Ein junger Mann lehnt an einer Straßenlaterne und schaut auf sein Smartphone. © Goethe-Institut

အွန်လိုင်းအကြံပေးမှုကို „JMD“ (နိုင်ငံရွှေ့ပြောင်းလာကြသော လူငယ်အကြံပေးဝန်ဆောင်မှုများ) အဖွဲ့အစည်းမှ စီစဥ်ပေးထားခြင်း ဖြစ်ပါသည်။ အကြံပေးပုဂ္ဂိုလ်များကို အင်တာနက်မှတစ်ဆင့် ဆက်သွယ်နိုင်ပြီး သိလိုသည်များအား မေးမြန်းနိုင်ပါသည်။ ဤအဖွဲ့အစည်းသည် နှစ်ပေါင်းများစွာကတည်းက ရပ်တည်နေခဲ့ပြီး အခြားနိုင်ငံများမှ ဂျာမနီသို့ ရွှေ့ပြောင်းလာသူများကို အကြံပေးပါသည်။ ဂျာမနီတွင် နေ့စဥ်ဘဝနှင့် ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားပေးပါသည်။ ဥပမာအားဖြင့် - ကျွန်ုပ် ဂျာမနီတွင် ကားလိုင်စင် ဘယ်လိုလုပ်လို့ရသလဲ။ ကျွန်ုပ် ဂျာမနီမှာ ဘာအလုပ်လုပ်လို့ရလဲ။ ကျွန်ုပ်ရှေ့နေတစ်ဦးလိုအပ်ပါသည် - မည်သို့ရရှိနိုင်ပါသလဲ စသည်တို့ဖြစ်သည်။
အကြံပေးမှုများသည် လုံခြုံစိတ်ချရပြီး အခမဲ့ဖြစ်ပါသည်။ မိမိနာမည်ကိုလည်း ပြောစရာမလိုပါ။ ဘာသာစကားလည်း အမျိုးမျိုးအသုံးပြုနိုင်ပါသည်။ ဤအကြံပေးအစီအစဥ်၏ ဝက်ဆိုက်ဒ်သည် www.jmd4you.de ဖြစ်ပြီး ဂျာမန်၊ ရုရှားနှင့် တူရကီ ဘာသာစကားတို့ဖြင့် ဖတ်ရှုနိုင်ပါသည်။

www.jmd4you.de

အကြံပေးမှုရယူလိုပါက အွန်လိုင်းအကြံပေးမှု အစီအစဥ်၏ အင်တာနက် စာမျက်နှာပေါ်သို့ သွားပါ။ ဤဓာတ်ပုံကို တွေ့ပါလိမ့်မည်။

www.jmd4you.de Foto: © www.jmd4you.de

"Login" ကိုနှိပ်ပြီး စာရင်းသွင်းပါ။ ထို့နောက် မေးခွန်းရိုက်ရန်အတွက် "Neue Erstanfrage" ကိုနှိပ်ပါ။

 
www.jmd4you.de Foto: © www.jmd4you.de

အသင်မေးလိုသောမေးခွန်းကို အကွက်ထဲတွင် ရိုက်ထည့်ပါ။ ထိုအကွက်အောက်တွင် မေးခွန်း တည်ဆောက်ရာ၌ အထောက်အကူ ဖြစ်စေရန်အတွက် ဥပမာမေးခွန်းများကိုလည်း တွေ့နိုင်ပါသည်။

 
www.jmd4you.de Foto: © www.jmd4you.de

အသင် မေးခွန်းကို ပို့လိုက်ပြီဆိုပါက (၂၄)နာရီအတွင်း အကြောင်းပြန်စာ ရရှိပါလိမ့်မည်။ အကြောင်းပြန်စာကို အသင့်အီးမေးလ်ထဲတွင် ရရှိမည်မဟုတ်ဘဲ အင်တာနက်စာမျက်နှာပေါ်သို့  ပြန်လည်သွားပြီး "Login" ဝင်ရမည် ဖြစ်သည်။ „Mein JMD“ ကိုနှိပ်ပါက အသင့်မေးခွန်းများနှင့် အဖြေများကို တွေ့ရှိနိုင်မည်ဖြစ်သည်။

အသင့်မေးခွန်းအတွက် အဖြေကို JMD အွန်လိုင်းအကြံပေး စာမျက်နှာပေါ်တွင်သာ ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဤနည်းသည် လုံခြုံစိတ်ချရ၍ အသင့် အမည်လည်း ဖော်ပြစရာမလိုပါ။ အသင်နှင့် အကြံပေးသူမှအပ အခြားမည်သူကမှ အသင့်၏ မေးခွန်းနှင့် အဖြေများကို တွေ့ရှိနိုင်မည်မဟုတ်ပါ။
 
အကယ်၍အသင်သည် ဤနည်းကို အသုံးမပြုလိုပါက JMD အွန်လိုင်းအကြံပေးစာမျက်နှာ၏ အင်တာနက်ဖိုရမ်မှတစ်ဆင့်လည်း မေးခွန်း မေးနိုင်ပါသည်။ သို့သော် ဖိုရမ်မှတစ်ဆင့် မေးပါက အသင့်အမည်ကို အခြားသူများ တွေ့ရမည်ဖြစ်သည်။ ဖိုရမ်နှင့် Chat တို့တွင် အခြားသော နိုင်ငံရွှေ့ပြောင်းလာသူများနှင့်လည်း စကားပြောနိုင်ပါသည်။ မေးခွန်းများနှင့် အဖြေများကို အားလုံးက ဖတ်ရှုနိုင်မည်ဖြစ်သည်။

 
www.jmd4you.de Foto: © www.jmd4you.de

"FAQ" အပိုင်းသည် အသစ်ဖြစ်သည်။ ဤနေရာတွင် အမေးများသော မေးခွန်းများနှင့် အဖြေများကို တွေ့ရှိနိုင်ပါသည်။ "FAQ" အကြောင်းအရာများနှင့် ပတ်သတ်ပြီး အသင့်ကိုယ်ပိုင် မေးခွန်းလည်း မေးမြန်းနိုင်ပါသည်။

 
www.jmd4you.de Foto: © www.jmd4you.de

www.jmd4you.de