
သင်ယူပြီးမြောက်မှုနှင့်လက်မှတ်
ယေဘုယျအားဖြင့် သင်သည်ဘွဲ့ရထားလျှင် (သို့) အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခုပြီးမြောက်အောင်သင်ယူပြီးစီးထားလျှင် ဂျာမနီတွင်အလုပ်ကောင်းကောင်းတစ်ခုရနိုင်ပါသည်။ သင်သည်အလုပ်သင်ယူမှုကိုပြီးမြောက်သည်အထိတက်ရောက်ခဲ့ရန်လိုအပ်ပါသည်။ ထို့ပြင် သင်ယူပြီးမြောက်မှုလက်မှတ်လည်းပြသနိုင်ရပါမည်။ အကယ်၍ သင့်တွင် သင်၏မိခင်နိုင်ငံတွင်ရရှိခဲ့သောအောင်လက်မှတ်များရှိပါက ၎င်းတို့ကိုစစ်မှန်ကြောင်း နိုတြီဘာသာပြန်လုပ်ထားရန်လိုအပ်ပါသည်။
အသက်မွေးဝမ်းကြောင်းအလုပ်သင်တက်ရောက်ခြင်းအဆင့်ဆင့်
သက်မွေးအလုပ်သင်တက်ရောက်ရန်အတွက် အနည်းဆုံး Hauptschule သင်ယူပြီးမြောက်ခြင်းလက်မှတ်လိုပါသည်။ ၎င်းလက်မှတ်မပါဘဲ အလုပ်သင်နေရာတစ်နေရာရရှိရန်ခက်ခဲပါသည်။ ဂျာမနီရှိအလုပ်သင်စနစ်သည်အများအားဖြင့် (dual system) စာတွေ့နှင့်လက်တွေ့ ပူးတွဲစနစ်ဖြစ်သည်။ ဆိုလိုသည်မှာ ကုမ္ပဏီတစ်ခုတွင်တိုက်ရိုက် ဝင်ရောက်အလုပ်လုပ်သင်ယူပြီး အသက်မွေးဝမ်းကျောင်းပညာရပ်ကျောင်းကိုလည်းတက်ရောက်ရပါမည်။ ဤတွင်အလုပ်အတွက်သီအိုရီအခြေခံများကို သင်ယူရပါသည်။ အခြားသောအထွေထွေဘာသာရပ်များဖြစ်သည့် ဂျာမန်ဘာသာစကား၊ နိုင်ငံရေးဘာသာနှင့်အားကစားဘာသာရပ် စသည်တို့ကိုလည်းသင်ယူရပါသည်။ လုပ်ငန်းခွင်သုံးဂျာမန်ဘာသာစကားကို Goethe-Institut ၏ဝက်ဆိုက်ဒ်တွင်ဝင်ရောက်လေ့ကျင့်နိုင်ပါသည်။
ကုမ္ပဏီတွင်လက်တွေ့ အလုပ်သင်ယူရပါမည်။ တစ်ပတ်တွင် (၃) ရက်မှ (၄) ရက်အထိအလုပ်ဆင်းရပါသည်။ ကျောင်းကိုမူ တစ်ပတ်လျှင် နာရီစုစုပေါင်း (၈) နာရီမှ (၁၂) နာရီအထိတက်ရပါသည်။ သို့မဟုတ် ကုမ္ပဏီကိုရက်သတ္တပတ် အချို့ဆင်းပြီး ကျောင်းကို ရက်သတ္တပတ်အချို့ တက်ရသည်လည်း ရှိပါသည်။ အလုပ်သင်လုပ်ရန်အတွက် ကုမ္ပဏီမြောက်များစွာရှိပြီး အလုပ်အမျိုးအစားအားလုံးနီးပါးအတွက်အလုပ်သင်လုပ်နိုင်ပါသည်။ အလုပ်သင်နေရာတစ်ခုရှာဖွေခြင်းသည် အလုပ်တစ်ခုရှာဖွေရသကဲ့သို့ပင်ဖြစ်သည်။ လျှောက်လွှာလည်း ရေးသားရန်လိုအပ်ပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ “အလုပ်အကိုင်ရှာဖွေခြင်း“ တွင်ဝင်ရောက်ဖတ်ရှုပါ။ အလုပ်သင်ကာလအတွင်း ပိုက်ဆံအနည်းငယ်ရရှိပါသည်။
အလုပ်သင်ကာလကြာချိန်
အလုပ်သင်ယူမှုသည် (၂) နှစ် သို့မဟုတ် (၃) နှစ်ကြာမြင့်ပါသည်။ သို့သော် အချိန်တိုအတွင်းသင်ယူနိုင်သည့်အလုပ်များလည်းရှိပါသည်။ ဥပမာအားဖြင့် ကလေးထိန်းအလုပ်၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်းအလုပ်၊ ဧည့်ခံကျွေးမွေးခြင်းအလုပ်၊ အလှကုန်ပစ္စည်းအလုပ်စသည်တို့ဖြစ်ပါသည်။ သင်နေထိုင်ရာ မြို့ (သို့) မြို့နယ်ရှိ အလုပ်ခန့်ထားရေးအေဂျင်စီထံတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
တက္ကသိုလ်တက်ခြင်း
Abitur ပြီးမြောက်ပြီး (သို့) အခြားသောအထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (Hochschulzugangsberechtigung) ဖြင့်တက္ကသိုလ်တစ်ခုတွင် တက်ရောက်ပညာသင်ကြားနိုင်ပါသည်။ Fachabitur လက်မှတ်ဖြင့် Fachhochschule (အသုံးချသိပ္ပံတက္ကသိုလ်) တစ်ခုခုကိုတက်ရောက်နိုင်ပါသည်။ အသုံးချသိပ္ပံတက္ကသိုလ်များသည်အများအားဖြင့်အခြားတက္ကသိုလ်များထက်ပို၍ လက်တွေ့ဆန်ဆန်သင်ကြားပေးပါသည်။ ဂျာမနီတွင် တက္ကသိုလ်ရန် ကျောင်းသား၊ ကျောင်းသူများသည် ဂျာမန်စကားကျွမ်းကျင်ရန်လိုအပ်ပါသည်။ အကယ်၍ ဂျာမန်ဘာသာစကားသည် သင်၏မိခင်ဘာသာစကားမဟုတ်ပါက ဘာသာစကားစွမ်းရည်အထောက်အထားများပြရပါမည်။ အများအားဖြင့် “Deutsche Sprachprüfung für den Hochschulzugang” DSH (သို့) TestDaF (တက္ကသိုလ်ဝင်ခွင့်အတွက်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ) အောင်လက်မှတ်ပြရပါသည်။ အခြားသောတောင်းဆိုချက်များ၊ ဥပမာ သတ်မှတ်ထားသောယေဘုယျရမှတ် (Numerus clausus) ကိုလည်းတောင်းဆိုနိုင်ပါသည်။ သင်တက်ရောက်လိုသောတက္ကသိုလ်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။
ကျောင်းစရိတ်များမှာ ပြည်နယ်ပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ ပုံမှန် Bachelor နှင့် Master ဘွဲ့များအတွက် အစိုးရတက္ကသိုလ်များတွင်အခမဲ့ဖြစ်ပါသည်။ စာသင်နှစ်ဝက်တစ်ခုတိုင်းစီတွင် စီမံခံ့ခွဲရေးရာကြေး၊ ကျောင်းသားရေးရာကြေးနှင့် Semesterticket ခေါ် ရထား၊ ဘတ်စ်ကားစသည့်အများပြည်သူသုံးယာဥ်များကို အခမဲ့အသုံးပြုနိုင်သည့်ကျောင်းသားကတ်ကြေးစသည်တို့အတွက် အခကြေးငွေများပေးရတတ်ပါသည်။ ယင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို www.studieren.de နှင့် www.studis-online.de ဝက်ဆိုက်ဒ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Bachelor ဘွဲ့တစ်ခုအတွက် စာသင်နှစ်ဝက် အနည်းဆုံး (၆) ခုမှ (၈) ခု၊ “နှစ်“ အားဖြင့်ပြောရလျှင် (၃)နှစ်မှ (၄) နှစ်အထိကြာမြင့်နိုင်ပါသည်။ နောက်ထပ်မဟာဘွဲ့ (Master) အတွက် စာသင်နှစ်ဝက် (၂) ခုမှ (၄) ခု၊ “နှစ်“ အားဖြင့် (၁) နှစ်မှ (၂) နှစ်အထိဆက်တက်ရပါမည်။
မြို့တိုင်းတွင် အလုပ်နှင့်ပတ်သက်၍သတင်းအချက်အလက်ပေးစင်တာ Berufsinformationszentrum (BIZ) ရှိပါသည်။ (BIZ) ကို သင်နေထိုင်ရာမြို့ရှိ အလုပ်အေဂျင်စီမှတစ်ဆင့်တွေ့ရှိနိုင်ပါသည်။ (BIZ) ၏ဝန်ထမ်းများကသင့်အား သက်မွေးအလုပ်သင်ယူခြင်း၊ တက္ကသိုလ်တက်ခြင်း၊ ဘွဲ့ရပြီးနောက်ပညာဆက်လက်သင်ယူခြင်း စသည့်ကိစ္စရပ်များအတွက်အကြံပေးပါလိမ့်မည်။
သက်ဆိုင်ရာလင့်ခ်များ
- Goethe-Institut: Deutsch am Arbeitsplatz
- Bundesamt für Migration und Flüchtlinge: Bildung
- Make it in Germany: Training in Germany
- Federal Employment Agency: Video Portal
- Studieren in Deutschland
- IKK classic: Meister oder Master – was tun nach der Ausbildung?
လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ
အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
“ဆက်သွယ်ရန်ဖောင်“ဆီသို့