ယဥ်ကျေးမှု

Shi Exhibition ©Zun Ei Htet / Goethe-Institut Myanmar

/ရှိ အဇ္ဇဘီးရှင်း

/ရှိ က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာကျင်းပမယ့်အနုပညာပြပွဲတစ်ခုဖြစ်ပါတယ်။ (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ကနေ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်ကြာမြင့်မယ့် အိဇ္ဇဘီးရှင်းတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ဇစ်မြစ်ကျောရိုးဖြစ်တဲ့ ဘတ်စ်ကားလမ်းကြောင်းတွေပေါ်မှာအခြေခံထားတဲ့ မြို့တွင်းရှိ နေရာ (၇) ခုကို ဂရုတစိုက်စီစဉ်ထားပြီးတော့ အနုပညာရှင်ပေါင်း (၅၀) ကျော်ရဲ့ အနုပညာလက်ရာပေါင်း (၄၀) ကျော်ကိုလေ့လာစူးစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
 


လက်ရှိလုပ်ဆောင်ဆဲပရော့ဂျက်များ


SPACE O‘3: Art & Cultural Hub ©Goethe-Institut Myanmar

Pop-up Art & Cultural Space
SPACE O‘3

အနုပညာနဲ့ယဉ်ကျေးမှုရပ်၀န်းကသူတွေအတွက် တွေ့ဆုံစည်း၀ေးစရာအခန်းငယ်တစ်ခုကို Goethe-Institut Myanmar မှစီစဉ်ထားရှိပေးထားပါတယ်။ တွေ့ဆုံဖို့၊ ဖန်တီးဖို့၊ ဆွေးနွေးဖို့၊ ထုတ်လုပ်ဖို့၊ တစ်ဦးနဲ့တစ်ဦးနားထောင်ကြဖို့နဲ့သူတို့ရဲ့အနုပညာတွေကိုလုပ်ဆောင်ကြဖို့ အသုံးပြုနိုင်ပါတယ်။ နေရာလေးတစ်ခုလိုအပ်နေတဲ့အနုပညာရှင်တွေနဲ့ယဉ်ကျေးမှုပညာရှင်တွေအနေနဲ့ ဤအခန်းကိုအခမဲ့စာရင်းသွင်းပြီးအသုံးပြုနိုင်ပါတယ်။ ဒီလိုနေရာတစ်ခုကိုဖြည့်ဆည်းခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုအသိုင်းအဝိုင်းမှာ ယနေ့ကြုံတွေ့နေရတဲ့ သူတို့ရဲ့အခက်အခဲတွေကိုကျော်ဖြတ်နိုင်ဖို့ အကူအညီအထောက်အပံ့ဖြစ်စေကြောင်းရည်ရွယ်ပါတယ်။
 



ယခင်ပရော့ဂျက်များ




မဂ္ဂဇင်း



ဘာလင်မှအနုပညာရှင်များအတွက် လုပ်ငန်းခွင်အခွင့်အရေးနှင့် အခြေအနေများသည်ရံဖန်ရံခါခက်ခဲလေ့ရှိသည်။ အနည်းငယ်မျှကသာ သူတို့၏အနုပညာနှင့် နေထိုင်ရပ်တည်နိုင်ကြသည်။ ဓါတ်ပုံ။ ။ © picture alliance/Paul Zinken/dpa

အနုပညာလောက၏လုပ်ငန်းခွင်အခွင့်အရေးနှင့်အကျိုးခံစားခွင့်များ
ပွင့်လင်းမျှတသည့်ဂီတဈေးကွက်နှင့်သီချင်းဒေါင်းလုတ်လုပ်မှုများ

များစွာသောအနုပညာရှင်တို့သည် အာမခံချက်မရှိသောဘဝအခြေအနေများတွင်ရှင်သန်ရုန်းကန်နေရကာ အနည်းငယ်သည်သာ သူတို့၏အနုပညာတစ်ခုတည်းအပေါ်တွင် မှီတည်၍အသက်မွေးဝမ်းကြောင်းပြုနိုင်ကြပါသည်။ ပွင့်လင်းမျှတသော အွန်လိုင်းမှသီချင်းနားထောင်နိုင်သည့်ဝန်ဆောင်မှုများနှင့် “ပွင့်လင်းမျှတသောကုမ္ပဏီဖြစ်ပါသည်” ဟူသော အသိအမှတ်ပြုလက်မှတ်များကို ဂီတထုတ်လုပ်ရေးကုမ္ပဏီများအတွက်ထုတ်ပေးခြင်း စသည့်ကနဦးခြေလှမ်းများသည် ပို၍တန်းတူညီမျှဖြစ်သော ဝင်ငွေခွဲဝေမှုကွင်းဆက်တစ်ခုကို မည်ကဲ့သို့ဖန်တီးနိုင်ကြောင်းညွှန်ပြနေပါသည်။