Logo Goethe-Institut

မြန်မာ

စာမေးပွဲကြိုတင်ပြင်ဆင်မှုသင်တန်းများ

စာမေးပွဲအနှစ်ချုပ်အတွက်အခိုင်အမာကြိုတင်ပြင်ဆင်မှု

ဆက်သွယ်ရန်
  • စာမေးပွဲအဆင့်အားလုံး
  • အကူအညီဖြစ်စေသောလေ့ကျင့်ခန်းများ
  • အသင့်လျော်ဆုံးကြိုတင်ပြင်ဆင်မှု

Illustration:  Dynamische junge Leute laufen auf ein gemeinsames Ziel zu.

သင်၏အောင်မြင်မှုအတွက်ကြိုတင်ပြင်ဆင်လိုက်ပါ။

Goethe Zertifikat စာမေးပွဲတစ်ခုဖြေရန်သင်လက်ရှိပြင်ဆင်နေပါသလား။ စာမေးပွဲပုံစံကိုသိကျွမ်းနားလည်လိုပါသလား။ ထို့အတွက်ကျွန်ုပ်တို့တွင်စာမေးပွဲကြိုတင်ပြင်ဆင်မှုသင်တန်းများရှိပါသည်။
ကျွန်ုပ်တို့၏တစ်ဦးချင်းသင်တန်းက နိုင်ငံတကာအသိမှတ်ပြုသော Goethe-Zertifikat အတွက်ကြိုတင်ပြင်ဆင်ပေးပါသည်။ သင်ခန်းစာလေ့ကျင့်ခန်းများတွင် အမျိုးမျိုးသောစာမေးပွဲအပိုင်းများနှင့်ပုံစံများကိုသင်လေ့လာသင်ယူနိုင်ပြီး တိကျသောစာမေးပွဲနည်းပညာများကိုရင်းနှီးကျွမ်းဝင်စေပါသည်။ ကြိုတင်ပြင်ဆင်မှုက အရေး၊ အဖတ်၊ အကြားနှင့်အပြောကျွမ်းကျင်မှု (၄) မျိုးလုံးကိုပိုမိုတိုးတက်စေပါသည်။
Einstufungstest

မည်သည့်အဆင့်ကကျွန်ုပ်အတွက်သင့်လျော်ပါသနည်း။

သင်ကဂျာမန်ဘာသာစကားကိုပြောဆိုနိုင်သော်လည်း ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများတွင် ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်ပါသလား။ ထိုသို့ဆိုလျှင် ဘာသာစကားအဆင့်စစ်ဆေးခြင်း စာမေးပွဲကိုဖြေဆိုရန်လိုအပ်ပါသည်။ ဤသို့ဖြင့် သင့်တွင်မည်သို့သောဗဟုသုတများကြိုတင်ရှိထားနှင့်သည်၊ သင်နှင့်အတူသင်ယူမှုပန်းတိုင်ကိုအတူတကွချမှတ်ရန်နှင့်သင်နှင့်အတူသင့်လျော်သောသင်တန်းကိုရွေးချယ်ရန်ကျွန်ုပ်တို့ရှာဖွေဖော်ထုတ်နိုင်ပါသည်။
အကြိုဗဟုသုတများမရှိပါက အလိုအလျောက်ပင် A1.1 အဆင့်မှသင်စတင်ရမည်ဖြစ်သည်။

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

သင့်အတွက် ဂျာမန်စာအရည်အချင်းစစ်စာမေးပွဲများ နှင့် ဂျာမန်စာသင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစာရင်းသွင်းခြင်းအဆင့်ဆင့်ကို photo gallery တွင်ကြည့်ရှုပါ။

နောက်ထပ်မေးခွန်းများရှိပါသလား။ ကျွန်ုပ်တို့နှင့်ဆွေးနွေးမေးမြန်းနိုင်ပါသည်။

မေးခွန်းရှိပါက? မေးမြန်းဆွေးနွေးရန်:

တနင်္လာ: မနက် (၁၁) မှ ညနေ (၅) နာရီ, အင်္ဂါ-သောကြာ : မနက် (၁၁) မှ ညနေ (၄) နာရီ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက