Logo Goethe-Institut

မြန်မာ

Goethe-Institut ၏ သတင်းပေးတိုင်ကြားမှုစနစ်

တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်းသည် ပြင်ပမှသက်ဆိုင်သူများ၊ Goethe-Institut မှ ဝန်ထမ်းများ သို့မဟုတ် အဖွဲ့အစည်းတစ်ခုအနေဖြင့် Goethe-Institut ကိုယ်တိုင်ဖြစ်စေ မည်သူမဆို ထိခိုက်နစ်နာနိုင်သည်။ Goethe-Institut ၏ သတင်းပေးစနစ်သည် ဖြစ်နိုင်ချေရှိသော ဥပဒေ နှင့် စည်းမျဉ်းချိုးဖောက်မှုများ ကို အစောပိုင်းအဆင့် တွင် သိရှိနိုင်ရန် နှင့် သင့်လျော်သော တန်ပြန်ဆောင်ရွက်မှုများ ကို စတင်ရန်အတွက် အရေးကြီးသော ကြိုတင်သတိပေးစနစ်တစ်ခု ဖြစ်ပါသည်။

သတင်းပေးခြင်း

Goethe-Institut ၏လုပ်ငန်းခွင်နှင့် စပ်လျဉ်းသည့် ဥပဒေ သို့မဟုတ် စည်းကမ်းချိုးဖောက်မှုများကို သတင်းပေးအစီရင်ခံရန် သင့်အား ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်။ ၎င်းရည်ရွယ်ချက်အတွက် ကျယ်ပြန့်သော သတင်းပေးစနစ်တစ်ခု ပြင်ဆင်ပေးထားသည်။ ဤစနစ်ကို အသုံးပြု၍ အထူးသဖြင့် အောက်ပါကိစ္စရပ်များအတွက် သတင်းပို့တိုင်ကြားနိုင်ပါသည်။

  • အကျင့်ပျက်ခြစားမှု နှင့် ငွေကြေးခဝါချမှု
  • ခိုးမှု
  • အကျိုးစီးပွားပဋိပက္ခများ (မိမိကိုယ်ကျိုးစီးပွားတစုံတရာအတွက် ကျင့်ဝတ်မစောင့်ထိန်းခြင်း)
  • အနှောင့်အယှက်ပေးခြင်း/ ခွဲခြားဆက်ဆံခြင်း
  • လူ့အခွင့်အရေးချိုးဖောက်မှုများ
တို့ကို သတင်းပို့တိုင်ကြားနိုင်သည်။ အကျင့်ပျက်ခြစားမှု ဖြစ်နိုင်သည့် သတင်းပေးနိုင်ကြားချက် မှန်သမျှကို ဘက်လိုက်မှုမရှိသော၊ ပွင့်လင်းမြင်သာသော၊ သမာသမတ်ကျသော လုပ်ငန်းစဉ်ဖြင့် အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးပါသည်။ ဤရည်ရွယ်ချက်အတွက် စံသတ်မှတ်ထားသော ရှင်းလင်းကိုင်တွယ်မှုလုပ်ငန်းစဉ်ကိုလည်း ချမှတ်ထားပါသည်။ အသေးစိတ် အချက်အလက်များ သိလိုပါက "Rules of Procedure for the Whistleblowing System".
(သတင်းပေးတိုင်ကြားသူစနစ်အတွက် လုပ်ထုံးလုပ်နည်းများ) စာမျက်နှာ ကို ဖတ်ရှုနိုင်ပါသည်။ တရားမျှတမှန်ကန်သည့် သတင်းပေးတိုင်ကြားမှုများအတွက်၊ သတင်းပေးသူအား မည်သည့်ထိခိုက်နစ်နာမှုကို မှ မရရှိစေရကြောင်း သေချာအောင် Goethe-Institut မှ တတ်စွမ်းသလောက် ကြိုးပမ်းပါမည်။

သတင်းပေးတိုင်ကြားနိုင်သည့် လမ်းကြောင်းများ

Goethe-Institut ၏ သတင်းပေးတိုင်ကြားမှုစနစ် ကို အောက်ပါလမ်းကြောင်းများမှ တဆင့် ဆောင်ရွက်နိုင်သည်။
  • အွန်လိုင်းသတင်းပေးသူ စာမျက်နှာ ကို ကမ္ဘာတစ်ဝှမ်း ၂၄ နာရီ ကာလပတ်လုံး ဂျာမန် နှင့် အင်္ဂလိပ်ဘာသာဖြင့် အသုံးပြုနိုင်ပါသည်။ ထိုပေါ်တယ်မှတဆင့် အမည်မဖော်လိုသော အစီရင်ခံစာများကို တင်သွင်းနိုင်သည်။ ပေါ်တယ် သို့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ပါ။ Goethe Institut e.V. | Startseite (integrityline.app)
  • စည်းမျဥ်းချိုးဖောက်မှုအစီရင်ခံစာများကို အောက်ပါအီးမေးလ်လိပ်စာ သို့ အီးမေးလ်ဖြင့် ပေးပို့နိုင်သည်- hinweisgeber@goethe.de သို့မဟုတ်
  • အောက်ပါ စာတိုက်လိပ်စာသို့ စာဖြင့် ပို့နိုင်သည်။
Goethe-Institut e.V.
Abteilung Finanzen und Recht
z.Hd. Beauftragte/r für Compliance und Integrität
Persönlich/Vertraulich
Oskar-von-Miller-Ring 18
80333 Munich

ကျွန်ုပ်တို့၏ သင်တန်းများ နှင့် စာမေးပွဲများ၏ အရည်အသွေး နှင့်ပတ်သက်သည့် တိုင်ကြားချက်များကို Goethe-Institut ၏ သတင်းပေးတိုင်ကြားမှုစနစ်မှတစ်ဆင့် ဆောင်ရွက်မည်မဟုတ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ စာမေးပွဲများ သို့မဟုတ် သင်တန်းများ နှင့်ပတ်သက်၍ တိုင်ကြားလိုသည်များရှိပါက သင်တက်ရောက်နေသည့် သင်တန်း/ စာမေးပွဲ ကျင်းပသည့် သင်တန်းကျောင်းမှ "သင်တန်းများ နှင့် စာမေးပွဲများ" ဌာန၏ တာဝန်ရှိအကြီးအကဲထံ သို့ ဆက်သွယ်နိုင်ပါသည်။

တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးရာတွင် စောင့်ထိန်းရသည့် ဒေတာအချက်အလက်ကာကွယ်မှုဆိုင်ရာအကြောင်းအရာအားလုံးကို ဤနေရာတွင် ဖတ်ရှု နိုင်ပါသည်။