အာမခံများ

Auto mit Schaden an hinterer Türe © Goethe-Institut/ Gina Bolle

မည်သူမဆို ဖျားနာနိုင်သည် သို့မဟုတ် အလုပ်ပြုတ်သွား နိုင်သည်။ အခြားအရာများလည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့မှာ အန္တရာယ်များ နှင့် အတူနေထိုင်ရပါသည်။ ထိုအန္တရာယ်များမှာ ဈေးကြီးနိုင်သောကြောင့် အာမခံများ ထားရပါသည်။ ဥပမာ၊ မတော်တဆမှုတစ်ခုတွင် အာမခံများမှ ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ပေးချေပါသည်။

Audio-Player: Artikel anhören

Artikel anhören

Versicherungen

အာမခံအမျိုးမျိုး

အာမခံကို ကြိုတင်ထားရပါမည်။ အာမခံစာချုပ်ချုပ်ပြီး အာမခံကုမ္ပဏီသို့ လစဉ် သို့မဟုတ် တစ်နှစ်လျှင် တစ်ကြိမ် အာမခံကြေး ပေးချေရမည်။

ဂျာမနီတွင် အချို့သော အာမခံများ မှာ မထားမနေရဖြစ်သည်- ၎င်း အာမခံများ သင့်တွင် ရှိရပါမည်။ ထို့အတွက် သတ်မှတ်ထားသော စည်းမျဉ်းများ ရှိသည်။ အခြား အာမခံအမျိုးအစားများမှာ မိမိဆန္ဒအရသာ ဖြစ်သည်။ သင် ဆန္ဒရှိပါက ထို အာမခံများ ထားနိုင်ပါသည်။

လူမှုဖူလုံရေး

ဂျာမနီတွင် ကောင်းမွန်သော လူမှုဖူလုံရေးစနစ်ရှိသည်။ သင့်တွင် အလုပ်ရှင်ရှိပါသလား။ ထို့သို့ဆိုပါက လူမှုဖူလုံရေးစနစ် သို့ အာမခံပေးဆောင်ရမည်။ ကျွန်ုပ်တို့၏ “အလုပ်ခန့်ခြင်း” ကဏ္ဍတွင် အခြားအချက်အလက်များကို ဖတ်ပါ။ အာမခံကြေးကို သင့်လစာမှ နုတ်ယူပါသည်။ အာမခံကြေးကို သင်တစ်ဦးတည်း ပေးဆောင်ရမည် မဟုတ်ပါ။ သင်၏အလုပ်ရှင်မှ တစ်ဝက်ကို ပေးချေရသည်။ မည်မျှပေးချေရသည်မှာ သင်၏လစာပေါ်တွင် မူတည်သည်။ ဝင်ငွေများပါက ပိုပေးရမည်။ ဝင်ငွေနည်းပါက အနည်းငယ်သာ ပေးရပါမည်။ ဆိုလိုသည်မှာ ဝင်ငွေနည်းသူများ အနေဖြင့် စောင့်ရှောက်မှုရနိုင်သည်။

လူမှုဖူလုံရေးအာမခံတွင် အစိုးရကျန်းမာရေးအာမခံ၊ အစိုးရနှစ်ရှည်စောင့်ရှောက်မှုအာမခံ၊ အစိုးရမတော်တဆထိခိုက်မှုအာမခံ၊ အစိုးရပင်စင်အာမခံနှင့် အစိုးရအလုပ်လက်မဲ့အာမခံတို့ပါဝင်သည်။ ဤအာမခံအစီအစဥ်များတွင် လူတိုင်းကို တန်းတူရည်တူဆက်ဆံသည်။ အာမခံကြေးများစွာ မဆောင်နိုင်သော်လည်း လူတိုင်း တူညီသော အကျိုးခံစားခွင့်များ ကို ရရှိကြသည်။

ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူဖြစ်ပါက၊ ဆိုလိုသည်မှာ သင့်တွင် ကိုယ်ပိုင်ကုမ္ပဏီရှိပါက၊ ဥပဒေအရ လူမှုဖူလုံရေးအာမခံ အတွက် ပေးဆောင်ရမည်မဟုတ်ပါ။ သင်ကိုယ်တိုင်အတွက် အာမခံထားပါရမည်။ အလုပ်မရှိသူများ သို့မဟုတ် ယာယီကျပန်းအလုပ်လုပ်သူများ မှာ လူမှုရေးအာမခံ မပေးဆောင်ရပါ။

ကျန်းမာရေးအာမခံ

ဂျာမနီတွင် နေထိုင်သူတိုင်းအတွက် ကျန်းမာရေးအာမခံမှာ မထားမနေရ ဖြစ်သည်။ ဆရာဝန်ပြပါက၊ ဆေးရုံသွားရပါက သို့မဟုတ် ဆေးဝယ်ရပါက အာမခံမှ ပေးချေပါသည်။ အစိုးရ နှင့် ပုဂ္ဂလိကကျန်းမာရေးအာမခံ ဟူ၍ ရှိသည်။ အမြဲတမ်းအလုပ်တစ်ခု ရှိပါက အစိုးရကျန်းမာရေးအာမခံ ရှိပါသည်။ အစိုးရ ကျန်းမာရေးအာမခံစနစ်အောက်တွင် သင့်ကလေးများကို အခမဲ့အာမခံထားနိုင်ပါသည်။ ၎င်းအချက်မှာ ခင်ပွန်း သို့မဟုတ် ဇနီး အလုပ်မလုပ်ပါက သို့မဟုတ် ဝင်ငွေအလွန်နည်းပါကလည်း အကျုံးဝင်ပါသည်။

ကိုယ်ပိုင်အလုပ်လုပ်သူများ လည်း မိမိဆန္ဒအလျောက် အစိုးရကျန်းမာရေးအာမခံ ထားနိုင်သည်။ သို့မဟုတ် ပုဂ္ဂလိက ကျန်းမာရေးအာမခံ ထားနိုင်ပါသည်။ အမြဲတမ်းအလုပ် ဖြစ်သည့် အချို့သောအလုပ်အမျိုးအစားများတွင်လည်း ပုဂ္ဂလိကကျန်းမာရေးအာမခံ ထားရလေ့ရှိသည်။ ဥပမာ ဆရာ/ ဆရာမများ။ ပုဂ္ဂလိကကျန်းမာရေးအာမခံ မှာ အများအားဖြင့် ဝင်ငွေ အလွန်ကောင်းသူများအတွက်သာ အဓိပ္ပာယ်ရှိသည်။

ကျန်းမာရေးအာမခံကုမ္ပဏီထံမှ ကျန်းမာရေးအာမခံကတ်ကို ရရှိမည် ဖြစ်သည်။ ၎င်းကို ဆရာဝန်ပြပါက၊ အမြဲယူဆောင်သွားပြီး၊ ပြသရပါသည်။

အခြားသော မထားမနေရအာမခံများ

အလုပ်ပြုတ်၍ အလုပ်သစ်မရသေးပါက အလုပ်လက်မဲ့အာမခံ ရှိမှသာ အလုပ်လက်မဲ့ ထောက်ပံ့ကြေးငွေ လက်ခံရရှိမည်။ ထောက်ပံ့ကြေးငွေ
မည်မျှကြာကြာ နှင့် ငွေပမာဏ မည်မျှရရှိမည် ဆိုသည်မှာ အချက်များစွာပေါ်တွင် မူတည်သည်။ ဥပမာ၊ အရင်က မည်မျှကြာကြာ အလုပ်လုပ်ခဲ့သည်၊ လစာ မည်မျှရရှိခဲ့သည်။ ထိုဖော်ပြပါ အချက်များမှာ အလုပ်လက်မဲ့အကျိုးခံစားခွင့် ရှိမှသာ အကျုံးဝင်ပါသည်။

ပင်စင်အာမခံ မှာ ၀န်ထမ်းများအတွက် မထားမနေရဖြစ်သည်။ အသက်ကြီးလာသောအခါတွင် အလုပ်မလုပ်နိုင်တော့ပါ။ ထိုအချိန်တွင် နေထိုင်စားသောက်ရန်စရိတ်မှာ ပင်စင်အာမခံမှ ရရှိပါသည်။

ဝန်ထမ်းများ တွင်လည်း ယာဉ်မတော်တဆမှုအာမခံ ရှိသည်။ အလုပ်တွင် မတော်တဆဖြစ်ပါက သို့မဟုတ် အလုပ်ကြောင့် ဖျားနာပါက အာမခံမှ ပေးချေပါသည်။

ရေရှည်စောင့်ရှောက်မှုလိုအပ်ပါက ရေရှည်စောင့်ရှောက်မှု အာမခံ မှ ငွေချေပါသည်။ ဤသည်မှာ အများအားဖြင့် အသက်ကြီးသူများအတွက်ဖြစ်သည်။ သို့သော် လူငယ်များ တွင်လည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ပြင်းထန်သော မတော်တဆမှုတစ်ခုဖြစ်ခဲ့ပါက ဖြစ်နိုင်ပါသည်။

၎င်းအချက်များမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများနှင့် မ သက်ဆိုင်ပါ။ ၎င်းတို့အတွက် ထို အာမခံများ ထားရန် မလိုအပ်ပါ။ သို့သော် ဆန္ဒရှိပါက ထိုအာမခံများ ထားနိုင်ပါသည်။

သင့်တွင် ကား သို့မဟုတ် မော်တော်ဆိုင်ကယ်ရှိပါက ယာဥ် အာမခံ လိုအပ်ပါသည်။ မတော်တဆမှုတစ်ခုဖြစ်၍ အခြားကားတစ်စီး ပျက်စီးသွားပါသလား။ သင်၏
ယာဥ်အာမခံကုမ္ပဏီ မှ ပြုပြင်မှုအတွက် သို့မဟုတ် ကုန်ကျငွေတစိတ်တပိုင်း အတွက် ပေးချေပါမည်။

ဆန္ဒအလျောက်ထားသည့် အာမခံများ

အရေးအကြီးဆုံးသော ဆန္ဒအလျောက်ထားသည့် အာမခံများမှာ တာဝန်ယူမှုအာမခံ နှင့် လုပ်ငန်းခွင်ဝင်ရန်မသန်စွမ်းမှု အာမခံများ ဖြစ်သည်။ အခြားသူတစ်ဦး၏ ပိုင်ဆိုင်မှုကို ဖျက်ဆီးမိပါသလား။ လျော်ကြေး အရမ်းများနိုင်ပါသည်။ ထိုအခါမျိုးတွင် တာဝန်ယူမှုအာမခံ မှ လျော်ကြေး ပေးပါသည်။ အာမခံကြေး အများကြီးမရှိပါ။

အိမ်တွင် ခွေးရှိပါသလား။ ထို့သို့ဆိုပါက သင့်ခွေးအတွက် တာဝန်ယူမှုအာမခံ ကို ထားသင့်ပါသည်။

လုပ်ငန်းခွင်ဝင်ရန်မသန်စွမ်းမှု အာမခံ အကျိုးသက်ရောက်ပုံမှာ - အပြင်းအထန်ဖျားနာပြီး အလုပ်မလုပ်နိုင်တော့ပါက လစာရရှိမည်မဟုတ်ပါ။ ၎င်းမှာ ဆိုးရွားသော အခြေအနေဖြစ်သည်။ ထိုသို့ဖြစ်ပါက လုပ်ငန်းခွင်ဝင်ရန်မသန်စွမ်းမှု အာမခံ မှ လစဉ် ထောက်ပံ့ကြေး ပေးပါသည်။ ၎င်းအာမခံမှာ ဈေးကြီးပါသည်။ အာမခံများများထားပါက၊ များများ ပြန်ရမည်ဖြစ်ပြီး၊ နည်းနည်းထားပါက နည်းနည်းသာ ပြန်ရပါမည်။

အိမ်မှုကိစ္စမတော်တဆအာမခံ နှင့် အသက်အာမခံသည်လည်း အသုံးဝင်ပါသည်။ အိမ်တွင်းရှိပစ္စည်းများ ပျက်စီးပါက ဥပမာ- ရေပိုက်လိုင်းပျက်စီးပြီး တိုက်ခန်းပျက်စီးပါက အိမ်မှုကိစ္စမတော်တဆအာမခံ မှ ပေးချေပါသည်။ ကွယ်လွန်ပါက အသက်အာမခံ မှ ထားခဲ့သည့်အာမခံအတွက် ပြန်ရပါသည်။ ၎င်းငွေကို သင်၏ သားသမီးများ ရရှိပါသည်။

အစိုးရပင်စင်အာမခံမှ အများကြီး ပေးချေလေ့မရှိပါ။ ပုဂ္ဂလိကပင်စင်အာမခံများလည်း ရှိပါသည်။ သက်ကြီးရွယ်အိုဘဝတွင် ကောင်းမွန်စွာနေထိုင်လိုပါက အပိုပင်စင်အာမခံမှာ အရေးကြီးပါသည်။ နိုင်ငံတော်မှ ထိုအာမခံအချို့ကို ပံ့ပိုးပေးပါသည်။

အခြားအာမခံအမျိုးအစားများစွာရှိပါသည်။ ၎င်းတို့မှာ သင် နှင့် သင့်ဘဝအခြေအနေအတွက် လိုအပ်ကောင်း လိုအပ်ပါမည်။ သို့သော် မည်သည့်အာမခံများ လိုအပ်သည်ကို သေချာစစ်ဆေးပါ။ ၎င်းတို့မှာ အများကြီးမရှိပါ။ အာမခံတိုင်း ပိုက်ဆံကုန်ကျပါသည်။ ဥပမာအားဖြင့်၊ သင်၏အားလပ်ချိန် အတွင်း မတော်တဆမှုတစ်ခု ဖြစ်ပွားရာတွင် ပုဂ္ဂလိက မတော်တဆမှုအာမခံ မှ ပေးချေသည်။ တရားရေးစရိတ် အာမခံ မှ ရှေ့နေစရိတ်အတွက် ပေးချေသည်။

ခရီးသွားအာမခံ၊ သွားအာမခံ၊ မျက်မှန်အာမခံ၊ ချေးငွေများ သို့မဟုတ် ဆဲလ်ဖုန်းများအတွက် အာမခံလည်း ရှိပါသည်။ အန္တရာယ်မည်မျှကြီးနိုင်သည် ကို စဉ်းစားကြည့်၍၊ အချို့သောကိစ္စများကို မိမိဘာသာ ပေးချေနိုင်သည်။ ထိုအရာများအတွက် အာမခံ မလိုအပ်ပါ။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက