Documentary Film Screening

Documentary Film Screening ©Yangon Film School

Goethe-Institut Myanmar နဲ့ Yangon Film school တို့ ပူးပေါင်းတင်ဆက်မယ့် Documentary Film Screening ကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ယခုနှစ်အတွင်း ပုံမှန်ပြုလုပ်ဖြစ်သွားမယ့် ဒီ Film Screening ပွဲအစီအစဉ်မှာ၊ ဖေဖော်ဝါရီလတွင် အစီအစဉ်ရဲ့ကနဦးပြပွဲ အနေနှင့် ပြီးခဲ့တဲ့ဒီဇင်ဘာလကပြုလုပ်ခဲ့တဲ့ 2023 YFS - Goethe-Institut Documentary Film Competition မှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမှတ်ရစရာမှတ်တမ်းရုပ်ရှင် ၄ ကားဖြင့် စတင်ပြီးပြသသွားမှာဖြစ်ပါတယ်။ 

ရုပ်ရှင်တစ်ခုစီပြီးနောက်၊ ဒါရိုက်တာများနှင့်အမေးအဖြေကဏ္ဍပါဝင်မှာဖြစ်ပြီး၊ ဖန်တီးမှုလုပ်ငန်းစဉ်နှင့် မှတ်တမ်းရုပ်ရှင်များ၏နောက်ကွယ်အမှတ်တရများကို သိရှိနိုင်မှာဖြစ်ပါတယ်။ 

ရွေးချယ်ပြသသွားမယ့်မှတ်တမ်းရုပ်ရှင်များမှတဆင့် လက်တွေ့ဘဝဇာတ်ကြောင်းများကိုလေ့လာရင်း ရုပ်ရှင်အတွေ့အကြုံကောင်းဖန်တီးပေးမယ့် ညနေခင်းတစ်ခုကို လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ်။ 

ရက်စွဲ။    ။၂၂ ဖေဖော်ဝါရီ ၂၀၂၄ (ကြာသပတေး)
အချိန်။    ။ညနေ ၃ နာရီမှ ၆ နာရီ
နေရာ။    ။Goethe-Institut မြန်မာ ပွဲခန်းမ

ပြသမည့်မှတ်တမ်းရုပ်ရှင်ဇာတ်ကားများ


တိတ်ဆိတ်ပင်လယ် (ပြသရန်ကြာချိန် - ၂၁ မိနစ် ၃၄ စက္ကန့်)
ဆိုင်ကလုန်းမုန်တိုင်းတွေရဲ့ဒဏ်ကိုအလူးအလဲခံထားရတဲ့ကမ်းရိုးတန်းဒေသတစ်ခုကဖခင်နဲ့ အကြားအာရုံမသန်စွမ်းတဲ့ သူ့ရဲ့သားအကြောင်းကို သူတို့နေရာကအမြင်အတိုင်း နစ်မျောခံစားပြီးလှပစွာရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

မိခင်ဟူသည် (ပြသရန်ကြာချိန် - ၁၇ မိနစ် ၀၁ စက္ကန့်)
ကျယ်ပြန့်ရှုပ်ထွေးတဲ့ဖိုဝါဒလွှမ်းမိုးနေတဲ့ မြန်မာပြည်ရဲ့လူမှုဝန်းကျင်မှာ သမားရိုးကျကနေ ကွဲထွက်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ရတာ ဘယ်လိုသဘောဆောင်သလဲ၊ ဒါဟာ ဒီအမျိုးသမီးတွေရဲ့ဘဝတွေကို ဘယ်လိုသက်ရောက်စေသလဲဆိုတာကို အသေးစိတ်အတွင်းကျကျမြင်ရစေမယ့်ရုပ်ရှင်ဖြစ်ပါတယ်။

ဘဝငန်ငန် (ပြသရန်ကြာချိန် - ၂၂ မိနစ် ၃၄ စက္ကန့်)
အသေးစိတ်ကျကျမြင်တတ်မှုတွေ ဖွဲ့ဆိုပြတတ်မှုတွေကြောင့် ဆားချက်လုပ်တဲ့အလုပ်နဲ့ဝမ်းကြောင်းဖို့ ဘယ်လောက်ပင်ပင်ပန်းပန်းအားထုတ်ရတယ်ဆိုတာကို ကြည့်သူကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း မြင်ရအောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။


ကုလားမစိန် (ပြသရန်ကြာချိန် - ၃၀ မိနစ် ၀၉ စက္ကန့်)
မွန်ရိုးရာဇာတ်သဘင်ကိုထိန်းသိမ်းဖို့အတွက်သူ့ရဲ့ထက်သန်တဲ့အားထုတ်မှုတွေကိုပုံဖော်ထားတဲ့ကြည်နူးဖွယ်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိမွန်မစိန်ရဲ့ ခွန်အား၊ ရဲရဲတောက်စိတ်ဓာတ်နဲ့ ဟာသဉာဏ်တွေက ဒီရုပ်ရှင်မှာ ထင်ရှားလို့နေပါတယ်။ မွန်နဲ့ ဗမာလူမျိုးတွေကြားက နိုင်ငံရေး၊ အမွေဆက်ခံစီးဆင်းနေမှုတွေနဲ့ ခေတ်သစ် အသွင်တွေနဲ့ အတူဖြစ်ပေါ်လာတဲ့ သိမ်မွေ့တဲ့ပွတ်တိုက်မှုတွေကိုမိအောင်ပုံဖော်ထားပါတယ်။
 

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက