ကျွမ်းကျင်မှုအဆင့်မြှင့်တင်ခြင်းသင်တန်းများ ဂျာမန်စာဆရာ/ဆရာမများအတွက်

ဂျာမနီနိုင်ငံအကြောင်း အထွေထွေသိကောင်းစရာများ၊ သင်ကြားရေးနည်းစနစ်များ၊ သို့မဟုတ် ဘာသာစကားစွမ်းရည်မြှင့်တင်မှုများအတွက်။ Goethe-Institut သည် ဂျာမန်ဘာသာစကား သင်ကြားသော ဆရာ၊ ဆရာမများအတွက် အမျိုးအစားစုံလင်ကျယ်ပြန့်သည့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ခြင်းသင်တန်းများကို စီစဥ်ကမ်းလှမ်းပေးပါသည်။ ဂျာမနီနိုင်ငံနှင့် ပညာရေးပူးပေါင်းဆောင်ရွက်ခြင်းအစီအစဥ်သည် ဆရာ၊ ဆရာမများအား ကျွမ်းကျင်မှုအဆင့်မြှင့်တင်ခြင်း သင်တန်းများကို ပိုမိုလွယ်ကူစွာ တက်ရောက်နိုင်ရန်အတွက် နှစ်စဥ်နှစ်တိုင်း အကန့်အသတ်တစ်ခုအထိ ပညာတော်သင်ဆုများကို ပေးနေပါသည်။