Logo Goethe-Institut

မြန်မာ

Save 10% Until 01.04.2025 with the promo code Thingyan10

ဂျာမန်ဘာသာစကားစာမေးပွဲများ

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

သင့်အတွက် ဂျာမန်စာအရည်အချင်းစစ်စာမေးပွဲများ နှင့် ဂျာမန်စာသင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစာရင်းသွင်းခြင်းအဆင့်ဆင့်ကို  photo gallery တွင်ကြည့်ရှုပါ။

Deutschprüfungen Foto: iStockphoto / Kali Nine LLC

ကျွန်ုပ်တို့၏ စာမေးပွဲများအကြောင်း အကျဥ်းချုပ်

အသင်၏ ဂျာမန်ဘာသာစကားစွမ်းရည်ကို သက်သေပြရန်အတွက် နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်တစ်ခု လိုအပ်နေပါသလား။ ကျွန်ုပ်တို့ထံတွင် A1 မှ C2 အဆင့်အထိ ဂျာမန်ဘာသာစကားစာမေးပွဲများကို ဖြေဆိုနိုင်ပါသည်။

ဤကိစ္စနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက

အခက်အခဲမရှိ အဆင်ပြေစွာဖြင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ (သို့) ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုပြဿနာရှိသူများပါ လေ့ကျင့်နိုင်ခြင်း

ကျွန်ုပ်တို့သည် ဂျာမန်ဘာသာစကားစာမေးပွဲများ အားလုံးအတွက် လေ့ကျင့်ခန်းများနှင့်  အစမ်းစာမေးပွဲများကို အခက်အခဲမရှိ အဆင်ပြေစွာဖြင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ (သို့) ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုပြဿနာရှိသူများပါ လေ့ကျင့်နိုင်ရန် စီစဥ်ပေးထားပါသည်။

အရည်အသွေးအဆင့်အတန်း

နှစ်စဥ် စာမေးပွဲဖြေသူဦးရေ ၂၃၀ ၀၀၀ (နှစ်သိန်းသုံးသောင်း) ကျော်သည် ကျွန်ုပ်တို့၏ စာမေးပွဲများအပေါ်တွင် စိတ်တိုင်းကျ ကျေနပ်မှုရှိကြပါသည်။ တစ်ကမ္ဘာလုံးတွင် Goethe-Institut ၏ ဘာသာစကားအရည်အသွေး အသိအမှတ်ပြု စာမေးပွဲအောင်လက်မှတ်များကို အကျုံး၀င်သည့် လက်မှတ်များအဖြစ် အသိအမှတ်ပြု တန်ဖိုးထားခံရပါသည်။

သင်၏ ဂျာမန်ဘာသာစကားအဆင့်ကို စစ်ဆေးကြည့်ပါ။

သင်၏ ဂျာမန်ဘာသာစကားစွမ်းရည်တိုးတက်မှုကို  ဤနေရာတွင် စစ်ဆေးကြည့်နိုင်ပါသည်။ သင်သည် အခြေခံအဆင့်တွင်ရှိနေသူလား၊ အလယ်အလတ်အဆင့်လား သို့မဟုတ် ကျွမ်းကျင်သူအဆင့်လားစသည်ဖြင့် ဤစာမေးပွဲက အသင့်အား ညွှန်ပြပေးပါလိမ့်မည်။

မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ

Goethe-Institut ၏ ဂျာမန်ဘာသာစကားစာမေးပွဲများနှင့်ပတ်သက်ပြီး မကြာခဏမေးလေ့ရှိသည့် မေးခွန်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။