Foto: Goethe-Institut Myanmar/ Paragon Cre8tive
ကျွန်ုပ်တို့၏ကမ်းလှမ်းချက်များ
Goethe-Institut သည် ဂျာမန်ဘာသာစကားကို ကမ္ဘာကြီးအတွင်းသို့ ယူဆောင်လာပေးပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံပေါင်း (၉၀) ကျော်တွင် ဂျာမန်ဘာသာစကား သင်တန်းများ ဖွင့်လှစ်ထားပြီး စာမေးပွဲများလည်း ကျင်းပပေးလျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ အမျိုးမျိုးအထွေထွေသော အွန်လိုင်း လေ့ကျင့်ခန်းများ နှင့် ဂျာမန်ဘာသာစကားပြော ရပ်ဝန်းအတွင်း ဂျာမန်ဘာသာစကားကို အခမဲ့ လေ့ကျင့်နိုင်ပါသည်။ ဂျာမန်ဘာသာစကား သင်ကြားသော ဆရာ၊ ဆရာမများအတွက် အထောက်အကူပြု ပစ္စည်းများနှင့် သင်တန်းအခွင့်အလမ်းများကိုလည်း ရှာဖွေနိုင်ပါသည်။
ဂျာမန်ဘာသာစကားသင်ကြားပို့ချခြင်း
Goethe-Institut သည် ဂျာမန်ဘာသာစကားသင်ကြားသော ဆရာ၊ ဆရာမများအတွက် ကျွမ်းကျင်မှုအဆင့် မြှင့်တင်ခြင်းအစီအစဥ်များ ပြုလုပ်ဆောင်ရွက်ပေးရာတွင် တစ်ကမ္ဘာလုံးအဆင့် အဓိကဦးဆောင်လျှက်ရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် (သို့) ဂျာမနီနိုင်ငံတွင် (သို့) အ၀ေးသင်စနစ်ဖြင့်သင်ကြားနိုင်သော အစီအစဥ်များစွာကို ကမ်းလှမ်းပေးထားပါသည်။
ဂျာမန်စကားကို အခမဲ့ လေ့ကျင့်ပါ။
ကျွန်ုပ်တို့၏ A1 မှ C2 အဆင့်ထိ အမျိုးအစားစုံလင်သော အွန်လိုင်းလေ့ကျင့်ခန်းများကို အသုံးပြု၍ သင်၏ ဘာသာစွမ်းရည်တိုးတက်ရန် လေ့ကျင့်ပါ။