Logo Goethe-Institut

မြန်မာ

စီမံကိန်းများ

Sasha Waltz - Dialog © Martin Wälde

Goethe-Institut မှ ဂျာမနီနှင့် မြန်မာနိုင်ငံကြား ယဥ်ကျေးမှုဖလှယ်ရေးအစီအစဥ်များကို အားပေးမြှင့်တင်ပေးပါသည်။ ရုပ်ရှင်ပွဲတော်များ၊ ပြပွဲများ၊ ဂီတပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် အနုပညာဆိုင်ရာဖန်တီးထုတ်လုပ်မှုများကို လက်ခံကျင်းပပေးသော၊ အနုပညာဖန်တီးမှုများကို မြှင့်တင်ပေးသောပွဲတော်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 


Academy of Care ©Goethe-Institut Myanmar

Academy of Care

Academy of Care (AoC) ဟာ ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ထင်ဟပ်မျှဝေတွဲလက်တွေ အစီအစဉ် (Program of Care)
မှ ဖွံ့ဖြိုးတိုးတက်လာတဲ့ အစီအစဉ်တစ်ရပ်ဖြစ်ပြီး, ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ပြီးနောက်ပိုင်းမှာ စွမ်းရည်တည်ဆောက်မှုအစီအစဉ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ဤအစီအစဉ်ဟာ တီထွင်ဖန်တီးမှုနည်းလမ်းတွေကို အသုံးပြုပြီး စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လူမှုဆက်ဆံရေးပံ့ပိုးမှုတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်စေမဲ့ နည်းပြဆရာတွေ (facilitators) ကို လေ့ကျင့်သင်ကြားပေးဖို့ အထူးရည်ရွယ်ထားပါတယ်။ AoC ဟာ နောင်နှစ်နှစ်အတွင်း စိတ်ကျန်းမာရေး, အထူးသဖြင့် စိတ်ဒဏ်ရာဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့ ဖန်တီးမှုနည်းလမ်းတွေ နဲ့ ပညာရေးချဉ်းကပ်မှုတွေကို အခြေခံပြီး ဆောင်ရွက်မှုတွေကို ရည်ရွယ်ထားပါတယ်။ ဤအစီအစဉ်ဟာ မော်ဂျူးအခြေပြုသင်တန်းတွေနဲ့ ဖွဲ့စည်းထားပြီး, အနုပညာ, ဂီတနဲ့ ပြဇာတ်ကုထုံးကဲ့သို့တဲ့ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေကို သင်ကြားပေးနေပါတယ်။


Science Film Festival ©Goethe-Institut Myanmar

ဖျော်ဖြေမှုမှသည်အသိပညာသို့
သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၅)

ဂျာမန်ဘာသာစကားသင်ကြားရေးနှင့်ယဥ်ကျေးမှုဌာနမှ နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိသော သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာ၀ိုင်အမ်စီအေ နှင့် အခြားပြည်တွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုတို့နှင့်အတူ (၁၄) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဥ်နေပါသည်။ ယခုနှစ်သိပ္ပံရုပ်ရှင်ပွဲတော်ကို လူတွေ့ပြသမှုများအပြင်၊ အွန်လိုင်းမှစာရင်းပေးသွင်းကာ အခမဲ့ကြည့်ရှုနိုင်အောင် စီစဥ်ပေးသွားမည်ဖြစ်ပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာကို (၂၀၂၅)ခုနှစ်၊ နို၀င်ဘာလ (၁၄)ရက်မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။


ယခင်ပရော့ဂျက်များ

Present Grounds ©Goethe-Institut Myanmar

Open Call
Present Grounds: A Grant for Artistic and Cultural Expression (M/F/D)

မြန်မာ့လူမှုဝန်းကျင်နှင့် ပတ်သက်ဆက်နွယ် ထင်ဟပ် လျက်ရှိသော အနုပညာလက်ရာများကို အကောင်အထည်ဖော်နိုင်စေရန် Goethe-Institut Myanmar မှဖိတ်ခေါ်ပါသည်။ ယခု စီမံကိန်းကို အနုပညာနဲ့ ယဥ်ကျေးမှုဆိုင်ရာ နယ်ပယ်အသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင်များ မည်သူမဆို ဝင်‌ရောက်လျှောက်ထားနိုင်ပါသည်။

လက်ရှိအခြေနေများအရ မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွင် ပေါ်ပေါက်လာသော မြေပြင် အခက်အခဲများ၊ပြောင်းလဲဖြစ်ပေါ်နေမှုများကို မတူညီသောရှုထောင့်အမျိုးမျိုးမှ ထင်ဟပ်၊ မှတ်တမ်းတင်သည့် အနုပညာဖန်တီးမှုများကို အထောက်အကူပြုနိုင်စေရန် ယခု စီမံကိန်းက ရည်ရွယ်ပါသည်။