လုပ်ငန်းခွင်
လုပ်ငန်းခွင်အသစ်၏ ပထမဆုံးရက်အနည်းငယ်အတွင်းမှာပင် လုပ်ဖော်ကိုင်ဖက်များ နှင့် အလုပ်အကြောင်းကို သိလာပါလိမ့်မည်။ ရက်အနည်းငယ်ကြာပြီးနောက် လုပ်ဖော်ကိုင်ဖက်များကို ရင်းနှီးသောအသုံးအနှုန်း “Du” ဖြင့် ပြောနိုင်သည်။ အထက်လူကြီး မှ ယဥ်ကျေးသော အသုံး “Sie” ကို သုံးတတ်ပါသည်။ သို့သော် ကုမ္ပဏီတစ်ခုနှင့်တစ်ခု ကွဲပြားတတ်၏။ လုပ်ငန်းခွင် ပြောဆိုဆက်ဆံရေးအတွက် ဂျာမန်ကို လေ့ကျင့်လိုပါသလား။ “ဂျာမန်ဘာသာလေ့ကျင့်ခြင်း” ကဏ္ဍကို ကြည့်နိုင်ပါသည်။