မိုလိုင်းလ်ဖုန်း နှင့် အင်တာနက်

ဖုန်းခေါ်ဆိုမှု၊ အင်တာနက်အသုံးပြုမှု၊ Chat နှင့် SMS ပေးပို့မှု ပြုလုပ်လိုပါသလား။ မိုဘိုင်းလ်ဖုန်းကုမ္ပဏီ တစ်ခု လိုအပ်ပါသည်။ ဂျာမနီတွင် မိုဘိုင်းလ်ဖုန်းကုမ္ပဏီ အများအပြားရှိသည်။ ၎င်းတို့တွင် မတူညီသောစရိတ်များ နှင့် စာချုပ်စာတမ်းများ သို့မဟုတ် ကြိုတင်ငွေပေးချေသည့် ဆင်းမ်ကတ်အများအပြား ရှိသည်။ ဖုန်း အများကြီး ပြောရပါသလား။ ခရီးသွားရာတွင် အင်တာနက်ကို မကြာခဏ သုံးချင်ပါသလား။ သင်နှင့် ကိုက်ညီသည့် စာချုပ်ကို ရှာဖွေပါ။

Audio-Player: Artikel anhören

Artikel anhören

Handy und Internet

Person bedient ein Smartphone © Goethe-Institut/ Gina Bolle

မိုဘိုင်းလ်ဖုန်းကုမ္ပဏီများ နှင့် စာချုပ်များ

ပုံသေနှုန်းထားများ လည်း ရှိပါသည်။ ၎င်းနှုန်းထားများဖြင့် အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုမှုများ နှင့် SMS များ ပို့နိုင်ပါသည်။ အချို့သော ဒေတာပမာဏ အတိအကျ ပါဝင်သည့် ဝန်ဆောင်မှုအားလုံးပါ ပက်ကေ့ခ်ျများလည်း ရှိပါသည်။ ပြင်ပသို့ရောက်ရှိနေချိန်တွင် ဒေတာဖြင့် အင်တာနက်ကို သုံးနိုင်သည်။ ဝယ်ထားသည့် ဒေတာကို အကုန်သုံးပြီးပါက အသစ် ထပ်ထည့်နိုင်သည်။ သတိပြုရန်မှာ ၎င်းအတွက် အပိုငွေကုန်ကျပါသည်။ တခါတရံတွင် ဒေတာကို အလိုအလျောက် ထည့်ပေးသည်။ ငွေ အကုန်အကျ မများစေရန်အတွက် သုံးစရာမရှိပါက ဒေတာကို ပိတ်ထားပါ။ လိုအပ်သည့်အခါမှသာ အပိုဒေတာကို ဝယ်ယူပါ။ ပုံသေနှုန်းထား မရှိသော သို့မဟုတ် ပက်ကေ့ခ်ျ မဟုတ်သော စာချုပ်များလည်း ရှိပါသည်။ ၎င်းအမျိုးအစား မှာ ဖုန်းခေါ်ဆိုမှုတိုင်း၊ SMS ပေးပို့မှုတိုင်း နှင့် အင်တာနက် သုံးစွဲမှုတိုင်း အတွက် ပေးဆောင်ရသည်။

မတူညီသော ကမ်းလှမ်းမှုများကို နှိုင်းယှဉ်ပါ။ နှိုင်းယှဥ်မှု ကို ဥပမာ အားဖြင့် ပေါ်တယ်များပေါ်တွင် လုပ်နိုင်သည်။  

နိုင်ငံတကာခေါ်ဆိုမှုများ

ဂျာမနီမှ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်လိုပါသလား။ ကြိုးဖုန်း သို့မဟုတ် ဆဲလ်ဖုန်းမှတစ်ဆင့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပါက အလွန်စျေးကြီးနိုင်သည်။ WhatsApp, Skype သို့မဟုတ် အလားတူဝန်ဆောင်မှုများကို အသုံးပြုခြင်းမှာ အကောင်းဆုံးဖြစ်သည်။ ၎င်းအက်ပ်များဖြင့် ဆိုပါက အပိုဆောင်းဖုန်းစရိတ်များ မကုန်ကျဘဲ အင်တာနက်မှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရန်အတွက် ဖုန်းကတ်များ သို့မဟုတ် ကြိုတင်ငွေပေးကတ်များကိုလည်း အသုံးပြုနိုင်သည်။ ၎င်းကတ်များဖြင့်ဆိုပါက ဖုန်းခေါ်ဆိုခများကို စျေးသက်သာစေသည်။ ဤကတ်များကို စူပါမားကတ်များ သို့မဟုတ် စတိုးဆိုင်များတွင် ရနိုင်ပါသည်။

နိုင်ငံရပ်ခြား သို့ မကြာခဏရောက်လေ့ရှိပြီး၊ ဂျာမန်ဆင်းမ်ကတ်ဖြင့် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အင်တာနက်သုံးခြင်း ပြုလုပ်လိုပါသလား။ EU၊ နော်ဝေ၊ အိုက်စ်လန်း နှင့် Liechtenstein နိုင်ငံတို့တွင် အပိုကုန်ကျစရိတ် မရှိဘဲ ဖုန်းခေါ်ဆိုနိုင်ပါသည်။ တခြားနိုင်ငံများဆိုပါက ဈေးကြီးနိုင်သည်။ SMS မက်ဆေ့ခ်ျများ၊ ဖုန်းခေါ်ဆိုမှုများ နှင့် အင်တာနက်အတွက် ကုန်ကျစရိတ်များ ကို သတိပြုပါ။ ကုန်ကျစရိတ်များကို ကြိုတင်လေ့လာပါ။ နိုင်ငံခြားတွင် ဒေတာသုံးစွဲမှု ကို ပိတ်ထားနိုင်ပြီး၊ ဟိုတယ်များ သို့မဟုတ် ကော်ဖီဆိုင်များတွင် WLAN များမှတစ်ဆင့် အင်တာနက် ကို အသုံးပြုနိုင်သည်။

နိုင်ငံတကာ အထူးအခွန်စည်းကြပ်မှုများလည်း ရှိပါသည်။ သင်၏ မိုဘိုင်းဖုန်းကုမ္ပဏီ တွင် စုံစမ်းကြည့်ပါ။

မိုဘိုင်းဖုန်းစာချုပ်

မိုဘိုင်းဖုန်းကုမ္ပဏီ တွင် စာချုပ်ချုပ်ဆိုနိုင်သည်။ အကောင်းဆုံးမှာ ဆိုင်သို့သွား၍ အကြံဥာဏ်ယူခြင်း ဖြစ်သည်။ သတိပြုရန်မှာ မိမိနားမလည်သော စာချုပ်ကို လက်မှတ်မထိုးပါနှင့်။ စာချုပ်ကို သေချာဖတ်ပါ။ ဘာသာပြန် အကူအညီရယူပါ။ ဝက်ဘ်ဆိုက်တွင် စာချုပ်ကိုမှာယူ၍၊ လက်မှတ်ထိုးပြီး ကုမ္ပဏီသို့ ပေးပို့နိုင်သည်။ ကုမ္ပဏီဘက်မှ အများအားဖြင့် သင်၏ မှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် နှင့် နေထိုင်မှုစာရင်းသွင်းမှတ်တမ်း ကို အထောက်အထားအဖြစ် လိုပါလိမ့်မည်။

မိုဘိုင်းဖုန်းစာချုပ်မှာ အများအားဖြင့် တစ်နှစ်မှ နှစ်နှစ်အထိ သက်တမ်းရှိသည်။ စာချုပ်သက်တမ်းမပြည့်မီ ဖျက်သိမ်းရန် များသောအားဖြင့် မဖြစ်နိုင်ပါ။ ကျသင့်ငွေ ကို အများအားဖြင့် လကုန်တွင် ပေးချေရသည်။ အနည်းဆုံးစာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်၊ အချိန်တစ်လကြိုတင် အသိပေးပြီး စာချုပ်ကို အချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။

ကြိုတင်ငွေဖြည့်ကတ်

အခြားရွေးချယ်စရာတစ်ခုမှာ ကြိုတင်ငွေဖြည့်ဆင်းမ်ကတ် ဖြစ်သည်။ စူပါမားကတ်များ၊ ဓာတ်ဆီဆိုင်များ သို့မဟုတ် စတိုးဆိုင်သေး များတွင် ထိုကတ်များကို ငွေအနည်းငယ်ဖြင့် ဝယ်ယူနိုင်ပါသည်။

မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခု ထံမှ ကြိုတင်ငွေဖြည့်ဆင်းမ်ကတ် ကို တိုက်ရိုက်ဝယ်ယူပြီးပါပြီလား။ ထိုသို့ဝယ်ပြီးပါက စတိုးဆိုင်တွင် ကတ်ကို မှတ်ပုံတင်နိုင်သည်။ သင်၏ မှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် လိုအပ်ပါမည်။ တစ်ခါတရံမှာ နေထိုင်ခွင့်ကတ်လည်း လိုအပ်ပါမည်။ ထိုအဆင့်အတွက် အကူအညီရနိုင်သည်။ ဥပမာ စူပါမားကတ်တစ်ခုတွင် ကြိုတင်ငွေဖြည့်ဆင်းမ်ကတ်ကို ဝယ်ထားပါသလား။ Video-Ident နည်းကို အသုံးပြု၍ သို့မဟုတ် ဂျာမန်စာတိုက် တွင် သင်၏အထောက်အထားကို ပြ၍ မှတ်ပုံတင်နိုင်ပါသည်။

ဖုံးကတ်ရပြီးပါက ဒေတာလိုအပ်ပါသည်။ စူပါမားကတ် (သို့) စတိုးဆိုင်သေးများတွင် ဖုံးဒေတာဝယ်နိုင်သည်။ ဒေတာဖြည့်ကတ်ပေါ်တွင် နံပါတ်ရှည်များရှိသည်။ သင်၏ဖုန်းထဲ သို့ ထိုနံပါတ်ကို ရိုက်ထည့်ရပါမည်။ ဖုံးဒေတာကို ဖုံးကတ်ဝယ်ယူခဲ့သည့် မိုဘိုင်းဖုန်းကုမ္ပဏီ၏ အက်ပ်ဖြင့်လည်း တိုက်ရိုက်ဝယ်ယူနိုင်သည်။ ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း နှင့် အင်တာနက်သုံးခြင်းတို့အတွက် ဖုံးဒေတာကို အသုံးပြုသည်။

WLAN

အင်တာနက်ကို အခမဲ့သုံးချင်ပါသလား။ ကော်ဖီဆိုင်များ၊ စာကြည့်တိုက်များ နှင့် အခြားသော အများပြည်သူသုံး အဆောက်အဦများ တွင် အခမဲ့ Wi-Fi ကို ပေးလေ့ရှိသည်။ အင်တာနက်ပေါ်တွင် သင်၏ အနီးအနားတွင်ရှိသော WLAN ကွန်ရက်များကို တွေ့နိုင်သည်။ သတိပြုရန်မှာ ၎င်း WLAN ကွန်ရက်များစွာကို ကုဒ်ဝှက်ထားခြင်းမရှိပါ။ အခြားလူများမှ သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို မြင်နိုင်ပါသည်။

အိမ်တွင်းအင်တာနက်

သင့်အိမ်တွင် အင်တာနက်ချိတ်ဆက်မှုအတွက် ရွေးချယ်စရာများ နှင့် စာချုပ်အမျိုးမျိုး ရှိသည်။ စဉ်းစားသင့်သည်မှာ အင်တာနက် သာ လိုချင်ပါသလား သို့မဟုတ် အင်တာနက်နှင့်ကြိုးဖုန်းတစ်လုံး လိုချင်ပါသလား။ အင်တာနက်ကို အကြာခဏ သုံးတတ်ပါသလား သို့မဟုတ် တခါတရံ ရုပ်ရှင်ကြည့်ခြင်း သို့မဟုတ် သီချင်းနားထောင်ခြင်း အတွက်သာ သုံးဖြစ်ပါသလား။ ထိုအတွက် အင်တာနက်လိုင်း အရမ်းမြန်နေရန် မလိုပါ။ လက်ပ်တော့ဖြင့် အိမ်တွင် အလုပ်လုပ်ခြင်း၊ အရည်အသွေးမြင့်ရုပ်ရှင်များစွာကြည့်ခြင်း သို့မဟုတ် မိသားစုနှင့် ဗီဒီယိုခေါ်ဆိုမှုများစွာပြုလုပ်ခြင်း တို့ မကြာခဏပြုလုပ်မှသာ ပိုမိုမြန်ဆန်သော အင်တာနက်လိုင်း ချိတ်ဆက်မှု လိုအပ်ပါသည်။

နှိုင်းယှဉ်မှုပေါ်တယ်တွင် ကမ်းလှမ်းချက်အမျိုးမျိုးကို စစ်ဆေးပါ။ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ နှင့် စာချုပ်တစ်ခု ချုပ်ဆိုပါက၊ ကြိုတင်ငွေချေမှုစနစ် ကို ရွေးချယ်ခွင့်မရှိပါ။ စာချုပ်ကို သေချာဖတ်၍ အားလုံးနားလည်သဘောပေါက် မှသာ လက်မှတ်ထိုးပါ။ မှတ်ချက် - တစ်ခါတစ်ရံ လစဉ်ကြေး မှာ အစပိုင်းတွင် သက်သာပြီး လအနည်းငယ်ကြာပြီးနောက် ပိုမိုကုန်ကျတတ်ပါသည်။ စာချုပ်များသည် အများအားဖြင့် (၁၂) လမှ (၂၄) လအထိ သက်တမ်းရှိသည်။ စာချုပ်ဖျက်သိမ်းရန် အတွက် ကြိုတင်အသိပေးရမည့် သတ်မှတ်ချိန်မှာ ဖုန်းစာချုပ်များတွင် တူလေ့ရှိသည်။ ကြိုတင်အသိ‌ပေးရန်မလိုဘဲ ချက်ချင်းဖျက်သိမ်းနိုင်သည့် စာချုပ်ပုံစံများလည်း ရှိပါသည်။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက