Logo Goethe-Institut

မြန်မာ

အလယ်အလတ်အဆင့်

သင်သည် ဂျာမန်ဘာသာစကားကို အလယ်အလတ်အဆင့် သင်ယူနေပြီး နောက်ထပ် ပိုမိုကောင်းမွန်စေရန် လေ့ကျင့်သင်ကြားလိုပါသလား။ သို့ဆိုပါက နောက်ထပ်သင်ယူလေ့လာရန် ကောင်းမွန်သော သင်ခန်းစာများကို ဤနေရာတွင် တွေ့နိုင်ပါသည်။ B1 နှင့် B2 အဆင့်များတွင် ဂျာမန်ဘာသာစကားကို အထောက်အကူမလိုဘဲ လွတ်လွတ်လပ်လပ် နှင့် ချောချောမွေ့မွေ့ ဆက်သွယ်ပြောဆိုနိုင်ပြီး ရှုပ်ထွေးသော အကြောင်းအရာ ခေါင်းစဉ်များကိုလည်းသင် နားလည်နိုင်ပါလိမ့်မည်။ သင့်အတွက် အမျိုးမျိုးအထွေထွေ ကွဲပြားခြားနားသော သင်ခန်းစာလေ့ကျင့်ခန်းများကို ကျွန်ုပ်တို့က အွန်လိုင်းတွင် ပြင်ဆင်ပေးထားပါသည်။ ဂိမ်းများ၊ ဗီဒီယိုများ၊ အပ်ပလီကေးရှင်းများ၊ ဉာဏ်စမ်းပဟေဠိများဖြင့် အခမဲ့လေ့ကျင့်ပြီး သင်၏ဂျာမန်ဘာသာစကားကို နောက်ထပ်အဆင့်တစ်ခုရောက်အောင်မြှင့်တင်လိုက်ပါ။ တစ်ချက်လောက် ဝင်ရောက်ကြည့်ရှုပါ။

B အကူအညီမလိုအပ်ပဲပြောဆိုနိုင်သောအဆင့် စကားအသုံးအနှုန်း © Goethe-Institut

  • Pronunciation made easy

    Online pronunciation training

    Do you want to be easily understood when you speak German? Are you preparing for a German examination and want to pass the “oral” section with confidence? Improve your pronunciation in a personalized and structured way. Our exercises are based on everyday communication, and you will receive direct feedback.
    Suitable for all levels.
     

    A woman sits on a pile of characters. Image: © Goethe-Institut Image: © Goethe-Institut

  • from B1

    Theoretisch, praktisch, gut! Vocational training in Germany

    Vocational training and integration in Germany: Accompany Amir as he arrives, searches for an apartment, and goes through everyday life at vocational school. The training highlights challenges, leisure activities, friendships, and supports settling into a new daily life.

    Amir makes an ID-Check. © Goethe-Institut © Goethe-Institut

  • ကလေးများအတွက်ပလက်ဖောင်း

    Digitale Kinder-Uni

    တစ်ဦးတည်းမည်သို့ ကားမောင်းနိုင်ပါမည်နည်း။ ခရုခွံကို နား နားကပ်နားထောင်သည့်အခါ မည်သို့သော အသံကိုကြားရပါသနည်း။ ဘာကြောင့် အိပ်ဖို့လိုအပ်တာပါလဲ။ ကမ္ဘာကြီးသည်မေးခွန်းများဖြင့် ပြည့်နှက်နေပါသည်။ ထို့အတွက် ကျွန်ုပ်တို့တွင် အဖြေများရှိနေပါသည်။ အသေအချာရှင်းပြထားပြီး အခမဲ့ဖြစ်သည်။ ပရော်ဖက်ဆာ အိုင်းစတိုင်းနှင့် ဆိုဖီရှလောင်း တို့က သင့်ကိုတွေ့ရန် စောင့်မျှော်နေပါသည်။

    KinderUni Foto: © Goethe-Institut Foto: © Goethe-Institut

  • ဆယ်ကျော်သက်များအတွက်ပလက်ဖောင်း

    Digitale Junior-Uni

    အာကာသသည် မည်သို့မည်ပုံရှိပါသနည်း။ လျှပ်စစ်မီးသည် ဘယ်ကလာပါသလဲ။ စက်ရုပ်တစ်ရုပ်သည် မည်သို့လုပ်ဆောင်ပါသလဲ။ ကျောင်းသား/သူတစ်ဦးအနေနှင့် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ် ဂျူနီယာတက္ကသိုလ်တွင် သင့်အတွက်အဖြေများရှာဖွေနိုင်ပါသည်။ ထို့အပြင် သင့်ဂျာမန်ဘာသာစကားစွမ်းရည်ကိုလည်း အခမဲ့ မြှင့်တင်နိုင်ပါသည်။ ဂျူနီယာတက္ကသိုလ်သည် A1/A2 အဆင့်နှင့် A2/B1 အဆင့်များအတွက် အသင့်လျော်ဆုံးဖြစ်သည်။ 

    JuniorUni Foto: © Goethe-Institut Foto: © Goethe-Institut

  • Online AI-Game B1

    Mein erster Arbeitstag

    Starting a career and integration in Germany? Accompany Kala from India from the job interview to the first day at work when starting her career. You practice workplace vocabulary, conversations with colleagues, and writing important messages.

    Screenshot Mein erster Arbeitstag © Goethe-Institut © Goethe-Institut

  • YouTube

    24H DEUTSCH

    ဟိုင်း ငါ့နာမည်က Ida ပါ။ YouTube ပေါ်က မင်းရဲ့ဂျာမန်ဘာသာစကားဆရာမပါ။ ငါ့ဆီကနေ သဒ္ဒါ၊ ဝေါဟာရအသစ်တွေသင်ယူနိုင်ပြီး ဂျာမနီမှာနေထိုင်မှုဘဝအတွက် အကြံပေးချက်တွေလည်း ရယူနိုင်ပါတယ်။ မင်းသာ ဂျာမန်ဘာသာစကား တတ်ကျွမ်းပြီးဖြစ်မယ်ဆိုရင် (အထူးသဖြင့် A2 ကနေ B1 အထိသင့်လျော်ပါတယ်) ငါ့ရဲ့ဗီဒီယိုတွေကို လွယ်လွယ်ကူကူနားလည်နိုင်မှာပါ။ ပြီးတော့ လုံးဝအခမဲ့ ဖြစ်ပါတယ်။ 

    Ida aus 24h Deutsch mit einem Mikrofon in der Hand Foto: © Goethe-Institut Foto: © Goethe-Institut

  • exercises in a virtual city

    DeutschLandStadt

    Learn German: from registration office to the doctor - in a virtual city, you learn the first steps of everyday life in Germany in a playful way. The interactive learning game conveys practical knowledge and is ideal for German learners at B1/B2 level.

    Screenshot aus DeutschLandStadt © Goethe-Institut | Izmir © Goethe-Institut | Izmir

  • အွန်လိုင်းဂိမ်း

    ဆေးရုံတွင်လျှို့ဝှက်မစ်ရှင်လုပ်ဆောင်ခြင်း

    ဤအွန်လိုင်းဂိမ်းတွင် ဆေးရုံတွင်အလုပ်လုပ်ခြင်း အကြောင်းကို ပျော်ရွှင်ဖွယ်နည်းလမ်းဖြင့် သင်ယူနိုင်ပါသည်။ သင်သည် သူနာပြုအဖြစ် ရုပ်ဖျက်ထားပြီး လျှို့ဝှက်မစ်ရှင်တစ်ခုလည်းရှိပါသည်။ မည်သူက တန်ဖိုးကြီး ရတနာများကို ခိုးယူသွားကြောင်းရှာဖွေပါ။ စုံစမ်းနေစဉ် ဆေးပညာအသက်မွေးဝမ်းကြောင်းအတွက် အဖိုးမဖြတ်နိုင်သော ဝေါဟာရများသင်ယူနိုင်ပါလိမ့်မည်။

    Ein Mann, gekleidet wie ein Pfleger, steht in einem Krankenhauszimmer. Grafik: Goethe-Institut Grafik: Goethe-Institut

  • လူမှုကွန်ယက်

    TikTok နှင့် Instagram တွင်ဂျာမန်စာလေ့လာပါ

    ကျွန်ုပ်တို့၏အသိုင်းအဝိုင်းမှ ကြိုဆိုပါတယ်။ ကျွန်ုပတို့၏ TikTok နှင့် Instagram ချန်နယ်များတွင် ဘာလင်မှအဲလက်စ်နှင့် ကမ္ဘာအနှံ့မှဧည့်သည်တော်များက စောင့်ကြိုနေပါတယ်။ ဂျာမန်ဘာသာစကားနှင့်ပတ်သက်၍ သိသင့်သမျှ၊ ဂျာမနီနှင့်အခြားနိုင်ငံများမှနေ့စဉ်လူနေမှုဘဝများအကြောင်း ထဲထဲဝင်ဝင်လေ့လာနိုင်ပါသည်။ အခြားသောသူများနှင့်လည်း သင်၏အတွေ့အကြုံကို ဆွေးနွေးဖလှယ်နိုင်ပါသည်။

    Learn German on TikTok and Instagram © Goethe-Institut © Goethe-Institut

  • လူမှုကွန်ယက်

    Facebook တွင်ဂျာမန်စာလေ့လာပါ

    ကမ္ဘာတဝန်းမှ ဂျာမန်စာလေ့လာသင်ယူသူများနှင့် သင်တွေ့ဆုံလိုပါသလား။ သို့ဆိုပါက ဤဖေ့စ်ဘွတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ပါ။ ဤနေရာတွင် သင်ဂျာမန်စကားကို အခမဲ့လေ့ကျင့်နိုင်ပြီး ဆွေးနွေးဖလှယ်နိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများအကြောင်း အရေးကြီးသတင်းအချက်အလက်များနှင့် ဂျာမနီတွင်နေထိုင်မှုဘဝအတွက် အကြံပြုချက်များကိုလည်း ရယူနိုင်ပါသည်။

    Facebook Foto: © Goethe-Institut, Sonja Tobias Foto: © Goethe-Institut, Sonja Tobias

  • Podcast „Superfrauen“

    အမျိုးသမီးဝါဒ၊ ယဉ်ကျေးမှုနှင့်လူမှုရေး

    ဤပေါ့ကတ်စ်သည် ကမ္ဘာတဝန်းမှ အမျိုးသမီးများ၏ သမိုင်းကြောင်းများကို တင်ဆက်ထားပါသည်။ မတူညီကွဲပြားမှုများကြားမှ တူညီမှုတစ်ခုလည်းရှိနေပါသည်။ ဒါကတော့ စံပြုစရာပုဂ္ဂိုလ်များပါ။ သူတို့၏ဘဝတစ်လျှောက် ဖြတ်သန်းမှုလမ်းကြောင်းများသည် စိတ်လှုပ်ရှားတက်ကြွဖွယ် ထက်မြက်ပြီး ရဲရင့်ကြသည်။ နားထောင်ရန်စာသားများသည် ဂျာမန်လိုဖြစ်ပြီး B2/C1 အဆင့်များအတွက် သင့်လျော်ပါသည်။

    Superfrauen Podcast Grafik: © Goethe-Institut Grafik: © Goethe-Institut

  • apply professionally

    Deutsch am Arbeitsplatz

    Applying and working in Germany? Learn everything you need to know about the application process and professional communication in everyday working life. This training requires language skills at B1/B2 level.

    a man works on his laptop © Goethe-Institut © Goethe-Institut

  • Podcast "kurz & bündig"

    Über Politik, Wirtschaft und Gesellschaft

    ဤပေါ့ကတ်စ်များသည် ဂျာမနီနှင့်ကမ္ဘာတဝှမ်းမှ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအကြောင်းအရာများကို ဦးတည်ထားပါသည်။ ဥပမာ - ဂျာမနီတွင် ဥရောပသည် မည်သို့ရှိသနည်း။ တရုတ်နှင့်ကုန်သွယ်မှုအခြေအနေမှာ မည်သို့ရှိသနည်း။ နားထောင်ရန်စာသားများမှာ ဂျာမန်လိုဖြစ်ပြီး B2/C1 အဆင့်များအတွက် သင့်လျော်ပါသည်။

    Smartphone auf dem der Podcast kurz & bündig läuft Foto: © Goethe-Institut, Europanetzwerk Deutsch Foto: © Goethe-Institut, Europanetzwerk Deutsch

  • Onleihe

    Reading made easy

    "Easy Reader စာအုပ်" တွေကို ဖတ်ရတာ သင့်အတွက် လွယ်လွန်းနေပြီလား?
    ဂျာမန်ဘာသာ B2 နှင့် C1 အဆင့်ရှိသူတွေအတွက် ပိုပြီးသင့်တော်တဲ့ e-books တွေကို ကျွန်ုပ်တို့ရဲ့ အခမဲ့ဒစ်ဂျစ်တယ်စာကြည့်တိုက် Onleihe မှာဖတ်ရှုဖို့ အကြံပြုပါရစေနော်။

    Reading female figure © Goethe-Institut © Goethe-Institut