Ein Wohnhaus mit vielen Wohnungen ist zu sehen. Vor dem Haus steht ein blühender Baum. © Goethe-Institut

နေစရာရှာခြင်း

သင်သည်နေစရာရှာနေပါသလား။ သတင်းစာများစွာတို့တွင် အများအားဖြင့် သောကြာ (သို့မဟုတ်) စနေနေ့များ၌ အိမ်ငှားကြော်ငြာကဏ္ဍကိုဖော်ပြလေ့ရှိသည်။ အိမ်ငှားကြော်ငြာများကို သတင်းစာ၏အင်တာနက်စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်ပါသည်။ အင်တာနက်ပေါ်တွင် အိမ်၊ ခြံ၊ မြေ သီးသန့်ဝက်ဘ်ဆိုက်များလည်းရှိပါသည်။ သင်နေထိုင်ရာ မြို့ (သို့မဟုတ်) ရပ်ကွက်ရှိ အိမ်ရာရုံးကလည်း ရှာဖွေရာတွင်ကူညီပေးပါသည်။ အချို့ဒေသများတွင် အိမ်ခန်းတစ်ခန်းကိုလွယ်ကူစွာရှာတွေ့နိုင်ပါသည်။ အချို့ဒေသများတွင်မူ အိမ်ခန်းတစ်ခန်းရရှိရန်အလွန်ခက်ပါသည်။ ထိုသို့ဆိုလျှင် အိမ်၊ ခြံ၊ မြေအေးဂျင့်တစ်ယောက်က ကူညီရှာဖွေပေးနိုင်ပါသည်။ အကယ်၍သင့်အတွက်အိမ်ခန်းရှာဖွေတွေ့ရှိပါက သူ့ကိုငွေပေးချေရပါမည်။ ပုံမှန်အားဖြင့် အေးဂျင့်တစ်ယောက်သည် အိမ်ခန်းငှားခ (၂) လစာမှ (၃) လစာ ကို ပွဲစားခအဖြစ် ယူလေ့ရှိပါသည်။

Ein Schlüsselbrett mit vielen Schlüsseln hängt im Eingang einer Wohnung. © Goethe-Institut

အိမ်ခန်းငှားခြင်းနှင့်စပေါ် 

ကြော်ငြာများတွင် အိမ်ခန်းငှားခမည်မျှပေးရမည်ကို ဖော်ပြထားလေ့ရှိသည်။ သို့ရာတွင် ယင်းမှာ “cold rent” (စရိတ်နည်းငှားရမ်းခြင်း) သာဖြစ်နေတတ်ပါသည်။ ထို့အတွက် သင်သည် အခြားကုန်ကျစရိတ်များကို ထပ်မံပေးဆောင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ရေခ၊ ဘုံလှေကားသန့်ရှင်းခ၊ မိလ္လာခတို့ဖြစ်သည်။ အပူပေးစနစ်နှင့် လျှပ်စစ်ဓာတ်အားတို့ကိုလည်း အခြားကုန်ကျစရိတ်များတွင် ထည့်သွင်းနိုင်ပါသည်။ သို့သော် ဤသည်ကကွဲပြားနိုင်ပါသည်။ အခြားကုန်ကျစရိတ်များတွင် မည်သည်တို့ပါသည်၊ မည်သည်တို့ကို ထပ်ဆောင်းပေးချေရမည်ကို အိမ်ရှင်ကိုမေးမြန်းပါ။

“cold rent (စရိတ်နည်းငှားရမ်းခြင်း) ” နှင့်အခြားကုန်ကျစရိတ်များ နှစ်မျိုးပေါင်းကို “warm rent (အလုံးစုံပါဝင်သောငှားရမ်းခြင်း)” ဟုခေါ်ကြသည်။ စုစုပေါင်း “warm rent (အလုံးစုံပါဝင်သောငှားရမ်းခြင်း)” မှာ သင်က အိမ်ရှင်အား လစဉ်ပေးရမည့်နှုန်းဖြစ်သည်။


ပုံမှန်အားဖြင့် တိုက်ခန်းများတွင် အိမ်ထောင်ပရိဘောဂများမပါရှိ တတ်ပါ။ တစ်ခါတစ်ရံ မီးဖိုချောင်ထဲတွင်သာ မီးဖိုတစ်လုံးရှိတတ်သည်။ ယခင်အိမ်ငှားထားရစ်ခဲ့သည့်ပစ္စည်းများနှင့် အိမ်ခန်းထဲတွင်နဂိုရှိသည့်ပစ္စည်းများ ဥပမာ ရေခဲသေတ္တာ စသည့်တို့အတွက် ၎င်းကိုငွေပေးချေရမည်။ ၎င်းကိုပြန်အမ်းယူသည်ဟုဆိုနိုင်သည်။
ရံဖန်ရံခါ အိမ်ရှင်များက ငှားရမ်းမှုအတွက် စပေါ်အလိုရှိတတ်သည်။ စပေါ်သည် “cold rent (စရိတ်နည်းငှားရမ်းခြင်း)” နှုန်း၏ (၃) ဆထက်မကျော်လွန်ရပါ။
အိမ်ငှားသည်အိမ်ခန်းမှပြန်ဆင်းလျှင် စပေါ်ငွေပြန်ရပါသည်။ အကယ်၍အိမ်ခန်းငှားခဈေးကြီးမကြီးသိလိုပါက Mietspiegel (အိမ်ငှားခအညွှန်းကိန်း) ကိုကြည့်ရှုနိုင်ပါသည်။ ယင်းနေရာတွင် မြို့တိုင်း၏ပျမ်းမျှအိမ်ခန်းငှားခများကိုတွေ့နိုင်ပါသည်။ “Mietspiegel” ၏အင်တာနက်စာမျက်နှာတွင် သင်၏မြို့အမည်ကိုရှာပါ။

နှစ်အစတွင် ရေ၊ လျှပ်စစ်ဓာတ်အား (သို့မဟုတ်) ဓာတ်ငွေ့မည်မျှလိုသည်ကို သိမည်မဟုတ်ပေ။ ထို့ကြောင့် လစဉ်ကြိုတင်ငွေပေးချေရပါသည်။ နှစ်ကုန်လျှင် ပိုငွေကိုပြန်ရမည် သို့မဟုတ် လိုငွေကိုထပ်မံပေးချေရမည်။

Ein Stromzähler hängt im Keller einer Wohnung. © Goethe-Institut

အိမ်ငှားစာချုပ် 

အိမ်ငှားစာချုပ်တွင် အိမ်ငှားခ၊ စရန်ငွေတို့နှင့်ပတ်သက်သည့် အချက်အလက်များအားလုံးကိုဖော်ပြထားသည်။ ထို့ပြင် သင်အိမ်ခန်းမှပြန်လည်ရွှေ့ပြောင်းပါက အိမ်ခန်းကိုပြန်လည်ပြုပြင်မွမ်းမံပေးရန်လိုမလိုကိုလည်း ဖော်ပြထားပါသည်။ ထို့အပြင် ပြောင်းရွှေ့ရန်ကြိုတင်သတိပေးရမည့်ကာလအတွက် အချက်အလက်များကိုလည်းဖော်ပြထားပါသည်။ တစ်ခါတစ်ရံ သင်အခန်းသို့ပြောင်းရွှေ့လာစဉ်တွင် လွှဲပြောင်းလက်ခံခြင်းစာရွက်စာတမ်းတွင် လက်မှတ်ရေးထိုးပေးရပါသည်။ ယင်းစာရွက်တွင် ဥပမာအားဖြင့် အိမ်ခန်းတွင်တစ်စုံတစ်ရာအပျက်အစီးရှိမရှိကို ဖော်ပြထားသည်။ ဤသို့ဖြင့် သင်က ယင်းပစ္စည်းများပျက်စီးလုပ်ခြင်း မဟုတ်သည်ကို သင်နှင့်အိမ်ရှင်တို့ အသေအချာသိထားကြမည်ဖြစ်သည်။ သင်လက်မှတ်မထိုးမီ အိမ်ငှားစာချုပ်နှင့်လွှဲပြောင်းစာရွက်တို့ကိုသေချာစွာဖတ်ရှုပါ။

အိမ်စည်းကမ်းများ

အိမ်နီးချင်းများနှင့်ပဋိပက္ခမဖြစ်လိုပါက စည်းကမ်းအချို့ကို ဖတ်ရှုလေ့လာပါ။ ပုံမှန်အားဖြင့် ည (၁၀) နာရီမှ နံနက် (၇) နာရီအတွင်း (ထိုနည်းတူ မွန်းလွဲ (၁) နာရီမှ (၃) နာရီ) သည် တိတ်ဆိတ်သောအချိန်အခါဖြစ်သည်။ ထို့အတွက် ယင်းအချိန်တွင် ဆူညံခွင့်မရှိပါ။ တနင်္ဂနွေနေ့များနှင့်ပိတ်ရက်များတွင် တစ်နေကုန်တိတ်ဆိတ်နေရမည်ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် စက္ကူနှင့်ကတ်ထူပြား၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက်အကြွင်းအကျန်များနှင့် အခြားသောစွန့်ပစ်ပစ္စည်းများအတွက် အမှိုက်ပုံးအမျိုးမျိုးထားရှိပါသည်။ ဖန်ကွဲစများ၊ သံဘူးများနှင့် လျှပ်စစ်ပစ္စည်းများကို အထူးစွန့်ပစ်ရန်နေရာများ (သို့မဟုတ်) ကွန်တိန်နာများဆီသို့ ယူဆောင်စွန့်ပစ်ရပါမည်။ သင်၏အိမ်စည်းကမ်းများထဲတွင် အခြားသောစည်းကမ်းများကိုလည်းတွေ့ရှိရပါလိမ့်မည်။ ဥပမာအားဖြင့် ခွေး (သို့မဟုတ်) ကြောင်ကို အိမ်ထဲတွင် မွေးခွင့်ပြုထားခြင်းရှိ၊ မရှိ (သို့မဟုတ်) သင်သည် အဆောက်အအုံရှေ့ရှိ စင်္ကြံ (သို့မဟုတ်) စင်္ကြံလမ်းကို သန့်ရှင်းရေးလုပ်ရန် လို၊ မလို စသည်ဖြင့်ဖြစ်သည်။

Eine Person putzt ein Treppenhaus in einem Wohnhaus. © Goethe-Institut

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသော မေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့