
အလုပ်လုပ်ခွင့်ပါမစ်
သင်သည် ဥရောပသမဂ္ဂအဖွဲ့ (EU) သို့မဟုတ် ဥရောပစီးပွားရေးဇုန်၏ပြင်ပမှလာသူဖြစ်ပါက ဂျာမနီတွင်အလုပ်လုပ်လိုလျှင် အလုပ်လုပ်ခွင့်ပါမစ်ရှိရန်လိုပါသည်။ ဂျာမနီနိုင်ငံတွင် သင့်အား အလုပ်လုပ်ခွင့်ပြုသည်/မပြုသည်နှင့် မည်မျှခန့်အလုပ်လုပ်ခွင့်ပြုသည်တို့ကို သင်၏နေထိုင်ခွင့်ပါမစ်တွင်ဖော်ပြထားသည်။
လက်မှတ်များနှင့်၎င်းတို့အားအသိအမှတ်ပြုမှု
သင့်ထံတွင် သင်၏မိခင်နိုင်ငံမှ အလုပ်သင်ယူပြီးမြောက်ခြင်းလက်မှတ်၊ တက္ကသိုလ်ဘွဲ့လက်မှတ် (သို့) အထက်တန်းသင်ယူပြီးမြောက်ခြင်းလက်မှတ် စသည်တို့ရှိပါသလား။ ဤသို့ဆိုလျှင် ယင်းလက်မှတ်များနှင့်စာရွက်စာတမ်းများကိုဘာသာပြန်ပြီး အစစ်အမှန်ဖြစ်ကြောင်းထောက်ခံပေးသည့်သက်သေအထောက်အထားပြုလုပ်ထားရန်လိုပါသည်။ အစစ်အမှန်ဖြစ်ကြောင်းသက်သေအထောက်အထားလုပ်ခြင်းဆိုသည်မှာ တရားဝင်အာဏာပိုင်အဖွဲ့အစည်းတစ်ခုက သင်၏စာရွက်စာတမ်းများကိုစစ်ဆေးပြီး စစ်မှန်ကြောင်းအတည်ပြုထောက်ခံပေးခြင်းဖြစ်ပါသည်။ ယင်းသို့ ပြုလုပ်ရန်အတွက် သင့်မိခင်နိုင်ငံရှိအာဏာပိုင်အဖွဲ့အစည်းတစ်ခု (နိုတြီဆိုင်များ) တွင် အစစ်ဆေးခံမှု၊ တစ်နည်းအားဖြင့် ဘာသာပြန်မှုပြုလုပ်၍ တရားသူကြီးလက်မှတ်ရေးထိုးရပါသည်။ တစ်ခါတစ်ရံတွင် သင်၏အရည်အချင်းလက်မှတ်သည် ဂျာမနီနိုင်ငံတွင်တရားမဝင်ဘဲဖြစ်နေတတ်ပါသည်။ သင်သည်သင့်နိုင်ငံတွင်ရှိနေစဉ်ကတည်းကပင် သင်၏လက်မှတ်များ ဂျာမနီတွင်တရားဝင်ခြင်း ရှိ/မရှိ စစ်ဆေးနိုင်ပါသည်။
ဤကိစ္စအတွက် “Recognition in Germany“ ဝက်ဘ်ဆိုက်ဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏သတင်းအချက်အလက်ပြဂရပ်ဖစ်များကိုလည်းကြည့်နိုင်ပါသည်။
လစ်လပ်နေသောအလုပ်နေရာများ
သင့်တွင်အလုပ်လုပ်ခွင့်ပါမစ်ရှိပါသလား။ ရှိပါက အလုပ်တစ်ခုရှာနိုင်ပါသည်။ အလုပ်ရှာရန်နည်းလမ်းများစွာရှိပါသည်။ အင်တာနက်၊ သတင်းစာ (သို့) အလုပ်အေဂျင်စီ/ဌာနများတွင် ကြော်ငြာထားသောအလုပ်များကိုရှာဖွေနိုင်ပါသည်။ သတင်းစာတွင် အများအားဖြင့် ထိုနေရာဒေသရှိအလုပ်များကိုသာ ကြော်ငြာထည့်လေ့ရှိပါသည်။ သို့သော် ထိုကြော်ငြာများသည် လက်ရှိခေါ်နေသောအလုပ်များဖြစ်ပါသည်။ အင်တာနက်တွင်မူ ကြော်ငြာအမြောက်အများတွေ့ရှိနိုင်သော်လည်း မကြာခဏဆိုသလို ကြော်ငြာအဟောင်းများဖြစ်နေတတ်ပါသည်။ အလုပ်အေဂျင်စီ/ ဌာနများက သင့်အား အကြံဥာဏ်များပေးနိုင်ပြီး သင့်အတွက်သင့်တော်သောအလုပ်များကိုရှာဖွေပေးနိုင်ပါသည်။ ကုမ္ပဏီများသို့လည်း တိုက်ရိုက်လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ တစ်ခါတစ်ရံ ကုမ္ပဏီများသည် လစ်လပ်နေသောအလုပ်နေရာများရှိသော်လည်း ယင်းတို့ကို အင်တာနက် (သို့) သတင်းစာတွင်မကြော်ငြာထားသည်များရှိတတ်ပါသည်။ တစ်ခါတစ်ရံ ကုမ္ပဏီ၏ဝက်ဘ်ဆိုက်ဒ်တွင်လည်း အလုပ်ကြော်ငြာများတွေ့နိုင်ပါသည်။
အလုပ်အကိုင်ခန့်ထားရေးအေဂျင်စီ၏ BIZ (အလုပ်အကိုင်သတင်းအချက်အလက်ပေးဌာန) ရှိပါသည်။ ယင်းတွင် အလုပ်ကြော်ငြာများအပြင် အလုပ်အကိုင်နှင့်ပတ်သက်သည့်သတင်းအချက်အလက်အများအပြားကိုလည်း ရရှိနိုင်ပါသည်။ သင်သည် သင်၏ကိုယ်ရေးရာဇဝင်ကို အင်တာနက်မှတစ်ဆင့် BIZ တွင် (သို့) အလုပ်အေဂျင်စီတွင် ကြော်ငြာအနေဖြင့်တင်ထားနိုင်ပါသည်။ အကယ်၍ သင်မည်သည့်အလုပ်ကိုလုပ်နိုင်သည် (သို့) လုပ်လိုသည်ကိုသေချာစွာမသိသေးပါက BIZ ဌာနတွင် အလုပ်အကိုင်အကြံပေးဝန်ဆောင်မှုကိုရယူနိုင်ပါသည်။
အလုပ်တစ်ခုတွင် (Praktikum) ဟုခေါ်သည့် ရက်သတ္တပတ်အချို့ (သို့) လအနည်းငယ်ခန့် လက်တွေ့ဆင်း၍ ထိုအလုပ်ကိုစမ်းကြည့်ခြင်းကလည်း သင့်အတွက်အထောက်အကူပြုနိုင်ပါသည်။ ဤနည်းအားဖြင့် ထိုအလုပ်ကိုသိကျွမ်းလာမည်ဖြစ်ပြီး အဆက်အသွယ်များလည်းရရှိလာမည်ဖြစ်သည်။
အလုပ်လျှောက်ခြင်း
အလုပ်လျှောက်ထားခြင်းသည် အလုပ်အကိုင်ဈေးကွက်အတွင်းသို့ ပထမဦးဆုံးစတင်ခြေလှမ်းလှမ်းလိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် စာရွက်စာတမ်းများကို ကောင်းမွန်သေချာစွာပြင်ဆင်ရန် အလွန်အရေးကြီးပါသည်။ သင်သည် ကုမ္ပဏီသို့ပေးပို့သည့်အလုပ်လျှောက်စာ၊ ကောင်းမွန်သာဓာတ်ပုံ၊ ကိုယ်ရေးရာဇဝင်နှင့်အထောက်အထားလက်မှတ်များ (ဂျာမန်ဘာသာဖြင့်) လိုအပ်ပါသည်။ BIZ ဌာနတွင် "ဂျာမနီတွင်အလုပ်လျှောက်ထားခြင်း" ဆိုင်ရာဆွေးနွေးပွဲများကျင်းပလေ့ရှိပါသည်။ ထိုဆွေးနွေးပွဲများတွင် အလုပ်လျှောက်စာမည်သို့ရေးရမည်၊ အလုပ်အင်တာဗျူးအတွက်မည်သို့ပြင်ဆင်ထားရမည်စသည်များကိုလေ့လာနိုင်ပါသည်။
မြို့များတွင် နိုင်ငံရွှေ့ပြောင်းလာကြသူများအတွက်အကြံပေးဌာနများရှိပါသည်။ ထိုဌာနများတွင် အလုပ်ရှာဖွေခြင်း၊ အလုပ်လျှောက်လွှာရေးခြင်းစသည့်ကိစ္စများနှင့်ပတ်သက်၍လည်း အကြံဥာဏ်များပေးပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ (Federal Office for Migration and Refugees) ဝက်ဘ်ဆိုက်ဒ်ကိုလည်းဝင်ရောက်ကြည့်ရှုပါ။ နိုင်ငံရွှေ့ပြောင်းလာကြသူများအတွက် လူငယ်အကြံပေးဝန်ဆောင်မှုဌာနကလည်း အသက် (၂၇) နှစ်အထိလူငယ်များအတွက် အထူးအကြံပေးဆွေးနွေးမှုရှိပါသည်။
သက်ဆိုင်ရာလင့်ခ်များ
- သတင်းအချက်အလက်ပြဂရပ်ဖစ်ပုံများ
- Zentrale Auslands- und Fachvermittlung (ZAV) der Bundesagentur für Arbeit: Arbeiten in Deutschland
- BAMF: In Deutschland arbeiten
- Make it in Germany: Looking for a job
- Bundesagentur für Arbeit: Veranstaltungen suchen
- Recognition in Germany
- EURES-Deutschland: Förderung der beruflichen Mobilität in der EU
လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ
အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
“ဆက်သွယ်ရန်ဖောင်“ဆီသို့