Logo Goethe-Institut

မြန်မာ

FRANZ KAFKA

FRANZ KAFKA Illustration by Roberto Majan

ဖရန့်ဇ်ကက်ဖ်ကာ ကွယ်လွန်သွားပြီး နှစ်ပေါင်းတစ်ရာရှိသည့်တိုင် ကက်ဖ်ကာ၏ဖမ်းစားမှုက အဘယ်ကြောင့် ဆက်လက်တည်ရှိနေသနည်း။ ကက်ဖ်ကာသည် မော်ဒန်ဖြစ်သည်၊ ခေတ်ပြိုင်ဖြစ်သည်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့ ယူဆနေကြသနည်း။ ကက်ဖ်ကာ ရေးသားသည့် ပေးစာအလှများကြောင့်လား။ ပြဇာတ်ဘုရင်မများကို ကျွန်ုပ်တို့ နှစ်ခြိုက်ကြခြင်းကြောင့်လား။ ယနေ့ခေတ် ကမ္ဘာလောကသည် Kafkaesque ပိုဖြစ်သည်ဟု ကျွန်ုပ်တို့ ခံစားမိ၍လား။ ကက်ဖ်ကာ၏လောကထဲသို့ ကျွန်ုပ်တို့နှင့်အတူ ခြေလှမ်းအတူလှမ်းဝင်၍၊ ကက်ဖ်ကာ ဖြစ်လိုက်ကြပါစို့။

  • Reiner Stach

    ၂၁ရာစုနှစ်က ဖရန့်ဇ်ကက်ဖ်ကာ

    ကက်ဖ်ကာ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကြာမြင့်သော်ငြား၊ ဖရန့်ဇ်ကက်ဖ်ကာကို ဘယ့်အတွက် အသဲအမဲ လိုက်လံရှာဖွေနေကြပါသနည်း။ ကက်ဖ်ကာသည် အလွန်မော်ဒန်ဖြစ်သည်၊ ခေတ်ပြိုင် ဖြစ်သည်ဟု အဘယ်ကြောင့် ယူဆနေကြသနည်း။ ကက်ဖ်ကာ၏ ၂၀၂၄ခုနှစ် နှစ်ပတ်လည်၌ ဘာက စောင့်ဆိုင်းနေသနည်း။ ကက်ဖ်ကာအကြောင်းကို အတ္ထုပ္ပတ္တိရေးသူ Reiner Stach က ကျွန်ုပ်တို့အတွက် အဖြေတစ်ချို့ကို ဖြေပြထားပါသည်။

    Kafka at the age of 34 in July 1917 © Wagenbach Verlag (Art work: Tobias Schrank) © Wagenbach Verlag (Art work: Tobias Schrank)