လက်ထပ်ထိမ်းမြားခြင်း

Hände mit Ringen © Goethe-Institut

နိုင်ငံတော်တော်များများတွင် လက်ထပ်ထိမ်းမြားခြင်း ကို မှတ်ပုံတင်ရုံး တွင် ပြုလုပ်လေ့ရှိသည်။ ၎င်းမှာ လက်ထပ်ထိမ်းမြားကြောင်း အစိုးရထံတွင် မှတ်ပုံတင်ခြင်းဖြစ်သည်။ ၎င်းမှာ ဂျာမနီ တွင်လည်း အတူတူပင်ဖြစ်သည်။ ဤသို့ထိမ်းမြားမှသာ လက်ထပ်ထိမ်းမြားခြင်း မှာ တရားဝင်ပါသည်။ ထို့နောက်တွင်မှ ဘုရားကျောင်းတွင် လက်ထပ်နိုင်သည်။ လက်ထပ်ရန် နှစ်ဖက်စလုံးမှာ အနည်းဆုံး အသက် (၁၈) ပြည့်ပြီး ဖြစ်ရမည်။

Audio-Player: Artikel anhören

Artikel anhören

Heirat

အားလုံးအတွက် အိမ်ထောင်ရေး

ဂျာမနီတွင် စုံတွဲများစွာမှာ လက်မထပ်ဘဲ အတူနေထိုင်လေ့ ရှိတတ်ကြသည်။ ကလေးရှိသည့် မိသားစုများစွာ မှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ လူတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါသည်။

(၂၀၁၇) ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစ၍ လိင်တူချစ်သူများဖြစ်သည့် အမျိုးသားတစ်ဦး နှင့် အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ဂျာမနီတွင် လက်ထပ်နိုင်ခွင့် ရခဲ့သည်။ ၎င်းတို့၏ ရပိုင်ခွင့် နှင့် တာဝန်များမှာ ကျား၊မစုံတွဲများနှင့် အတူတူပင်ဖြစ်သည်။ ဥပမာဆိုရသော် ကလေးများ မွေးစားနိုင်သည်။ မိမိတို့လက်တွဲဖော် ၏ အမည်ကို ယူနိုင်သည်။ အတူတူ ဖေးမရပါမည်။

စာရွက်စာတမ်းများ

ဂျာမနီမှာ လက်ထပ်လိုပါသလား။ သင့်နေထိုင်ရာရပ်ကွက်မှ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပါ။ စာရွက်စာတမ်းအချို့ လိုအပ်ပါမည် - သင်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်၊ မွေးစာရင်း၊ နေထိုင်ကြောင်းစာရင်းသွင်းလတ်မှတ် နှင့် အိမ်ထောင်ပြုနိုင်ကြောင်းလက်မှတ် တို့ လိုအပ်မည်ဖြစ်သည်။ ကလေးရှိပါသလား။ ထို့သို့ဆိုပါက ကလေးများ၏ စာရွက်စာတမ်းများ ကို သင်နှင့်အတူ ယူဆောင်လာရပါမည်။ နောက်ထပ် စာရွက်စာတမ်းများ လိုအပ်မှုရှိ/မရှိ မှတ်ပုံတင်ရုံး သို့ မေးနိုင်ပါသည်။

သင်၏နိုင်ငံမှ စာရွက်စာတမ်းများ ကို ဂျာမန်ဘာသာသို့ ပြန်ဆိုထားရပါမည်။ ဘာသာပြန်ဆိုချက်များ မှန်ကန်ကြောင်း နိုတြီအရာရှိ မှ လက်မှတ်ရေးထိုးရပါမည်။ ၎င်းမှ ဘာသာပြန်ဆိုချက်များကို မှန်ကြောင်း အတည်ပြုပေးရပါမည်။

အိမ်ထောင်ပြုပြီးနောက် မှတ်ပုံတင်ရုံး မှ လက်ထပ်စာချုပ် ကို လက်ခံရရှိမည်ဖြစ်သည်။ ဆန္ဒရှိပါက သင်၏မိသားစု အချက်အလက်များပါသော မိသားစုမှတ်တမ်းစာအုပ် ကိုလည်း ရနိုင်သည်။

မွေးရပ်မြေမှာ လက်ထပ်ပြီးခဲ့ပါသလား။ နိုင်ငံခြား လက်ထပ်စာချုပ် ကို မှတ်ပုံတင်ရုံး တွင် အသိအမှတ်ပြုကြောင်း အတည်ပြုချက် ယူရမည်။ သင်နေထိုင်ရာမြို့မှ မှတ်ပုံတင်ရုံး တွင် မေးမြန်းပါ။

မင်္ဂလာဧည့်ခံပွဲ

အများစုမှာ မင်္ဂလာပွဲအတွက် ပါတီပွဲကြီးတစ်ခုကို ကျင်းပတတ်ကြသည်။ သတို့သမီး နှင့် သတို့သား မှ ဧည့်သည်များစွာကို ဖိတ်ကြားသည်။ မိဘ၊ မောင်နှမ၊ အဘိုးအဘွား၊ အဒေါ်၊ ဦးလေး၊ ဝမ်းကွဲဆွေမျိုး များ တက်ရောက်ကြသည်။ သူငယ်ချင်းများ နှင့် လုပ်ဖော်ကိုင်ဖက်များ လည်း လာတတ်ပါသည်။ ဂျာမနီမှ မင်္ဂလာပွဲတစ်ခုမှာ များသောအားဖြင့် ဧည့်သည် (၁၀၀) ခန့် ရှိတတ်သည်။ အခြားနိုင်ငံများကဲ့သို့ မင်္ဂလာဧည့်ခံပွဲ ကို ကြီးကြီးမားမားလုပ်လေ့ မရှိပါ။

မင်္ဂလာဧည့်ခံပွဲတွင် အစားအသောက်၊ ဂီတ နှင့် ကခုန်ခြင်း များ ရှိသည်။ သတို့သမီး နှင့် သတို့သား မှ ဧည့်သည်များရှေ့တွင် ကလေ့ရှိသည်။ မင်္ဂလာကိတ် ကို အတူတူခွဲလေ့ရှိပြီး တခါတရံ သတို့သမီးနှင့် သတို့သားအတွက် ဂိမ်းများလည်းရှိတတ်သည်။ သတို့သမီးသည် အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်လေ့ရှိသည်။ စုံတွဲအများစုမှာ မင်္ဂလာလက်စွပ် ဝယ်လေ့ရှိသည်။ ဧည့်သည်များမှ လက်ဆောင်များ ယူဆောင်လာကြသည်။ လက်ဖွဲ့ငွေ ပေးလေ့လည်း ရှိပါသည်။ ဧည့်သည်များသည် ဇနီးမောင်နှံကို ဆန္ဒရှိသည့်လက်ဆောင်များ ကြိုတင်မေးမြန်းနိုင်သည်။

မိသားစုပြန်လည်ပေါင်းစည်းရေး

ခင်ပွန်း သို့မဟုတ် ဇနီးသည် မှာ မွေးရပ်မြေတွင် ရှိနေပါသလား။ ထိုသို့ဆိုပါက မိသားစုကို ဂျာမနီသို့ ခေါ်ယူနိုင်သည်။ ထို့အတွက် သင့်တွင် နေထိုင်ခွင့် ရှိရမည်ဖြစ်သည်။ ၎င်းမှာ စုံတွဲများ နှင့် အသက် (၁၈) နှစ် အောက်ကလေးငယ်များအတွက်သာ သက်ဆိုင်ပါသည်။ ၎င်းကို မိသားစုပြန်လည်ပေါင်းစည်းခြင်း သို့မဟုတ် အိမ်ထောင်ဖက်ပြန်လည်ပေါင်းစည်းခြင်း ဟုခေါ်သည်။ အချို့သော နိုင်ငံတကာကျွမ်းကျင်လုပ်သားများ သည် ၎င်းတို့၏ မိဘများ နှင့် ယောက္ခမများကို ဂျာမနီနိုင်ငံသို့ ခေါ်လာနိုင်သည်။ ၎င်းစည်းမျဥ်းမှာ ၂၀၂၄ ခုနှစ် မတ်လ (၁) ရက် နောက်ပိုင်းတွင် နေထိုင်ခွင့် ကို ရရှိထားမှသာ အကျုံးဝင်ပါသည်။

၎င်းအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းများရှိသည်။ သင်၏ မိသားစုအတွက် ပံ့ပိုးပေးနိုင်ရမည်။ သင်၏ မိသားစုအတွက် အိမ်တွင် နေရာလွတ်ရှိရမည်။ ကျန်းမာရေးအာမခံ လိုအပ်သည်။ ခင်ပွန်း သို့မဟုတ် ဇနီး မှာ ဂျာမန်ဘာသာစကား အခြေခံဗဟုသုတ ရှိရမည်။ သူမ သို့မဟုတ် သူ သည် ဘာသာစကားလက်မှတ် ရှိရန် လိုအပ်သည်။ အနည်းဆုံး ဘာသာစကားအဆင့် A1 ရှိရမည် ဟု ဤစာရွက်တွင် ဖော်ပြထားသည်။ အသက် (၁၆) နှစ်အောက် ကလေးများအတွက် ဂျာမန်ဘာသာစကားလတ်မှတ် မလိုအပ်ပါ။

လမ်းခွဲခြင်း နှင့် ကွာရှင်းခြင်း

အိမ်ထောင်ရေး အဆင်မပြေတော့ဘူးလား။ ရန်ပွဲ အများကြီး ဖြစ်နေပါသလား။ အိမ်ထောင်ရေးအကြံပေးခြင်း သို့မဟုတ် စုံတွဲကုထုံး ကို ဦးစွာပထမ ကြိုးစားးကြည့်ပါ။ ၎င်းအကူအညီ မှာ တခါတရံတွင် ထိရောက်ပါသည်။

လမ်းခွဲခြင်း သို့မဟုတ် ကွာရှင်းခြင်း တွင် တခါတရံ အကြောင်းပြချက်များ ရှိပါသည်။ ကွာရှင်းခြင်း မှာ လွယ်ကူသည် မဟုတ်ပါ။ ပထမတစ်နှစ်တွင် ခွဲနေရပါမည်။ အကြံပေးဆွေးနွေးမှု ကို ရယူပါ။ ဆွေးနွေးအကြံပေးရေး စင်တာများ သည် ကလေးများနှင့်ပတ်သက်သည့် ဥပဒေရေးရာ ပြဿနာများ သို့မဟုတ် မေးခွန်းများကို ကူညီပေးနိုင်ပြီး၊ ဥပမာအားဖြင့် ကလေးများသည် မည်သူနှင့်နေထိုင်သင့်သည် သို့မဟုတ် မည်သူက ကလေးစရိတ် ပေးဆောင်ရမည် တို့ကို မေးနိုင်ပါသည်။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက