Logo Goethe-Institut

မြန်မာ

သင်တန်းသားခေါ်ခြင်း
Academy of Care

AoC Open Call ©Goethe-Institut Myanmar

ဖန်တီးဆင့်ပွား မျှဝေမည် ဂရုစိုက်မှု အကယ်ဒမီ Academy of Care (AoC) သည် စိတ်ဒဏ်ရာ ကို အခြေခံပြီး ဂရုစိုက်ပံ့ပိုးပေးနိုင်မှု အတွက် ဖန်တီးမှု အနုပညာ ကုထုံးများကို အဓိကထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အခြေခံပြီး လေ့ကျင့်ပေးမည့် နှစ်လကြာ  အချိန်ပြည့် တက်ရောက်သင်ကြားရမယ့် Certificate base သင်တန်းတစ်ခုဖြစ်ပါတယ်။ တက်ရောက်ကြမယ့် သင်တန်းသားများအနေနှင့် အနုပညာ၊ ဂီတနှင့် ဒရာမာကုထုံးများတွင် လက်တွေ့ကျွမ်းကျင်မှုများရရှိမှာဖြစ်ပြီး မိမိ ရပ်ရွာဒေသလူထု အတွက် အကျိုးပြု ပရောဂျက်များ ပျိုးထောင်နိုင်ဖို့ရာ မျိုးစေ့ရန်ပုံငွေနှင့် အကြံပေး နည်းပြ လမ်းညွှန်ပေးခြင်းဆိုင်ရာများဖြင့် ဆက်လက် ပံ့ပိုးပေးသွားမည့် အစီအစဉ်ထိ ရရှိနိုင်တဲ့ သင်တန်းဖြစ်ပါတယ်။

AoC သည် စာနာနားလည်မှုကို မြှင့်တင်ရန်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းခြင်းဖြင့် လူုအပြောင်းအလဲ ကို အားပေးရန် ရည်ရွယ်ကာ နိုင်ငံတကာနှင့်ပြည်တွင်းမှ ကျွမ်းကျင်သူ ပညာရှင်များ က ဦးဆောင်သင်ကြားပို့ချသွားမည့် သင်တန်းဖြစ်ပါတယ်။ 

သင်တန်းကာလ

၂၉ ဇူလိုင် မှ ၁၇ အောက်တိုဘာ ၂၀၂၅ 

ဘယ်သူတွေ လျှောက်ထားနိုင်မလဲ။ (M/F/D) 

စိတ်ဝင်စားလျှောက်ထားလိုသူအားလုံးပါဝင်လျှောက်ထားကြဖို့အတွက်ကို အားပေးပြီး ခွဲခြားဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်ပါတယ်။အထူးသဖြင့် အရင်းအမြစ်များကို လက်လှမ်းမီနိုင်မှုအားနည်းပြီး စွမ်းရည်မြှင့်တင်မှု သင်ကြားပေးရေး အပိုင်းများတွင် အကန့်အသတ်ရှိသော ဒေသများ၊ ရန်ကုန်ပြင်ပဒေသများမှ  တစ်ဦးချင်းစီအား လျှောက်ထားကြရန် တိုက်တွန်းပါတယ်။ 
 
AoC အနေဖြင့် ပရိုဂရမ်တွင် အချိန်ပြည့်တက်ရောက်နိုင်ပြီး ကျွမ်းကျင်မှုနှင့် အသိပညာအသစ်များကို ရယူလိုသော စိတ်အားထက်သန်ကြပြီး မိမိ တတ် ကျွမ်းသည်များကို မျှဝေလိုသောဆန္ဒရှိသူများကို ရှာဖွေနေတာဖြစ်ပါတယ်။ ၎င်းတို့အနေဖြင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရှိရန် စိတ်အားထက်သန်ကာ  လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ရန်အသင့်ရှိနေပြီး မတူကွဲပြားသော လူမှုယဉ်ကျေးမှုလိုအပ်ချက်များကို လေးနက်စွာ နားလည်သဘောပေါက်ထားသူများဖြစ်ရပါမယ်။ မိမိတို့ နေထိုင်ရာ နယ်ပယ်သို့ ပြန်လည် သွားရောက်လိုပြီး နိုင်ငံအတွင်း လိုအပ်နေသူများကို ပံ့ပိုးကူညီလိုသော လူတစ်ဦးချင်းစီအား အထူးရည်ရွယ်ပါတယ်။ 
 
မှတ်ချက်: 
Academy of Care ဟာ မိမိတစ်ကိုယ်ရည်စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ရှာဖွေနေသူများအတွက် ရည်ရွယ်တာမဟုတ်ဘဲ စိတ်ဒဏ်ရာ၊ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကြုံတွေ့နေရသည့် လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းများကို ထိရောက်စွာပံ့ပိုးပေးနိုင်သူများအတွက် ရည်ရွယ်ပါတယ်။ 
 
အင်္ဂလိပ်စာ တတ်ကျွမ်းပါက ပို၍အဆင်ပြေသော်လည်း အဓိကလိုအပ်ချက်တော့ မဟုတ်ပါ။ ဘာသာစကားအကူအညီအတွက် သင်တန်းကာလအတွင်း စကားပြန် ထားရှိမှာဖြစ်ပါတယ်။ 

လျှောက်လွှာသတ်မှတ်ချက် 

စိတ်ကျန်းမာရေး၊ စိတ်ပညာ၊ ဆွေးနွေးအကြံပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ပညာရေးနယ်ပယ်တွင် အနည်းဆုံး နှစ်နှစ်အတွေ့အကြုံရှိသူများ လျှောက်ထားဖို့ရန် တိုက်တွန်းလိုပါတယ်။ဤအတွေ့အကြုံသည် အထူးသဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအခြေအနေများအတွင်း စေတနာ့ဝန်ထမ်းအလုပ်၊ ရပ်ရွာလူထုပါဝင်မှု၊ ပညာရေးဆိုင်ရာ လိုက်စားမှုများနှင့် လက်တွေ့အတွေ့အကြုံများကို ရည်ရွယ်ပါတယ်။ 
တီထွင်ဖန်တီးမှုနယ်ပယ်အတွင်း - အနုပညာ၊ ပြဇာတ်အက သို့မဟုတ် ဖျော်ဖြေတင်ဆက်မှု သို့မဟုတ် ဂီတနောက်ခံ၊ အတွေ့အကြုံရှိသောသူများကိုလည်း လျှောက်ထားကြဖို့ တိုက်တွန်းပါတယ်။ ဂီတကုထုံးအထူးပြု တက်ရောက်ခွင့်ရရန် ဂီတနှင့်ပတ်သက်သည့် ဗဟုသုတ အတွေ့အကြုံအနည်းငယ်လိုအပ်ပါတယ်။ 
AOC အနေဖြင့် ပဋိပက္ခဖြစ်ပွားရာနေရာများအပါအဝင် မတူကွဲပြားသောအုပ်စုများကို ပံ့ပိုးပေးနေသော၊ ခက်ခဲ့တဲ့ နေရာဒေသ ရပ်ရွာများနှင့်နယ်ပယ်တွင် အလုပ်လုပ်နေသောသူများ၊ လူမှုအသိပညာပေးခြင်း၊ ရပ်ရွာအလုပ်၊ သို့မဟုတ် စေတနာအလုပ်တွင် ပါဝင်ပတ်သက်သူများအပြင် ဤနယ်ပယ်များတွင် လေ့လာဖူးသူ သို့မဟုတ် ပရော်ဖက်ရှင်နယ်လုပ်ကိုင်နေသူများလည်း လျှောက်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ 
ထို့အပြင်၊ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ သို့မဟုတ် စိတ်ဒဏ်ရာများကို ကိုယ်တိုင်ကိုယ်ကျ  ကျော်လွှားအောင်မြင် ခဲ့ကြသူများ အနေဖြင့် မိမိတို့ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ သို့မဟုတ် စိတ်ဒဏ်ရာအတွေ့အကြုံနဲ့ စိတ်ဓာတ်ခွန်အား တို့ကို ပြန်လည် မျှဝေပြီး သင်ပြပေးသူတစ်ယောက်အဖြစ် ဆောင်ရွက်လိုသူတို့ရဲ့ လျှောက်လွှာများကိုလည်း ကြိုဆိုပါတယ်။ 

ပညာသင်ဆုတွင် ဘာတွေပါဝင်မလဲ။ 

Academy of Care အနေနဲ့ သင်တန်းသားအချို့ကို ပံ့ပိုးနိုင်ရန် ပညာသင်ဆုများ ထားရှိထားပါတယ်။ 
ပညာသင်ဆုများ (Scholarship Opportunities) AoC သည် တက်ရောက်မှုအခက်အခဲများရှိသူများအတွက် ပညာသင်ဆုများကို ထောက်ပံ့ပေးသည်။ 
  • အပြည့်အဝ ပညာသင်ဆု (Full Scholarship): ရန်ကုန်ပြင်ပဒေသမှ လျှောက်ထားသူများအတွက် 
  • တစ်စိတ်တစ်ပိုင်း ပညာသင်ဆု (Partial Scholarship): ရန်ကုန်တွင် နေထိုင်သူများအတွက် 
ပညာသင်ဆုများကို တကယ်လိုအပ်သူများအတွက်သာ ရရှိနိုင်မည်ဖြစ်သည်။ လစာဝန်ထမ်းများ မလျှောက်ထားနိုင်ပါ။ 
 

လျှောက်လွှာလိုအပ်ချက်များ 

လျှောက်ထားဖို့ စိတ်ဝင်စားပါက _ ဤနေရာတွင် လျှောက်လွှာ တင်သွင်းရန် ပေးထားသော လျှောက်လွှာပုံစံ ကို ဖြည့်ပါ။ 
 
လျှောက်လွှာတွင် အောက်ပါတို့ ပါဝင်ရမည်။ 
  • Motivation Letter - အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာဖြင့် စကားလုံးအရေအတွက် ၅၀၀/၈၀၀။ 
  • CV: ပညာရေးနှင့် ပရော်ဖက်ရှင်နယ် အတွေ့အကြုံ စသည်ဖြင့်။ သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ သို့မဟုတ် ယခင်အလုပ်ပရောဂျက်များ၊ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အတွေ့အကြုံ သို့မဟုတ် လက်တွေ့ အတွေ့အကြုံ ကို ကိုးကားဖော်ပြ ထားသောစာရွက်စာတမ်းများ။ 
  • Recommendation letter - မိမိ လုပ်ငန်းအတွေ့အကြုံအတွက် ထောက်ခံပေးမည့် recommendation letter တစ်စောင်၊ သို့မဟုတ် ထောက်ခံပေးနိုင်သူ တစ်ဦး သို့မဟုတ် နှစ်ဦးအတွက် ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို ဖော်ပြပေးပါ။ 
  • အကယ်၍ မိမိသည်  ဝန်ထမ်းဖြစ်ပါက ပရိုဂရမ်ကာလ တစ်ခုလုံးအတွက် ခွင့်ရက်ပေးမည်ဖြစ်ကြောင်း အတည်ပြုကြောင်း အလုပ်ရှင်ထံမှ ခွင့်ပြုချက်စာစောင် တင်ပြပေးပါရန်။ အခြားတာဝန်ဝတ္တရားများမပါဘဲ နှစ်လလုံးလုံး သင်တန်းတက်ရောက်နိုင်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုပေးဖို့ လိုအပ်ပါတယ်။  မိမိအလုပ်ရှင်မှ သိလိုသော မေးခွန်းများရှိပါက၊ AoC သို့ မလျှောက်ထားခင် ကြိုတင်ဆက်သွယ်နိုင်ပါတယ်။ 

လျှောက်ထားမှု အချိန်ဇယား 

  • လျှောက်လွှာများပေးပို့ရန်  နောက်ဆုံးရက် – အင်္ဂါနေ့ ၊ ၂၂ ဇူလိုင် ၂၀၂၅ 
  • အင်တာဗျူး – ၂၄ ဇူလိုင် ၂၀၂၅ 
  • ရလဒ်ကြေညာမှု – ၂၅ ဇူလိုင် ၂၀၂၅ 
Academy of Care သင်တန်းအပတ်စဉ်(၄) သင်တန်းအစီအစဉ် ကို (Foundation of Art and Health - FAHI, India)၊ Research Institute of Dramatherapy, Sri Lanka) နှင့် Maitri Music Therapy, Nepal တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက