သင်၏လျှောက်ထားချက်ကို မြန်မာနိုင်ငံက Goethe-Institut ကလက်ခံကြည့်ရှုမည်ဖြစ်ပါသည်။ ထို့နောက် သင်၏ပရောဂျက်ကိုထောက်ပံ့ကူညီပေးနိုင်ဖို့သဘောတူညီပါက၊ မြူးနစ်မြို့က Goethe-Institut ဌာနချုပ်ကိုထောက်ခံချက်ရေးသားပို့ပေးမည်ဖြစ်သည်။ ဌာနချုပ်တွင်ရှိသည့်ကော်မတီတစ်ရပ်က ထောက်ပံ့ငွေပမာဏကိုဆုံးဖြတ်ပေးသွားမည်ဖြစ်ပါသည်။
ကော်မတီအနေဖြင့်တစ်နှစ်တွင်လေးကြိမ်တွေ့ဆုံပါသည်။
- ဖေဖော်ဝါရီလအစပိုင်း။ ။လျှောက်ထားရမည့်နောက်ဆုံးရက် - ဒီဇင်ဘာလ (၁) ရက်
- ဧပြီလကုန်။ ။လျှောက်ထားရမည့်နောက်ဆုံးရက် - မတ်လ (၁) ရက်
- ဇူလိုင်လကုန်။ ။လျှောက်ထားရမည့်နောက်ဆုံးရက် - ဇွန်လ (၁) ရက်
- နို၀င်ဘာလအစပိုင်း။ ။လျှောက်ထားရမည့်နောက်ဆုံးရက် - စက်တင်ဘာလ (၁၅) ရက်
ပညာရပ်ဆိုင်ရာနှင့်လူမှုသိပ္ပံလေ့လာရေးဆိုင်ရာစာအုပ်များအတွက်လျှောက်ထားလွှာများကို ကော်မတီက ဖေဖော်ဝါရီလနှင့်ဇူလိုင်လတွေ့ဆုံပွဲများတွင်ဆုံးဖြတ်ပါသည်။
ဘာသာပြန်တည်းဖြတ်မူတွင် ပုံနှိပ်ရန် Goethe-Institut ၏လိုဂိုကို ဤနေရာတွင်ကြည့်ပါ။