Ein Mann schaut aus einem Fenster und lacht dabei. © Goethe-Institut

နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ

ဂျာမနီနိုင်ငံသို့ သွားရောက်လည်ပတ်ရန်အတွက် တရားဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် သင်မည်သူမည်ဝါဖြစ်ကြောင်း အခြားအထောက်အထား စာရွက်စာတမ်းလိုအပ်ပါသည်။ နောင်တွင်အာဏာပိုင်အဖွဲ့ အစည်းတစ်ခုတွင်မှတ်ပုံတင်သောအခါတွင်လည်း နိုင်ငံကူးလက်မှတ်လိုအပ်ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ (EU) မဟုတ်သည့်နိုင်ငံများတွင်နေထိုင်သူများသည်လည်း ဗီဇာလိုအပ်ပါသည်။

သင့်နိုင်ငံရှိဂျာမနီသံရုံး(ကောင်စစ်ဝန်ရုံး)တွင် ဗီဇာလျှောက်ထားနိုင်ပါသည်။ သင်သည် ဂျာမနီနိုင်ငံတွင် အလုပ်ခန့်ထားသည့် စာချုပ်ရှိထားပြီးဖြစ်ပါသလား သို့မဟုတ် ဂျာမနီတွင်နေထိုင်လျက်ရှိသည့် မိသားစုဝင်များရှိပါသလား။ ထိုသို့ဆိုလျှင် ဗီဇာရရှိရန် ပိုမိုလွယ်ကူပါသည်။ ဗီဇာနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို ပြည်ထောင်စုနိုင်ငံခြားရေးရုံးတွင်ရှာဖွေနိုင်ပါသည်။

Auf einer Hauswand sieht man ein Schild, das zum Bundesamt für Migration und Flüchtlinge führt. © Goethe-Institut

နေထိုင်သူများ၏မှတ်ပုံတင်ရုံးနှင့်နေထိုင်ခွင့်ပါမစ် 

ဂျာမနီနိုင်ငံတွင် သင်နေထိုင်လျက်ရှိသည့်မြို့/မြို့နယ်ရှိ Einwohnermeldeamt (နေထိုင်သူများ၏မှတ်ပုံတင်ရုံး)တွင် ဦးစွာမှတ်ပုံတင်ရပါမည်။ ထို့နောက် Ausländeramt (လူဝင်မှုကြီးကြပ်ရေးရုံး) သို့သွားရပါမည်။ ထိုရုံးက သင့်အား နေထိုင်ခွင့်ပါမစ်ထုတ်ပေးမည်ဖြစ်သည်။ ယင်းပါမစ်တွင် သင်၏နေထိုင်မှုသတ်မှတ်ချက်ကို ဖော်ပြထားသည်။ ယင်းတွင် သင့်အား ဂျာမနီနိုင်ငံတွင်မည်မျှကြာနေထိုင်ခွင့်ပြုသည်နှင့် အလုပ်လုပ်ခွင့်ရှိ/မရှိတို့ကို ဖော်ပြထားသည်။

ပေါင်းစည်းသင်တန်း

အကယ်၍သင်သည် ဂျာမန်စကားကို ကောင်းစွာမပြောတတ်ပါက သင့်အား ပေါင်းစည်းသင်တန်း တက်ရောက်ခွင့် ပြုပါသည်။ တစ်ခါတစ်ရံတွင် သင်သည် ပေါင်းစည်းသင်တန်းကိုတက်ရောက်ရပါမည်။ ယင်းသင်တန်းတွင် ပိုမိုကောင်းမွန်သော ဂျာမန်ဘာသာစကားကို သင်ယူရမည်ဖြစ်သည်။ ထို့ပြင် ဤတွင် ဂျာမနီနိုင်ငံရှိလူနေမှုဘဝနှင့်ပတ်သက်သည့် အရေးပါသောသတင်းအချက်အလက်များကိုလည်း ရနိုင်မည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးရုံးက သင့်ကို သင်တန်းဆင်းလက်မှတ်ပေးပါမည်။ ယင်းလက်မှတ်တွင် သင်သင်တန်းတက်ရောက်နိုင်သည့်နေရာကို ဖော်ပြထားပါသည်။ ပိုမိုသိရှိရန်အသေးစိတ် အချက်အလက်များကို ပေါင်းစည်းသင်တန်းလင့်ခ် တွင် ဖတ်ရှုနိုင်ပါသည်။

Ein Kursteilnehmer lacht in die Kamera. Er befindet sich im Klassenzimmer. © Goethe-Institut

အလုပ် ရှာဖွေခြင်းနှင့် သက်မွေးဝမ်းကျောင်းသင်တန်း

နောက်တစ်ဆင့်မှာ အလုပ်ရှာဖွေခြင်းဖြစ်သည်။ သက်မွေးဝမ်းကျောင်းပညာကို သင့်နိုင်ငံတွင် သင်ယူပြီးဖြစ်ပါသလား (သို့မဟုတ်) တက္ကသိုလ်တက်ရောက်ပြီးသူ ဖြစ်ပါသလား။ ထိုသို့ဆိုပါက ယင်းစာရွက်စာတမ်းများကို ဘာသာပြန်ဆိုရန်နှင့် ထောက်ခံချက်ရယူရန်လိုအပ်ပါသည်။ အလုပ်ခန့်ထားမှုအေဂျင်စီ၌ မည်သည့်နေရာတွင်ပြုလုပ်ရမည်ကို မေးမြန်းပါ။ အလုပ်ခန့်ထားမှုအေဂျင်စီက အလုပ်ရှာဖွေရာတွင် သင်ကို အကူအညီပေးပါလိမ့်မည်။ အကယ်၍သင့်တွင် သက်မွေးဝမ်းကျောင်းပညာမရှိ သို့မဟုတ် ဘွဲ့လက်မှတ်မရှိပါကလည်း အလုပ်ခန့်ထားမှုအေဂျင်စီသို့သွားပါ။ ထို့နေရာတွင် အလုပ်နှင့်ပတ်သက်သည့်အကြံပေးဆွေးနွေးမှုများရပါလိမ့်မည်။ မည်သည့်အလုပ်မျိုးကိုလုပ်ချင်သည် သို့မဟုတ် လုပ်နိုင်သည်ကို သေချာစွာမသိပါကလည်း အကူအညီပေးပါလိမ့်မည်။ အလုပ်ခန့်ထားမှုအေဂျင်စီက အလုပ်သင်အလုပ်များနှင့်သင်တန်းများအကြောင်းလည်းသတင်းပေးပါသည်။ ပိုမိုသိရှိရန် အသေးစိတ်အချက်အလက်များကို တက္ကသိုလ်တက်ခြင်းနှင့်အလုပ်သင်ပညာရေး  စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

ကလေးများနှင့်ကျောင်း

ကလေးများသည် ကျောင်းတက်ရန်လိုပါသည်။ သင့်ကလေးကို ကျောင်းတစ်ကျောင်းတွင်အပ်ပါ။ သင်နေထိုင်ရာ မြို့/မြို့နယ်ရှိ The Jugendamt (ကလေးများရုံး)က အကူအညီပေးနိုင်ပါသည်။ ပိုမိုသိရှိရန် (မူကြိုပညာရေးနှင့်ကျောင်းပညာရေးစနစ်) စာမျက်နှာများတွင် ဖတ်ရှုနိုင်ပါသည်။  

အာမခံထားခြင်း

အာမခံထားသည့်အစီအစဉ်များအနက် အချို့ အထူးသဖြင့် ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံနှင့် ပြုစုစောင့်ရှောက်မှုအာမခံတို့မှာ အလွန်အရေးကြီးပါသည် (ကျန်းမာရေးအာမခံများစာမျက်နှာတွင်ကြည့်ရှုပါ)။ အကယ်၍သင်သည်အလုပ်ရှိပါက ဤကျန်းမာရေးအာမခံများအလိုအလျှောက်ရရှိပြီးဖြစ်သည် (အလုပ်စတင်လုပ်ကိုင်ခြင်း စာမျက်နှာတွင်ကြည့်ရှုပါ)။ ထို့ပြင် ဘဏ်တစ်ခုတွင် ငွေစာရင်းဖွင့်ထားရန်လည်းလိုအပ်ပါသည် (ဘဏ်အကောင့်နှင့်ငွေရေးကြေးရေး စာမျက်နှာတွင်ကြည့်ရှုပါ)။ 

အရေးကြီးသောလိပ်စာများ

ပေါင်းစည်းသင်တန်းပေးသူများ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးရုံးကို ရှာဖွေနေပါသလား။ အရေးကြီးသော လိပ်စာများ ခေါင်းစဉ်အောက်တွင် သင်နေထိုင်ရာ အနီးအနားရှိ ယင်းလိပ်စာများကိုရှာဖွေနိုင်ပါသည်။ ထိုသို့ရှာဖွေပါက မြေပုံပေါ်တွင် လိပ်စာ သို့မဟုတ် တယ်လီဖုန်းနံပါတ်စသည့် အချက်အလက်များပါဝင်သည့်ရလဒ်များကို သင်ရှာတွေ့နိုင်မည်ဖြစ်သည်။ 

သက်ဆိုင်ရာလင့်ခ်များ

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့