Logo Goethe-Institut

မြန်မာ

စည်းကမ်းသတ်မှတ်ချက်များ

စည်းကမ်းသတ်မှတ်ချက်များ

Goethe-Institut e. V., Oskar-von-Miller-Ring 18, 80333 မြူးနစ်၊ ဂျာမနီ၊ ဖုန်း- +49 89 15921-0, info@goethe.de ("Goethe-Institut"), goethe.de ("ဝက်ဘ်ဆိုက်") ကိုအသုံးပြုပါက အောက်ပါသတ်မှတ်ချက်များ လိုက်နာရမည်။

မာတိကာ

  1. စာချုပ်တရားဝင်မှုနှင့်ပါဝင်သည့်အကြောင်းအရာ 
  2. စာရင်းသွင်းခြင်းနှင့်စာချုပ်ချုပ်ဆိုခြင်း
  3. Goethe-Institut ၏ဝန်ဆောင်မှုများ
  4. သုံးစွဲသူလိုက်နာရမည့်တာဝန်များနှင့်စာချုပ်စည်းကမ်းများ
  5. စည်းကမ်းမလိုက်နာမှုအတွက်ဒဏ်ခတ်အရေးယူခြင်း၊ ပလက်ဖောင်းမှထုတ်ပယ်ခြင်း
  6. အသုံးပြုပိုင်ခွင့်များပေးအပ်ခြင်း
  7. အာမခံနှင့်တာဝန်ယူမှု
  8. စာချုပ်သက်တမ်းနှင့်စာချုပ်ရပ်စဲခြင်း
  9. စည်းကမ်းသတ်မှတ်ချက်များကိုပြင်ဆင်ခြင်း
  10. ဥပဒေရွေးချယ်မှု
  11. အငြင်းပွားမှုဖြေရှင်းရေး
  12. သဘောတူညီမှုပြန်လည်ရုတ်သိမ်းခွင့်
 

1. စာချုပ်တရားဝင်မှုနှင့်ပါဝင်သည့်အကြောင်းအရာ

မူပိုင်ရေးသားတည်ဆောက်ထားသည့် ဤဝက်ဘ်ဆိုက်ကဏ္ဍများကိုအသုံးပြုရန် သုံးစွဲခွင့်မှတ်ပုံတင်ပြီးနောက် “ဝက်ဘ်ဆိုက်သုံးစွဲသူများ" နှင့်တာဝန်ယူထားသူ Goethe-Institut နှစ်ဦးနှစ်ဘက်ကြားတွင် လိုက်နာရန်စည်းကမ်းချက်များမှာ အောက်ပါအတိုင်းတရားဝင်သည်။
ဝက်ဘ်ဆိုဒ်ကို သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးပလက်ဖောင်း ("ဝန်ဆောင်မှုကဏ္ဍ") အဖြစ် အခမဲ့အသုံးပြုခွင့်ပြုသည်။ အခကြေးငွေပေးချေရသည့်အဝေးသင်သင်တန်းများမှာ ယေဘုယျစည်းမျဥ်းစည်းကမ်းများနှင့်သာသက်ဆိုင်သည်။.      

2. စာရင်းသွင်းခြင်းနှင့်စာချုပ်ချုပ်ဆိုခြင်း

မူပိုင်ရေးသားတည်ဆောက်ထားသည့်ကဏ္ဍများကိုအသုံးပြုရန် ကြိုတင်စာရင်းပေးသွင်းရပါမည်။ စာရင်းသွင်းရာတွင် သုံးစွဲသူသည် မှန်ကန်သောအချက်အလက်များကိုပေးအပ်ရမည်ဖြစ်ပြီး သတင်းအချက်အလက်ကာကွယ်ရေးထုတ်ပြန်ချက် ကိုလိုက်နာရန် လမ်းညွှန်ချက်ကိုရပါမည်။ စာရင်းသွင်းပြီးနောက် သုံးစွဲမှုကိုအတည်ပြုရန် လင့်ခ်တစ်ခုပါရှိသောအီးမေးလ်တစ်စောင်ကို ရရှိပါမည်။ Goethe-Institut မှ သုံးစွဲသူ၏အကောင့်ကိုလက်ခံခြင်းဖြင့်၊ အခမဲ့ ဝက်ဘ်ဆိုက်အသုံးပြုမှုစာချုပ် စတင်အသက်ဝင်ပါသည်။

သုံးစွဲသူသည် မိမိ၏အသုံးပြုခွင့်ကို တတိယလူတစ်ဦးထံသို့ လက်ဆင့်ကမ်း မပေးရပါ၊ အကောင့်ပိုင်ရှင်အနေဖြင့် ဝက်ဘ်ဆိုက်အသုံးပြုခွင့်ကိုအလွဲသုံးစားလုပ်ခံရခြင်းမှကာကွယ်ရန် တာဝန်ရှိပါသည်။ ထို့ကြောင့် မိမိ၏လေ့ာဂ်အင်ဒေတာများကိုလျှို့ဝှက်ထားရန်နှင့် တခြားသူများ မိမိဒေတာဖြင့်ဝင်ရောက်သုံးစွဲခြင်းမှကာကွယ်ရန် တာဝန်ရှိသည်။ စာရင်းသွင်းရာတွင် ဥပဒေဖြင့် မှတ်ပုံတင်ကာာကွယ်ထားသောကုန်အမှတ်တံဆိပ်အမည်များ သို့မဟုတ် အခြားလူပုဂ္ဂိုလ် သို့မဟုတ် တရားဥပဒေဆိုင်ရာပုဂ္ဂိုလ်တို့၏အမည်များကို သုံးစွဲသူအမည်အဖြစ် ခွင့်မပြုပါ။.    

3. Goethe-Institut ၏ဝန်ဆောင်မှုများ

Goethe-Institut သည် ဝက်ဘ်ဆိုက်သုံးစွဲမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအရ သုံးစွဲသူများအား ဝက်ဘ်ဆိုက်ပေါ်တွင်ဖြန့်ချိထားသည့်အကြောင်းအရာများကိုဖတ်ရှုရန်၊ ပို့စ်အဖြစ်မျှဝေရန်နှင့် သုံးစွဲသူများအချင်းချင်းအပြန်အလှန်ဆက်သွယ်ရန် ခွင့်ပြုပေးသည်။ သုံးစွဲသူများအတွက် အသိုင်းအဝိုင်းအမျိုးမျိုးနှင့်ဆက်သွယ်နိုင်သော အခမဲ့ပလက်ဖောင်းတစ်ခုကို Goethe-Institut  မှ နည်းပညာနှင့်ကုန်ကျစရိတ်ပိုင်းဆိုင်ရာ တတ်နိုင်သည့်ဘောင်အတွင်းမှ တည်ဆောက်ပေးထားပါသည်။ အသိုင်းအဝိုင်းအမျိုးမျိုးနှင့်ဆက်သွယ်စေလိုသည့်ရည်ရွယ်ချက်မှာ Goethe-Institut ၏ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင်  အကြောင်းအရာနှင့်ဘာသာရပ်ပိုင်းဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။

Goethe-Institut သည် ၎င်းတာဝန်ယူဆောင်ရွက်နေသောလုပ်ငန်းဘောင်အတွင်းမှသာ ပလက်ဖောင်းကိုစီမံခန့်ခွဲပါသည်။ ယေဘုယျအတွေးအမြင်များဖလှယ်ရန်၊ သုံးစွဲသူများ မိမိကိုယ်ကို မိတ်ဆက်ကြေငြာနိုင်ရန် သို့မဟုတ် ဖျော်ဖြေရေးရည်ရွယ်ချက်များအတွက် သုံးစွဲစေခြင်းမဟုတ်ပါ။
ရေရှည်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် သဘောတူညီထားသည့်သတ်မှတ်ချက်စည်းမျဥ်းများနှင့်  မကိုက်ညီတော့သည့်ဒစ်ဂျစ်တယ်ထုတ်ကုန်ကို ကျွန်ုပ်တို့ဘက်မှအောက်ပါအချက်များတွေ့ပါက ပြောင်းလဲခွင့်ရှိပါသည်။

  1. ပြောင်းလဲရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ရှိပါက
  2. ပြောင်းလဲမှုကြောင့်မည်သည့်အပိုကုန်ကျစရိတ်ကိုမျှမပေးဆောင်ရပါက
  3. ပြောင်းလဲရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းနားလည်နိုင်ရန်အသိပေးပါက

ဤကိစ္စရပ်တွင် ပြောင်းလဲရန်အတွက်ခိုင်လုံသောအကြောင်းပြချက်များဆိုသည်မှာ  ဒစ်ဂျစ်တယ်ထုတ်ကုန်ကို နည်းပညာပိုင်းဆိုင်ရာလိုက်လျောညီထွေပြုပြင်ရန်လိုအပ်ခြင်း သို့မဟုတ် များပြားလာသောသုံးစွဲသူအရေအတွက်အရ လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်ရခြင်း သို့မဟုတ် အခြားအရေးကြီးသောလုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းပြချက်များအတွက်လိုအပ်ခြင်းတို့ ဖြစ်ပါသည်။

ပြောင်းလဲမှုသည် သုံးစွဲသူများ၏ဝင်ရောက်အသုံးပြုမှု၊ အသိုင်းအဝိုင်းဆိုင်ရာလုပ်ငန်းများ သို့မဟုတ် ဝက်ဘ်ဆိုက်သုံးစွဲနိုင်မှုကို အရေးမပါသောအတိုင်းအတာတခုထက်ကျော်လွန်သက်ရောက်စေပါက၊ Goethe-Institut သည် ပြောင်းလဲမှုနှင့်သုံးစွဲသူတို့၏အခွင့်အရေးများကို အပြောင်းအလဲမသက်ရောက်မီ သတ်မှတ်ချိန်တစ်ခုအတွင်း အီးမေးလ်ဖြင့်အကြောင်းကြားပါမည်။    

4. သုံးစွဲသူ လိုက်နာရမည့်တာဝန်များနှင့်စည်းကမ်းများ

စာရင်းသွင်းရာတွင်၊ သုံးစွဲမည့်သူသည် စာရင်းသွင်းလျှောက်လွှာပုံစံမှတောင်းဆိုချက်များအရ  မှန်ကန်သော၊ လက်ရှိကာလမှဖြစ်သော၊ ပြည့်စုံသောကိုယ်ရေးအချက်အလက်များကိုပေးအပ်ပြီး Goethe-Institut သို့မဟုတ် အခြားသုံးစွဲသူများအပေါ်  မည်သည့်အချိန်တွင်မဆို အချက်အလက်လှည့်ဖြားခြင်းမပြုရပါ။

သုံးစွဲသူတစ်ဦးသည် ဝက်ဘ်ဆိုက်ပေါ် တွင် အကြောင်းအရာများကို‌ရေးသားဖြန့်ချိလျှင် မိမိသည် လိုက်နာရမည့်ဥပဒေအားလုံး၏တာဝန်ရှိသူဖြစ်ကြောင်းသိရပါမည်။ ဝက်ဘ်ဆိုက်ပေါ်တွင် ကျင့်ဝတ်နှင့်မညီသော သို့မဟုတ် တည်ဆဲဥပဒေနှင့်ဆန့်ကျင်သောပို့စ်များကိုဖြန့်ချိခြင်းနှင့် အခြားသုံးစွဲသူများထံပေးပို့ခြင်း မပြုရပါ။ သုံးစွဲသူသည် ဆက်လက်မဖြန့်ချိရန် သို့မဟုတ် အခြားသုံးစွဲသူများထံမပေးပို့ရန် အထူးတာဝန်ရှိသည့်အကြောင်းအရာများမှာ -

  • ရာဇ၀တ်မှု သို့မဟုတ် တရားမမှုမြောက်စေနိုင်သည့်ရေးသားဖြန့်ချိမှုများ၊
  • မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် စီးပွားပြိုင်ဥပဒေကိုချိုးဖောက်သော ရေးသား ဖြန့်ချိမှုများ၊
  • အခြားသူများ၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုထိပါးခြင်း (ဥပမာ - ပေးပို့သူ၏သဘောတူခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာပေးပို့ထားသော စာများဖြန့်ချိခြင်း)၊
  • စော်ကားရန်စသော၊ မဟုတ်မမှန်သော၊ လူမျိုးရေးခွဲခြားသော၊ ခွဲခြားဆက်ဆံသော၊ လူငယ်များအတွက်အန္တရာယ်ဖြစ်စေသော သို့မဟုတ် လိင်ပိုင်းဆိုင်ရာညစ်ညမ်းသော အကြောင်းအရာများ
  • ပို့စ်များနှင့်အညွှန်းများထဲမှအကြောင်းအချက်ပါဝင်/ မပါဝင်သောဂရပ်ဖစ် သို့မဟုတ် လင့်ခ်များပါသည့်ကြော်ငြာများတို့ဖြစ်သည်။

ထို့အပြင် သုံးစွဲသူများသည် ဂုဏ်သိက္ခာရှိသောလူမှုရေးကျင့်ဝတ်များ ("Netiquette") ကို အချိန်ပြည့်စောင့်ထိန်းပြီးလျှင် တစ်ဦးနှင့်တစ်ဦးလေးလေးစားစားဆက်ဆံရမည်။ အခြားသုံးစွဲသူ သို့မဟုတ် တပါးသူတစ်ဦးအား ခြိမ်းခြောက်ရန်၊ နှောင့်ယှက်ရန်၊ သို့မဟုတ် အခြားနည်းဖြင့် ထိခိုက်စေရန်၊ လှည့်ဖြားရန် သို့မဟုတ် တပါးသူဂုဏ်သိက္ခာအားပျက်စီးစေရန်၊ တပါးသူစီးပွားရေးအား ထိခိုက်စေရန် ဝန်ဆောင်မှုကိုအသုံးမပြုရပါ။

ထို့ပြင် ဘာသာရပ်နယ်ပယ်တစ်ခုကိုအထူးရည်ညွှန်းထား သို့မဟုတ် အခြားသောနည်းအားဖြင့် သင့်တော်သည်ဟုညွှန်းဆိုထားပြီး၊ အမှန်တကယ် ကိုက်ညီမှုမရှိသောရေးသားဖြန့်ချိမှုများနှင့် (စာပိုဒ် ၃) အကြောင်းအရာပိုင်း၊ ဘာသာရပ်ပိုင်းဆိုင်ရာနှီးနှောဖလှယ်ခြင်းကို စွက်ဖက်နှောင့်ယှက်သည့် ရေးသားဖြန့်ချိမှုများကို ခွင့်မပြုပါ။ ၎င်းတို့အထဲတွင် အနှစ်သာရမပါသော သို့မဟုတ် တူညီသောအကြောင်းအရာများကို ထပ်ခါတလဲလဲရေးသားဖြန့်ဝေခြင်းကို အထူးတားမြစ်ထားသည်။ („Spamming”)

သုံးစွဲသူတစ်ဦးသည် အခြားသုံးစွဲသူတစ်ဦးဦးမှ ဖော်ပြပါစည်းမျဉ်းများကိုချိုးဖောက်ကြောင်းတွေ့ရှိပါက၊ ၎င်းသည် ရုံးပိုင်းဆိုင်ရာတာဝန်ရှိသူများကိုင်သည့် kdf@goethe.de အီးမေးလ်သို့ အကြောင်းကြားရန်တာဝန်ရှိသည်။   

5. စည်းကမ်းမလိုက်နာမှုအတွက်ဒဏ်ခတ်အရေးယူခြင်း၊ ပလက်ဖောင်းမှထုတ်ပယ်ခြင်း

အထက်ပါစာပိုဒ် (၄) တွင်ဖော်ပြထားသောတာဝန်များကိုဖောက်ဖျက်ကျူးလွန်မှု သို့မဟုတ် ဖောက်ဖျက်သည်ဟုလုံလောက်စွာသံသယရှိမှုရှိပါက (အခြားသုံးစွဲသူများ၏ စည်းကမ်းချိုးဖောက်မှုများကိုသတင်းပို့ရန် တာဝန်မှလွဲ၍) Goethe-Institut သည် ၎င်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သုံးစွဲသူအပေါ် အောက်ဖော်ပြပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်သည်။

  • Goethe-Institut ၏တာဝန်ရှိသောစစ်ဆေးချက်အရ၊ ပို့စ်သည် အထက်ပါစာပိုဒ် (၄) ပါ စည်းမျဉ်းကိုချိုးဖောက်ပါက ၎င်းသုံးစွဲသူမှတင်ထားသောအကြောင်းအရာများကို ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ခြင်း၊
  • သတိပေးချက်ထုတ်ပြန်ခြင်း၊
  • ဝန်ဆောင်မှုသုံးစွဲခြင်းအားကန့်သတ်ခြင်း၊
  • ဝင်ရောက်သုံးစွဲခွင့်ကို ယာယီ သို့မဟုတ် အမြဲတမ်းအတွက် ပိတ်ပင်ခြင်း၊
  • သုံးစွဲသူနှင့်သဘောတူညီထားချက်ကိုရပ်စဲခြင်းနှင့် သုံးစွဲသူ၏အချက်အလက်နှင့် ရေးသားဖြန့်ချီထားမှုအားလုံးကို ကြိုတင်ဆက်သွယ်အသိပေးခြင်းမရှိဘဲ ဖျက်ခြင်း ၊

အသိပေးကြေငြာထားသော စာပိုဒ် (၄) ပါ စည်းမျဥ်းများကိုချိုးဖောက်ပါက၊ Goethe-Institut သည် ရေးသားထားမှုများကို ကြိုတင်အသိမပေးဘဲ ပိတ်ဆို့နိုင်သည်။ Goethe-Institut သည် သုံးစွဲသူအား အကြောင်းပြချက်ပေးနိုင်ရန် အကြောင်းကြားရမည်။ ဖြေရှင်းချက်အရ စာပိုဒ် (၄) ပါ စည်းမျဥ်းများကို မချိုးဖောက်ကြောင်းတွေ့ရှိပါက၊ Goethe-Institut သည် ကန့်သတ်မှုကိုရုတ်သိမ်းပေးမည်ဖြစ်သည်။
Goethe-Institut သည် ရည်ရွယ်ချက်ရှိရှိပြုလုပ်သော၊ စနစ်တကျစီစဥ်ထားသော သို့မဟုတ် အလားတူဖြစ်သော ပြင်းထန်သည့်စည်းကမ်းချိုးဖောက်မှုများဖြစ်ပွားသည့်အခါတွင်သာ
သုံးစွဲသူ၏ဝင်ရောက်ခွင့်ကို ကြိုတင်သတိပေးခြင်းမပြုဘဲပိတ်ဆို့သွားမည်ဖြစ်သည်။ သို့မဟုတ်ပါက သုံးစွဲသူသည် သတိပေးချက်တစ်ခုရရှိပြီးနောက် စည်းကမ်းဖောက်ဖျက်မှုထပ်မံပြုလုပ်မှသာ နောက်ဆုံးကန့်သတ်ပိတ်ဆို့မှုကို ဆောင်ရွက်ပါသည်။

ထို့အပြင် ဝင်ရောက်သုံးစွဲခွင့်ကိုပိတ်ပင်ခြင်းသည် ကနဦးတွင်ယာယီသာဖြစ်ပြီး Goethe-Institut သည် သုံးစွဲသူအား ကျိုးကြောင်းဆီလျော်သောအချိန်ကာလတစ်ခုအတွင်း ဖြေရှင်းချက်ပေးရန် အခွင့်အရေးပေးပါသည်။ ဖြေရှင်းချက်ရပြီးနောက် သို့မဟုတ် ဖြေရှင်းချက်ပေးရန်သတ်မှတ်ရက်သက်တမ်းကုန်ဆုံးပြီးနောက်မှသာ ဝင်ရောက်ခွင့်ကို အပြီးတိုင်ပိတ်ဆို့ခြင်း ပြုမပြုကို Goethe-Institut မှ ဆုံးဖြတ်မည်ဖြစ်သည်။

သုံးစွဲသူမှ အထက်ပါစာပုဒ် (၄) တွင်ဖော်ပြထားသော သတ်မှတ်ချက်စည်းမျဥ်းများကို (အခြားသုံးစွဲသူများ၏စည်းကမ်းချိုးဖောက်မှုများကို သတင်းပို့ရန်တာဝန်မှလွဲ၍) ချိုးဖောက်ခဲ့မှုများကြောင့်၊ အခြားသူများမှ ၎င်းအပြစ်များအားဖြေရှင်းရန် တောင်းဆိုလာပါက Goethe-Institut နှင့် ၎င်းတောင်းဆိုချက်များ မသက်ဆိုင်ကြောင်း သုံးစွဲသူဖက်မှရှင်းလင်းရမည်။
 
သုံးစွဲသူသည် Goethe-Institut ဘက်မှ ဆောင်ရွက်ရမည့် လိုအပ်သောဥပဒေကြောင်းအရ ခုခံချေပမှုအတွက် သတင်းအချက်အလက်များနှင့်စာရွက်စာတမ်းများ သစ္စာရှိရှိပံ့ပိုးကူညီရန် တာဝန်ရှိသည်။ ဥပဒေကြောင်းအရခုခံချေပရာတွင် ကုန်ကျမည့်စရိတ်ကိုလည်း သုံးစွဲသူမှ တာဝန်ယူရမည်။ Goethe-Institut ဘက်မှ ထပ်ဆင့်အခွင့်အရေးများနှင့်နစ်နာမှုများအတွက် လျော်ကြေးတောင်းဆိုမှုများ ပြောင်းလဲမှုမရှိပါ။   

6. အသုံးပြုပိုင်ခွင့်များပေးအပ်ခြင်း

ဖြန့်ချိထားသောပို့စ်များအတွက် မူပိုင်ခွင့်သည် မူပိုင်ခွင့်ဖြင့်ကာကွယ်ထားနိုင်သရွေ့ သက်ဆိုင်ရာသုံးစွဲသူထံတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။ သို့သော် သုံးစွဲသူ၏ဖြန့်ချိရေးသားချက်များကို goethe.de တွင် ပို့စ်တင်ခြင်းဖြင့်၊ အထူးသီးသန့်မဟုတ်သော၊ ကမ္ဘာတဝှမ်းသက်ရောက်နိုင်သော၊ အချိန်အကန့်အသတ်မရှိသောမူပိုင်ခွင့်ကို Goethe.Institut မှ အောက်ပါလုပ်ငန်းများအတွက်ရရှိသည်။

  • (ဘာသာပြန်လက်ရာများအပါအဝင်) ပို့စ်များကို ဝက်ဘ်ဆိုက်ပေါ်တွင် အများသူငါ ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် စီစဥ်ပေးရန်၊
  • (ဘာသာပြန်လက်ရာများအပါအဝင်) ပုံနှိပ်လက်ရာများကို မူပွားရန်နှင့်ပြန်လည်ဖြန့်ချိရန်၊
  • ဝက်ဘ်ဆိုဒ်အတွင်း ၎င်းတို့ကို နေရာရွှေ့ရန်နှင့် အခြားအကြောင်းအရာများနှင့်အတူ ပေါင်းစပ်ရန်၊
  • တည်းဖြတ်ရန်၊ အထူးသဖြင့် အတိုချုံ့ရန်၊ ဘာသာပြန်ရန်၊၊ ဝက်ဘ်ဆိုဒ်အတွင်းရွှေ့ရန် နှင့်/သို့မဟုတ် ဝက်ဘ်ဆိုဒ်ပြင်ပအပါအဝင် အခြားအကြောင်းအရာများနှင့်ပေါင်းစပ်ရန်၊
  • စာပိုဒ် (၅) အရ လိုအပ်ပါက ပြင်ဆင်ရန် သို့မဟုတ် တစိတ်တပိုင်းဖျက်ရန်။

သုံးစွဲသူသည် ၎င်းရေးသားခဲ့သောပို့စ်များကို ဖျက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းတို့ကို လုပ်ပိုင်ခွင့်မရှိပါ။ အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း (စည်းမျဉ်း အီးယူ ၂၀၁၆/၆၇၉)၊ မူပိုင်ခွင့်အက်ဥပဒေပြဋ္ဌာန်းချက်များနှင့် သုံးစွဲသူဖက်မှဖျက်ပစ်ရန် တရားဝင်တာဝန်များ ဤနေရာတွင် သက်ရောက်မှုမရှိပါ။.     

7. အာမခံနှင့်တာဝန်ယူမှု

ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခုချွတ်ယွင်းပါက ပြုပြင်ပေးရန် အာမခံတောင်းဆိုမှုများရှိပါသည်။ စာပိုဒ် (၁) အရ ဝန်ဆောင်မှုချို့ယွင်းချက်များကြောင့် ပြုပြင်ရန်တောင်းဆိုမှုများ ဝန်ဆောင်မှုစတင်ချိန်မှ  နှစ်နှစ်အတွင်းသက်တမ်းကုန်သော်လည်း၊ အမှန်တကယ် အစောဆုံးသက်တမ်းကုန်မှုမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး နောက်တစ်နှစ်ထိဖြစ်သည်။

သုံးစွဲသူများမှ Goethe-Institut, ၎င်း၏ဌာနများ၊ ဝန်ထမ်းများနှင့်တာဝန်ရှိသူများထံ ပျက်စီးဆုံးရှုံးမှုများအတွက်လျော်ကြေးတောင်းဆိုမှုများကို သီးသန့်သဘောတူညီချက်များမရှိထားပါက ပြုလုပ်ခွင့်မရှိပါ။
ခြွင်းချက်များမှာ Goethe-Institut မှပေးထားသောအာမခံချက် သို့မဟုတ် အာမခံထားမှု၊ ကျန်းမာရေး၊ ခန္ဓာကိုယ်နှင့်အသက်အန္တရာယ်ရှိမှု၊ ကုန်ပစ္စည်းတာဝန်ယူမှုအက်ဥပဒေအရနစ်နာမှု၊ အရေးကြီးသောစာချုပ်ပါတာဝန်ဝတ္တရားပျက်ကွက်မှုကြောင့် နစ်နာမှုများဖြစ်သည်။ အရေးကြီးသောစာချုပ်ပါတာဝန်ဝတ္တရားများသည် စာချုပ်ပါရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ရန် လိုအပ်သောကြိုးပမ်းမှုများကိုဆိုလိုသည်။
ဝန်ဆောင်မှုပေးသူ၊ ၎င်း၏တရားဝင်ကိုယ်စားလှယ် သို့မဟုတ် အကောင်အထည်ဖော်ဆောင်ရွက်သူများမှ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ပေါ့ဆစွာဆောင်ရွက်၍ ဖြစ်လာသော နစ်နာဆုံးရှုံးရမှုများအတွက် တာဝန်ခံမှုရှိရပါမည်။ ၎င်းကို တာဝန်ခံမှုကင်းလွတ်ခွင့်သဘောတူညီချက်မှ ဖယ်ထားပါသည်။   

8. စာချုပ်သက်တမ်းနှင့်စာချုပ်ရပ်စဲခြင်း

ဝက်ဘ်ဆိုက်သုံးစွဲရန်သဘောတူညီချက်သည် အကန့်အသတ်မရှိသောကာလတစ်ခုအတွက် ချုပ်ဆိုထားပြီး၊ သက်တမ်းကုန်ဆုံးရက်ကိုစောင့်စရာမလိုဘဲ စာရေးသားကာ (ဥပမာ အီးမေးလ်ဖြင့်) နှစ်ဖက်စလုံးမှရပ်စဲနိုင်ပါသည်။ သဘောတူညီချက်ကိုရပ်စဲပြီးနောက်၊ Goethe-Institut သည် သုံးစွဲသူရေးသားထားသည့်၊ အခြားသုံးစွဲသူများနှင့်မျှဝေထားသည့်အကြောင်းအရာများကို ဖျက်ခွင့်ရှိသော်လည်း ဖျက်ပေးရမည့်တာဝန်မရှိပါ။ သို့သော် သုံးစွဲသူသည် ၎င်း၏အကောင့်နှင့် သိမ်းဆည်းထားသော အများသူငါအတွက်မဟုတ်သည့်ဒေတာများကိုဖျက်ပစ်ရန် အချိန်မရွေးတောင်းဆိုနိုင်သည်။

အရေးကြီးသောအကြောင်းရင်းတစ်ခုကြောင့်၊ အထူးသဖြင့် စာပိုဒ် (၄) ပါ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ပြင်းထန်စွာ သို့မဟုတ် ထပ်ခါတလဲလဲ ချိုးဖောက်ခြင်းကြောင့်၊ သတိပေးချက်တစ်ခုပို့ပြီးနောက် မလိုက်နာပါက Goethe-Institut အနေဖြင့် သုံးစွဲသူ၏လော့ဂ်အင်ဝင်ရောက်ခွင့်ကို ချက်ချင်းပိတ်ရန်နှင့် ကြိုတင်အသိပေးခြင်းမရှိဘဲ စာချုပ်ကိုရပ်စဲပိုင်ခွင့်ရှိသည်။ အဆိုပါကိစ္စမျိုးတွင်၊ သက်ဆိုင်ရာအကောင့်သုံးစွဲသူသည် Goethe-Institut ၏စာဖြင့်ရေးသားထားသောသဘောတူညီချက်ရရှိမှသာ ထပ်မံစာရင်းသွင်းနိုင်သည်။.     

9. စည်းကမ်းသတ်မှတ်ချက်များကိုပြင်ဆင်ခြင်း

Goethe-Institut သည် အကြောင်းပြချက်မပေးဘဲ အကောင့်သုံးစွဲမှုစည်းမျဉ်းများကို ပြောင်းလဲပိုင်ခွင့်ရှိသည်။ ထို့နောက် သုံးစွဲသူများ ပြန်လည်လာရောက်သုံးစွဲချိန်တွင် Goethe-Institut မှ ပိုမိုကောင်းမွန်သောပြုပြင်ပြောင်းလဲထားမှုများကို အချိန်မီအသိပေးမည်ဖြစ်ပြီး၊ ပြင်ဆင်ထားသောအသုံးပြုမှုစည်းမျဉ်းများအတွက် သုံးစွဲသူဘက်မှသဘောတူညီချက်ကို တောင်းဆိုမည်ဖြစ်သည်။ သင့်လျော်သောကာလတစ်ခုအတွင်း အနည်းဆုံး (၁၄) ရက်အတွင်း သုံးစွဲသူတစ်ဦးဦးထံမှ ကျိုးကြောင်းဆီလျော်သောကန့်ကွက်ခြင်းမရှိပါက၊ လိုက်နာရမည့်စည်းမျဥ်းများကိုလက်ခံသည်ဟု မှတ်ယူပါမည်။ သုံးစွဲသူအား စည်းကမ်းချက်ဆိုင်ရာအပြောင်းအလဲကိုအသိပေးသည့်အခါ၊ သတ်မှတ်ထားသည့်ကာလအတွင်း ကန့်ကွက်ခြင်းမရှိပါက အပြောင်းအလဲကိုလက်ခံသည်ဟု မှတ်ယူမည်ဆိုသည့်အချက်ကို  Goethe-Institut မှအလေးထားထောက်ပြပါမည်။ သုံးစွဲသူမှကန့်ကွက်ပါက Goethe-Institut သည် စာပိုဒ် (၈) အရ စာချုပ်ကိုရပ်စဲနိုင်သည်။
မော်ကွန်းတိုက

10. ဥပဒေရွေးချယ်မှု

Goethe-Institut နှင့်သုံးစွဲသူအကြား စာချုပ်ဆိုင်ရာလုပ်ငန်းဆက်ဆံရေးကို ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၏ဥပဒေဖြင့် သက်ရောက်စေရမည်။ စားသုံးသူများနှင့်စပ်လျဉ်းသော ဥပဒေရွေးချယ်မှုကိစ္စသည်လည်း ၎င်းအမြဲနေထိုင်လျက်ရှိသည့်ပြည်နယ်၏စားသုံးသူအကာအကွယ်ပေးရေးပြဋ္ဌာန်းချက်အရ ၎င်းအကာအကွယ်ကို ဆုံးရှုံးခြင်းမခံရသည့်အချိန်အထိ အကျုံးဝင်သည်။   

11. အငြင်းပွားမှုဖြေရှင်းရေး

ဥရောပကော်မရှင်သည် အွန်လိုင်းအငြင်းပွားမှုဖြေရှင်းရေးပလက်ဖောင်း (Online Streitbeilegung (OS))​​​​​​​ http://ec.europa.eu/consumers/odr/. ကိုတည်ဆောက်ပေးထားပါသည်။ သုံးစွဲသူများသည် ၎င်းတို့၏အငြင်းပွားမှုများကိုဖြေရှင်းရန် ဤပလက်ဖောင်းကို ရွေးချယ်အသုံးပြုခွင့်ရှိသည်။ စားသုံးသူခုံသမာဓိဘုတ်အဖွဲ့ရှေ့တွင် မဖြေရှင်းမီ၊ တရားရုံးပြင်ပတွင် ခုံသမာဓိဖြင့်စီရင်ဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်ကို ကျွန်ုပ်တို့ဦးစားပေးလိုပါသည်။ တာဝန်ရှိသောအဖွဲ့အစည်းမှာ အများပြည်သူဆိုင်ရာညှိနှိုင်းရေးစင်တာ ခုံသမာဓိအဖွဲ့ , Straßburger Straße 8, 77694 Kehl am Rhein, https://www.verbraucher-schlichter.de/ ဖြစ်သည်။   

12. သဘောတူညီမှုပြန်လည်ရုတ်သိမ်းခွင့်

သုံးစွဲသူများသည် သုံးစွဲခွင့်သဘောတူညီမှုကို ဥပဒေအရပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

ပြန်လည်ရုတ်သိမ်းမှုဆိုင်ရာမူဝါဒ -

ပြန်လည်ရုတ်သိမ်းခွင့်
စာချုပ်ချုပ်ဆိုပြီးဆယ့်လေးရက်အတွင်း ရှင်းလင်းချက်ပေးရန်မလိုအပ်ဘဲ စာချုပ်ကိုပယ်ဖျက်ပိုင်ခွင့်ရှိသည်။ ၎င်းရပိုင်ခွင့်မှာ စာချုပ်စတင်ချုပ်ဆိုသည့်ရက်မှဆယ့်လေးရက်အထိ အကျုံးဝင်သည်။
သုံးစွဲခွင့်ပြန်လည်ရုတ်သိမ်းလိုပါက ကျွန်ုပ်တို့ (Goethe-Institut e. V., Oskar-von-Miller-Ring 18, 80333 မြူးနစ်မြို့၊ တယ်လီဖုန်း- +49 89 15921-0, info@goethe.de သို့အကြောင်းကြားပါရမည်။ နုတ်ထွက်ရန်ဆုံးဖြတ်ချက်ကိုရှင်းလင်းစွာရေးသားပြီး (စာတိုက် သို့မဟုတ် အီးမေးမှတဆင့်) ပေးပို့နိုင်သည်။ ၎င်းအတွက် အသုံးပြုရမည့်စာချုပ်ပြန်လည်ရုတ်သိမ်းမှုနမူနာဖောင်ပုံစံကို အသုံးပြုနိုင်သည်၊ မဖြစ်မနေ အသုံးပြုရမည်မဟုတ်ပါ။
အကြောင်းကြားစာကိုပြန်လည်ရုတ်သိမ်းခွင့်ကာလမကုန်ဆုံးမီ ပေးပို့ပြီးသည်နှင့်တပြိုင်နက် သုံးစွဲခွင့်စာချုပ်ရုတ်သိမ်းမှု အကျုံးဝင်ပါသည်။ 

သဘောတူညီမှုပြန်လည်ရုပ်သိမ်းခြင်း၏အကျိုးဆက်များ    
ဤစာချုပ်မှနုတ်ထွက်ပါက၊ ပို့ဆောင်ခအပါအဝင် သင့်ထံမှကျွန်ုပ်တို့ရရှိထားသောငွေပေးချေမှုအားလုံးကို ပြန်အမ်းပေးပါမည် (ကျွန်ုပ်တို့ကမ်းလှမ်းသော ဈေးအသက်သာဆုံးပေးပို့မှုမှလွဲ၍ အခြားပေးပို့မှုအမျိုးအစားကိုသင်ရွေးချယ်ထားခြင်းကြောင့် ပေးချေရသောအပိုကုန်ကျစရိတ်များမှလွဲ၍)။ ၎င်းကိုနှောင့်နှေးခြင်းမရှိဘဲ  စာချုပ်မှသင်နုတ်ထွက်ကြောင်း အကြောင်းကြာစာရရှိသည့်နေ့မှဆယ့်လေးရက်အတွင်း ဆောင်ရွက်ပေးမည်။ ၎င်းငွေပေးချေမှုအတွက်၊ သင်နှင့်အခြားနည်းလမ်းသဘောတူညီထားခြင်းမရှိပါက မူရင်းငွေပေးချေမှုတွင် သင်အသုံးပြုခဲ့သည့် တူညီသောငွေပေးချေမှုနည်းလမ်းကိုအသုံးပြုပါမည်။ မည်သည့်အခြေအနေတွင်မှ ဤကဲ့သို့ပြန်လည်လွှဲအပ်မှုအတွက် ငွေကြေးကောက်ခံမည်မဟုတ်ပါ။
စာချုပ်ပြန်လည်ရုပ်သိမ်းနိုင်သည့်ကာလအတွင်း ဝန်ဆောင်မှုများပေးရန် သင့်ဖက်မှတောင်းဆိုပါက၊ ကျွန်ုပ်တို့အား သင့်လျော်သောငွေပမာဏကို ပေးချေရပါမည်။
၎င်းပမာဏသည် ယခုဤစာချုပ်ကိုရုပ်သိမ်းကြောင်း ကျွန်ုပ်တို့ထံအကြောင်းကြားချိန်ကာလအထိ ပေးအပ်ခဲ့သောဝန်ဆောင်မှုနှင့်ကိုက်ညီစေရမည်။
ပေးချေရမည့်ပမာဏသည် စာချုပ်ထဲတွင်စီစဥ်ထားသည့် ဝန်ဆောင်မှုစုစုပေါင်းနှင့် ပေးထားပြီးသည့်ဝန်ဆောင်မှုများနှိုင်းယှဉ်ကြည့်လျှင် ကိုက်ညီရမည်။

(အောက်ပါဖောင်ပုံစံကို သင်သုံးနိုင်သည် သို့မဟုတ် သုံးစွဲမှုပယ်ဖျက်ခြင်းကို သင်ကိုယ်တိုင် ရေးသားတင်ပြနိုင်သည်။)

သဘောတူညီမှုပြန်လည်ရုတ်သိမ်းခြင်းနမူနာဖောင်ပုံစံ

(စာချုပ်မှနုတ်ထွက်လိုပါက၊ ဤဖောင်ကိုဖြည့်ပြီးပြန်ပို့ပါ။)

သို့
Goethe-Institut e. V.
Oskar-von-Miller-Ring 18,
80333 München
ဂျာမနီ
info@goethe.de

 
အောက်ဖော်ပြပါကုန်ပစ္စည်း (*)/ အောက်ဖော်ပြပါဝန်ဆောင်မှု (*) တို့ကိုဝယ်ယူရန်အတွက် ကျွန်ုပ်/ကျွန်ုပ်တို့ (*) မှချုပ်ဆိုထားသော စာချုပ်ကို ကျွန်ုပ်/ကျွန်ုပ်တို့ (*) မှ ပြန်လည်ရုပ်သိမ်းလိုက်သည်။
__________________________________________________________________
__________________________________________________________________
မှာယူသည့် နေ့စွဲ (*) _____________________ (*) ရရှိသည့် နေ့စွဲ  (*) ___________
သုံးစွဲသူ(များ)အမည်
______________________________________________
သုံးစွဲသူ(များ)၏လိပ်စာ
______________________________________________
______________________________________________
သုံးစွဲသူ(များ)၏ လက်မှတ် (စာဖြင့် ဆက်သွယ်မှုအတွက်သာ)

Netiquette for digital content provided by the Goethe-Institut

Posts written by users enrich the content of Goethe.de and its sites on Facebook, Twitter, Google+ and other social media.

The quality of your posts is important to us. They can provoke interesting and stimulating discussions. In this Netiquette we give you some tips on how to behave in a forum, as well as how to write your own posts and comments. If everyone keeps to these communication rules, it is possible to create an environment in which all users will enjoy joining in with the discussion.

We ask you to bear a few things in mind:

  1. Stay relevant to the discussion topic or the post on which you are commenting. Ensure that your discussion and comment input is objective and respectful. If you disagree with another user’s post, criticise the post’s content rather than the author. Treat other members with respect. Insulting, discriminating against or defaming individual users or user groups because of their religion, origin, nationality, financial circumstances, sexuality, age or gender is not permitted.
  2. Ensure that anything you write or upload is free from violence and pornographic or discriminating content. Do not write or upload media that could hurt the feelings or insult the religious and political views of others.
  3. To be understood by as many users as possible, you should write in German wherever possible when posting to the “Deutsch für dich” community. When using other platforms you should endeavour to write in the language used on that site/channel.
  4. You must not publish personal and identifying data relating to others.
Only use your own content:

You may not publish any media that is legally protected. Make sure that you are not infringing copyright when you upload media or content. Do not use photos, text, files or documents belonging to others without their agreement. If the media includes photos of people, this content must not be published without their agreement. (General Personal Rights)

If you do not follow the netiquette rules, we will have to intervene:

The Goethe-Institut e. V. is entitled to check, store, process, delete or forward any content that infringes netiquette or is against the law.

It is OK to use links in your posts, for instance to show further information on a certain topic. Goethe-Institut e.V. is not responsible for linked content and does not check it. But we reserve the right to remove links if the linked content infringes the above rules. Commercial content and advertising are not permitted in the discussions.
 
Keep your user name and password safe:
 
Do not share your password to protect your profile from misuse. You are responsible for anything that happens in your name.

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက