အလုပ်ရှာဖွေခြင်း

Eingangsportal einer Agentur für Arbeit © Goethe-Institut

သင်သည် ဂျာမဏီတွင် အလုပ်လုပ်လိုပြီး၊ ဥရောပသမဂ္ဂ (EU) သို့မဟုတ် ဥရောပစီးပွားရေးဇုန် မှ လာသူ မဟုတ်ဘူးလား။ ထိုသို့ဆိုပါက ဂျာမနီတွင် အလုပ်လုပ်ခွင့် လိုအပ်ပါသည်။ သင်၏ နေထိုင်ခွင့် ကဒ်ပြားပေါ် တွင် အောက်ပါအချက်များပါရှိသည်။ သင့်တွင် အလုပ်လုပ်ခွင့်ရှိပါသလား။ အလုပ်လုပ်ချိန်နာရီ ဘယ်လောက်ရပါသလဲ။

Audio-Player: Artikel anhören

Artikel anhören

Arbeitssuche

အောင်လက်မှတ်များ နှင့် အသိအမှတ်ပြုမှု

ဇာတိနိုင်ငံတွင် တက္ကသိုလ်ဘွဲ့ သို့မဟုတ် အသက်မွေးဝမ်းကြောင်းသင်တန်း ပြီးဆုံးကြောင်းလက်မှတ်၊ သို့မဟုတ် အထက်တန်းအောင်လက်မှတ် ရပြီးပြီလား။ ၎င်း လက်မှတ်များ/ စာရွက်စာတမ်းများကို ဘာသာပြန်ပြီး နိုတြီပြုလုပ် ထားရပါမည်။ နိုတြီပြုလုပ်ခြင်း ဆိုသည်မှာ သင်၏ စာရွက်စာတမ်းများ အစစ်ဟုတ်မဟုတ် တရားဝင်အဖွဲ့အစည်းမှ စစ်ဆေးထားခြင်းဖြစ်သည်။ ၎င်းစစ်ဆေးမှုကို သင့်ဇာတိနိုင်ငံရှိ အဖွဲ့အစည်းများမှ အကောင်းဆုံး ဆောင်ရွက်နိုင်သည်။ တစ်ခါတစ်ရံတွင် သင်၏အောင်လက်မှတ်များသည် ဂျာမနီတွင် တရားမဝင်ပါ။ ၎င်းအချက်ကို သင်၏ မွေးရပ်မြေတွင် စစ်ဆေးနိုင်သည် (နိုင်ငံခြားမှအောင်လက်မှတ်များကို အသိအမှတ်ပြုခြင်း)။ ဂျာမနီတွင် (အောင်လတ်မှတ်များ) အသိအမှတ်ပြုခြင်း ဝက်ဘ်ဆိုဒ်တွင် နောက်ထပ်အချက်အလက်များကို တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့၏ သတင်းအချက်အလက်ဂရပ်ဖစ်များ ကိုလည်း ကြည့်ရှုနိုင်ပါသည်။

အလုပ်တနေရာ ရှာဖွေခြင်း

အလုပ်ကြော်ငြာအများစုကို အင်တာနက်တွင် တွေ့နိုင်သည်။ အောက်ပါစာမျက်နှာများမှာ နာမည်ကြီး အလုပ်ကြေငြာပေါ်တယ် များဖြစ်သည်။ ဥပမာ - အလုပ်ပေါ်တယ်များ မှ အလုပ်ကြော်ငြာအသစ်များကို ပုံမှန်အားဖြင့် အီးမေးလ်ဖြင့် လက်ခံရရှိနိုင်ပါသည်။ တခါတရံ အလုပ်ပေါ်တယ် မှတဆင့် သင်၏ အလုပ်လျှောက်လွှာကို ဆက်၍ပေးပို့နိုင်သည်။ 'Xing' နှင့် 'LinkedIn' တွင် သင်၏ CV ဖြင့် ပရိုဖိုင်တစ်ခုကို ဖန်တီးပါ။ အလုပ်ရှင်များမှ သင်၏ CV ကို ကြည့်ရှုနိုင်ပါသည်။ ပရော်ဖက်ရှင်နယ်ကျကျ ကူညီပေးနိုင်သည့် အဆက်အသွယ်များစွာကိုလည်း ထိုနေရာတွင် ရှာဖွေနိုင်သည်။ ကုမ္ပဏီပရိုဖိုင်များတွင်လည်း လစ်လပ်နေရာများကို တခါတရံ တွေ့နိုင်သည်။

ကုမ္ပဏီတွင်လည်း တိုက်ရိုက်မေးမြန်းနိုင်သည်။ ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်တွင် လစ်လပ်နေရာများကို တခါတရံ တွေ့နိုင်သည်။ “အလုပ်အကိုင်များ” သို့မဟုတ် “လစ်လပ်နေရာများ” တွင် လစ်လပ်နေရာ မတွေ့ပါက ကုမ္ပဏီသို့ ယေဘူယျအလုပ်လျှောက်လွှာ ကို ပေးပို့နိုင်သည်။ လစ်လပ်နေရာအားလုံးကို အမြဲကြော်ငြာနေသည်မဟုတ်ပါ။

သင်၏ မိခင်နိုင်ငံမှ အလုပ်ရှာနေပါက နိုင်ငံတကာ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ (ZAV) သို့ ဆက်သွယ်နိုင်သည်။ ZAV သည် ဂျာမနီအတွက် ကျွမ်းကျင်လုပ်သားများကို ပြည်ပတွင် ရှာဖွေနေသည်။

အကယ်၍ သင်သည် ဂျာမနီတွင် ရောက်ရှိနေပြီဖြစ်ပါက BiZ (ဖက်ဒရယ်အလုပ်အကိုင်ရှာဖွေရေးစင်တာ) တွင် မေးမြန်းပါ။ ထိုနေရာတွင် အလုပ်အကိုင်ကြော်ငြာများ၊ အသက်မွေးဝမ်းကြောင်း နှင့် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များစွာကို တွေ့ပါမည်။ သင်၏ ပရိုဖိုင်ကို အင်တာနက်ပေါ်တွင်လည်း တင်နိုင်သည်။ ကုမ္ပဏီတစ်ခုတွင် အလုပ်သင် လုပ်ခြင်းသည်လည်း အသုံးဝင်နိုင်သည်၊ ထိုမှတဆင့် အလုပ်အကြောင်း သင်ယူနိုင်ပြီး၊ အဆက်အသွယ်များ လည်း ရရှိနိုင်သည်။

တခြားရွေးချယ်စရာများလည်း ရှိပါသည်။ အလုပ်အကိုင် ကြော်ငြာများကို သတင်းစာ သို့မဟုတ် အလုပ်အကိုင် အေဂျင်စီမှတဆင့် ရှာဖွေနိုင်သည်။ သတင်းစာထဲတွင် များသောအားဖြင့် ဒေသတွင်းမှအလုပ်များကိုသာ တွေ့နိုင်သည်။

အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုပေးခြင်း

သင့်မူရင်းနိုင်ငံ၌၊ နိုင်ငံတကာနေရာချထားရေးဝန်ဆောင်မှုများ (ZAV) သို့ ဆက်သွယ်ပါ။

ဂျာမနီတွင် ရွှေ့ပြောင်းနေထိုင်သူများအတွက် တိုင်ပင်ဆွေးနွေးရေးစင်တာ များစွာရှိသည်။ ထိုနေရာများမှ အလုပ်ရှာဖွေရေးနှင့်အလုပ်လျှောက်လွှာတင်ရာတွင် ကူညီပေးသည်။ (ဂျာမနီ မှ တိုင်ပင်ဆွေးနွေးရေးဝန်ဆောင်မှုများ ကို ကြည့်ပါ)။ ရွှေ့ပြောင်းနေထိုင်သူလူငယ်များအတွက် ဝန်ဆောင်မှုများ တွင် အသက် (၂၇) နှစ်အထိလူငယ်များအတွက် အထူး တိုင်ပင်ဆွေးနွေးမှုများ ပေးပါသည်။ မြို့ကြီးများနှင့် ဒေသအများအပြားတွင် ကြိုဆိုရေးစင်တာများလည်း ရှိပါသည်။ ထိုစင်တာများမှ ဂျာမန် နှင့် နိုင်ငံတကာ ကျွမ်းကျင်လုပ်သားများ အပြင် ကုမ္ပဏီများကိုလည်း အကြံညဏ်များ ပေးသည်။ ဒေသဆိုင်ရာသတင်းအချက်အလက်များ၊ အလုပ်ရှာဖွေမှုအတွက် ပံ့ပိုးကူညီမှုများ နှင့် လက်မှတ်များကို အသိအမှတ်ပြုရန် ကူညီမှုများလည်း ပေးနိုင်သည်။

သင် ဘာအလုပ် လုပ်နိုင်သလဲ သို့မဟုတ် လုပ်ချင်သလဲ မသိသေးဘူးလား။ BiZ ဖက်ဒရယ်အလုပ်အကိုင်ရှာဖွေရေးစင်တာ (Berufsinformationszentrum der Agentur für Arbeit) မှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံဉာဏ်များကို ပေးသည်။ အချို့မြို့ကြီးများနှင့် ဒေသများတွင်လည်း လူငယ်များအတွက် အလုပ်အကိုင်အေဂျင်စီများ ရှိသည်။ ၎င်းတို့မှ လူငယ်များကို အသက်မွေးဝမ်းကြောင်းဆိုင်ရာရွေးချယ်မှုများအတွက် ကူညီပေးသည်။ “ဂျာမဏီတွင်ပြုလုပ်သည်” ပေါ်တယ်တွင် သို့မဟုတ် “အရေးကြီးလိပ်စာများ” စာမျက်နှာတွင် ပြည်နယ်အားလုံးရှိ အရေးကြီးသော တိုင်ပင်ဆွေးနွေးရေးစင်တာ များစွာ ကို တွေ့နိုင်ပါသည်။

အလုပ်လျှောက်လွှာ

အလုပ်လျှောက်လွှာ သည် အလုပ်သမားဈေးကွက်သို့ စတင်သည့် ပထမဆုံးခြေလှမ်းဖြစ်သည်။ အလုပ်လျှောက်လွှာ စာရွက်စာတမ်း များမှ အလွန်အရေးကြီးသည်။ Cover Letter (ကုမ္ပဏီသို့ပေးသည့် မိတ်ဆက်စာ)၊ CV (ဓာတ်ပုံထည့်မထည့် ရွေးချယ်နိုင်သည်) နှင့် အောင်လတ်မှတ်များ (ဂျာမန်ဘာသာဖြင့်) လိုအပ်ပါသည်။ BiZ မှ “ဂျာမနီတွင် အလုပ်လျှောက်ထားခြင်း” ခေါင်းစဥ်အတွက် အလုပ်ရုံဆွေးနွေးပွဲများ စီစဥ်ပေးသည်။ အလုပ်လျှောက်လွှာ ပြင်ဆင်ရမည့်ပုံစံ နှင့် အလုပ်အင်တာဗျူး အတွက် မည်သို့ပြင်ဆင်ရမည်ကို လေ့လာနိုင်သည်။ အလုပ်လျှောက်လွှာများ ကို ဒစ်ဂျစ်တယ်ပုံစံဖြင့် လက်ခံလိုသည့် အလုပ်ရှင်များ ပိုမိုများလာပါသည်။ ဥပမာ - အီးမေးဖြင့် သို့မဟုတ် အလုပ်လျှောက်သည့်ပေါ်တယ် မှတဆင့် ဖြစ်သည်။

မည်သည့်စာရွက်စာတမ်းများ လိုအပ်သည် ကို ကြိုတင်စုံစမ်းနိုင်သည်။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက