Auf einem Tisch stehen Stiftehalter mit vielen bunten Stiften und Bastelscheren. Daneben liegen selbstgemate Bilder von Kindern. © Goethe-Institut

အသက်၃နှစ်အထိကလေးငယ်များ

သင်နှင့်သင်၏အိမ်ထောင်ဖက် နှစ်ဦးစလုံးအလုပ်ရှိပြီး သင်တို့တွင် ကလေးငယ် (လသားမှ အသက် (၃) နှစ်အထိ) ရှိပါသလား။ ဤသို့ဆိုလျှင် ကလေးကို ကလေးထိန်းကျောင်းတွင်အပ်နှံနိုင်ပါသည်။ ကလေးထိန်းကျောင်းများတွင်ကျောင်းသားဦးရေပြည့်နေတတ်သောကြောင့် စောနိုင်သမျှစော၍အပ်နှံသင့်ပါသည်။ အသက် (၃) နှစ်မှစ၍ ကလေးငယ်များကိုမူကြိုပို့နိုင်ပါသည်။ မူကြိုကျောင်းတွင် ကလေးများသည် ကစားခြင်း၊ သီချင်းဆိုခြင်း၊ ပုံဆွဲခြင်း၊ စက္ကူရုပ်လေးများခေါက်ခြင်းစသည်တို့ပြုလုပ်ရပါသည်။ မူကြိုကျောင်းများတွင်ကလေးထိန်းများကကလေးများကို နွေရာသီ၌ကျောင်းပြင်ပသို့ခေါ်သွားလေ့ရှိပါသည်။ ရံဖန်ရံခါမူကြိုကျောင်းများတွင် ဘာသာစကားစွမ်းရည်မြှင့်တင်ရေးအစီအစဥ်များလည်းရှိပါသည်။ ဥပမာ ကလေးများနှင့်အတူဘာသာစကားဂိမ်းများကစားကြပြီး ကလေးငယ်များကိုပုံပြင်များဖတ်ပြကြပါသည်။

Auf einer Straße sind mit Straßenkreide eine Blume, ein Regebogen und eine Spinne gemalt. © Goethe-Institut

မူကြိုကျောင်းများနှင့်ကလေးထိန်းကျောင်းများ

မူကြိုသည်ကလေးငယ်များအတွက်ကျောင်းတက်ရန်ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်သည်။ ကလေးတိုင်းသည် အသက် (၃) နှစ်မှစ၍မူကြိုတက်နိုင်ပါသည်။ မြို့ငယ် (သို့) ရပ်ကွက်ငယ်လေးများတွင်လည်းမူကြိုများရှိပါသည်။ မူကြိုအပ်ရာတွင် ကျောင်းသားဦးရေလျှင်မြန်စွာပြည့်သွားတတ်သောကြောင့် စောလျင်စွာအပ်ရန်အရေးကြီးပါသည်။ မူကြိုကျောင်းမှတဆင့် သင့်ကလေးသည်ယဥ်ကျေးမှုနှင့်လည်းထိတွေ့မှုရှိလာပြီး နိုင်ငံအသစ်ကိုအလျင်အမြန်အကျွမ်းတဝင်ဖြစ်လာနိုင်ပါသည်။
 
အချို့သောမူကြိုကျောင်းများသည်နေ့လည်ခင်းအထိသာဖွင့်ပါသည် (နံနက် (၇) နာရီမှ နေ့လည် (၁၂) နာရီ (သို့) (၁) နာရီအထိ)။ အခြားမူကြိုကျောင်းများကမူတစ်နေကုန်ဖွင့်ကြသည် (နံနက် (၇) နာရီမှ ညနေ (၄) နာရီ (သို့) (၅) နာရီအထိ)။ ယင်းတို့ကို Kita (Kindertagestätte) နေ့ကလေးထိန်းကျောင်းဟုခေါ်ပါသည်။ Kita များတွင်ကလေးများကိုနေ့လည်စာကျွေးပါသည်။
 
ပုံမှန်အားဖြင့် မူကြို (သို့) ကလေးထိန်းကျောင်းများထားပါက အခကြေးငွေအချို့ပေးရပါသည်။ ၎င်းမှာပြည်နယ်တစ်ခုနှင့်တစ်ခုမတူပါ။ လူတိုင်းသည်လည်းတူညီစွာအများအပြားပေးရသည်မဟုတ်ပါ။ ဤသည်ကအကြောင်းအရာများစွာတွင်မူတည်ပါသည်။ မိဘအုပ်ထိန်းသူ၏ဝင်ငွေအပေါ် မူတည်၍လည်းကောင်း၊ ကလေး၏အသက်အပေါ် မူတည်၍လည်းကောင်း၊ ကလေး၏တစ်နေ့တာကျောင်းတွင်နေသောကြာချိန်အပေါ်မူတည်၍လည်းကောင်းကွာခြားတတ်ပါသည်။ အစိုးရပိုင်မူကြိုများနှင့်ပုဂ္ဂလိကပိုင်မူကြိုများရှိပြီး ပုဂ္ဂလိကပိုင်မူကြိုများကစျေးပိုကြီးပါသည်။ အချို့သောပုဂ္ဂလိကမူကြိုများသည်နှစ်နိုင်ငံနှင့်သက်ဆိုင်သည်။ ယင်းကဲ့သို့သောမူကြိုများတွင်ဘာသာစကား (၂) မျိုးပြောကြပါသည်။ ဥပမာအားဖြင့် ဂျာမန်နှင့်စပိန်စသည်တို့ဖြစ်သည်။ 
 
မူကြိုကျောင်းများတွင် မူလတန်းကျောင်းမတက်မီ ကလေးများအားလုံးအတွက်ဘာသာစကားစာမေးပွဲရှိပါသည်။ တစ်ခါတစ်ရံဂျာမန်ကလေးများအတွက်ပင်ဂျာမန်ဘာသာစကားကခက်ခဲပါသည်။ ဘာသာစကားစာမေးပွဲမအောင်သောကလေးများသည် မူကြိုကျောင်းတစ်နှစ်ထပ်တက်နိုင်ပါသည် (သို့) ဘာသာစကားစွမ်းရည်မြှင့်တင်ရေးအစီအစဥ်ရယူနိုင်ပါသည်။​​​​​​​

Ein Schild, auf dem Kindergarten geschrieben steht, führt ein Pfeil mit einem gezeichneten Mädchen in Richtung des Kindergartens. © Goethe-Institut

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့