ပြိုင်ပွဲများနှင့်ပွဲအခမ်းအနားများ ဂျာမန်စာသင်ယူသူများအတွက်

ကျောင်းသား၊ ကျောင်းသူများကို စိတ်အားထက်သန်စွာ သင်ယူကြစေရန် လှုံ့ဆော်ပေးခြင်းသည် ဆရာ၊ ဆရာမတိုင်း၏ အရေးအကြီးဆုံးနှင့် တခါတရံ အခက်ခဲဆုံး လုပ်ငန်းတာ၀န်များထဲမှ တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Goethe-Institut Myanmar သည် သင်၏ ကျောင်းသူ၊ ကျောင်းသားများအား ဂျာမန်ဘာသာစကားသင်ကြားရာတွင် ပိုမိုပျော်ရွှင်လာစေပြီး စိတ်အားတက်ကြွအောင် နှိုးဆော်ပေးနိုင်ရန်အတွက် အကူအညီဖြစ်စေမည့် ယဥ်ကျေးမှုဆိုင်ရာ ပွဲအခမ်းအနားများနှင့် ပြိုင်ပွဲများစွာကို စုစည်းတင်ဆက်ပေးထားပါသည်။