ကျွမ်းကျင်ပညာရှင်များနှင့်ဂျာမန်ဘာသာစကားသင်ယူပါ။
ဘာသာစကားစွမ်းရည် (၄) မျိုး (အရေး၊ အပြော၊ အဖတ်၊ အကြား) အပြင် ၎င်းတို့၏ယဉ်ကျေးမှုကိုပါ ဂျာမန်ဘာသာစကားနှင့်အတူသင်ယူနိုင်ပါသည်။ အခြေခံအဆင့်ဘာသာစကားစွမ်းရည်မှသည် အဆင့်မြင့်လယ်ဗယ်များအထိ သင့်ကိုအကူအညီဖြစ်စေသောနေရာတစ်ခုဖြစ်ပါသည်။
သင်တန်းချိန်ကို ခေတ်မီသင်ထောက်ကူများအပြည့်အစုံတပ်ဆင်ထားသည့်စာသင်ခန်းတွင်းသင်ကြားမည်ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်ဆရာ/ဆရာမများ၊ အခြားသင်တန်းသားများနှင့်အတူ ကောင်းမွန်သောသင်ကြားမှုပတ်ဝန်းကျင်တွင် အတူတကွလေ့လာသင်ယူရမည်ဖြစ်သည်။ သင့်လျော်သောသင်ခန်းစာများ၊ လေ့ကျင့်ခန်းများ၊ ခေတ်မီနည်းစနစ်များဖြင့် ဂျာမန်ဘာသာစကားကို သင်ယူရပါမည်။ ကျွန်ုပ်တို့၏သင်တန်းချိန်တွင်ပြောဆိုဆက်သွယ်ခြင်းနှင့်အမျိုးမျိုးအထွေထွေသောသင်ခန်းစာများပါဝင်သည်။ အပြော၊ အကြား၊ အရေး၊ အဖတ် သင်ခန်းစာများကို လက်တွေ့နှင့်နီးစပ်သောအခြေအနေနှင့်စစ်မှန်သောစာသားများနှင့်လေ့ကျင့်ပေးမည်ဖြစ်သည်။ အမျိုးမျိုးသောသင်ထောက်ကူပစ္စည်းများဖြင့် နေ့စဉ်ပြောဆိုဆက်ဆံရသောအခြေအနေများတွင် သင်ဂျာမန်ဘာသာစကားပြောဆိုရပြီး အခြားသောသင်တန်းသား/သူများနှင့်တွဲဖက် (သို့) အဖွဲ့လိုက်လေ့ကျင်သင်ကြားရပါသည်။
ကျွန်ုပ်တို့၏သင်တန်းများတွင် ဂျာမန်ဘာသာစကားပြောနိုင်ငံများကိုလေ့လာသိကျွမ်းပြီး ထိုနိုင်ငံများနှင့်မြန်မာနိုင်ငံအကြားကွာခြားချက်များကိုရှာဖွေကြည့်ပါ။ ကျွန်ုပ်တို့၏သင်တန်းမှအကြောင်းအရာများသည် လက်တွေ့ကျခေတ်မီပြီး ယဉ်ကျေးမှုဖယ်လှယ်နားလည်နိုင်မှုများကိုဦးစားပေးသည်။ ဂျာမန်ဘာသာစကားပြောယဉ်ကျေးမှုကိုအကျွမ်းတဝင်ဖြစ်စေရန် နိုင်ငံအကြောင်းဗဟုသုတများ၊ အင်တာနက်ပရော့ဂျက်များနှင့်သုတေသနလေ့ကျင့်ခန်းများဖြင့်သင်ယူနိုင်ရန် အမျိုးမျိုးသောရွေးချယ်စရာဖြစ်နိုင်ချေများရှိပါသည်။
သင်မည်သည်ကိုရှာနေကြောင်းမသေချာသေးဘူးလား။
သင့်အတွက်သင့်လျော်မှန်ကန်သောသင်တန်းများကျွန်ုပ်တို့ထံတွင်ရှိပါသည်။
နောက်ထပ်မေးခွန်းများရှိပါသလား။ ကျွန်ုပ်တို့နှင့်ဆွေးနွေးမေးမြန်းနိုင်ပါသည်။
မေးခွန်းရှိပါက? မေးမြန်းဆွေးနွေးရန်:
တနင်္လာ: မနက် (၁၁) မှ ညနေ (၅) နာရီ, အင်္ဂါ-သောကြာ : မနက် (၁၁) မှ ညနေ (၄) နာရီ