သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၅)
ဖျော်ဖြေမှုမှသည် အသိပညာဆီသို့
ဂျာမန်ဘာသာစကားသင်ကြားရေးနှင့်ယဥ်ကျေးမှုဌာနမှ နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိသော သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာ၀ိုင်အမ်စီအေ နှင့် အခြားပြည်တွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုတို့နှင့်အတူ (၁၄) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဥ်နေပါသည်။ ယခုနှစ်သိပ္ပံရုပ်ရှင်ပွဲတော်ကို လူတွေ့ပြသမှုများအပြင်၊ အွန်လိုင်းမှစာရင်းပေးသွင်းကာ အခမဲ့ကြည့်ရှုနိုင်အောင် စီစဥ်ပေးသွားမည်ဖြစ်ပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာကို (၂၀၂၅)ခုနှစ်၊ နို၀င်ဘာလ (၁၄)ရက်မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
သိပ္ပံရုပ်ရှင်ပွဲတော်အကြောင်း
သိပ္ပံရုပ်ရှင်ပွဲတော် ဆိုသည်မှာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိကတို့တွင် သိပ္ပံဆက်သွယ်မှုဆိုင်ရာ ကျင်းပသည့်ပွဲတော်တစ်ခု ဖြစ်သည်။ ဒေသတွင်း လုပ်ဖော်ဆောင်ဖက်များ နှင့် ပူးပေါင်း၍ သိပ္ပံပညာ တတ်မြောက်မှုကို မြှင့်တင်ပေးပြီး နိုင်ငံတကာ ရုပ်ရှင်များမှ တစ်ဆင့် ခေတ်ပြိုင်သိပ္ပံ၊ နည်းပညာ နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည်စေရန် အားပေး ဆောင်ရွက်လျှက်ရှိပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်ကို (၂၀၁၅) ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ရာမှ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း၌ အကြီးမားဆုံး ပွဲတော်တစ်ခုဖြစ်လာခဲ့ပါသည်။
Science Film Festival