အောက်တိုဘာ ၁-၁၅ KinoFest 2023

KinoFest ဂျာမန်ရုပ်ရှင်ပွဲတော်ကို ဒုတိယအကြိမ်မြောက် Goethe-Institut ကစီစဉ်တင်ဆက်လိုက်ပါပြီ။ ဤရုပ်ရှင်ပွဲတော်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ပြသသွားမည်ဖြစ်သည်။ အရှေ့တောင်အာရှရှိ Goethe-Institut (၈) ခုတို့ကအတူပူးပေါင်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း ရုပ်ရှင်များကို စုစည်းတင်ဆက်သွားမည်ဖြစ်သည်။ 

KinoFest 2023, Myanmar ©Goethe-Institut

ဂျာမန်စာကိုသင်ယူပါ

အောင်မြင်မှုဆီသို့အတွေ့အကြုံများဖြင့်

language class © Goethe-Institut Myanmar / Paragon Cre8tive

Goethe-Institut ကဂျာမန်ဘာသာစကားကို ကမ္ဘာတဝှမ်းသို့ ယူဆောင်လာပေးပါပြီ။ နိုင်ငံပေါင်း (၉၀) ကျော်တွင် ဂျာမန်ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများ ဖွင့်လှစ်ကျင်းပပေးနေပါသည်။

  • လိုအပ်မှုတိုင်းအတွက်သင့်လျော်ကောင်းမွန်သောဖြေရှင်းနည်း
  • အဆင့်တိုင်းတွင်ကောင်းမွန်စွာဂရုစိုက်ကိုင်တွယ်ခြင်း
  • နိုင်ငံတကာအသိမှတ်ပြုဘာသာစကားအထောက်အထားလက်မှတ်

ယဉ်ကျေးမှု

စီမံကိန်းများ

Open Call
Expanded Curatorial Practice & Exhibition Making Training

Goethe-Institut မြန်မာမှ အနုပညာပြပွဲစီမံခန့်ခွဲမှုဆိုင်ရာအလေ့အကျင့်ကိုချဲ့ထွင်နိုင်ရန် သင်တန်းတစ်ရပ်ကို စီစဉ်ပို့ချသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနုပညာအခင်းအကျင်းတွင် ပြပွဲစီမံခန့်ခွဲမှုဆိုင်ရာပညာရှင်များ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုသင်တန်းအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းသာမက အမြို့မြို့ အနယ်နယ်မှ​စိတ်ပါ၀င်စားသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ အဓိကပို့ချမှုများကို documenta Institut မှ Prof. Dr. Mi You မှ ဦးဆောင်သွားမည်ဖြစ်ပြီး ထပ်ထိုးသင်တန်းတိုများ၊ စကား၀ိုင်းဆွေးနွေးခြင်းများလည်းပါရှိပါသည်။  
 

Expanded Curatorial Practice & Exhibition Making Training ©Goethe-Institut Myanmar

စီမံကိန်းပူးပေါင်းဆောင်ရွက်မှု
Myanmar Photo Archive

Myanmar Photo Archive နှင့် Goethe-Institut Myanmar တို့သည် မြန်မာ့ဓာတ်ပုံသမိုင်းကြောင်းကို ပိုမိုကျယ်ပြန့်စွာသိရှိစေနိုင်မည့် စီမံကိန်းကိုပူးပေါင်းဆောင်ရွက်မည်အကြောင်း ၀မ်းမြောက်စွာကြေညာအပ်ပါသည်။ Goethe-Institut Myanmar ၏နှစ်နှစ်တာအထူးထောက်ပံ့ကူညီမှုဖြင့် Myanmar Photo Archive သည်တဖန်အသက်ဝင်လာပြီဖြစ်ပြီး မြန်မ့သမိုင်းကြောင်းဆိုင်ရာ ဓာတ်ပုံမော်ကွန်းအားပိုမိုကျယ်ပြန့်လာစေနိုင်မည့်စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန်ရှိပါသည်။
 

Collaboration with Myanmar Photo Archive ©Goethe-Institut Myanmar

ထင်ဟပ်မျှ၀ေတွဲလက်တွေ (ဒုတိယပိုင်း)

ထပ်မံတက်ရောက်လိုသူတွေရော၊ စိတ်ပါ၀င်စားမှုများစွာ ရရှိခဲ့တာကြောင့် ယခုနှစ် ၂၀၂၃ ခုနှစ်မှာလည်း ဒီအစီအစဉ်လေးကို ဆက်လက်ပြုလုပ်သွားမယ်ဆိုတဲ့ အကြောင်းလေးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ အတူမျှ၀ေခြင်း၊ ဂရုစိုက်ပေးခြင်းတွေကို အခြေခံထားတဲ့ ဒီအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့နေ့စဉ် ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ မပြေလည်မှုတွေ၊ စိတ်ပင်ပန်းမှုတွေကို အနုပညာ ကြားခံနယ်ကနေတစ်ဆင့် ဖြေထုတ်၊ ဖော်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း) © Goethe-Institut Myanmar/ TheeOoThazin

စာကြည့်တိုက်

အမျိုးအစားစုံလင်၊ အားလုံးအတွက်

ကျွန်ုပ်တို့၏စာကြည့်တိုက်သည် စာဖတ်လိုသူ၊ ဂီတကိုနားဆင်လိုသူ၊ ရုပ်ရှင်ကြည့်လိုသူ၊ စိတ်ကူးစိတ်သန်းရလိုသူ၊ လူအများနှင့်တွေ့ဆုံလိုသူအားလုံးအတွက် နေရာလေးတစ်ခုဖြစ်ပါတယ်။

ဖွင့်ချိန်များ

တနင်္လာ - ဗုဒ္ဓဟူး: နံနက် ၉း၃၀ မှ ညနေ ၅း၀၀
သောကြာ - တနင်္ဂနွေ: နံနက် ၉း၃၀ မှ ညနေ ၅း၀၀

Library ©Goethe-Institut Myanmar

ပွဲခန်းမ

ငှားရမ်းရန်

ယဥ်ကျေးမှုနှင့်ပညာရေးဆိုင်ရာအခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တင်ဆက်မှုများနဲ့ပြပွဲအစီအစဥ်များအတွက် Goethe-Institut Myanmar ရဲ့ Auditorium (ပွဲခန်းမ) ကိုငှားရမ်းအသုံးပြုနိုင်ပါပြီ။

ကျွန်ုပ်တို့၏ပွဲခန်းမကိုငှားရမ်းရန်စိတ်ဝင်စားပါက ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 

Auditorium ©Goethe-Institut Myanmar

ကျွန်ုပ်တို့ထံလာလည်ပါ Goethe-Institut မြန်မာ

လိပ်စာ

ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊
Myanmar

ဆက်သွယ်ရန်

ဖုန်း

+၉၅ ၁ ၉၃၇၆၁၆၀

အီးမေးလ်

info-yangon@goethe.de

ရုံးချိန်များ

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာ: နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီ
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး: မနက် (၉း၃၀) မှ ညနေ (၅း၀၀) နာရီ
သောကြာ၊ စနေ၊ တနင်္ဂနွေ: မနက် (၉း၃၀) မှ ညနေ (၅း၀၀) နာရီ
ကြာသပတေးနေ့နှင့်အများပြည်သူရုံးပိတ်ရက်: ပိတ်သည်
Goethe-Institut Myanmar ©Goethe-Institut Myanmar

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက