Logo Goethe-Institut

မြန်မာ

လျှောက်လွှာပုံစံ

လျှောက်လွှာ စီစစ်ခြင်းနှင့် နေရာ အချိန်ဇယားဆွဲခြင်းအတွက် လုံလောက်သောအချိန် ရရှိစေရန်၊ လျှောက်လွှာများကို ပွဲနေ့မတိုင်မီ အနည်းဆုံး နှစ်လခန့် ကြိုတင်လျှောက်ထားရမည်ဖြစ်သည်။ နေရာအသုံးပြုနိုင်ချိန် အကန့်အသတ်ရှိသောကြောင့် လျှောက်ထားသူများသည် ၎င်းတို့၏အချိန်ဇယားအား ပြောင်းလဲပြင်လွယ်မှုရှိစေရန် တိုက်တွန်းလိုပါသည်။ လျှောက်ထားသူများအား အလုပ်လုပ်ရက် (၃) ရက်အတွင်း ၎င်းတို့၏ လျှောက်လွှာ အခြေအနေအား အီးမေးလ် (email) မှတစ်ဆင့် အကြောင်းကြားအသိပေးမည် ဖြစ်ပါသည်။

 

ကျေးဇူးပြု၍ အနည်းဆုံး ရွေးချယ်စရာနှစ်ခုပေးပါ။

Hinweis: Die insgesamte Größe aller hochgeladenen Dateien darf nicht 20 MB überschreiten.

ပွဲအစီအစဥ်အကြောင်းအရာပါဝင်သည့် တင်ပြချက်တစ်စောင်ကို ကျေးဇူးပြု၍ ပူးတွဲတင်ပြပေးရန် လိုအပ်ပါသည်။ ထိုအကြောင်းအရာတွင် Goethe-Institut Myanmar၏ အနုပညာ၊ ယဥ်ကျေးမှု၊ ပညာရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးဆိုင်ရာတို့နှင့် မည်သို့ ကိုက်ညီမှုရှိပုံအပါအဝင် ပွဲစဥ်အသေးစိတ်ကိုလည်း ဖော်ပြပေးရန်လိုအပ်ပါသည်။ အဆိုပါအစီအစဥ်အကြောင်းအရာတွင် ပါဝင်မည့်အနုပညာရှင်များ၏ အကျဥ်းချုပ် အတ္ထုပ္ပတ္တိတိုများ နှင့် ပွဲစီစဥ်သော အဖွဲ့၏ နောက်ခံ အချက်အလက်အကြောင်းအရာများလည်း ပါဝင်ရန် လိုအပ်ပါသည်။

ပွဲတွင်ပါဝင်သည့် အခြားသော မိတ်ဖက်များ သို့မဟုတ် ပံ့ပိုးကူညီသူများ(Sponsors) ရှိပါက ဖော်ပြပေးပါ။

Hinweis: Die insgesamte Größe aller hochgeladenen Dateien darf nicht 20 MB überschreiten.

(မှတ်ချက်- အသင်းအဖွဲ့နှင့် စီးပွားရေး ရောင်းဝယ်မှု သို့မဟုတ် အရောင်းမြှင့်တင်ရေး စျေးကွက်ရှာဖွေခြင်း ကို ခွင့်မပြုပါ။)

(မှတ်ချက်- INGOများ နှင့် နိုင်ငံတကာရန်ပုံငွေ အဖွဲ့အစည်းများ ကဲ့သို့သော သီးခြားအဖွဲ့များမှ ရန်ပုံငွေ ထောက်ပံ့ပေးသည့် ပွဲများ အပြင် အခြားအလှူရှင်များမှ ရန်ပုံငွေထောက်ပံ့ပေးသည့် ပွဲများမှာ ဤပံ့ပိုးကူညီမှုအတွက် လျှောက်ထားခွင့်မရှိပါ။)

နေရာပံ့ပိုးကူညီမှုတွင် လက်ခံရရှိသည့် လျှောက်ထားသူများသည် ခန်းမအသုံးပြုခြင်းဆိုင်ရာ အထွေထွေစရိတ်(ရေနှင့်မီတာသုံးစွဲခ) အတွက် တစ်ရက်လျှင် ၁၅၀၀၀၀ ကျပ်နှုန်း သို့မဟုတ် နေ့တစ်ဝက်လျှင် ၇၅၀၀၀ ကျပ်နှုန်း ကျခံရမည်ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် Goethe-institut Myanmar မှ ပရိုဂျက်တာ (projector) ငှားရမ်းမှု၊ အပိုမိုက်ခရိုဖုန်းများ အပါအဝင် ၎င်းတို့၏ ပွဲအတွက် လိုအပ်သော စက်ကိရိယာများနှင့် ဝန်ဆောင်မှု ကုန်ကျစရိတ်များအတွက်လည်း ကိုယ်တိုင်တာဝန်ယူပေးချေရမည်ဖြစ်ပါသည်။

ဤလျှောက်လွှာကို တင်သွင်းခြင်းဖြင့်၊ လျှောက်ထားသူသည် ဖော်ပြထားသော အချက်အလက်အားလုံးသည် မှန်ကန်ကြောင်း အတည်ပြုပါသည်။ ထို့အပြင် Goethe-Institut Myanmar ၏ မူဝါဒများနှင့် လမ်းညွှန်ချက်များကို လိုက်နာကြောင်းလည်း သဘောတူပါသည်။ ဤလျှောက်လွှာသည် ပွဲခန်းမနေရာပံ့ပိုးကူညီမှု တောင်းဆိုသည့်လုပ်ငန်းစဉ် အတွက် ကနဦးအဆင့်ဖြစ်ပါသည်။ တင်သွင်းပြီးသည်နှင့် လျှောက်လွှာအား Goethe-Institut Myanmar အဖွဲ့မှ ပြန်လည်စိစစ်မည်ဖြစ်ပြီး လျှောက်ထားသူအား ပြန်လည်သုံးသပ်ပြီးနောက် အဆိုပြုချက်၏ အခြေအနေအား အကြောင်းကြားမည်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်အားလုံးသည် Goethe-Institut Myanmar ၏ ဌာနတွင်းမူဝါဒများနှင့် လမ်းညွှန်ချက်များကို လိုက်နာမည်ဖြစ်ကြောင်း လျှောက်ထားသူမှ အသိအမှတ်ပြုဆောင်ရွက်ပါမည်။

အသိအမှတ်ပြုမှုကို အတည်ပြုရန် အကွက်ကို အမှန်ခြစ်ပြီး လျှောက်လွှာတင်ပါ။ သင်၏လျှောက်လွှာနှင့် ကျွန်ုပ်တို့၏ ပွဲခန်းမနေရာပံ့ပိုးကူညီမှုအခွင့်အလမ်းကို စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်ပါသည်။

* မဖြစ်မနေရေးသွင်းရပါမည်

အောက်တွင် ဖော်ပြထားသည့် ခလုတ်ကို နှိပ်လိုက်ပါက ဆက်သွယ်ရန်ပုံစံတွင်ပါ၀င်သည့် အချက်အလက်များဖြင့် ကျွန်ုပ်တို့က မိတ်ဆွေအား ပြန်လည်ဆက်သွယ်ရန် အသုံးပြုမည်ဖြစ်ကြောင်းကို မိတ်ဆွေအနေဖြင့် နားလည်လက်ခံကြောင်း ယူဆပါမည်။ မိတ်ဆွေ၏ သဘောတူညီချက်ကို ပြန်လည်ဖျက်သိမ်းရန် info.kultur.mmr@goethe.de သို့ အီးမေးလ်ပေးပို့ နိုင်ပါသည်။ ထိုသို့ ဆက်သွယ်ပြီးပါက မိတ်ဆွေ၏ အချက်အလက်များကို ချက်ချင်းဖျက်သိမ်းပေးသွားမည် ဖြစ်ပါသည်။ မိတ်ဆွေ၏ မေးခွန်းကို ကျွန်ုပ်တို့ ဖြေဆိုပြီးသည့်အချိန်၊ သို့မဟုတ် အချက်အလက်များကို သိမ်းထားရန် အကြောင်းပြချက် မလုံလောက်ပါကလည်း သင့်အချက်အလက်များကို ဖျက်လိုက်မည် ဖြစ်ပါသည်။

ဒေတာအချက်အလက်များ ကာကွယ်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ