PASCH အစီအစဉ်
ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်များ
သင်ယူခြင်း။ အတူတကွ။ ကမ္ဘာတစ်ဝှမ်းလုံး!
PASCH အစီအစဉ်တွင် အဓိကကျသည့် အခန်းကဏ္ဍ တစ်ခုမှ ပါဝင်ခြင်းဖြင့်၊ Goethe-Institut သည် ဂျာမန်ဘာသာစကားကို သင်ယူလိုစိတ် ဖြစ်ပေါ်လာစေရန် အားထုတ်ကြိုးပမ်းမှုများစွာ ပြုလုပ်လျက်ရှိပါသည်။ ဂျာမန်ဘာသာစကားသည် PASCH ကျောင်းအားလုံး၏ သင်ရိုးညွှန်းတမ်းတွင် အမြဲတမ်းနှင့်ကာလရှည် အစိတ်အပိုင်းတစ်ခု ဖြစ်လာရမည်။
ထို့ကြောင့် ဂျာမန်ဘာသာစကား ကျွမ်းကျင်သူများသည် ကမ္ဘာတစ်ဝန်းရှိ Goethe-Institut ၏ ရုံးခွဲများစွာတွင် တိုက်ရိုက်လုပ်ကိုင်ကြပြီး၊ ဂျာမန်ဘာသာကို နိုင်ငံခြားဘာသာစကားအဖြစ် မိတ်ဆက်လိုသော၊ သို့မဟုတ် တိုးချဲ့လိုသော ကျောင်းများကို အကြံပေးခြင်း များ ဆောင်ရွက်ပေးပါသည်။ ထို့ပြင် Goethe-Institut သည် ၎င်းထောက်ပံ့ထားသော PASCH ကျောင်းများအား ဂျာမန်ဘာသာကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားရန်အတွက် ခေတ်မီသော သင်ကြားရေးပစ္စည်း များ တပ်ဆင်ပေးထားသည်။
PASCH ကျောင်းများမှ ဂျာမန်ဘာသာစကား ဆရာ၊ ဆရာမများသည် နည်းလမ်းဆိုင်ရာနှင့်သင်ကြားရေးဆိုင် ရာ သင်တန်းများအပြင် Goethe-Institut မှပေးသည့် ဘာသာစကားသင်တန်းများကိုပါ တက်ရောက်ခွင့်ရှိ သည်။ ရွေးချယ်ခံရသည့် ကျောင်းသူ၊ကျောင်းသားအနည်း ငယ်သည် ဂျာမနီနိုင်ငံ၏အတွေ့အကြုံများကို ၎င်းတို့ကိုယ်တိုင်ပင် နှစ်စဉ်ပြုလုပ်သော PASCH လူငယ်စခန်းများအတွင်း သွားရောက်ခံစားနိုင်ကြသည်။
ထို့ပြင် Goethe-Institut သည် ဂျာမန်ဘာသာစကား ကျွမ်းကျင်မှုများမှတစ်ဆင့် ပေါ်ပေါက်လာနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် အသိပညာပေး ခြင်းများကို ဆောင်ရွက်သည်။ PASCH ကျောင်းများမှ ကျောင်းသူ၊ကျောင်းသားများကို ဂျာမနီနိုင်ငံရှိ တက္ကသိုလ် တစ်ခုတွင် တက်ရောက်ရန် သို့မဟုတ် အလုပ်သင်အနေ နှင့် လုပ်ကိုင်ရန်အတွက် လျှောက်ထားရန် တိုက်တွန်း အားပေးသည်။
လူငယ်များသည် PASCH ကျောင်းတစ်ကျောင်းတွင် ၎င်းတို့၏နောက်ဆုံးစာမေးပွဲများ ဖြေဆိုပြီးသည့်တိုင် အောင် ဤအစီအစဉ်နှင့် ဆက်လက်ပြီး အဆက်အသွယ်ရှိ နေကြသည်။ Goethe-Institut သည် PASCH ကျောင်သား ဟောင်းများကွန်ရက်အတွင်းတွင် ကျောင်းသားဟောင်း များ တွေ့ဆုံပွဲများကို စီစဉ်ပေးပြီး တစ်ဦးချင်း ကိုယ်ပိုင် အပြန်အလှန်ဆက်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် အခွင့်အလမ်းများ ပေးသည်။
အချက်အလက်များနှင့် ကိန်းဂဏန်းများ
ခုနှစ်သည် အဆိုပါအစီအစဉ်ကိုစတင်အကောင်အထည် ဖော်သည့်နှစ်ဖြစ်ပြီး၊ Goethe-Institut သည် ပထမဆုံး PASCH ကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့ သည်။
နိုင်ငံတို့သည် Goethe-Institut နှင့် လက်ရှိပူးပေါင်းဆောင် ရွက်နေသော PASCH ကျောင်းပေါင်း ၇၀၀ ကျော်အားလုံး ဆီသို့သွားမည့် ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာ မည်။
အရေအတွက်ရှိသော PASCH ကျောင်းသူ၊ကျောင်းသား များသည် Goethe-Institut နှင့် လက်ရှိပူးပေါင်း ဆောင်ရွက်နေသော ကျောင်းများတွင် ဂျာမန်ဘာသာကို သင်ယူလျှက်ရှိသည်။
အရေအတွက်ရှိသော ကမ္ဘာတစ်ဝန်းမှ ကျောင်းသူ၊ ကျောင်းသားများသည် ၂၀၀၈ ခုနှစ်မှစ၍ PASCH လူငယ်စခန်းတစ်ခုတွင် ပါဝင်ရန် ပညာသင်ဆု ချီးမြှင့်ခံခဲ့ရသည်။
PASCH မိတ်ဖက်များ
PASCH အစီအစဉ်ကို ဖက်ဒရယ်နိုင်ငံခြားရေးရုံးမှ ပေါင်းစပ်ညှိနှိုင်းပြီး၊ ပြည်ပရှိ စာသင်ကျောင်းများဆိုင်ရာ ဗဟိုအေဂျင်စီ (ZfA)၊ Goethe-Institut ၊ ဂျာမန်ပညာသင် ဆု ဖလှယ်ရေးဝန်ဆောင်မှု (DAAD) နှင့် ဂျာမနီဖက်ဒရယ် သမ္မတနိုင်ငံရှိ တိုင်းဒသကြီးများ၏ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာဝန်ကြီးများ အမြဲတမ်းညီလာခံမှ ပညာရေးဆိုင်ရာ ဖလှယ်ရေးဝန်ဆောင်မှု (PAD) တို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သည်။