ဈေးဝယ်ခြင်း
စူပါမားကတ်များမှာ မြို့တိုင်းတွင်သာမက ဂျာမနီရှိ ကျေးရွာများ တွင်လည်း ရှိသည်။ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် လိုအပ်သော ပေါင်မုန့်၊ အသား၊ သစ်သီး နှင့် ဟင်းသီးဟင်းရွက်များ၊ နို့ နှင့် ဒိန်ချဉ်၊ ချောကလက်၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ အိမ်သာသုံးစက္ကူ နှင့် အခြားပစ္စည်းများ အားလုံးကို ထိုဆိုင်များတွင် ရရှိနိုင်သည်။ ဂျာမနီမှ စျေးဆိုင်များတွင် ဖွင့်ချိန်အမျိုးမျိုးရှိသည်။ စူပါမားကတ်များကို ပုံမှန်အားဖြင့် နံနက် ၇း၀၀ မှ ည ၈း၀၀ နာရီအထိ ဖွင့်လှစ်ပါသည်။