ACADEMY OF CARE

Academy of Care ©Goethe-Institut Myanmar

Academy of Care သည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သော ကျွန်ုပ်တို့၏ ထင်ဟပ်မျှဝေတွဲလက်တွေ အစီအစဉ် (Program of Care) မှ ဖြစ်ပေါ်လာပါသည်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ နောက်ပိုင်း၌ Academy of Care ကို မိတ်ဆက်ပေးရ၍ ဝမ်းသာပီတိဖြစ်ရပါသည်။ Academy of Care သည် နည်းပြဆရာကို လေ့ကျင့်သင်ကြားပေးသည့် စွမ်းရည်တည်ဆောက်မှု အစီအစဉ်သစ်တစ်ရပ်ဖြစ်ပြီး၊ တီထွင်ဖန်တီးမှုပါသောဖော်ထုတ်တင်ပြမှုပုံစံတို့မှနေ၍ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို စွမ်းရည်မြှင့်တင်ပေးလျှက်၊ နောင်လာမည့် နှစ်နှစ်တာကာလအတွင်း စိတ်ကျန်းမာရေးကိစ္စရပ်များ၊ စိတ်ဒဏ်ရာကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ရောနှောပေါင်းစပ်ထားသော မော်ဂျူးအလိုက်စီစဉ်ထားသည့် အစီအစဉ်ဖြင့် နည်းပြဆရာကို Academy of Care က လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါသည်။ အနုပညာ၊ ဂီတနှင့် ပြဇာတ်ကုထုံးနယ်ပယ်ရှိ သမားရိုးကျမဟုတ်သော ပညာရေးမြှင့်တင်ပေးခြင်းလည်းဖြစ်သည်။ ဤအစီအစဉ်မှာ စိတ်ရောဂါဆိုင်ရာ၊ စိတ်ပညာဆိုင်ရာနည်းစနစ်တို့ကို နည်းလမ်းသစ် ကုထုံးဆိုင်ရာချည်းကပ်မှုများ၊ ကုသမှုဆိုင်ရာအလေ့အကျင့်တို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ် သင်တန်းသားခေါ်ယူခြင်း

Academy of Care အစီအစဉ် - စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်အဖြစ် သင်တန်းသား ဆရာဖြစ်သင်တန်းတစ်ရပ်ကို နှစ်လတာပြုလုပ်သွားမည်ဖြစ်ပါသည်။ ဒုတိယအကြိမ်သင်တန်းသားခေါ်ယူမှုအတွက် သင်တန်းသား (၁၀) ဦးအထိ လက်ခံ သင်ကြား ပေးသွားမည်ဖြစ်ပြီး  အပြည့်အ၀ ပညာသင်ခွင့်ကို ပေးအပ်သွားမည်ဖြစ်ပါသည်။

သင်တန်းစတင်ခြင်း

Goethe-Institut Myanmar ကစီစဉ်ပြီး နယ်သာလန်သံရုံး (Embassy of the Kingdoms of the Netherlands) ၏ပံ့ပိုးမှုဖြင့် ပထမအကြိမ် Academy of Care အစီအစဉ် ကနဦးအဆင့်အနေနှင့် သင်တန်းသား ဆရာဖြစ်သင်တန်းတစ်ရပ်ကို နိုဝင်ဘာလ ၂၈ ရက်မှစတင်ပြီး နှစ်လတာပြုလုပ်သွားမည်ဖြစ်ပါသည်။

သင်တန်းအစီအစဉ် ပထမပိုင်းတွင် စိတ်ကျန်းမာရေး၊ စာနာမှု၊ စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုနည်း၊ စိတ်ဒဏ်ရာနှင့် စိတ်ဖိစီးမှုစီမံခန့်ခွဲရေးတို့ကို လေ့လာကြရမည်ဖြစ်ပြီး ဒုတိယပိုင်းမှာတော့ မိမိရွေးချယ်ထားသည့်လူမှုအဖွဲ့အစည်းတွင် နှစ်ပတ်ကြာ ကွင်းဆင်းသုတေသနတစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပါသည်။ တတိယပိုင်းတွင် တစ်ဦးချင်း အတွေ့အကြုံတွေကို နက်နက်နဲနဲအကဲဖြတ်သုံးသပ်ပြီး ဇီဝစိတ်ပိုင်းလူမှုရေးရာ ချဉ်းကပ်မှုများ၊ စာနာမှုပါသည့်ဆက်ဆံရေးနှင့်လူ့အဖွဲ့အစည်းပြဇာတ်အလေ့အထများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ နောက်ဆုံး စတုတ္ထပိုင်းတွင် ဌာနေ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာမှကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသင်တန်းဆရာများက သင်တန်းသား/သူများအား ဂီတကုထုံးကဲ့သို့ ဆန်းသစ်သောပုံစံများကို မိတ်ဆက်သင်ကြားပေးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းမှ သင်တန်းသားလျှောက်လွှာများကို နိုဝင်ဘာလ ၅ ရက်နေ့တွင် နောက်ဆုံးထားလက်ခံခဲ့ပြီး ဆန်ခါတင်ရွေးချယ်ခံရသည် သင်တန်းသားများကို သင်တန်းဆရာများကိုယ်တိုင် အဆင့်ဆင့် အင်တာဗျူးများပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးရွေးချယ်ခံရသည့် မြန်မာနိုင်ငံတစ်ဝန်း နယ်ပယ်အသီးသီးမှ သင်တန်းသားများမှ ၁၀ ဦးတိတိကို အပြည့်အ၀ ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်သွားမည်ဖြစ်ပါသည်။

ယခုပြုလုပ်သည့် Academy of Care နှစ်လတာသင်တန်းသည် ပထမအကြိမ်ဖြစ်ပြီး နောက်လာမည့် (၂) နှစ်တာကာလအတွင်း သင်တန်းများ ထပ်မံလုပ်ဆောင်သွားရန်လည်းရှိပါသည်။
 

စီမံကိန်းအကြောင်းအရာ

အမျိုးမျိုးသောစိတ်ခံစားမှုများကိုအခြေပြု၍ ရလာသည့်စိတ်ဒဏ်ရာများကို ကောင်းစွာနားလည်လက်ခံ၍ ပြန်လည်ထိန်းချုပ်နိုင်ရန်လိုအပ်မှုသည် လက်ရှိမြန်မာနိုင်ငံအတွက် အထူးအရေးကြီးနေပါသည်။ စိတ်ကျန်းမာရေးဟူသည့်ခေါင်းစဉ်အောက်တွင် နားလည်မှုလွဲမှားစွာဖြင့် ဖယ်ထုတ်ခဲ့ကြသော်လည်း ကိုဗစ်ကာလအလွန်တွင် ပိုမိုနားလည်လက်ခံလာနိုင်ပြီး မည်သို့ကိုင်တွယ်ဖြေရှင်းရမည်၊ မည်သို့သောအကူအညီများကိုရယူ၍ မိမိခံစားနေရသောအခြေအနေများမှ လွန်မြောက်ရန် ကြိုးစားလာသည်များကို တွေ့ရှိလာရပါသည်။

Academy of Care သည် ကျွမ်းကျင်ပညာရပ်များကို လက်ဆင့်ကမ်းမျှ၀ေသွားနိုင်မည့်သင်ကြားရေးပုံစံတစ်ခုကို နှစ်ရှည်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ လေ့လာသင်ယူခဲ့ရသည်များနှင်အတွေ့အကြုံများကိုပေါင်းစပ်၍ အချင်းချင်းချိတ်ဆက်ပြီး လူအများကြုံတွေ့နေရသည့် စိတ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့်လူများဖြစ်လာစေမည်ဖြစ်ပါသည်။ တီထွင်ဆန်းသစ်၍ ကွဲပြားသည့်နည်းလမ်းများဖြင့်ချဉ်းကပ်ခြင်းဖြင့်လည်း လက်မခံနိုင်မှုများ အစွဲများကို ချေဖျက်နိုင်မည်ဖြစ်ပါသည်။ နောက်လာမည့်နှစ်များတွင် သင်တန်းကာလပြီးမြောက်ပြီးသည့်နောက် ကိုယ်ပိုင်စီမံကိန်းများ စိတ်ကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များလုပ်ဆောင်နိုင်စေရန်အတွက် ထောက်ပံ့ကြေးပေးအပ်မည့်အစီအစဉ်များလည်း ပါရှိလာမည်ဖြစ်ပါသည်။

Academy of Care အစီအစဉ်၏ ပထမပိုင်းအစီအစဉ်တွင် ၂ လတာကြာမြင့်သည့် သင်တန်းတစ်ရပ်ကို ပို့ချသွားမည်ဖြစ်ပြီး ကွဲပြား၍ ဆန်းသစ်သည့်နည်းလမ်းများဖြင့် ကုထုံးအမျိုးမျိုးသို့ ချဉ်းကပ်နိုင်မည့် သင်ခန်းစာများကို ပို့ချသွားမည်ဖြစ်ပါသည်။
သင်တန်းကာလအတွင်းတွင် သင်တန်းတက်ရောက်သူများအနေဖြင့် လက်ရှိလူ့အဖွဲ့အစည်းအတွင်းတွင် ဖြစ်ပေါ်နေသော လိုအပ်ချက်များနှင့် မည်သို့ကူညီထောက်ပံ့ရန်လိုအပ်သည်များကို ခွဲခြားဆုံးဖြတ်နိုင်ရန်အတွက် နှစ်ပတ်တာ ကွင်းဆင်းလေ့လာရမည့်အစီအစဉ်လည်းပါရှိပါသည်။

ထို့နောက် မိမိတို့လေ့လာတွေ့ရှိလာသည်များကို အနုပညာ၊ ဂီတနှင့်ပြဇာတ်ပုံစံ အသီးသီးဖြင့် ချဉ်းကပ်နိုင်ရန်အတွက် ကျွမ်းကျင်သူများမှ အနီးကပ်ပို့ချမည့် သင်ခန်းစာများကို ရက်သတ္တ ၃ ပတ်ခန့် ဆက်လက်လေ့လာသင်ယူရမည်ဖြစ်သည်။ သင်ခန်းစာများအားလုံးပြီးမြောက်ပြီးနောက် သက်ဆိုင်ရာနေရာဒေအသီးသီး၏ လိုအပ်သည့်နေရာများတွင် ပြန်လည်၍ လုပ်ငန်းရပ်များလုပ်ဆောင်ခြင်း၊ ပြန်လည်မျှ၀ေခြင်းများကိုပြုလုပ်နိုင်မည်ဖြစ်သည်။
သင်ရိုးညွှန်းတန်းများကို နိုင်ငံတကာသင်တန်းဆရာများကဦးဆောင်‌ရေးဆွဲထားသည်။ အဆိုပါ စီမံကိန်း၏အဓိကဒေသခံ လုပ်ဖော်ကိုင်ဖက်များနှင့်အကြံပေးများဖြစ်ကြသည့် ဒေါက်တာ စမ်းစမ်းဦးနှင့် ဒေါက်တာ အောင်မင်းတို့သည် အစီအစဉ်ကို ဒီဇိုင်းရေးဆွဲခဲ့ကြပြီး သင်ရိုးညွှန်းတမ်းကိုလည်း ညှိနှိုင်းအကောင်အထည်ဖော်ခဲ့ကြသည်။
အခြေအနေအကြောင်းအမျိုးမျိုး‌ကြောင့် ၎င်းကိုခွင့်ပြုခြင်း မရှိသောကြောင့် ၊ Academy of Care အစီအစဉ်သည် အသိအမှတ်ပြုထား သောလေ့ကျင့်ရေး အစီအစဉ်တစ်ခုဖြစ်သည်ဟု အခိုင်အမာ မဆိုပါ ။ သင်တန်းပြီးမြောက်ခြင်းလက်မှတ်ချီးမြှင့်ပြီး ဘာသာရပ်တစ်ခုထက်ပိုသော အစီအစဉ်တစ်ခုဖြစ်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းအလွန်နည်းပါးနေသော အခြေအနေတစ်ရပ်တွင် ၎င်းသည် ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းသစ်များသာမက ယဉ်ကျေးမှုနှင့်သက်ဆိုင်သော အခြေခံအုတ်မြစ်များတည်ဆောက်ခြင်းနှင့် / သို့မဟုတ် တည်ဆောက်ရာတွင်ဖြည့်စွက်နိုင်မည့်  ကွက်လပ်ကို အထောက်အပံ့ဖြစ်လာနိုင်လိမ့်မည်ဖြစ်သည်။

အခြားသောအဖွဲ့သစ်များ၊ နေရာဒေသများကို ထိရောက်မှုရှိစေရန်နှင့် ရေရှည်အကျိုးသက်ရောက်မှုရှိစေရန် မဟာဗျူဟာကျကျရေးဆွဲထားသည်။ Academy of Care အစီအစဉ်မှတဆင့် မိမိကိုယ်တိုင်ထူထောင်နိုင်ရန်အတွက် စွမ်းဆောင်အထောက်အပံ့ဖြစ်နိုင်ပြီး ယဉ်ကျေးမှုနှင့်သက်ဆိုင်သော အခြေခံအုတ်မြစ်များတည်ဆောက်ရန်နှင့်တည်ဆောက်ထားသည်များကို ဖြည့်စွက်နိုင်ရန် ရည်ရွယ်သည်။

နှစ်နှစ်တာသင်တန်းကာလများပြီးဆုံးပါက သင်တန်းသားဦးရေ (၆၀) မှ (၉၀) ခန့်သည် မိမိတို့လေ့လာသင်ယူနိုင်အားပေါ်မူတည်၍ ကိုယ်ပိုင်စီမံကိန်းများစတင်နိုင်ခြင်း၊ သက်ဆိုင်ရာနယ်ပယ်အတွင်း လုပ်ငန်းများစတင်လုပ်ဆောင်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် မိမိတို့ဒေသအသီးသီးတွင် စိတ်နှင့်စိတ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိရှိမှုနှင့် တိုးတက်ပြောင်းလဲမှုများကို ရေရှည်အတွက်ရှေးရှုဖော်ဆောင်နိုင်မည်ဖြစ်သည်။

ကိုယ်ချင်းစာတရားနှင့်စောင့်ရှောက်မှုကိုအခြေတည်သည့် ဗဟုသုတမျှ၀ေရေးနှင့်ရေရှည်ဆက်နွယ်မှုအတွက် တွန်းအားဖြစ်စေမည့် အခြေခံအဆာက်အဦးတစ်ရပ်ကိုဖော်ဆောင်သွားနိုင်ရန်လည်း ရည်ရွယ်ပါသည်။

စီမံကိန်း၏လက်ရှိအဓိကမိတ်ဖက်မှာ Aung Min Mental Health Clinic ဖြစ်ပါသည်။

သင်ကြားပို့ချမည့်သူများအဖြစ် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမှဖိတ်ခေါ်ထားသော အနုပညာ၊ ဂီတနှင့် ပြဇာတ်ဆိုင်ရာ ပညာရပ်/ဘာသာရပ်အသီးသီးတွင် ကျွမ်းကျင်သူများ၊ အတွေ့အကြုံရင့်ပညာရှင်များ ပါ၀င်မည်ဖြစ်ပါသည်။

Academy of Care ၏ကနဦးစီမံကိန်းလုပ်ငန်းဆောင်တာများအတွက် နယ်သာလန်သံရုံးနှင့် Goethe-Institut တို့မှ ပူးပေါင်း၍ ရံပုံငွေပါ၀င်ထားကြပါသည်။

စီမံကိန်းမှ အဓိကဖော်ဆောင်သွားမည့်လုပ်ငန်းစဉ်များသည် သက်ဆိုင်ရာနယ်ပယ်အတွင်း ကျွမ်းကျင်မှုနှင့်ပညာရပ်အသစ်များကို ယူဆောင်လာရန်ဖြစ်ပါသည်။ ကျောင်းအဆောက်အဦးကဲ့သို့ ထူထောင်ထားခြင်းမျိုးမဟုတ်ဘဲ အသိပညာဗဟုသုတများကို ထပ်တိုး ချဲ့ထွင် ဖြန့်ကျက်နိုင်မည့် အခြေခံအဆောက်အဦးအသွင်ဖြင့် လိုအပ်သည့်နေရာတွင် လိုအပ်သည့်သူတိုင်းနှင့် မျှ၀ေနိုင်မည့်ပုံစံဖြင့် တည်ရှိသွားမည်ဖြစ်ပါသည်။

လာမည်နှစ်နှစ်တာကာလအတွင်း Academy of Care အစီအစဉ်မှ အောက်ပါစီမံကိန်းပန်းတိုင်၊ ရည်ရွယ်ချက်များနှင့် လတ်တလောရလဒ်များအတွက်ဦးတည်ပြီး လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။

အနုပညာ၊ ဂီတ၊ ပြဇာတ်တို့ကိုအခြေခံ၍ အခြားသောပုံစံများပါ၀င်သည့် စိတ်ကုထုံးဆိုင်ရာပညာရပ်များကို ချဉ်းကပ်နိုင်သည့် ကျွမ်းကျင်မှုများကို လက်ဆင့်ကမ်းပေးနိုင်မည့် ပညာရေးပုံစံစနစ်တစ်ခုကိုထူထောင်၍ မြန်မာနိုင်ငံတွင်လိုအပ်သော စိတ်နှင့်စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ရေရှည်အထောက်အကူပြုသွားနိုင်ရန်။

၁) အနုပညာ၊ ဂီတနှင့်ပြဇာတ်ဆိုင်ရာပညာရပ်များ အပါအ၀င်ကို အသုံးပြုသည့်ကုထုံးများအခြေခံသည့် ဆရာဖြစ်သင်တန်း (၂) ခုမှ (၃) ခုအထိ ဖွင့်လှစ်သွားရန်။
၂) ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင်ပြုလုပ်သွားမည့် အစီအစဉ်တွင် သင်တန်းပြီးမြောက်ထားသူများထဲမှတင်ပြသည့် စီမံကိန်းများထဲမှ (၃) ခုမှ (၅) ခုထိရွေးချယ်၍ စီမံကိန်းများလည်ပတ်နိုင်မည့်ရံပုံငွေတစ်ရပ်ကို ထူထောင်ပေးရန်။

၁) နှစ်နှစ်တာအတွင်း အလားအလာရှိသော သင်တန်းသား ၆၀ မှ ၉၀ ဦးအထိသည် ကွဲပြားခြားနား၍ ဆန်းသစ်သော ကုထုံးများကို လေ့လာသင်ယူ၍ အဆိုပါဘာသာရပ်များကို ပြန်လည်ပို့ချပေးနိုင်သူများ ဖြစ်လာမည်ဖြစ်သည်။

၂) နောက်လာမည့်နှစ်များတွင်ပြုလုပ်သွားမည့်သင်တန်းများ၏အဆုံးတွင် အနုပညာ၊ ဂီတနှင့်ပြဇာတ်ဆိုင်ရာ ချဉ်းကပ်မှုများဖြင့် ကိုယ်ပိုင်စီမံကိန်းစတင်ပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးအတွက် အကျိုးပြုနိုင်ရန် ရံပုံငွေတစ်ရပ်ကိုထူထောင်ပေးမည်ဖြစ်ပြီး ခန့်မှန်းခြေ လုပ်ငန်း ၃ ခုမှ ၅ ခုအထိကို သင်တန်းပြီးဆုံးသူများမှစတင်နိုင်မည်ဖြစ်သည်။ ရံပုံငွေထူထောင်ပေးခြင်းနှင့်အတူ ကိုယ်ပိုင်လုပ်ငန်းရပ်များ၊ စီမံကိန်းများ စတင်ရန်အတွက်လည်း သက်ဆိုင်ရာပညာရှင်အသီးသီးမှ အနီးကပ် အကြံပေးလမ်းညွှန်ပေးသွားမည်ဖြစ်သည်။

၃) သင်တန်းသားဟောင်းများ ရေရှည်အဆက်အသွယ်ရှိပြီး ဗဟုသုတနှင့်လုပ်ငန်းဆောင်တာများကို ဆွေးနွေးဖလှယ်နိုင်ရန် အဖွဲ့တစ်ခုကိုဖွဲ့စည်းထားပြီး လိုအပ်သည်များကို အပြန်အလှန်ပံ့ပိုးကူညီနိုင်ရန်သည့် အ၀န်းအ၀ိုင်းတစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

မိမိကိုယ်ကိုယ် ပြန်လည်ထူထောင်နိုင်ရေးအတွက် အထောက်အကူပေးပြီး လက်ဆင့်ကမ်းသွားနိုင်မည့် အသိပညာများ၊ ကျွမ်းကျင်မှုများကို လိုအပ်သည့်နေရာများတွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်သည်။ တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ကြုံတွေ့နေရသော စိတ်ပိုင်းဆိုင်ရာခံစားချက်များ၊ ဒဏ်ရာများကို ပူးပေါင်းဖြေရှင်းပေးနိုင်မည့်သူများ၊ အစုအဖွဲ့များ ပေါ်ပေါက်လာပြီး လူ့အဖွဲ့အစည်းအတွက်အပြုသဘောဆောင်သော အကျိုးရလဒ်များဖြစ်ပေါ်လာစေမည်ဖြစ်ပါသည်။

Academy of Care ၏အဓိကလုပ်ငန်းစဉ်များအဖြစ် တစ်နှစ်တာအတွင်း သင်တန်းအပတ်စဉ် (၂) ခုမှ (၃) ခုအထိ ပို့ချသွားပြီး သင်တန်းအပတ်စဉ်တစ်ခုချင်းစီတွင် သင်တန်းသား (၁၀) ဦးမှ (၁၅) အထိ လက်ခံသွားရန်စီစဉ်ထားရှိပါသည်။ နှစ်နှစ်တာသင်တန်းကာလများပြီးဆုံးပါက သင်တန်းသားဦးရေ (၆၀) မှ (၉၀) ခန့်သည် မိမိတို့လေ့လာသင်ယူနိုင်အားပေါ်မူတည်၍ ကိုယ်ပိုင်စီမံကိန်းများစတင်နိုင်ခြင်း၊ သက်ဆိုင်ရာနယ်ပယ်အတွင်း လုပ်ငန်းများစတင်လုပ်ဆောင်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ Aung Clinic သည် Academy of Care စီမံကိန်း၏ အဓိကမိတ်ဖက်ဖြစ်ပြီး စိတ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနယ်ပယ်အတွင်းတွင် အကောင်းဆုံးသောလုပ်ငန်းဆောင်တာများကို ပြုလုပ်နေသည့်လုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ Aung Clinic သည် အကာအကွယ်နှင့်ဂရုစိုက်စောင့်ရှောက်မှုလိုအပ်နေသူများအတွက် အဓိကနေရာတစ်ခုဖြစ်ပြီး အပြန်အလှန်လေးစားမှု နှင့်ယုံကြည်မှုတို့အပေါ် အခြေပြုတည်ဆောက်ထားပြီး ရေမြေဒေသ၊ လက်ရှိလူ့ပတ်၀န်းကျင်နှင့်ကိုက်ညီသော လုပ်ငန်းဆောင်တာများကို အကောင်းမွန်ဆုံး လုပ်ဆောင်လျှက်ရှိသည်။ စီမံကိန်း၏အစိတ်အပိုင်းတစ်ခုအဖြစ်ပါ၀င်ရင်း စီမံကိန်းအတွက်လိုအပ်သော အကြံဉာဏ်များ၊ သတင်းအချက်အလက်များနှင့် သက်ဆိုင်ရာနယ်ပယ်အတွင်း ချိတ်ဆက်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးမည်ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက