ပေါင်းစည်းရေးသင်တန်း
ဂျာမနီသို့ ယခုမှ ရောက်ရှိပြီး ဂျာမန်ဘာသာစကားကို သင်ယူလိုပါက ပေါင်းစည်းရေးသင်တန်းကို တက်ရောက်နိုင်ပါသည်။ အကယ်၍ ဂျာမန်စကားကို လုံးဝမပြောတတ်ပါက သို့မဟုတ် အနည်းငယ်သာ ပြောတတ်ပါက၊ ဘာသာစကားသင်တန်းတက်ရောက်ရန် တာဝန်ရှိပါမည်။ ဆိုလိုသည်မှာ ပေါင်းစည်းရေးသင်တန်း တက်ရပါမည်။ လိုအပ်သည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ပေးမည်ဖြစ်ပါသည်။