အလုပ်ခန့်ခြင်း

Eine Frau sitzt am Schreibtisch © Goethe-Institut/ Gina Bolle

ဂျာမနီမှာ သေချာသောအလုပ်တစ်ခု ရပြီးပြီလား။ ထိုသို့ဆိုပါက သင်သည် ဝန်ထမ်း တစ်ဦးဖြစ်ပါသည်။

Audio-Player: Artikel anhören

Artikel anhören

Arbeitsaufnahme

အလုပ်စဝင်ရန်အတွက် အရေးကြီးသောစာရွက်စာတမ်းများ

အလုပ်ရှင် အတွက် စာရွက်စာတမ်းအချို့ လိုအပ်ပါမည်။ ပထမဦးစွာ သင့်တွင် ကျန်းမာရေးအာမခံ ရှိကြောင်း ပြသရန် လိုအပ်ပါသည်။ ကျန်းမာရေးအာမခံကုမ္ပဏီ/ ကျန်းမာရေးအာမခံထားသည့်နေရာ မှ အထောက်အထား ရနိုင်ပါသည်။ ဂျာမနီတွင် နေထိုင်သူတိုင်း ကျန်းမာရေးအာမခံ ရှိရပါမည်။ ဘဏ်အကောင့်ရှိကြောင်း အထောက်အထားလည်း လိုအပ်ပါသည်။ အလုပ်ရှင် မှ လစဉ် လစာ ကို သင့်ဘဏ်အကောင့်သို့ လွှဲပေးမည်ဖြစ်သည်။ အလုပ်ရှင် သည် အလုပ်လုပ်ကိုင်ခွင့် နှင့်အတူ သင်၏ နေထိုင်ခွင့် မိတ္တူကိုလည်း လိုအပ်ပါမည် (အလုပ်ရှာဖွေခြင်း စာမျက်နှာတွင် ကြည့်ပါ)။ ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း လက်မှတ် မှာ တောင်းခဲပါသည်။ ၎င်းကို မှတ်ပုံတင်ရုံး မှ ရနိုင်ပါသည်။

အာမခံများ၊ အခွန်

ဂျာမနီတွင် နေထိုင်သူတိုင်း ကျန်းမာရေးအာမခံ ရှိရပါမည်။ အလုပ်မစခင် ၎င်းအာမခံကို သင်ကိုယ်တိုင် ပြုလုပ်ထားရပါမည်။ ဝန်ထမ်း တစ်ဦးအနေဖြင့် လူမှုဖူလုံရေးဆိုင်ရာ အခွန်များကို ပေးဆောင်ရပါမည်။ ဆိုလိုသည်မှာ သင့်တွင် ပင်စင်အာမခံ၊ အလုပ်လက်မဲ့အာမခံ၊ သက်ကြီးစောင့်ရှောက်မှုအာမခံ နှင့် မတော်တဆမှုအာမခံ များ အလိုအလျောက် ရရှိမည်ဖြစ်သည်။ အလုပ်ရှင် မှ အာမခံ ၏ တစိတ်တပိုင်းကို ပေးဆောင်ပြီး၊ ကျန်ရှိသည့်အပိုင်းကို သင်ဖက်မှ ပေးဆောင်ရမည်။ ၎င်းကို သင်၏ လစာ/လုပ်အားခ မှ အလိုအလျောက် နုတ်ယူပါသည်။
အာမခံများ” အကြောင်း စာမျက်နှာတွင် နောက်ထပ်အချက်အလက်များကို တွေ့နိုင်ပါသည်။

အခွန်နံပါတ်တစ်ခုနှင့် အီလက်ထရွန်းနစ်ဝင်ငွေခွန်ကတ် (ELStAM) တစ်ခုလည်း လိုအပ်ပါသည်။ နှစ်ခုစလုံးကို အခွန်ရုံးမှ ရရှိပါမည်။ အီလက်ထရွန်းနစ်ဝင်ငွေခွန်ကတ် ကို အခွန်ရုံးမှ အလုပ်ရှင် ထံ တိုက်ရိုက် ပေးပို့သည်။ သင်ကိုယ်တိုင်အခွန်ငွေလွှဲရန်မလိုအပ်ပါ။ သင့် အလုပ်ရှင် မှ သင်၏ လုပ်အားခ/လစာ မှ အခွန်များကို အခွန်ရုံးသို့ တိုက်ရိုက်ပေးချေသည်။ သင်ကိုယ်တိုင် ဝင်ငွေခွန်ရှင်းတမ်းတစ်ခု လျှောက်ထားနိုင်သည်။ (အချို့ကိစ္စများတွင် မဖြစ်မနေလုပ်ရသည်။) အခွန်ရုံးမှ ငွေပြန်ရတတ်သောကြောင့် အကျိုးရှိသည်။ “ဘဏ္ဍာရေး နှင့် အခွန်” ကဏ္ဍတွင် နောက်ထပ်အချက်အလက်များကို တွေ့နိုင်ပါသည်။

အလုပ်စာချုပ်

အလုပ်စာချုပ် ကို ဝန်ထမ်းများ လက်ခံရရှိပါသည်။ သင် နှင့် အလုပ်ရှင် နှစ်ဦး စာချုပ်ကို လက်မှတ်ရေးထိုးပါသည်။ အလုပ်စာချုပ် ကို သေချာဖတ်ပြီးမှသာ လက်မှတ်ထိုးပါ။
မသေချာပါက - အရွယ်ရောက်ရွှေ့ပြောင်းနေထိုင်သူများ အတွက် ရွှေ့ပြောင်းနေထိုင်မှုအကြံပေးဝန်ဆောင်မှု (MBE) တွင် မေးမြန်းပါ။ ဆယ်ကျော်သက်များ နှင့် အသက် (၂၇) နှစ်အထိ လူငယ်များအတွက် လူငယ်ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာဝန်ဆောင်မှုဌာန (JMD) မှ အချက်အလက်များကို ရနိုင်ပါသည်။ ပြည်ထောင်စု အလုပ်သမားနှင့် လူမှုရေးဝန်ကြီးဌာန ၏ နိုင်ငံသားများအတွက် hotline (+၄၉ ၃၀ ၂၂၁ ၉၁၁ ၀၀၄) ကိုလည်း ခေါ်ဆိုနိုင်ပါသည်။ ဤနေရာတွင် အလုပ်သမားဥပဒေနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းနိုင်ပါသည်။

အလုပ်စာချုပ် တွင် စည်းကမ်းချက်အားလုံး ပါဝင်ပါသည်။ ဝန်ထမ်း နှင့် အလုပ်ရှင်သည် ဤစည်းမျဉ်းများကို လိုက်နာရပါမည်။ ဥပမာအားဖြင့်၊ သင်၏ လစဥ်ဝင်ငွေမှာ မည်မျှနည်း။ အားလပ်ရက် ဘယ်နှစ်ရက် ရမည်နည်း။ နေမကောင်းပါက ဘာလုပ်ရမည်နည်း။ အလုပ်သစ်တစ်ခု
ကို ပုံမှန်အားဖြင့် အစမ်းခန့်ကာလ ဖြင့် စတင်သည်။ အစမ်းခန့်ကာလ ကြာချိန်မှာ ကွဲပြားသည်။ တခါတရံ ရက်သတ္တပတ်အနည်းငယ်သာကြာတတ်ပြီး တစ်ခါတစ်ရံ ခြောက်လဖြစ်သည်။ အစမ်းခန့်ကာလတွင် အလုပ်ရှင် မှ ဝန်ထမ်းကို အနီးကပ် စောင့်ကြည့်သည်။ ၎င်းမှ အစမ်းခန့်ကာလ ပြီးနောက် ကုမ္ပဏီတွင် သင့်အား အလုပ်ဆက်ခန့်မခန့်ကို ဆုံးဖြတ်ပေးသည်။ သင် ကိုယ်တိုင်လည်း အစမ်းခန့်ကာလ ပြီးပါက ထိုနေရာတွင် ဆက်လက်အလုပ်လုပ်လိုခြင်းရှိမရှိ ဆုံးဖြတ်နိုင်သည်။ အစမ်းခန့်ကာလတွင်၊ အလုပ်ထွက်ရလိုပါက ကြိုတင်အသိပေးရမည့်ကာလ မှာ တိုတောင်းသည်။ (များသောအားဖြင့် (၂) ပတ် မှ (၃) ပတ် ဖြစ်သည်။)၊ အစမ်းခန့်ကာလပြီးနောက်တွင် အသိပေးကာလမှာ များသောအားဖြင့် (၃) လ ဖြစ်သည်။ အလုပ်စာချုပ်သက်တမ်းမှာလည်း ယာယီ နှင့် အမြဲတမ်း ဟူ၍ ရှိပါသည်။ ယာယီစာချုပ်မှာ အချိန်ကာလတစ်ခု ပြီးနောက် အလိုအလျောက် ကုန်ဆုံးသည်။ အလုပ်ရှင်သည် အလုပ်မှရပ်စဲကြောင်း အသိပေးရန် မလိုအပ်ပါ။ အလုပ်ချိန်၊ အားလပ်ရက်များ၊ နာမကျန်းမှု နှင့် အလုပ်ရပ်စဲမှုဆိုင်ရာ အခြားအချက်အလက်များကို “ကျွန်ုပ်၏လုပ်ငန်းခွင်” ' စာမျက်နှာတွင် တွေ့နိုင်သည်။

အသေးစားအလုပ်များ

ဂျာမဏီတွင်လည်း အသေးစားအလုပ်များ ရှိသည်။ အသေးစားအလုပ်တစ်ခုသည် တစ်လလျှင် ယူရို (၅၂၈) အထိသာ ရရှိသော သို့မဟုတ် ပြက္ခဒိန်တစ်နှစ်လျှင် အများဆုံးရက် (၇၀) သာ လုပ်ရသည့်အလုပ်ဖြစ်သည်။ မတော်တဆမှုအာမခံ ရှိသည်။ သို့သော် ကျန်းမာရေး နှင့် သက်ကြီးစောင့်ရှောက်မှုအာမခံ အလိုအလျောက် မပါဝင်ပါ။ ကျန်းမာရေးအာမခံ ဆောင်ရန် သင်ကိုယ်တိုင် စီစဥ်ရပါမည်။ ပင်စင်အာမခံ ပေးဆောင်ခြင်း သို့မဟုတ် မဆောင်ခြင်း ကို မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။ အသေးစားအလုပ်တွင် အလုပ်လက်မဲ့အာမခံ လည်း မရှိပါ။

ကိုယ်ပိုင်အလုပ်

သင်သည် ကိုယ်ပိုင်အလုပ် လုပ်သည်၊ ဆိုလိုသည်မှာ ဝန်ထမ်း မဟုတ်ဘူးလား။ ကိုယ်ပိုင်ကုမ္ပဏီထောင်လိုပါက ကုန်သွယ်မှုလိုင်စင် ရှိရန် လိုအပ်ပါသည်။ ကုန်သွယ်မှုလိုင်စင်ရုံး မှ ရနိုင်ပါတယ်။ သင်နေထိုင်ရာ မြို့ သို့မဟုတ် မြို့ နယ်မှ ကုန်သွယ်မှုလိုင်စင်ရုံး တည်ရှိရာ မြို့တော်ခန်းမတွင် မေးမြန်းနိုင်ပါသည်။ စျေးဆိုင် သို့မဟုတ် စားသောက်ဆိုင် ဖွင့်လိုပါကလည်း ကုန်သွယ်မှုလိုင်စင် လိုအပ်ပါသည်။

အလွတ်တန်းသမားတစ်ယောက် အနေဖြင့် အလုပ်လုပ်ပါသလား။ သို့ဆိုပါက သင်၏အလုပ်ကို အခွန်ရုံးတွင် စာရင်းသွင်းပါ။ အခွန်ရုံးမှ အခွန်နံပါတ်ကိုလည်း ရယူရပါမည်။ အခွန်ရုံးမှ တစ်နှစ်လျှင် အမြတ်ငွေ မည်မျှရသည်ကို သိလိုသည်။ ထို့နောက် သင်မည်မျှ အခွန်ပေးဆောင်ရမည်ကို ဆုံးဖြတ်သည်။ သင့်ဖက်မှ အခွန်ပေးဆောင်ရပါမည်။

ကျန်းမာရေးအာမခံ လည်း လိုအပ်ပါသည်။ သို့သော် ကျန်းမာရေးအာမခံ ကို သင်ကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်သည်။ ပင်စင်အာမခံ ရှိလျှင်လည်း ကောင်းပါသည်။ အချို့သောလုပ်ငန်းခွင်များ - ဥပမာ လက်မှုလုပ်ငန်းရှင် သို့မဟုတ် သားဖွားဆရာမ များတွင် ပင်စင်အာမခံရှိရမည်။ အခြားအာမခံအမျိုးအစားများလည်း အရေးကြီးပါသည်။ “ Wir gründen in Deutschland” ပေါ်တယ်လ်တွင် လုပ်ငန်းစတင်တည်ထောင်ခြင်း အတွက် အကြံပြုချက် များစွာကို တွေ့နိုင်ပါသည်။  

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက