ဒစ်ဂျစ်တယ် စာကြည့်တိုက်ကတ်
App BibToGo
အကယ်၍ ကျွန်ုပ်တို့စာကြည့်တိုက်၏၀န်ဆောင်မှုများကို သင်၏လက်ထဲမှာ အချိန်တိုင်း၊ နေရာတိုင်း ရရှိနိုင်မယ်ဆိုလျှင်ဘယ်လိုနေမလဲ။
ကျွန်ုပ်တို့၏ BibToGo ဒစ်ဂျစ်တယ်အသင်း၀င် Application ကတော့ ဒါကိုဖြစ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
BibToGo သည် Goethe-Institut ၏စာကြည့်တိုက် Application ဖြစ်ပြီး၊ သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်လည်းဖြစ်ပါတယ်။ ထို App မှတဆင့် စာကြည့်တိုက်မီဒီယာနှင့်၀န်ဆောင်မှုများကို သင်လိုအပ်သည့်အချိန်တိုင်းရရှိနိုင်မှာဖြစ်ပါတယ်။
BibToGo ကိုသင်၏မိုဘိုင်းဖုန်းမှာ အခုပဲဒေါင်းလုပ်ဒ်ဆွဲပြီး၊ ကျွန်ုပ်တို့၏စာကြည့်တိုက်ကို သင်၏အိတ်ကပ်ထဲမှာသယ်ဆောင်သွားလို့ရနိုင်ပါပြီ။
ကျွန်ုပ်တို့၏ BibToGo ဒစ်ဂျစ်တယ်အသင်း၀င် Application ကတော့ ဒါကိုဖြစ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
BibToGo သည် Goethe-Institut ၏စာကြည့်တိုက် Application ဖြစ်ပြီး၊ သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်လည်းဖြစ်ပါတယ်။ ထို App မှတဆင့် စာကြည့်တိုက်မီဒီယာနှင့်၀န်ဆောင်မှုများကို သင်လိုအပ်သည့်အချိန်တိုင်းရရှိနိုင်မှာဖြစ်ပါတယ်။
BibToGo ကိုသင်၏မိုဘိုင်းဖုန်းမှာ အခုပဲဒေါင်းလုပ်ဒ်ဆွဲပြီး၊ ကျွန်ုပ်တို့၏စာကြည့်တိုက်ကို သင်၏အိတ်ကပ်ထဲမှာသယ်ဆောင်သွားလို့ရနိုင်ပါပြီ။
BIBTOGO ရဲ့လုပ်ငန်းဆောင်တာတွေကဘာတွေဖြစ်မလဲ။
ဒစ်ဂျစ်တယ်အသင်း၀င်ကတ်ပြား
BibToGo တွင်ထည့်သွင်းထားသောကိုယ်ပိုင်ဒစ်ဂျစ်တယ်စာကြည့်တိုက်အသင်း၀င်ကတ်ကို သင်ရရှိနိုင်မှာဖြစ်ပါတယ်။ ဤဒစ်ဂျစ်တယ်ကတ်ဖြင့် စာကြည့်တိုက်ရှိမီဒီယာများကိုငှားရမ်းနိုင်ပါတယ်။ သင်သည် offline ဖြစ်နေသော်လည်းပဲ ငှားရမ်းခြင်းကိုလုပ်ဆောင်နိုင်ပါတယ်။ကိုယ်ပိုင်အကောင့်
BibToGo ဖြင့် သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်ကို အလွယ်တကူ၀င်ရောက်နိုင်မှာဖြစ်ပြီး၊ မိမိငှားရမ်းထားသည့်မီဒီယာများကိုကြည့်ရှုနိုင်ခြင်း၊ ငှားရမ်းခွင့်ကာလကိုသက်တမ်းတိုးနိုင်ခြင်း၊ မိမိငှားရမ်းလိုသည့်မီဒီယာများကိုကြိုတင်မှာယူနိုင်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ငှားရမ်းဖတ်ရှုနိုင်မည့်မီဒီယာအကြံပြုချက်များ
ကျွန်ုပ်တို့စာကြည့်တိုက်မှစာရင်းပြုစုပေးထားတဲ့မီဒီယာများကို ၀င်ရောက်ကြည့်ရှုလိုပါသလား။ BibToGo မှတဆင့် ကျွန်ုပ်တို့၏စာကြည့်တိုက်ကတ်တလောက်သို့ လွယ်ကူစွာ၀င်ရောက်နိုင်ပါတယ်။ စာရင်းပြုစုပေးထားသောမီဒီယာများကလည်း သင်၏ငှားရမ်းမှုအတွက် ရွေးချယ်ဖို့အကူအညီပေးနိုင်ပါတယ်။Onleihe ရှိ ဒစ်ဂျစ်တယ်မီဒီယာ
ဂျာမန်ဘာသာစကားနှင့်ရေးသားထားသောမီဒီယာပေါင်းသုံးသောင်းငါးထောင်ကျော်ရှိသည့် E-Book များ၊ နားထောင်နိုင်သည့် Audio စာအုပ်များ၊ ရုပ်ရှင်များ၊ ဂျာမန်ဘာသာစကားသင်ကြားသူများအတွက်လေ့ကျင့်ခန်းစာအုပ်များ၊ မဂ္ဂဇင်းများနှင့်သတင်းစာများကို BibToGo မှတဆင့်ဒေါင်းလုပ်ဒ်ဆွဲယူဖတ်ရှုနိုင်ရန် အဆင်သင့်ထားရှိထားပါတယ်။ ကြော်ငြာများမပါ၀င်ဘဲ၊ အချိန်တိုင်း နေရာတိုင်းမှာ အခမဲ့အသုံးပြုနိုင်ပါတယ်။QR CODE အားအသုံးပြုနိုင်ခြင်း
ကျွန်ုပ်တို့စာကြည့်တိုက်စုဆောင်းမှုများမှ ဘယ်လိုထပ်မံပြီးအကျိုးရှိရှိအသုံးပြုလို့ရသလဲဆိုတာကိုသိရှိလိုပါသလား။ သင်စာကြည့်တိုက်တွင်ရှိနေစဉ်အတွင်း QR code reader ကိုအသုံးပြုပြီး အခြားသတင်းအချက်အလက်များကိုရယူလိုက်ပါ။စာကြည့်တိုက်သို့ဆက်သွယ်မေးမြန်းရန်
စာကြည့်တိုက်နှင့်ပတ်သက်ပြီးအကူအညီလိုပါက (သို့မဟုတ်) မေးမြန်းလိုပါက BibToGo မှတဆင့် ကျွန်ုပ်တို့စာကြည့်တိုက်ကိုဆက်သွယ်လိုက်ပါ။BibToGo ကိုစတင်အသုံးပြုနိုင်ဖို့ဘယ်လိုလုပ်ဆောင်မလဲ။
အဆင့် (၁)။ ။BibToGo App ကို PlayStore (သို့မဟုတ်) App Store မှတဆင့် သင်၏ဖုန်းတွင်ဒေါင်းလုပ်ဒ်ဆွဲပါ။
အဆင့် (၂)။ ။သင်၏ Mein Goethe.de အကောင့်ဖြင့် log in ၀င်ပါ။
အဆင့် (၃)။ ။သင်စာကြည့်တိုက်သို့လာရောက်သည့်အခါ ကျွန်ုပ်တို့၏စာကြည့်တိုက်ကောင်တာတွင် App ကိုစတင် အသုံးပြုနိုင်ရန် (Activate) လုပ်ပါ။