Logo Goethe-Institut

မြန်မာ

ပွဲနေရာပံ့ပိုးမှုရရှိမည့်အခွင့်အလမ်း

ပံ့ပိုးကူညီမှုအသေးစိတ်
ဤပံ့ပိုးကူညီမှုမှာ Goethe-Institut Myanmar ပွဲခန်းမကို အသုံးပြုခွင့်ပေးထားပါသည်။ ပြင်ပနေရာများ မပါဝင်ပါ။ ၎င်းသည် နေရာငှားရမ်းခြင်း ကုန်ကျစရိတ်အတွက်သာ အကျုံးဝင်ပါသည်၊ ပွဲနှင့်ပတ်သက်သည့် အခြားအပို ကုန်ကျစရိတ်များအတွက် ငွေကြေးထောက်ပံ့ခြင်း မပါဝင်ပါ။ ဤပံ့ပိုးကူညီမှုတွင် အများဆုံး စားပွဲ ၁၀ လုံးနှင့် ကုလားထိုင် ၈၀ အပါအဝင် ကြိုးမဲ့မိုက်ခရိုဖုန်း နှစ်လုံး ပါဝင်သည်။ အခြားအပို ပစ္စည်းကိရိယာများကို (အပို) ထပ်ဆောင်းအခကြေးငွေဖြင့် ငှားရမ်းနိုင်ပါသည်၊ ပေးထားသည့် စျေးနှုန်းစာရင်းတွင် အသေးစိတ် ဖော်ပြထားပါသည်။

အရည်အချင်းပြည့်မီမှု လိုအပ်ချက်များ
အရည်အချင်းပြည့်မီမှု လိုအပ်ချက် လျှောက်လွှာများကို မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားအနုပညာရှင်များ၊ အနုပညာရှင်စုပေါင်းများနှင့် ခေတ်ပြိုင်အနုပညာတွင် ပါဝင်လုပ်ကိုင်နေသော ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်သူများ အဖွဲ့များအတွက် လျှောက်ထားခွင့်ရှိပါသည်။ လူငယ်နှင့် တက်သစ်စ အနုပညာရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များကို ဦးစားပေးရန် ရည်ရွယ်ထားပါသည်။ အမျိုးမျိုးသောနောက်ခံမှ တစ်ဦးချင်းနှင့်အဖွဲ့အစည်းများ၊ ကဏ္ဍစုံလင်လှုပ်ရှားသောဝါသနာရှင်များ ၎င်းတို့၏ လျှောက်လွှာများကိုလည်း ကြိုဆိုပါသည်။

လျှောက်ထားရန် အရည်အချင်းမပြည့်မီသူများ
နိုင်ငံတကာအဖွဲ့အစည်းများ သို့မဟုတ် ပြင်ပထောက်ပံ့မှု အပြည့်အ၀ရရှိသည့် ပြည်တွင်းအဖွဲ့အစည်းများ၊ နှင့်အတူ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ရည်ရွယ်သည့် ပွဲများ သို့မဟုတ် ပြပွဲများသည် ဤအခွင့်အလမ်းအတွက် လျှောက်ထားခွင့်ရရှိနိုင်မည် မဟုတ်ပါ။

နေရာ ပံ့ပိုးကူညီမှု သဘောတူညီချက်
Goethe-Institut Myanmar နှင့် ရွေးချယ်သတ်မှတ်ထားသောအဖွဲ့ တို့အကြား တရားဝင် သဘောတူညီချက် တစ်ရပ်ကိုချုပ်ဆိုမည်ဖြစ်ပါသည်။ သဘောတူညီမှုအား  နှစ်ဦးနှစ်ဖက်လုံး လက်မှတ်ရေးထိုးပြီးနောက်မှသာ ပံ့ပိုးကူညီမှုကို တရားဝင်အတည်ပြုမည်ဖြစ်ပါသည်။

ကျင့်ဝတ်စည်းမျဥ်း
မြန်မာနိုင်ငံတစ်ဝှမ်းမှ အရည်အချင်းပြည့်မီသော တီထွင်ဖန်တီးသူများနှင့် အတွေ့အကြုံရှိသော ယဉ်ကျေးမှုအနုပညာရှင်များကို မိမိတို့၏ အတွေးအခေါ်များ စိတ်ကူးစိတ်သန်းများ မျှဝေနိုင်ရန် နှင့် ခေတ်ပြိုင်အနုပညာ အခင်းအကျင်းတွင် ပါဝင်ထောက်ပံ့ရန် ဖိတ်ခေါ်အပ်ပါသည်။ လျှောက်လွှာများအား စီစစ်ခြင်းနှင့် ကျင်းပမည့်နေရာ စီမံခြင်းများအတွက် လုံလောက်သောအချိန် ရရှိနိုင်စေရန်၊ အဆိုပြုထားသော ပွဲနေ့မတိုင်မီ အနည်းဆုံးနှစ်လကြိုတင်၍ လျှောက်လွှာတင်သွင်းရန် လိုအပ်ပါသည်။ နေရာအသုံးပြုနိုင်ချိန် အကန့်အသတ်ရှိသောကြောင့် လျှောက်ထားသူများသည် ၎င်းတို့၏အချိန်ဇယားအား ပြောင်းလဲပြင်လွယ်မှု ရှိစေရန်လည်း တိုက်တွန်းလိုပါသည်။ လျှောက်လွှာတင်ပြီး တစ်ပတ်အတွင်း လျှောက်လွှာ အခြေအနေများကို အီးမေးလ်(email)ဖြင့်အကြောင်းကြားအသိပေးမည်ဖြစ်ပါသည်။

ကိုယ်ပိုင်အမှတ်တံဆိပ် (Logo) အသုံးပြုခြင်း
Goethe-Institut Myanmar ကိုယ်ပိုင်အမှတ်တံဆိပ် (လိုဂို) ကို ကြော်ငြာပစ္စည်းများတွင် သို့မဟုတ် ပွဲအတွင်း ပြသရန်အတွက် ကြိုတင်၍ အတိအလင်း သဘောတူထားပြီး တရားဝင်သဘောတူညီချက်တွင် မပါဝင်ပါက အသုံးပြုခြင်းကိုခွင့်မပြုပါ။

လျှောက်လွှာလမ်းညွှန်ချက်များ
မြန်မာနိုင်ငံတစ်ဝှမ်းမှ အရည်အချင်းပြည့်မီသော တီထွင်ဖန်တီးသူများနှင့် အတွေ့အကြုံရှိသော ယဉ်ကျေးမှုအနုပညာရှင်များကို မိမိတို့၏ အတွေးအခေါ်များ စိတ်ကူးစိတ်သန်းများ မျှဝေနိုင်ရန် နှင့် ခေတ်ပြိုင်အနုပညာ အခင်းအကျင်းတွင် ပါဝင်ထောက်ပံ့ရန် ဖိတ်ခေါ်အပ်ပါသည်။ လျှောက်လွှာများအား စီစစ်ခြင်းနှင့် ကျင်းပမည့်နေရာ စီမံခြင်းများအတွက် လုံလောက်သောအချိန် ရရှိနိုင်စေရန်၊ အဆိုပြုထားသော ပွဲနေ့မတိုင်မီ အနည်းဆုံးနှစ်လကြိုတင်၍ လျှောက်လွှာတင်သွင်းရန် လိုအပ်ပါသည်။ နေရာအသုံးပြုနိုင်ချိန် အကန့်အသတ်ရှိသောကြောင့် လျှောက်ထားသူများသည် ၎င်းတို့၏အချိန်ဇယားအား ပြောင်းလဲပြင်လွယ်မှု ရှိစေရန်လည်း တိုက်တွန်းလိုပါသည်။ လျှောက်လွှာတင်ပြီး တစ်ပတ်အတွင်း လျှောက်လွှာ အခြေအနေများကို အီးမေးလ်(email)ဖြင့်အကြောင်းကြားအသိပေးမည်ဖြစ်ပါသည်။
 

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက