အသက်မွေးဝမ်းကျောင်းသင်တန်း

Werkbank mit Holz, wo zwei Personen ein Holz vermessen © Goethe-Institut

အသက်မွေးဝမ်းကျောင်းပညာ ကို သင်တန်းတက်နေစဉ်တွင် သင်ယူရမည်။ ဥပမာအားဖြင့် မုန့်ဖုတ်ကျွမ်းကျင်သူ၊ လျှပ်စစ်ပြင်ကျွမ်းကျင်သူ၊ သူနာပြုအကူ၊ ဥယျာဉ်မှူး သို့မဟုတ် ဆရာ/ဆရာမ အဖြစ် ကွဲပြားခြားနားသော အသက်မွေးဝမ်းကြောင်းသင်တန်း များစွာရှိသည်။

ဗီဇာ၊ ဘွဲ့ နှင့် အောင်လက်မှတ်

ဂျာမနီမှာ အလုပ်လုပ်လိုပါသလား။ ဥရောပသမဂ္ဂ (EU) သို့မဟုတ် ဥရောပစီးပွားရေးဇုန် (EWR) မှ လာရောက်သူ မဟုတ်ဘူးလား။ ထိုသို့ဆိုလျှင် ဗီဇာလျှောက်ရန် လိုအပ်ပါသည်။ သင့်နိုင်ငံရှိ ဂျာမန်သံရုံး (သို့မဟုတ် ဂျာမန်ကောင်စစ်ဝန်ရုံး) တွင် ဗီဇာလျှောက်ထားနိုင်သည်။

အသက်မွေးဝမ်းကြောင်းသင်တန်း တက်ပြီးပြီလား။ ကုမ္ပဏီများစွာမှ ကျွမ်းကျင်လုပ်သားများ ရှာဖွေနေသောကြောင့် အလုပ် လျှောက်ထားနိုင်ပါသည်။ အလုပ်လျှောက်ရန် အောင်လက်မှတ် တစ်ခု လိုအပ်လေ့ရှိပါသည်။ အောင်လက်မှတ် သည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သို့မဟုတ် လုပ်ငန်းဆိုင်ရာ အချက်အလက်ပါရှိသော တရားဝင်စာရွက်စာတမ်း ဖြစ်သည်။ သင်၏ မွေးရပ်မြေမှ အောင်လက်မှတ်များ ရှိပါသလား။ ၎င််းတို့ကို ဘာသာပြန်ပြီး နိုတြီပြုလုပ် ပြီး တံဆိပ်တုံးထုထားပါ။ မကြာခဏဆိုသလို အောင်လက်မှတ်များ အသိအမှတ်ပြုစစ်ဆေးခံရန် လိုအပ်ပါသည်။ သို့မှသာ အလုပ်ရရန် ပိုမိုလွယ်ကူပါသည်။ အလုပ်ရှာဖွေခြင်း စာမျက်နှာတွင် နောက်ထပ်အချက်အလက်များကိုဖတ်ရှုနိုင်ပါသည်။

အသက်မွေးဝမ်းကြောင်းသင်တန်းရှာဖွေခြင်း

ကုမ္ပဏီများစွာ နှင့် အသက်မွေးဝမ်းကြောင်းနယ်ပယ် အားလုံးနီးပါး တွင် သင်တန်းတစ်ခု တက်ရောက်နိုင်သည်။ အသက်မွေးဝမ်းကြောင်းသင်တန်းအတွက်၊ အနည်းဆုံး အလယ်တန်းကျောင်းထွက်လက်မှတ် လိုအပ်သည်။ ရံဖန်ရံခါ အလယ်တန်းကျောင်းထွက်လက်မှတ် သို့မဟုတ် အထက်တန်းအောင်လက်မှတ် လိုအပ်ပါသည်။ (ကျောင်းပညာ‌ရေးစနစ် တွင် ကြည့်ပါ။) ကျောင်းထွက်လက်မှတ် မရှိပါက သင်တန်းနေရာတစ်ခုရရန်၊ အလွန်ခက်ခဲပါသည်။ အလုပ်တစ်ခုရှာသကဲ့သို့ သက်မွေးဝမ်းကြောင်းသင်တန်းနေရာတစ်ခု ရှာနိုင်ပါသည်။ အလုပ်လျှောက်လွှာ ကို မဖြစ်မနေ ရေးရပါမည်။ အလုပ်ရှာဖွေခြင်း စာမျက်နှာတွင် အလုပ်လျှောက်ခြင်း နှင့် အလုပ်ရှာခြင်းဆိုင်ရာ အချက်အလက်များ နှင့် အကြံပြုချက်များ တွေ့နိုင်ပါသည်။

မြို့တိုင်းတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံပေးစင်တာ (BIZ) တစ်ခုလည်း ရှိပါသည်။ ထိုစင်တာ မှ ဝန်ထမ်းများက အကြံညဏ်များပေးပြီး သင်တန်းနေရာတစ်ခု ရှာဖွေရာတွင် ကူညီပေးပါသည်။ သင်နေထိုင်ရာမြို့ရှိ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် BIZ စင်တာကို ရှာတွေ့နိုင်ပါသည်။

အသက်မွေးဝမ်းကြောင်းသင်တန်းအစီအစဉ်

အသက်မွေးဝမ်းကြောင်းသင်တန်း ပုံစံ (၂) မျိုး ရှိပါသည်၊ စာသင်ကျောင်းအအခြေပြုသင်တန်း နှင့် Dual Study program ဟူ၍ရှိသည်။ စာသင်ကျောင်းအခြေပြု သက်မွေးသင်တန်း ကို သက်မွေးသင်တန်းကျောင်း တွင်သာ ရနိုင်ပါသည်။ ၎င်းအတွက် အထက်တန်းကျောင်းထွက် လက်မှတ် နှင့် တခါတရံတွင် လုပ်ငန်းအတွေ့အကြုံ ဥပမာ အလုပ်သင် အတွေ့အကြုံ လိုအပ်ပါသည်။

Dual Study program ကို ကုမ္ပဏီတွင်း သက်မွေးဝမ်းကျောင်းသင်တန်း ဟုလည်း ခေါ်သည်။ ဂျာမနီတွင် များသောအားဖြင့် Dual Study program ရှိတတ်သည်။ ထိုသင်တန်းတွင် လက်တွေ့ ပိုင်း နှင့် သီအိုရီပိုင်းများ ပါဝင်သည်။ ကုမ္ပဏီတစ်ခုတွင် လက်တွေ့ အလုပ်သင်အတွေ့အကြုံ ယူပြီး၊ သက်မွေးသင်တန်းကျောင်း တွင် စာတွေ့သင်ယူရသည်။ ထို့ပြင် အခြားဘာသာရပ်များ ဖြစ်သော ဂျာမန်ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အားကစား တို့ကိုလည်း သင်ယူရပါသည်။

ကုမ္ပဏီတွင် အလုပ်သင်လက်တွေ့သင်တန်း ဆင်းရသည်။ တစ်ပတ်လျှင် (၃) ရက်မှ (၄) ရက်အထိ ကုမ္ပဏီတွင် အလုပ်လုပ်ရပြီး သက်မွေးသင်တန်းကျောင်း တွင် တစ်ပတ်လျှင်(၈) နာရီမှ (၁၂) နာရီအထိ သင်ယူရသည်။ သို့မဟုတ် ကုမ္ပဏီတွင် ရက်သတ္တပတ်အနည်းငယ်နှင့် သက်မွေးသင်တန်းကျောင်း တွင် ရက်သတ္တပတ်အနည်းငယ် တလှည့်စီ သင်ယူရပါသည်။

အလုပ်သင်ပထမနှစ်ဝက်ပြီးပါက နှစ်ဝက်စာမေးပွဲ ဖြေဆိုရသည်။ အလုပ်သင်သင်တန်းသားများ (အတိုကောက်အားဖြင့် Azubis) များမှ ၎င်းတို့သင်ယူခဲ့ရသည်များကို ပြသရသည်။ အလုပ်သင်သင်တန်း ပြီးဆုံးသောအခါ အတန်းတင်စာမေးပွဲ ကို ဖြေဆိုရသည်။ စာမေးပွဲပြီးနောက် သင်တန်းဆင်းလက်မှတ်ကို လက်ခံရရှိသည်။ ၎င်းလက်မှတ်မှာ နောင်တွင် အလုပ်ရှာဖွေရေး အတွက် အရေးကြီးပါသည်။ အလုပ်ရှာဖွေခြင်းစာမျက်နှာတွင် နောက်ထပ်အချက်အလက်များ တွေ့နိုင်ပါသည်။

သင်တန်းကာလ

အသက်မွေးဝမ်းကျောင်းသင်တန်း တစ်ခု သည် အများအားဖြင့် (၂) နှစ် မှ (၃) နှစ် ခွဲ အထိကြာပါသည်။ ၎င်းမှာ အသက်မွေးဝမ်းကြောင်းအလုပ်အပေါ်တွင် မူတည်ပြီး ကျောင်းထွက်လက်မှတ် အပေါ်တွင်လည်း မူတည်သည်။ အထက်တန်းအောင်လက်မှတ် ရှိပါက များသောအားဖြင့် သင်တန်းကာလ ပိုတိုတတ်ပါသည်။ အလုပ်သင်ကာလတွင် တစ်နှစ်လျှင် အနည်းဆုံး (၂၄) ရက် သို့မဟုတ် (၄) ပတ် အားလပ်ရက်ရှိသည်။ သို့သော် ၎င်းမှာ သက်မွေးသင်တန်းကျောင်း ၏ အားလပ်ရက်လည်း ဖြစ်ရမည်ဖြစ်ပြီး၊ ကျောင်းပိတ်မှသာ ဖြစ်နိုင်ပါသည်။

အချိန်တိုအတွင်း သင်ယူနိုင်သော အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ လည်း ရှိပါသည်။ ဥပမာ - ကလေးပြုစုစောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ အစားအသောက်ပြင်ဆင်မှု၊ မိတ်ကပ်ဆံပင်အလှပြင်သင်တန်း တို့ဖြစ်သည်။
၎င်းတို့မှာ အများအားဖြင့် ကျောင်းအခြေပြု အသက်မွေးဝမ်းကျောင်း သင်တန်းအစီအစဉ်များ ဖြစ်ပြီး
(၁) နှစ်မှ (၃) နှစ် ခွဲ အထိ ကြာမြင့်ပါသည်။
သင်နေထိုင်ရာမြို့ရှိ အလုပ်အကိုင်အေဂျင်စီ တွင် အချက်အလက်များ ဆက်လက်ရှာဖွေနိုင်ပါသည်။

လစာ

အကယ်၍ သင်သည် ဂျာမနီတွင် Dual Study program ကို တက်ရောက်နေပါက လုပ်ခငွေအနည်းငယ်ရရှိမည်ဖြစ်သည်။ အလုပ်ရှင်မှ သင့်အား လစာပေးသည်။ လုပ်ငန်းခွင် နှင့် လုပ်ငန်းနယ်ပယ် ပေါ်မူတည်၍ လစာ ကွဲပြားပါသည်။ သင်တန်းတစ်နှစ်ပြီးတိုင်း လစာတိုးလေ့ရှိပါသည်။ လစာဖြင့် အိမ်လခ၊ စားစရိတ်၊ ဝါသနာအတွက်ကုန်ကျသည်များ မကာမိပါ။ ထို့အတွက် ငွေကြေးထောက်ပံ့ရေးအစီအစည်များ ရှိပါသည်။ .. ဥပမာ BAföG သို့မဟုတ် သက်မွေးဝမ်းကျောင်းသင်တန်းစရိတ်ကူညီရေး (BAB) တို့ဖြစ်သည်။ သင်နေထိုင်ရာမြို့မှ အလုပ်အကိုင်အေဂျင်စီ ကို မေးနိုင်သည်။ ကျောင်းအခြေပြု အသက်မွေးဝမ်းကြောင်း သင်တန်း အတွက် လစာမရရှိပါ။ တခါတရံ ကျောင်းလခလည်း ပေးရတတ်ပါသည်။
 

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက