Logo Goethe-Institut

မြန်မာ

ဂျာမန်ဘာသာစကားအတွက်ကျွန်ုပ်တို့၏အားထုတ်ကြိုးပမ်းမှုများ

"Schulen: Partner der Zukunft" - (ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်) အစီအစဥ်

„Schulen: Partner der Zukunft” (PASCH) (ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်) အစီအစဥ်သည် ဂျာမနီနိုင်ငံနှင့် အထူးတလည် ဆက်နွှယ်မှုရှိနေသော ကျောင်းပေါင်း ၁၇၀၀ ကျော်ကို စုစည်းချိတ်ဆက်ထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံအဆင့် ပညာရေးစနစ်အတွင်းရှိ PASCH ကျောင်းပေါင်း ၅၅၀ ၀န်းကျင်ကို Goethe-Institut မှ ကူညီပံ့ပိုးပေးနေပါသည်။

PASCH ကျောင်းများ၏ ကျောင်းသူ၊ကျောင်းသားများသည် ကင်မရာကို ပြုံးပြနေကြသည်။    သူတို့သည် ရောင်စုံစာရွက်များပေါ်တွင် ရေးသားထား သော ဂျာမန်စကားလုံးမျိုးစုံတို့ကို ကိုင်ထားကြသည်။ © PASCH-net/Anne Essel © PASCH-net/Anne Essel