ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်မှာ
စာကြည့်တိုက်အသုံးပြုသူများဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကနေ သတင်းအချက်အလက်ရယူပါ။ အသင်း၀င်ဖြစ်ဖို့အတွက် အရေးအကြီးဆုံး အချက်အလက်များကို ဖြည့်စွက်ပြီး၊ သင့်အီးမေးလ်လိပ်စာကို အတည်ပြုနိုင်ဖို့ ဤ
လျှောက်လွှာကို ဖြည့်စွက်ရပါမယ်။ ရက်သတ္တပတ် (၇)ရက်အတွင်း ကျွန်ုပ်တို့ဆီကို လာရောက်ပြီး၊ စာရင်းပေးသွင်းခြင်းလုပ်ငန်းကို အပြီးသတ်လုပ်ဆောင်ရပါမယ်။ သင်ကိုယ်တိုင်လာရောက်မယ်ဆိုရင်လည်း သင့်ကို စာကြည့်တိုက်အဖွဲ့သားများက ကိုယ်တိုင်ကိုယ်ကျ အကြံပြုဆွေးနွေးပေးနိုင်ပါတယ်။
အကယ်၍ သင်က စာကြည့်တိုက်အသင်းဝင် ဖြစ်ပြီးသားဆိုလျှင်၊ အဆင့်နှစ်ကနေ ဆက်လက်လုပ်ဆောင်သွားရပါမယ်။
သင့်အနေဖြင့် Mein Goethe.de တွင် စာရင်းသွင်းအကောင့်မဖွင့်ရသေးဘူးဆိုလျှင်၊
အွန်လိုင်းကနေ အကောင့်တစ်ခု ဖွင့်လို့ရပါတယ်။ Mein Goethe.de အတွက် အသုံးပြုထားတဲ့ Log-in အချက်အလက်တွေကိုပဲ အွန်လိုင်းကတ်တလောက်အတွက် ပြန်အသုံးပြုရမှာ ဖြစ်ပါတယ်။ Mein Goethe.de ကို အသုံးပြုပြီးတော့ Goethe-Institut ၏ အခြားသော အွန်လိုင်းအစီအစဥ်များဖြစ်ကြတဲ့ ဘာသာစကား၊ ယဥ်ကျေးမှုနှင့် စာကြည့်တိုက်အစီအစဥ်များကိုလည်း မိမိစိတ်တိုင်းကျ သုံးနိုင်ပါသေးတယ်။
အကယ်၍ သင့်မှာ Mein Goethe.de အကောင့်ဖွင့်၊ စာရင်းသွင်းပြီးသားဆိုရင်တော့ အသစ်ပြန်လည်ဖွင့်စရာ မလိုပါဘူး။ အဆင့် (၃)ကိုပဲ ဆက်လက်လုပ်ဆောင်ရပါမယ်။
သင့်အကောင့်ကို အသက်ဝင်လာစေဖို့၊ စာကြည့်တိုက်အဖွဲ့သားများက သင် Mein Goethe.de အကောင့်ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို တစ်ကြိမ်သာ လိုအပ်ပါတယ်။ အကြောင်းကြားလျှောက်လွှာကို ဖြည့်စွက်ပြီး၊ စာကြည့်တိုက်ကို ပေးပို့လိုက်ပါ။။
သင့်အနေဖြင့် လျှောက်လွှာကို ဖြည့်ပြီးတဲ့နောက်မှာတော့၊ စာကြည့်တိုက်အဖွဲ့သားများက သင်၏ အွန်လိုင်းကတ်တလောက်ကို အသုံးပြုလို့ရပြီဆိုတာနဲ့ အကြောင်းကြားမှာ ဖြစ်ပါတယ်။ ရုံးဖွင့်ရက် နှစ်ရက်အတွင်း အကောင့်အဆင်သင့်ဖြစ်စေခြင်း လုပ်ငန်း ဆောင်တာကို ပြီးမြောက်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။