Logo Goethe-Institut

မြန်မာ

သင်ယူမှုနှင့်ပညာရေး

ပဟေဠိကိုအဖြေညှိရင်း ဂျာမန်စကားကို အခမဲ့ လေ့ကျင့်လိုပါသလား။ ဒါဆိုရင်တော့ ဒီမှာတစ်ချက် ကြည့် ကြည့်ပါ။ သင့်အတွက် ကမ္ဘာကြီးနဲ့ ဂျာမနီအကြောင်း လွယ်ကူတဲ့ အသိပညာဗဟုသုတမေးခွန်းတွေရော ခက်ခဲတဲ့မေးခွန်းတွေပါ ပြင်ဆင်ပေးထားပါတယ်။ ဥပမာ - ကမ္ဘာရဲ့ ဘယ်ဒေသတွေမှာ ပင်ကွင်းတွေ အများဆုံးနေထိုင်သလဲ။ ဂျာမန်တီထွင်သူ Carl Benz က ဘယ်လို အားလပ်ရက်အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့ပါသလဲ။ သင့်ရဲ့အသိပညာကို စမ်းသပ်ပြီး သင်ဘာတွေသိသလဲဆိုတာ ပြသလိုက်ပါ။

မော်လီကျူးပုံစံ ပညာရှင် © Goethe-Institut, Getty Images

  • ကလေးများအတွက်ပလက်ဖောင်း

    Digitale Kinder-Uni

    တစ်ဦးတည်းမည်သို့ ကားမောင်းနိုင်ပါမည်နည်း။ ခရုခွံကို နား နားကပ်နားထောင်သည့်အခါ မည်သို့သော အသံကိုကြားရပါသနည်း။ ဘာကြောင့် အိပ်ဖို့လိုအပ်တာပါလဲ။ ကမ္ဘာကြီးသည်မေးခွန်းများဖြင့် ပြည့်နှက်နေပါသည်။ ထို့အတွက် ကျွန်ုပ်တို့တွင် အဖြေများရှိနေပါသည်။ အသေအချာရှင်းပြထားပြီး အခမဲ့ဖြစ်သည်။ ပရော်ဖက်ဆာ အိုင်းစတိုင်းနှင့် ဆိုဖီရှလောင်း တို့က သင့်ကိုတွေ့ရန် စောင့်မျှော်နေပါသည်။

    KinderUni Foto: © Goethe-Institut Foto: © Goethe-Institut

  • ဆယ်ကျော်သက်များအတွက်ပလက်ဖောင်း

    Digitale Junior-Uni

    အာကာသသည် မည်သို့မည်ပုံရှိပါသနည်း။ လျှပ်စစ်မီးသည် ဘယ်ကလာပါသလဲ။ စက်ရုပ်တစ်ရုပ်သည် မည်သို့လုပ်ဆောင်ပါသလဲ။ ကျောင်းသား/သူတစ်ဦးအနေနှင့် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ် ဂျူနီယာတက္ကသိုလ်တွင် သင့်အတွက်အဖြေများရှာဖွေနိုင်ပါသည်။ ထို့အပြင် သင့်ဂျာမန်ဘာသာစကားစွမ်းရည်ကိုလည်း အခမဲ့ မြှင့်တင်နိုင်ပါသည်။ ဂျူနီယာတက္ကသိုလ်သည် A1/A2 အဆင့်နှင့် A2/B1 အဆင့်များအတွက် အသင့်လျော်ဆုံးဖြစ်သည်။ 

    JuniorUni Foto: © Goethe-Institut Foto: © Goethe-Institut

  • Podcast "kurz & bündig"

    Über Politik, Wirtschaft und Gesellschaft

    ဤပေါ့ကတ်စ်များသည် ဂျာမနီနှင့်ကမ္ဘာတဝှမ်းမှ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအကြောင်းအရာများကို ဦးတည်ထားပါသည်။ ဥပမာ - ဂျာမနီတွင် ဥရောပသည် မည်သို့ရှိသနည်း။ တရုတ်နှင့်ကုန်သွယ်မှုအခြေအနေမှာ မည်သို့ရှိသနည်း။ နားထောင်ရန်စာသားများမှာ ဂျာမန်လိုဖြစ်ပြီး B2/C1 အဆင့်များအတွက် သင့်လျော်ပါသည်။

    Smartphone auf dem der Podcast kurz & bündig läuft Foto: © Goethe-Institut, Europanetzwerk Deutsch Foto: © Goethe-Institut, Europanetzwerk Deutsch

  • ဗီဒီယိုများ - ဂျာမနီရှိနေ့စဉ်ဘဝ

    ဂျာမနီဓါတ်ခွဲခန်း

    ဘီယာ၊ ဝက်အူချောင်း၊ အေးစိမ့်သောရာသီဥတု။ ဂျာမနီဟုဆိုလိုက်လျှင် မည်သည်ကို သတိရမိပါသလဲ။ ဤဗီဒီယိုစီးရီးတွင် နီနာနှင့်ဒေးဗစ်ကလီရှေးတို့က ပါဝင်ထားကြပါသည်။ မည်သည့်အရာကလုပ်သင့်ပါသလဲ။ မည်သည့်အရာက မလုပ်သင့်ဘူးလဲ။ မည်သို့ဆိုစေ ဂျာမနီက အံအားသင့်ဖွယ်ပင်ဖြစ်သည်။ တစ်ချက်လောက် ဝင်ရောက်ကြည့်ပါ။ A2 အဆင့်မှစတင်၍ ဤဗီဒီယိုများကို ကောင်းကောင်းနားလည်နိုင်ပါသည်။

    Nina und David vom Deutschlandlabor Grafik: © Goethe-Institut | DW Grafik: © Goethe-Institut | DW

  • Podcast „Superfrauen“

    အမျိုးသမီးဝါဒ၊ ယဉ်ကျေးမှုနှင့်လူမှုရေး

    ဤပေါ့ကတ်စ်သည် ကမ္ဘာတဝန်းမှ အမျိုးသမီးများ၏ သမိုင်းကြောင်းများကို တင်ဆက်ထားပါသည်။ မတူညီကွဲပြားမှုများကြားမှ တူညီမှုတစ်ခုလည်းရှိနေပါသည်။ ဒါကတော့ စံပြုစရာပုဂ္ဂိုလ်များပါ။ သူတို့၏ဘဝတစ်လျှောက် ဖြတ်သန်းမှုလမ်းကြောင်းများသည် စိတ်လှုပ်ရှားတက်ကြွဖွယ် ထက်မြက်ပြီး ရဲရင့်ကြသည်။ နားထောင်ရန်စာသားများသည် ဂျာမန်လိုဖြစ်ပြီး B2/C1 အဆင့်များအတွက် သင့်လျော်ပါသည်။

    Superfrauen Podcast Grafik: © Goethe-Institut Grafik: © Goethe-Institut

  • Videospiel

    Playing Kafka

    This video game immerses you in the mysterious world of Kafka's novels. Your interactions and decisions influence the course of the game and lead to surprising results. The game modules are based on Kafka's most popular novels. German language skills at C1/C2 level are required.
     

    screenshot from video game Playing Kafka © Goethe-Institut | Charles Games © Goethe-Institut | Charles Games