် ကာရပ်နားခြင်းအတွက် အခကြေးငွေတစ်ခု ပေးရသည်။ ပုံမှန်အားဖြင့် သင်သည် ကားရပ်ရန် နေရာသို့ သင့်ကားကို မောင်းဝဝ်သွားပြီး ပြန်ထွက်သောအခါ ငွေပေးချေရသည်။ အကယ်၍ ကားကို အထပ်ပေါင်းများစွာပါသော ကားရပ်ရန်နေရာတွင် အချိန်တိုသာ ရပ်နားပါက ကုန်ကျစရိတ် မများပေ။ ကားကို ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရပ်ထားခဲ့ပါက ပိုမိုကုန်ကျသည်။

die Partei, die Parteien (ပါတီ)
နိုင်ငံရေး ပါတီတစ်ခုသည် တူညီသည့် ပြင်းပြသောဆန္ဒနှင့် ရည်မှန်းချက်များရှိကြသူများ ပေါင်းစည်းထားသည် အုပ်စုတစ်ခုဖြစ်သည်။ အစိုးရကိုယ်စား ဆုံးဖြတ်ချက်များကို ပြုလုပ်ရန် သို့မဟုတ် လွှမ်းမိုးရန် ပါတီတစ်ခုက မျှော်လင့်သည်။ အမျိုးမျိုးကွဲပြားသော နိုင်ငံရေး ပါတီများရှိရန် ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် အရေးကြီးသည်။

der Pass, die Pässe (နိုင်ငံကူး လက်မှတ်)
ဤမှတ်တမ်းမှတ်ရာသည် ပုဂ္ဂိုလ်တစ်ယောက် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုသည်။ နိုင်ငံကူး လက်မှတ်တွင် ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များ (အမည်၊ အသက်...) နှင့် နိုင်ငံသားတို့ပါဝင်သည်။ သင့်အနေဖြင့် သင့်နိုင်ငံတွင် နိုင်ငံကူး လက်မှတ်တစ်ခု လိုအပ်သည်၊ ဥပမာ အာဏာပိုင်ဌာနတစ်ခုသို့ သင် သွားလျှင်။ အခြားနိုင်ငံတစ်ခုသို့ ခရီးသွားရန် သင် နိုင်ငံကူး လက်မှတ်တစ်ခု လိုအပ်သည်။ နိုင်ငံကူး လက်မှတ်တွင် သင့် ဗီဇာ သို့မဟုတ် နေထိုင်မှု အဆင့်အတန်း အသေးစိတ်များကဲ့သို့သော အခြား အချက်အလက်များ ပါဝင်သည်။

das Passwort, die Passwörter (စကားဝှက်)
ဝက်ဘ်ဆိုက် သို့မဟုတ် ကွန်ပျူတာတွင် မှတ်ပုံတင်ရန်အတွက် လျှို့ဝှက် သင်္ကေတ စကားလုံးတစ်ခုဖြစ်သည်။ သင် အသုံးပြုသူ အမည်တစ်ခု ရိုက်ထည့်သောအခါ ပုံမှန်အားဖြင့် ၎င်းကို သင် အသုံးပြုရန် လိုအပ်သည်။ ၎င်းသည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အကာအကွယ်ပေးသည်။

die Personalien (ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များ)
ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များသည် ပုဂ္ဂိုလ်တစ်ဦး နှင့် ပတ်သက်သည့် အချက်အလက်များဖြစ်သည်။ ၎င်းတွင် ပထမ အမည်၊ မိသားစု အမည်၊ မွေးဖွားစဉ် အမည်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာနေရာ၊ မိသားစု အခြေအနေ၊ အလုပ်အကိုင်၊ နေထိုင်ရာ နေရာနှင့် နိုင်ငံသားဖြစ်မှု တို့ပါဝင်သည်။

das polizeiliche Führungszeugnis (ရဲအမှု ကင်းရှင်းကြောင်း လက်မှတ်)
၎င်းသည် အာဏာပိုင်တစ်ယောက်က ထုတ်ပေးသည့် မှတ်တမ်းမှတ်ရာတစ်ခုဖြစ်သည်။ သင့်တွင် ရဲမှတ်တမ်းတစ်ခု ရှိ၊ မရှိကို ၎င်းက ဖော်ပြသည်။ အလုပ်ရှင်များစွာသည် သင်၏ရဲအမှု ကင်းရှင်းကြောင်း လက်မှတ်ကို ကြည့်ရှုလိုကြသည်။

das Praktikum, die Praktika (အလုပ်အကိုင် နေရာချထားမှု)
သင်သည် သီးခြား အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုတွင် စိတ်ဝင်စားပါက ဥပမာအားဖြင့် ကုမ္ပဏီတစ်ခု သို့မဟုတ် ဆေးခန်းတစ်ခုတွင် နေရာချထားမှုကို ဆောင်ရွက်နိုင်သည်။ သင်သည် ထိုအလုပ်အတွက် ဖြည့်ဆည်းပံ့ပိုးပေးပြီး ဤနည်းအားဖြင့် ထိုအသက်မွေးဝမ်းကျောင်းအလုပ်နှင့် သင့်ကိုယ်သင် ရင်းနှီး ကျွမ်းဝင်လာစေသည်။ပုံမှန်အားဖြင့် အလုပ်အကိုင် နေရာချထားမှုတစ်ခုအတွင်း မည်သည့် ဝင်ငွေမျှ မရရှိပေ။ အလုပ်အကိုင် နေရာချထားမှုသည် အသက်မွေးဝမ်းကျောင်း အလုပ်နှင့်ကုမ္ပဏီပေါ်တွင် မူတည်လျက် ပြောင်းလဲသည်။

die Probezeit (စမ်းသပ်ကာလ)
သင်အလုပ်သစ်တစ်ခု စတင်သောအခါ ပုံမှန်အားဖြင့် သင့်တွင် စမ်းသပ်ကာလတစ်ခုရှိသည်။ စမ်းသပ်ကာလအတွင်းတွင် သင်နှင့် အလုပ်ရှင် နှစ်ဦးစလုံးသည် ပိုမိုနည်းပါးသော ကြိုတင် အကြောင်းကြားသည့်ကာလဖြင့် သဘောတူစာချုပ်ကို အဆုံးသတ်နိုင်သည်။ဤကာလအတွင်းတွင် အလုပ်ရှင်သည် သင့်အား ပိုမို နီးကပ်စွာ စောင့်ကြည့်လေ့ရှိသည်။ စမ်းသပ်ကာလပြီးနောက် သင့်အား ထိုကုမ္ပဏီတွင် ဆက်ခန့်မည် မခန့်မည်ကို ၎င်းက ဆုံးဖြတ်သည်။ ထိုနေရာတွင် သင် ဆက်လုပ်လိုသလားဆိုသည်ကို သင် ဆုံးဖြတ်သည်။ စမ်းသပ်ကာလသည် ၆ လအထိ ဖြစ်နိုင်သည်။

die Provision, die Provisionen (ကော်မရှင်ခ)
သင်သည် အိမ်ခြံမြေ အကျိုးဆောင်မှတစ်ဆင့် အိမ်ခန်းတစ်ခန်းကို ငှားရမ်း သို့မဟုတ် ဝယ်ယူမည်လား။ သို့ဆိုလျှင် နေထိုင်ပါက ဤဝန်ဆောင်မှုများအတွက် အကျိုးဆောင်ကို အခကြေးငွေပေးရမည်ဖြစ်သည်။ ဤအခကြေးငွေကို ကော်မရှင်ခဟု သိကြသည်။

Glossar Sprungnavigation

Glossar Sprungnavigation

Q

die Qualifikationsanalyse, die Qualifikationsanalysen (ပညာအရည်အချင်း စိစစ်လေ့လာမှု၊ ပညာအရည်အချင်း စိစစ်လေ့လာမှုများ)
ပညာအရည်အချင်း စိစစ်လေ့လာမှုအတွင်းပုဂ္ဂိုလ်တစ်ဦးသည် တစ်စုံတစ်ရာသော အလုပ်တစ်ခုအတွက် သင့်တော်သလားဆိုသည်နှင့် ပတ်သက်၍ စစ်ဆေးမှုတစ်ခုကို ပြုလုပ်သည်။ ပုံမှန်အားဖြင့် ၎င်းကို အမှတ်စာရင်း သို့မဟုတ် အခြား မှတ်တမ်းမှတ်ရာများတွင် ဖော်ပြထားသည်။ အကယ်၍ ပုဂ္ဂိုလ်တစ်ဦးတွင် အမှတ်စာရင်း တစ်ခု မရှိလျှင် ပညာအရည်အချင်း စိစစ်လေ့လာမှုကို ဆောင်ရွက်ရန် ဖြစ်နိုင်သေးသည်။ ဤနေရာတွင် ဆွေးနွေးမှုတစ်ခု ပြုလုပ်သည် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးကို အလုပ်လုပ်နေစဉ် ကြည့်ရှုလေ့လာသည်။

Glossar Sprungnavigation

Glossar Sprungnavigation

R

die Rechnung, die Rechnungen (ငွေတောင်းခံလွှာ)
သင်က ကုန်ပစ္စည်းတစ်ခုဝယ်ယူလိုက်ပြီး ချက်ချင်း ငွေမချေဖြစ်သေးပါက ထိုငွေအတွက် ငွေတောင်းခံလွှာ လက်ခံရရှိမည်ဖြစ်သည်။ ဥပမာ သင် အင်တာနက်မှ ဈေးဝယ်လျှင်။ ထိုငွေကို သင့်ဘဏ်စာရင်းထဲမှ ကုမ္ပဏီ ဘဏ်စာရင်းသို့ တိုက်ရိုက် လွှဲပြောင်းပေးရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤသို့ လွှဲပြောင်းမှုအတွက် အပို ကုန်ကျစရိတ်မရှိပေ။

der Religionsunterricht (ဘာသာရေးဆိုင်ရာ ပညာရေး)
၎င်းသည် ကျောင်းတွင် ဘာသာရပ်တစ်ခုဖြစ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် ပရိုတက်စတင့် သို့မဟုတ် ကက်သလစ် ဘာသာမှ သင်ကြားမှုများ ဖြစ်သည်။ အချို့သော ပြည်ထောင်စု ပြည်နယ်များတွင် အော်သိုဒေါ့စ် ခရစ်ယာန်ဝါဒ၊ ဂျူးဘာသာ သို့မဟုတ် ဗုဒ္ဓဘာသာများတွင် ဘာသာရေးဆိုင်ရာ ပညာရေးလည်း ရှိကြသည်။ မူဆလင်များအတွက် ကျောင်းများစွာတွင် တူရကီ သို့မဟုတ် အာရပ်ဘာသာစကားဖြင့် အစ္စလန်ဆိုင်ရာ သင်ကြားမှုများရှိကြသည်။ ဘာသာရေးဆိုင်ရာ ပညာရေးသည် ကလေးများအတွက် မသင်မနေရ မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့၌ အချုပ်အချယ်ကင်းသော သင်ခန်းစာတစ်ခု ရှိကြသည်ဟု မဆိုလိုပေ။ ပြည်နယ်များစွာတွင် ဘာသာရေး သင်ခန်းစာများအစား ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာများကို တက်ရောက်ရန် လိုအပ်သည်။ ၎င်းတို့အား လောကအမြင်နှင့် ပတ်သက်၍ သင်ကြားပေးသည်ဟု ဆိုလိုသည်။

die Rentenversicherung, die Rentenversicherungen (ပင်စင်အာမခံ)
ဂျာမဏီနိုင်ငံတွင် ပြည်သူများသည် ပုံမှန်အားဖြင့် အသက် ၆၇ နှစ်အထိ အလုပ်လုပ်ကြသည်။ ထို့နောက် ၎င်းတို့ အနားယူကြသည်။ ၎င်းတို့ အနားယူသည်အထိ ပြည်သူများသည် ပင်စင်အာမခံ အစီအစဉ်တစ်ခုထဲသို့ ၎င်းတို့လစာ၏ အစိတ်အပိုင်းတစ်ရပ်ကို လစဉ် ပေးချေကြသည်။ သင် အနားယူသည်နှင့် သင့်ပင်စင်ရန်ပုံငွေမှ သင့် ယခင်လစာ၏ အစိတ်အပိုင်းတစ်ရပ်ကို လစဉ် သင် လက်ခံရရှိသည်။ ဝန်ထမ်းများသည်ပင်စင်အာမခံ အစီအစဉ်တစ်ခု အလိုအလျောက်ရှိကြသည်။ ဤကုန်ကျစရိတ်များ၏ ဝေစုတစ်ခုကို အလုပ်ရှင်က ပေးချေသည်။ သင်သည် ဝန်ထမ်းမဟုတ်လျှင် ပုဂ္ဂလိက ပင်စင် ပေါ်လစီတစ်ခုကို ရယူနိုင်သည်။ လူများစွာတွင် ဥပဒေပြဌာန်းချက်အရဖြစ်သော ပင်စင် အစီအစဉ်(အစိုးရက ဆောင်ရွက်သော)တစ်ခုအပြင် ပုဂ္ဂလိက ပေါ်လစီတစ်ခုလည်း ရှိကြသည်။

das Rezept, die Rezepte (ဆေးညွှန်းစာ)
ဆေးညွှန်းစာမပါဘဲ ဆေးဆိုင်တစ်ခုတွင် သင်ဝယ်ယူနိုင်သည့် ဆေးဝါးအမျိုးအစား များစွာ ရှိသည်။ အချို့သော ဆေးဝါးများအတွက် သင့်ဆရာဝန်က ထုတ်ပေးသည့် စာရွက်စာတမ်းတစ်ခု သင် လိုအပ်သည်။ဤစာရွက်စာတမ်းမှာ ဆေးညွှန်းစာဖြစ်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

S

das Schulgeld (ကျောင်းလခ)
ဤကျောင်းလခများကို ပုဂ္ဂလိကကျောင်းများတွင်သာ သင် ပေးရသည်။ ယေဘုယျအားဖြင့် ပုဂ္ဂလိကကျောင်းများတွင် သင်ခန်းစာများအတွက် ငွေအမြောက်အများကို ပေးရသည်။

die Schulpflicht (ကျောင်းတက်ရောက်ရန် တာဝန်ဝတ္တရား)
ဂျာမဏီနိုင်ငံတွင် ကျောင်းတက်ရောက်ရန် မလုပ်မနေရဖြစသည်။ ကလေးများနှင့် လူငယ်များသည် တစ်စုံတစ်ရာသော အသက်အရွယ်အထိ အနည်းဆုံး ကိုးနှစ်ကြာ ကျောင်းတက်ရမည် ဟုဆိုလိုသည်။၎င်းကို ဥပဒေအရ ပြဌာန်းထားသည်။

die Schwangerschaftsberatung, die Schwangerschaftsberatungen (ကိုယ်ဝန်ဆောင်များအတွက် ဆေးနွေးလမ်းညွှန် အကြံပြုခြင်း)
၎င်းသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် သက်ဆိုင်သော ကိစ္စအဝဝကို အကြံဥာဏ်ရယူနိုင်သည့် ဌာနတစ်ခုဖြစ်သည်။ မြို့များစွာတွင် အလားတူကျန်းမာရေးစင်တာများ ဖွင့်လှစ်ထားသည်။ သားဖွားဆရာဝန်က မည်သည့်နေရာတွင် သွားရောက်ပြီး မည်သူနှင့်တိုင်ပင်ဆွေးနွေးနိုင်သည်ကို အကြံပြုပြောကြားပေးပါလိမ့်မည်။

die selbständige Arbeit (ကိုယ်ပိုင် အလုပ်)
သင့်တွင် အလုပ်ရှင်တစ်ယောက်မရှိပါ။ သင်သည် မိမိကိုယ်တိုင် အထက်လူကြီးဖြစ်သည်။

das Sonderangebot, die Sonderangebote (အထူးလျှော့ဈေး)
ဈေးဆိုင် အချို့သည် ၎င်းတို့၏ ထုတ်ကုန်များကို အထူးနှုန်းဖြင့် အချိန်တိုအတွင်း ရောင်းချလေ့ရှိသည်။ ဤထုတ်ကုန်များကို အထူးလျှော့ဈေးဟု သိကြသည်။ ပုံမှန်အားဖြင့် ဆိုင်များစွာတွင် အလွယ်တကူ ရှာတွေ့နိုင်သည်။၎င်းတို့သည် ယေဘုယျအားဖြင့် ဝင်ပေါက် တည့်တည့်တွင် ရှိကြသည်။

das Sozialamt, die Sozialämter (လူမှုဖူလုံရေး ရုံး၊ လူမှုဖူလုံရေး ရုံးများ )
လူမှုဖူလုံရေး ရုံးသည် အာဏာပိုင်အဖွဲ့တစ်ခုဖြစ်သည်။ အကယ်၍ပုဂ္ဂိုလ်တစ်ယောက်သည် ငွေကြေး အကူအညီ လိုအပ်လျှင် ထိုပုဂ္ဂိုလ်သည် ထောက်ပံ့ကြေးရရှိရန် လိုအပ်ချက်များ ပြည့်မီခြင်းရှိမရှိလူမှုဖူလုံရေး ရုံးက စစ်ဆေးလိမ့်မည်။

die Sozialleistung, die Sozialleistungen (ခံစားခွင့်များ)
ငွေကြေးအထောက်အပံ့ လိုအပ်သူများသည် သတ်မှတ်ချက်များနှင့်အညီ လူမှုဖူလုံရေးရုံးမှ အကျိုးခံစားခွင့်များကို လျှောက်ထားနိုင်သည်။ ဤအထောက်အပံ့ဖြင့် ဈေးနူန်းသင့်တင့်မျှတသော နေရာထိုင်ခင်းတွင် ၎င်းတို့ နေထိုင်နိုင်သည်။ ၎င်းတို့၏ ကျန်းမာရေးအာမခံကို အကျုံးဝင်စေမည်ဖြစ်ပြီး အလုပ်အကိုင်လည်း ရှာဖွေနိုင်မည်ဖြစ်သည်။

die Sozialversicherung, die Sozialversicherungen (လူမှုရေးဆိုင်ရာ အာမခံ)
၎င်းတွင်ကျန်းမာရေး အာမခံ၊ ပင်စင် အာမခံ၊ မတော်တဆမှု အာမခံနှင့် မော်တော်ယာဉ် အာမခံတို့ ပေါင်းစပ်ထားသည်။

die Sozialwohnung, die Sozialwohnungen (လူမှုရေးဆိုင်ရာ အိမ်ရာ)
ဤအိမ်ရာအမျိုးအစားသည် ပုံမှန် အိမ်ခန်းထက် ငှာရမ်းခ သက်သာသည်။ သင့်တွင် ဝင်ငွေနည်းပါးလျှင် သင်သည် လူမှုရေးဆိုင်ရာ အိမ်ရာကို ငှားရမ်းနိုင်သည်။ဤသို့ပြုလုပ်ရန်အတွက် လူမှုရေးဆိုင်ရာ အိမ်ရာအတွက် အကျုံးဝင်မှု လက်မှတ်တစ်စောင် သင် လိုအပ်သည်။ ပုံမှန်အားဖြင့် ၎င်းကို စည်ပင်သာယာ အာဏာပိုင် သို့မဟုတ် အိမ်ရာရုံးမှ ရရှိနိုင်သည်။

das Sparkonto, die Sparkonten (ငွေစု ဘဏ် စာရင်း)
၎င်းသည် ကာလပိုရှည်သောဘဏ် စာရင်းတစ်ခုဖြစ်သည်။ ငွေလွှဲရန် (သင့် အိမ်ငှားခကဲ့သို့။ ၎င်းအတွက် သင်၏ စာရင်းရှင် အကောင့်ကို အသုံးပြုရသည်) ဤဘဏ်စာရင်းကို သင်အသုံးမပြုနိုင်ပေ။ သင်၏ စာရင်းရှင် အကောင့်ထက် သင့် ငွေစု ဘဏ် စာရင်းရှိ ငွေအပေါ်တွင် သင့်အား အတိုး ပိုပေးလေ့ရှိသည်။ ငွေများသည် ယေဘုယျအားဖြင့် ဤဘဏ်စာရင်းတွင် စာရင်းရှင် အကောင့်တစ်ခုထက် ယေဘုယျအားဖြင့် အချိန်ပိုမိုကြာမြင့်စွာ ရှိနေသည်။

die Sparkasse, die Sparkassen (ငွေစု ဘဏ်)
၎င်းသည် ဘဏ်တစ်ခုနှင့် တူသည်။ ပုဂ္ဂလိက မဟုတ်ဘဲ ရပ်ရွာ သို့မဟုတ် မြို့တစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။

die Spielgruppe, die Spielgruppen (ကစားအုပ်စု)
၎င်းသည် ကလေးများ ကစားရန် စုရုံးကြသည့် နေရာဖြစ်သည်။ ၎င်းတို့၏ မိခင်များ သို့မဟုတ် ဖခင်များသည်ပုံမှန်အားဖြင့် ကလေးများနှင့်အတူ နေလေ့ရှိသည်။ တစ်ခါတစ်ရံ လူကြီးများက ထိုအုပ်စုကို ဦးဆောင်ပြီး ကလေးများနှင့် ကစားလေ့ရှိသည်။

die Sprachförderung (ဘာသာစကား ပံ့ပိုးမှု)
ကလေးများသည် အထူးဂိန်းများ၊ ပုံဝတ္ထုများနှင့် သီချင်းများမှတစ်ဆင့် ပိုမိုကောင်းမွန်သော ဂျာမန်စကားကို ပြောဆိုရန် သင်ယူကြသည်။ သူငယ်တန်းနှင့် နေ့ကလေးထိန်းဌာန (Kitas) များတွင် နိုင်ငံခြားသား ကလေးများအတွက် အထူး ဘာသာစကား ပံ့ပိုးမှု မကြာခဏ ရှိသည်။

der Sprachtest, die Sprachtests (ဘာသာစကား စာမေးပွဲ)
ကလေးများသည်သူငယ်တန်း/နေ့ကလေးထိန်းဌာန (Kita) တွင် မကြာမကြာ စာမေးပွဲ ဖြေလေ့ရှိသည်။ ကလေးတစ်ယောက်သည် ထိုဘာသာစကားကို မည်မျှ ကောင်းမွန်စွာ နိုင်နင်းနေနှင့်ပြီးဖြစ်ကြောင်း ၎င်းတို့က ဆန်းစစ်နိုင်သည်။

die staatliche Schule, die staatlichen Schulen (အစိုးရကျောင်း)
ဂျာမဏီတွင် ကျောင်းအများစုကို အစိုးရက ဖွင့်လှစ်သင်ကြားသည်။ သင့်အနေဖြင့် ကျောင်းလခ ပေးရန်မလိုပေ။ အခမဲ့ဖြစ်သည်။

das Standesamt, die Standesämter (မှတ်ပုံတင် ရုံး)
သင် အိမ်ထောင်ပြုလိုပါသလား။ သင် ကလေးမွေးမည်လား။ သင် ကွာရှင်းလိုသည်လား။ သို့ဖြစ်လျှင် သင့်မြို့ရှိ မှတ်ပုံတင် ရုံးသို့ သင်သွားရန် လိုအပ်သည်။

der Studiengang, die Studiengänge (လေ့လာသင်ယူမှု သင်ရိုး၊ လေ့လာသင်ယူမှု သင်ရိုးများ)
ပုဂ္ဂိုလ်တစ်ယောက်သည်တက္ကသိုလ်တစ်ခု၌ပညာသင်ကြားလိုလျှင် မိမိသင်လိုသည့် တိကျသည့် သင်ရိုးနှင့် ပတ်သက်၍ဆုံးဖြတ်ရန်လိုအပ်သည်။ အမျိုးမျိုးကွဲပြားခြားနားသော ရွေးချယ်စရာ များစွာရှိသည်။ အများအားဖြင့် လေ့လာသင်ယူမှု သင်ရိုးတစ်ခု သို့မဟုတ် နှစ်ခုကို ရွေးချယ်ရန်လိုအပ်သည်။ ဥပမာ နိုင်ငံခြား ဘာသာစကားများတွင် ပါရမီရှိသော ပုဂ္ဂိုလ်တစ်ယောက်သည် ဘာသာစကားဘွဲ့ဒီဂရီတစ်ခုကို ယူနိုင်သည်။ သင်္ချာဘာသာရပ်တွင် တော်သော ပုဂ္ဂိုလ်တစ်ယောက်သည် သင်္ချာဘာသာ ဒီဂရီကို ယူနိုင်သည်။

die Studiengebühren (ကျောင်းလခများ)
တက္ကသိုလ် သို့မဟုတ် နည်းပညာကောလိပ် (FH) တစ်ခုကို တက်ရောက်ရန် သင် ပေးရသည့် ငွေဖြစ်သည်။ အချို့သော ပြည်ထောင်စု ပြည်နယ်များတွင် ကျောင်းလခများရှိကြသော်လည်း ပမာဏမှာ ကွာခြားသည်။

das Studium (တက္ကသိုလ် ဘွဲ့)
အင်ဂျင်နီယာ သို့မဟုတ် ကျောင်းဆရာ ကဲ့သို့သော အချို့သော အသက်မွေးဝမ်းကျောင်း အလုပ်များအတွက် သင့်တွင် ဘွဲ့တစ်ခုရှိရန် လိုအပ်သည်။ တက္ကသိုလ် သို့မဟုတ် နည်းပညာကောလိပ်တစ်ခုတွင် သင်ယူလေ့လာနိုင်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

T

das Tagesgeldkonto, die Tagesgeldkonten (ချက်ချင်း ရယူနိုင်သည့် ငွေစာရင်း)
ဤစာရင်းသည် စာရင်းရှင်အကောင့်ကဲ့သို့ နေ့စဉ်အသုံးပြုရန်အတွက် မဟုတ်ပေ။ သင့်တွင် ငွေပိုငွေလျှံ ရှိလျှင် ၎င်းကို ငွေစုစာရင်းတွင် သွင်းထားနိုင်သည်။ ဘဏ်များက ချက်ချင်း ရယူနိုင်သည့် ငွေစာရင်းများကို စာရင်းရှင်အကောင့် သို့မဟုတ် ငွေစုစာရင်းများထက် အတိုးနူန်းမြင့်မားစွာ ပေးသည်။ သင့်စုငွေများကို ချက်ချင်းလိုလိုလည်း ပြန်လည်ထုတ်ယူနိုင်သည်။

die Tagesmutter, die Tagesmütter (ကလေးထိန်းများ)
ကလေးထိန်းများသည် သူတို့၏နေအိမ်၌ ကလေးငယ်များကို ကြည့်ရှုစောင့်ရှောက်ပေးသည်။ အမျိုးသား ကလေးထိန်းများလည်းရှိသည်။ လာရောက်အပ်နှံထားသော ကလေးငယ်များကို ကလေးထိန်းတစ်ဦးတည်းက ထိန်းကျောင်းပေးသည်။ အထူးသဖြင့် ကလေးထိန်းများကို အထူး လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကာ သင့်အနေဖြင့် ၎င်းတို့ကို အခကြေးငွေပေးရမည်ဖြစ်သည်။

die Teilnahmeberechtigung für den Integrationskurs (ပေါင်းစည်းသင်တန်းအတွက် အကျုံးဝင်မှု လက်မှတ်)
ပေါင်းစည်းသင်တန်းတွင် သင်စာရင်းပေးသွင်းရာ၌ လိုအပ်သော အထောက်အထားဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းကို သင်နေထိုင်ရာမြို့၏ ဝင်ရောက်အခြေချနေထိုင်သူများရုံးတွင် ရယူနိုင်သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားများသည်လည်း ပေါင်းစည်းသင်တန်းကို တက်ရောက်သင်ယူနိုင်သည်။ သို့သော် ၎င်းတို့သည် BAMFသို့ လျှောက်ထားရန်လိုအပ်သည်။

die Teilzeitarbeit (အချိန်ပိုင်း အလုပ်)
သင့်တွင် အမြဲတမ်းအလုပ်တစ်ခု ရှိသော်လည်း တစ်နေ့လျှင် ၈ နာရီ မလုပ်ရဘဲ ပိုနည်းကာ တစ်နေ့လျှင် ၄ နာရီဖြစ်ကောင်းဖြစ်မည်။ ကလေးငယ်များရှိကြသည့် အမျိုးသမီးများသည် ယေဘုယျအားဖြင့် ဤအလုပ်ကို လုပ်ကြသည်။ ကုမ္ပဏီများစွာတွင် သင် အချိန်ပိုင်း အလုပ်လုပ်နိုင်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

U

das Übergabeprotokoll, die Übergabeprotokolle (အသေးစိတ်စာရင်း)
သင်သည် တိုက်ခန်းတစ်ခု ငှားထားပြီး အိမ်ပြောင်းလာတော့မည့်ဆဲဆဲဖြစ်သည်။ သို့ရာတွင် ထိုအခန်း၌ တစ်စုံတစ်ရာ ကျိုးပဲ့ပျက်စီးနေသည်။ သင်နှင့် အိမ်ခန်းပိုင်ရှင်သည် ဤအပျက်အစီးကို အသေးစိတ်စာရင်းတွင် မှတ်သားရမည်ဖြစ်ပြီး သင်တို့ နှစ်ယောက်လုံး လက်မှတ်ရေးထိုးရမည်။

die Überweisung, die Überweisungen (Bank) (ငွေလွှဲခြင်း)
ဘဏ်က ဘဏ်စာရင်းတစ်ခုမှ နောက်စာရင်းတစ်ခုသို့ ငွေပို့ခြင်းဖြစ်သည်။ ဥပမာ သင့် အိမ်ခန်းအတွက် အိမ်ငှားခ ပေးရန်။ ငွေသည် သင့် ဘဏ်စာရင်းမှ အိမ်ရှင်၏ ဘဏ်စာရင်းသို့ တိုက်ရိုက် သွားရန် လိုအပ်သည်။ သင်က ဘဏ်ကို အကြောင်းကြားသောအခါ ၎င်းတို့သည် ထိုငွေကို အိမ်ရှင်၏ ဘဏ်စာရင်းသို့ လွှဲပေးလိမ့်မည်။

der Umtausch (ကုန်ပစ္စည်းလဲလှယ်ခြင်း သို့မဟုတ် ပြန်လည်အပ်နှံခြင်း)
သင်သည် ကုန်ပစ္စည်းတစ်ခုဝယ်ယူလိုက်ပြီး ၎င်းကို ပြန်လည်ပေးအပ်လိုပါသလား။ ဆိုင်များစွာတွင် ထိုပစ္စည်းကို ပြန်လည်ပေးအပ်ပြီး ပြန်အမ်းငွေကို သင် ရယူနိုင်သည်။ ဆိုလိုသည်မှာ သင့်ငွေကို သင် ပြန်လည် ရရှိသည်။ တစ်ခါတစ်ရံ သင့်ငွေကို သင် ပြန်လည် မရရှိဘဲ ထိုဆိုင်မှ အခြားပစ္စည်းတစ်ခုခုကို သင် ရွေးချယ်နိုင်သည်။ ဤသည်ကို ကုန်ပစ္စည်းလဲလှယ်ခြင်း ဟုခေါ်ဆိုသည်။ အများအားဖြင့် အထူးလျှော့ဈေးဖြင့် ရောင်းချသော ကုန်ပစ္စည်းများကို ပြန်ပေး၍ မရနိုင်ပေ။

die Unterrichtsstunde, die Unterrichtsstunden (သင်ခန်းစာ)
ပေါင်းစည်းသင်တန်းတွင် သင်ခန်းစာတစ်ခုသည် ၄၅ မိနစ်ကြာမြင့်သည်။

der Urlaub (အားလပ်ရက်)
နှစ်စဉ်နှစ်တိုင်း သင့်တွင် သတ်မှတ်ထားသည့် အားလပ်ရက် အရေအတွက်ရှိသည်။ သင့်အားလပ်ရက်များအတွင်း သင့်လုပ်ခ/လစာကို ဆက်ပေးသည်။ သင် မည်သည့်အချိန် အားလပ်ရက် ယူနိုင်သည်ကို သဘောတူရန် သင်၏ အထက်အရာရှိနှင့် ပြောဆိုဆွေးနွေးရန် လိုအပ်သည်။ ပုံမှန်အားဖြင့် ဂျာမဏီနိုင်ငံ၌တစ်ပတ်တွင် ၅ ရက် အလုပ်လုပ်ကိုင်ရသည်။ ထို့ကြောင့် သင်သည် ရက်သတ္တပတ် အားလပ်ရက် (တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ ) အားလပ်ရက် ယူလိုပါက သင် ၅ ရက်တာ အားလပ်ရက် လိုအပ်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

V

die Verbraucherzentrale, die Verbraucherzentralen (စားသုံးသူ အကြံပေး ဌာန)
စားသုံးသူများအတွက် သတင်းအချက်အလက်များ ဖြန့်ဝေပေးသည့် ဌာနတစ်ခုဖြစ်သည်။ စားသုံးသူဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုခုကို ဝယ်ယူသုံးစွဲသူများကို ဆိုလိုသည်။ စားသုံးသူအကြံပေးဌာနက အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများအကြောင်း သတင်းအချက်အလက်များ ဖြန့်ဝေပေးပြီး တရားဥပဒေရေးရာ ပြဿနာများနှင့် ပတ်သက်၍ အကူအညီပေးသည်။ (ဥပမာအားဖြင့် သင် ဝယ်ယူသွားသည့် ကုန်ပစ္စည်းတစ်ခုသည် ချွတ်ယွင်းနေပြီး ထိုဈေးဆိုင်က ၎င်းကို ပြန်ယူရန် ငြင်းဆိုပါက စားသုံးသူအကြံပေးဌာနက ကူညီပေးနိုင်သည်။)

der Verein, die Vereine (အဖွဲ့အစည်း)
တူညီသော စိတ်ဝင်စားမှုများနှင့် ရည်မှန်းချက်များရှိကြသူများသည် အဖွဲ့အစည်းများနှင့် ကလပ်များတွင် စုဝေးလေ့ရှိကြသည်။ ဥပမာ- ဘောလုံးကလပ်တစ်ခုတွင် အခြားသူများနှင့် ဘောလုံးကန်နိုင်သည် သို့မဟုတ် တေးဂီတ အသင်းတစ်ခုတွင် အခြားသူများနှင့်အတူ တေးဂီတကို ဖန်တီးနိုင်သည်။

die Verfassung, die Verfassungen (ဖွဲ့စည်းပုံ အခြေခံဥပဒေ)
ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်သည် မှတ်တမ်းမှတ်ရာတစ်ခုဖြစ်သည်။၎င်းတွင်နိုင်ငံတစ်နိုင်ငံအတွက် အဓိက စည်းမျဉ်းများနှင့် စည်းကမ်းများ ပါဝင်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံနှင့် နိုင်ငံသားများ၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ဖော်ပြထားသည်။ ဂျာမန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို Grundgesetzဟုခေါ်ဆိုသည်။

die Versicherung, die Versicherungen (အာမခံကြေး)
သီးခြား အခြေအနေတစ်ခုအတွက် အာမခံပေါ်လစီတစ်ခုအတွက် နှစ်စဉ် သို့မဟုတ် လစဉ် ငွေပေးချေရသည်။ ဆိုလိုသည်မှာ ဤ အခြေအနေအတွက် သင့်ကို အာမခံထားခြင်းဖြစ်သည်။ ဥပမာ ရုတ်တရက်ဖျားနာခြင်း၊ သင့် ကျန်းမာရေး အာမခံအတွက် သင်သည် လစဉ် အာမခံကြေးတစ်ရပ် ဆောင်ရမည်ဖြစ်သည်။ ထို့နောက် သင်သည် နာမကျန်းဖြစ်ပြီး ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။ ဤအခြေအနေမျိုးတွင် ကျန်းမာရေး အာမခံ ကုမ္ပဏီက ဆရာဝန်အတွက် ငွေပေးချေပြီး သင်ကပေးဆောင်ရန် မလိုတော့ပေ။

das Visum, die Visa (ဗီဇာ)
ဗီဇာတစ်စောင်ဖြင့် သင့်အား ကွဲပြားသော နိုင်ငံတစ်ခုသို့ ခရီးသွားရန် ခွင့်ပြုသည်။ ထိုနိုင်ငံ၏ သံရုံး၌ ဗီဇာတစ်စောင်ကို သင် လျှောက်ထားနိုင်သည်။

die Volkshochschule, die Volkshochschulen (အရွယ်ရောက်သူ ပညာရေးစင်တာ)
အသက်၁၆နှစ်နှင့်အထက်ရှိသော လူငယ်များနှင့် အရွယ်ရောက်သူများသည်အရွယ်ရောက်သူပညာရေးစင်တာတစ်ခုတွင် သင်တန်းများ တက်ရောက်သင်ယူနိုင်ပါသည်။ သင်တန်းစရိတ်လည်း မများလှပါ။ အဆိုပါစင်တာ၌ ဂျာမန်ဘာသာစကားအပါအဝင် ဘာသာစကားများကို သင်ယူနိုင်သည့်အပြင် ဓာတ်ပုံပညာ၊ လက်ဝတ်ရတနာပြုလုပ်ခြင်းပညာ နှင့် ပန်းချီ၊ အက အစရှိသော ပညာရပ်များစွာကိုလည်း သင်ယူနိုင်သည်။ ကွန်ပျူတာ အခြေခံပြု အလုပ်များကဲ့သို့သောလုပ်ငန်းတွင် လက်တွေ့စာတွေ့အားဖြင့် လမ်းညွှန်ပေးထားသော သင်တန်းများလည်းရှိသည်။ အရွယ်ရောက်သူများအနေဖြင့် ကျောင်းပြီးဆုံး အရည်အချင်း တစ်ရပ်ကိုလည်း ဤစင်တာတွင် သင်ယူနိုင်ကြသည်။ သင်တန်းများကို အများအားဖြင့် ရုံးဖွင့်ရက်များတွင် ညနေပိုင်း သို့မဟုတ် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ထားသည်။

der/die Vorgesetzte, die Vorgesetzten (အထက်လူကြီး)
သင်၏ အထက်လူကြီးသည် သင်၏ တိုက်ရိုက် အထက်လူကြီးဖြစ်သည်။ အလုပ်ချိန်အတွင်း သင်နှင့် သင့်အလုပ်အတွက် ထိုအထက်လူကြီးက တာဝန်ရှိသည်။ မည်သို့သော အလုပ်အကိုင်ကို သင့်အတွက် ခွဲဝေချထားပေးရန်နှင့် ၎င်းကို မည်သို့လုပ်ကိုင်သင့်ကြောင်းကို ညွှန်ကြားပြသပေးသည်။ ပုံမှန်အားဖြင့် သင်၏ အထက်လူကြီးတွင်လည်း သူ၏ အထက်လူကြီးရှိသည်။

die Vorsorgeuntersuchung, die Vorsorgeuntersuchungen (ကာကွယ်တားဆီးသည့် ကျန်းမာရေးစစ်ဆေးမှု)
၎င်းတွင် ကလေးဆရာဝန်တစ်ယောက်က နို့စို့ကလေးငယ်များကို ပြုလုပ်သည့် လုပ်ရိုးလုပ်စဉ် စစ်ဆေးမှု ၁ဝခုပါဝင်သည်။ဤစစ်ဆေးမှုများသည် အခမဲ့ဖြစ်သည်။ ပထမဆုံးစစ်ဆေးမှုမှာ မွေးဖွားပြီးနောက် အချိန်အနည်းငယ်တွင် ဖြစ်ပြီး နောက်ဆုံးစစ်ဆေးမှုမှာ ထိုကလေး ကျောင်း စမတက်မီ အချိန်အနည်းငယ်တွင်ဖြစ်သည်။

das Vorstellungsgespräch, die Vorstellungsgespräche (အလုပ်အင်တာဗျူး)
သင်အလုပ်တစ်ခု လျှောက်ထားပြီးပြီလား။ အလုပ်ရှင်က သင်လျှောက်လွှာကို စိတ်ဝင်စားပါသလား။ သို့ဖြစ်လျှင် ၎င်းက သင့်ကို သိကျွမ်းလိုပြီး သင့်အကြောင်း ပိုမို သိရှိလိုသည်။ သင့်အား အင်တာဗျူးတစ်ခုသို့ ၎င်းက ဖိတ်ကြားလိမ့်မည်။ အလုပ်အကိုင် အင်တာဗျူးနှင့် ပတ်သက်သော အထွေထွေ အချက်အလက်များကို အလုပ်အကိုင် အေဂျင်စီ သို့မဟုတ် အလုပ်အကိုင်ဌာနမှ သိရှိနိုင်သည်။

Glossar Sprungnavigation

Glossar Sprungnavigation

W

der Wochenmarkt, die Wochenmärkte (အပတ်စဉ် ဈေး)
မြို့များစွာတွင် ရက်သတ္တပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဈေးရှိကြသည်။ ၎င်းသည် ဗဟို ဈေးနေရာ သို့မဟုတ် အဆောက်အဦကြီးတစ်ခုထဲတွင် ဖြစ်သည်။ ဈေးသည်အများစုမှာ ဒေသခံများဖြစ်ကြသည်။ ဤဈေးများတွင် သင်သည် အဓိကအားဖြင့် လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအပြင် နို့နှင့် ဒိန်ခဲ၊ ငါးနှင့် အသားတို့ကိုလည်း တွေ့နိုင်သည်။ တစ်ခါတစ်ရံ ထိုဈေးများတွင် အဝတ်အစား များကိုလည်း ဝယ်ယူနိုင်သည်။

der Wohlfahrtsverband, die Wohlfahrtsverbände (လူမှုဖူလုံရေး အသင်းအဖွဲ့၊လူမှုဖူလုံရေး အသင်းအဖွဲ့များ၊)
လူမှုဖူလုံရေး အသင်းအဖွဲ့တစ်ခုသည် ဂျာမဏီနိုင်ငံတွင် လူမှုရေးဆိုင်ရာတရားမျှတမှုနှင့် ထိုအဖွဲ့ကိုယ်တိုင် သက်ဆိုင်သည်။ သေးငယ်သော ရပ်ရွာလူ့အဖွဲ့အစည်းများတွင်သာမက မြို့ကြီးများတွင်လည်း လူမှုဖူလုံရေး အသင်းအဖွဲ့များ ရှိကြသည်။ လူများစွာသည် ထိုအသင်းများတွင် မိမိတို့၏ စိတ်ဆန္ဒအလျောက် အလုပ်လုပ်ကြသည်။ ဥပမာ ၎င်းတို့သည် ဒုက္ခသည်များအား အကူအညီ ပေးကြသည်။ဒုက္ခသည်တစ်ယောက် တွင် မေးမြန်းစရာများ ရှိလျှင် ၎င်းသည် အနီးအနားရှိ လူမှုဖူလုံရေး အသင်းအဖွဲ့တစ်ခုကို ဆက်သွယ်နိုင်သည်။ ထိုနေရာတွင် ၎င်းသည် အရေးကြီးသော အချက်အလက်များနှင့် ပြဿနာရှိပါက ပံ့ပိုးထောက်ကူမှုကို ရရှိနိုင်သည်။

das Wohngeld (နေထိုင်စရိတ်ခံစားခွင့်()
သာမန်တိုက်ခန်းတစ်ခုအတွက် အခန်းငှားရမ်းခသည် သင်တတ်နိုင်သည်ထက် ပိုမိုများပြားနေပါသလား။ ဤသို့ဆိုပါက နေထိုင်စရိတ် ခံစားခွင့်ကို အိမ်ယာရုံးသို့ လျှောက်ထားနိုင်သည်။ ဆိုလိုသည်မှာ အခန်းငှားရမ်းခအားလုံးကို သင် ပေးချေရန်မလိုအပ်ဘဲ ၎င်း၏ တစ်စိတ်တစ်ပိုင်းကို ပြည်နယ်အစိုးရက ကျခံပေးမည်ဖြစ်သည်။

das Wohnungsamt, die Wohnungsämter (အိမ်ယာရုံး)
သာမန်တိုက်ခန်းတစ်ခုအတွက် အခန်းငှားရမ်းခသည် သင်တတ်နိုင်သည်ထက် ပိုမိုများပြားနေပါသလား။ ဤသို့ဆိုပါက အိမ်ယာရုံးက ကူညီဆောင်ရွက်ပေးနိုင်သည်။ ဥပမာအားဖြင့် သင့်အား လူမှုအိမ်ရာစီစဉ်ပေးခြင်း သို့မဟုတ် နေထိုင်စရိတ် ခံစားခွင့်ပေးခြင်းဖြင့်။ နေရာထိုင်ခြင်းနှင့် ပတ်သက်၍ သင့်တွင် ရှိကောင်းရှိမည့် အခြား မည်သည့်မေးခွန်းများကိုမဆိုလည်း အိမ်ယာရုံးက ဖြေကြားပေးလိမ့်မည်။

Glossar Sprungnavigation

Glossar Sprungnavigation

X

Y

Z

das Zahlungsmittel, die Zahlungsmittel (ငွေပေးချေသည့် နည်းလမ်း)
ငွေပေးချေသည့် နည်းလမ်း အမျိုးမျိုးရှိသည်။ ဥပမာ ငွေသား၊ ဘဏ်မှ ငွေလွှဲပြောင်းမှု၊ အီးစီကတ်၊ အကြေးဝယ်ကတ်ပြားနှင့် ငွေတောင်းခံလွှာတို့ဖြစ်ကြသည်။

das Zeugnis, die Zeugnisse (အသိအမှတ်ပြုလက်မှတ်များ)
သင် အလုပ်ရှာနေသည့်အခါ သင့် လျှောက်လွှာ စာရွက်စာတမ်းများတွင် အသိအမှတ်ပြုလက်မှတ်များကို ထည့်သွင်းရသည်။ ယခင်သင်၏ အလုပ်ကိုင်အတွေ့အကြုံ အသေးစိတ်ကို ဖော်ပြရေးသားထားသည့် လက်မှတ်များကိုလည်း သင် ရယူနိုင်သည်။၎င်းတို့သည် သင်၏ နောက်ဆုံးအလုပ်အကြောင်း အသေးစိတ် အချက်အလက်များကို ဖော်ပြသည်။၎င်းအပြင် ကျောင်းနှင့် တက္ကသိုလ် လက်မှတ်များရှိသည်။ ၎င်းတို့မှာ သင့်ကျောင်း သို့မဟုတ် တက္ကသိုလ်က ပေးအပ်သော တရားဝင် မှတ်တမ်းမှတ်ရာများဖြစ်သည်။ သင့်မိခင်နိုင်ငံမှ အသိအမှတ်ပြုလက်မှတ်များရှိပါက ၎င်းတို့ကို ဘာသာပြန်ဆိုရန် နှင့် အစစ်အမှန်ဖြစ်ကြောင်းပြသရန် လိုအပ်သည်။

die Zinsen (အတိုးနှုန်း)
သင့် ဘဏ်စာရင်းထဲတွင် ငွေရှိပါသလား။ ရှိပါက သင့်အား ဘဏ်က လစဉ် ငွေအနည်းငယ်ကို ပေးလိမ့်မည်ဖြစ်သည်။ ၎င်းကို အတိုးနူန်းဟုခေါ်သည်။ သင်သည် ဘဏ်မှ ချေးငွေတစ်ရပ် ယူထားပါသလား။ ယူထားလျှင် ၎င်းအတွက် ဘဏ်ကို လစဉ် ငွေအနည်းငယ် ပေးချေရမည်ဖြစ်သည်။ ၎င်းသည်လည်း အတိုး ဖြစ်သည်။

die zweisprachige Schule, die zweisprachigen Schulen (ဘာသာစကားနှစ်မျိုးဖြင့် သင်ကြားပေးသည့်ကျောင်း)
သင်ခန်းစာများကို ဘာသာစကားနှစ်မျိုးဖြင့် သင်ယူနိုင်သည်။ အများအားဖြင့် ဂျာမန်ဘာသာနှင့် အခြားဘာသာတစ်ခုဖြင့် သင်ကြားပေးသည်။

Glossar Sprungnavigation

Glossar Sprungnavigation