DeutschCafè

DeutschCafè ©Goethe-Institut Myanmar

Goethe-Institut Myanmar ကဂျာမန်စာလေ့လာနေသူတွေအတွက် ပေါ့ပေါ့ပါးပါးစကားပြောလေ့ကျင့်ဖို့၊ German Native Speaker တွေ၊ Goethe-Institut မှာဂျာမန်စာသင်ကြားပေးနေတဲ့ အ‌ရည်အချင်းပြည့်မှီတဲ့ဆရာ/ဆရာမတွေနဲ့ရော အတွေးအမြင်တွေဖလှယ်နိုင်ဖို့ German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ DeutschCafè အစီအစဉ်လေးကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြုလုပ်သွားမဲ့ခေါင်းစဥ်အကြောင်းအရာတွေနဲ့ guestspeaker တွေက မတူညီဘဲစိတ်ဝင်စားဖို့ကောင်းပြီး ကော်ဖီနဲ့မုန့်လည်းကျွေးမှာဖြစ်လို့ အားလုံးကိုလာခဲ့ဖို့ကြိုဆိုပါတယ်။
တက်ရောက်နိုင်မယ့်လူဦးရေကိုကန့်သတ်ထားတာကြောင့် အချိန်မှီစာရင်းပေးသွင်းဖို့တော့လိုအပ်ပါတယ်။ လစဥ်အစီအစဥ်တွေကမတူညီလို့ အမြဲ update ဖြစ်ဖို့ဆိုရင် Goethe-Institut Myanmar ရဲ့ social media (Facebook, Instragram, Telegram) တွေကိုစောင့်ကြည့်ပေးဖို့တော့လိုတယ်နော်။
 

  • DeutschCafè ©Goethe-Institut Myanmar

    DeutschCafè

  • DeutschCafè ©Goethe-Institut Myanmar

    DeutschCafè

  • DeutschCafè ©Goethe-Institut Myanmar

  • DeutschCafè ©Goethe-Institut Myanmar

  • DeutschCafè ©Goethe-Institut Myanmar