Goethe-Villa ပြုပြင်ထိန်းသိမ်းမှုနှင့် အဆောက်အဦးပန္နက်ချအခမ်းအနား

  • Goethe Villa အတွင်းဘက်မြင်ကွင်း Foto: Beatrice Minda

    ငှားရမ်းမှုသဘောတူညီမှုကို လေးနှစ်စာစာချုပ်နှင့်ဆောက်လုပ်ခွင့်ပါမစ်ရရှိပြီးနောက် မြန်မာနိုင်ငံရှိ အနာဂါတ် Goethe-Institut ပရဝုဏ်ဖြစ်လာမည့် ဗီလာအဟောင်းကို ပြုပြင်ထိန်းသိမ်းရန်လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ပြီဖြစ်သည်။

  • Goethe-Institut Myanmar © Goethe-Institut Myanmar

  • တရားနာပရိတ်သတ်များ Foto: Maro Verli

    ကနဦးက ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Frank Walter Steinmeier ကပန္နက်ချအခမ်းအနားကို လာရောက်ရန်ရည်ရွယ်ထားသော်လည်း ကံမကောင်းစွာဖြင့်အနီးကပ်တွင် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည်။ ထို့အတွက် ဂျာမန်သံရုံးမှ လုပ်ဖော်ကိုင်ဖက်များ၊ ဂျာမန်အဖွဲ့အစည်းများနှင့် အင်စတီကျူ့၏ရင်းနှီးသောမိတ်ဆွေများနှင့်အတူ အခမ်းအနားကို အကျဉ်းရုံးကျင်းပခဲ့ပါသည်။

  • သံဃာတော်များနှင့်အခမ်းအနား Foto: Maro Verli

    အနီးအနားရှိ အောင်မြေသုခကျောင်းတိုက်မှ သံဃာတော်များက မြေသန့်ရှင်းရန်တရားတော်နာကြားစေခဲ့သည်။

  • သံဃာတော်များနှင့်အခမ်းအနား Foto: Maro Verli

    တရားတော်နာကြားစေပြီး ဆောက်လုပ်ရေးနှင့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် အဆင်ပြေချောမွေ့စေရန် ဆုတောင်းပေးခဲ့သည်။

  • ဘုရားဆင်းတုတော်နှင့်သံဃာတော်များ Foto: Maro Verli

    ပထမထပ်တွင်ထားရှိမည့် ဗုဒ္ဓဆင်းတုတော်က ဗီလာနှင့်ဧည့်သည်တော်များကို မကောင်းသည့်ဘေးဥပဒ်အန္တရယ်များမှကာကွယ်ပေးမည်ဖြစ်သည်။

  • ရေစက်ချခြင်း Foto: Maro Verli

    ရေစက်ချခြင်းသည် ကုသိုလ်ကောင်းမှုကို မြေနတ်သမီးထံသို့အမျှဝေခြင်းကို ကိုယ်စားပြုသည်။

  • သံဃာတော်များအားလှူဒါန်းခြင်း Foto: Maro Verli

    အခမ်းအနားတွင် သံဃာတော်များကို သင်္ကန်းနှင့်အခြားလှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

  • စာချုပ်လက်မှတ်ရေးထိုးခြင်း Foto: Maro Verli

    ဂျာမန်သံအမတ် Christian-Ludwig Weber-Lortsch နှင့် Tokyo Enterprise မှဆောက်လုပ်ရေးတာဝန်ခံ Shigeo Hana တို့ကဂျာမန်ိနုင်ငံခြားရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအမှာစာကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါသည်။

  • ဒါရိုက်တာနှင့်ဗိသုကာပညာရှင် Foto: Maro Verli

    ပန္နက်ချအခမ်းအနားအတွက် အားလုံးပြင်ဆင်ပြီးဖြစ်သည်။

  • Stefan Weeke နှင့် Meike Goosmann Foto: Maro Verli

    အခမ်းအနားတွင် ဘာလင်မှ Meike Goosmann နှင့် Stefan Weeke တို့လည်းပါဝင်ခဲ့ကြသည်။

  • နောက်ဆုံးညွန်ကြားမှု Foto: Maro Verli

    နောက်ဆုံးညွန်ကြားမှု

  • ပန္နက်ချခြင်း Foto: Maro Verli

    ဂျာမန်သံအမတ် Weber-Lortsch၊ ဗိသုကာပညာရှင် ကျော့ကလျာ (ရန်ကုန်)၊ ဗိသုကာပညာရှင် Oliver Gerhartz (ဘာလင်) နှင့် ဆောက်လုပ်ရေးတာဝန်ခံ Shigeo Hana

  • အောင်မြင်ပါစေ။ Foto: Maro Verli

    အဆင်ပြေချောမွေ့သောဆောက်လုပ်ရေးဖြစ်စေရန် ဆန္ဒပြုခြင်းနှင့် တစ်နှစ်အတွင်း Goethe ဗီလာအသစ်၏ သမိုင်းသစ်ကို စတင်နိုင်ရန် မျှော်လင့်ပါသည်။ (ဘယ်မှညာ - ရန်ကုန်အနုပညာတက္ကသိုလ်မှ ဦးမြတ်သူရ (မြေရှင်)၊ Shigeo Hana ၏ဇနီး ဒေါ်မဉ္ဇူမြင့်နှင့် Tokio Enterprise မှမိတ်ဆွေများ)

  • အနာဂါတ်စားသောက်ဆိုင်ပုံစံ Foto: Goethe Institut

    အနာဂါတ်စားသောက်ဆိုင်ပုံစံ

  • ပွဲခန်းမ Foto: Goethe Institut

    ဗီလာအဟောင်းနှင့်အတူ စာကြည့်တိုက်နှင့်ပွဲခန်းမအဆောက်အဦးသစ်

  • Goethe အဖွဲ့သားများ Foto: Maro Verli

    Goethe Institut မြန်မာတည်ထောင်ခြင်းသမိုင်းသစ်၏အရေးပါသောနောက်ခြေလှမ်းသစ်ကိုစတင်ခဲ့ပြီဖြစ်သည်။

  • ဆောက်လုပ်ရေးလုပ်ငန်းများ Foto: Maro Verli

    ဆောက်လုပ်ရေးလုပ်ငန်းများစတင်ခြင်း - (၄) ရက်အကြာ ...