သင်၏ကလေးကို အစိုးရမူလတန်းကျောင်းသို့ ပို့ချင်ပါသလား။ ထို့သို့ဆိုပါက နေထိုင်သည့်လိပ်စာနှင့် အနီးဆုံး မူလတန်းကျောင်းသို့ သွားရပါမည်။ Nordrhein-Westfalen နှင့် Hamburg ပြည်နယ်များတွင် မိဘများမှ ကလေးများအတွက် မူလတန်းကျောင်းကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်။ ပြည်နယ်အများစုတွင် ဆက်လက်တက်ရောက်ရမည့် ကျောင်းကို မိဘကိုယ်တိုင်ရွေးချယ်ပါသည်။
ဤမေးခွန်းများမှာ ကျောင်းရွေးချယ်ရာတွင် ကူညီပေးနိုင်သည်။
- ကျောင်းက အနီးအနားတွင်ရှိပါသလား။
- မိမိကလေး၏ သူငယ်ချင်းများ ဘယ်ကျောင်းသို့ သွားမည်လဲ။
- ဆက်လက်တက်ရမည့်ကျောင်းများမှာ - ကလေးက ဘယ်ကျောင်းတက်နိုင်/တက်ချင်ပါသလဲ။ ဆရာ့ဆီက ဘာအကြံဉာဏ်တွေ ရခဲ့ပါသလဲ။
ကလေးနှင့် စကားပြောဆွေးနွေးပြီး ကျောင်းများတွင် စုံစမ်းပါ။ ကျောင်းများတွင် စုံစမ်းမေးမြန်းရန်နေ့တနေ့ စီစဥ်ပေးတတ်သည်။ တခါတရံတွင် အစမ်းတက်ရောက်မှုတစ်ခုလည်း လုပ်နိုင်သည်။ ဤသို့ဖြင့် ကလေးကို ကျောင်းအကြောင်း သိခွင့်ရစေပါသည်။