Logo Goethe-Institut

မြန်မာ

Hand Colouring Book နဲ့ Workshop လာပြီဗျို့။

Hand Colouring Book & Workshop at Yangon Book Plaza ©Myanmar Photo Archive

မြန်မာ့ဓာတ်ပုံမော်ကွန်းက ထုတ်ဝေတဲ့ Hand Colouring စာအုပ်ကို Yangon Book Plaza မှာ ရနေပါပြီ။ စာအုပ်ထုတ်ဝေတဲ့ အထိမ်းအမှတ်အနေနဲ့ မြန်မာ့ဓာတ်ပုံမော်ကွန်း၊ Goethe-Institut မြန်မာ နဲ့ Yangon Book Plaza တို့ပူးပေါင်းပြီး စာအုပ်ဝယ်ယူသူများအတွက် ကိုယ်တိုင် ဓာတ်ပုံတွေကို ဆေးရောင်ခြယ်နိုင်မယ့် သီးသန့် workshop တစ်ခု စီစဥ်ထားပါတယ်။ ဒီ workshop ဟာ ဓာတ်ပုံတွေကို ဆေးခြယ်ဖို့ ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သလို၊ စိတ်ဝင်စားကြတဲ့သူတွေအချင်းချင်း တွေ့နိုင်မယ့် အခွင့်အလမ်းတစ်ခုလဲ ဖြစ်ပါတယ်။

Yangon Book Plaza မှာ Hand Colouring စာအုပ်ဝယ်ယူပြီး စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီတွင်း ပြုလုပ်မယ့် workshop မှာပါဝင်လိုက်ပါ။ workshop အကြောင်း အစီအစဥ် အသေးစိတ်ကို လူမှုကွန်ယက်စာမျက်နှာများတွင် ကြေငြာပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြပါဦးနော်။

ရက်စွဲ - စက်တင်ဘာလ ၁ ရက်နေ့
အချိန် - နေ့လည် ၁ နာရီမှ ၃ နာရီထိ
နေရာ - Yangon Book Plaza