KINOFEST

Kinofest @ Goethe-Institut

ရှုပ်ယှက်ခတ်ဆူညံနေတဲ့ မြို့ပြထဲက 

ကြိုဆိုပါတယ်။
အရှေ့တောင်အာရှအခြေစိုက် Goethe-Institut ရှစ် ခုရဲ့ ပထမဆုံး ပူးပေါင်းထုတ်လုပ်မှုအဖြစ် အမျိုးအစားစုံလင်တဲ့ နောက်ဆုံးပေါ် ရုပ်ရှင် တစ်ဆယ့် နှစ်ကားကို ကျွန်တော်တို့ ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်ထိ ကြာမြင့်မယ့် ရုပ်ရှင်ပွဲပါ။ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာနဲ့ ဗီယက်နမ် အပြင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားတဲ့ ဒီရုပ်ရှင်တွေကို အရှေ့တောင်အာရှဒေသတစ်ခုလုံးမှာ အွန်လုံးကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေ လက်ခံပြသနေကြ အဆင့်မြင့် ရုပ်ရှင်ရုံတွေ ရှိရာ မြို့ပြတွေကို ကျော်လွန်ပြီး အရှေ့တောင်အာရှရဲ့ ကျေးလက်ဒေသအနှံ့က ကြည့်ရှုနိုင်ကြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ ရုပ်ရှင်ဗေဒ အကြောင်းအရာအဖြစ် မြို့ပြ ကိုပဲ ရွေးချယ်ထားပါတယ်။
၁၉၂၀ ခုနှစ်မှာ စာရေးဆရာ Erich Kästner နဲ့ Alfred Döblin တို့ဟာ မြို့ကြီးပြကြီးဆီ အာရုံ ကူးပြောင်း ကျက်စားခဲ့ပါတယ်။ နာဇီတွေ အာဏာမရခင်လေးမှာ Kästner က Fabian ကို ထုတ်ဝေခဲ့ပြီး Döblin ကတော့ Berlin Alexanderplatz ကို ထုတ်ဝေခဲ့ပါတယ်။ နှစ်အုပ်စလုံးက မက်ထရိုပိုလီတန် မြို့ပြကြီး ဘာလင်ရဲ့  ဆွဲဆောင်မှုတွေနဲ့ စုံစမ်းနှောင့်ယှက်မှုတွေ၊ အလင်းရောင်တွေနဲ့ ချို့ယွင်းချက်တွေ ပါဝင်တဲ့ တုနှိုင်းမဲ့ ပုံရိပ်တွေ ကို ဖော်ကျူးခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံမှာ မကြာမြင့်မီ နှစ်များက စပြီး မီဒီယာနဲ့ အနုပညာဖန်တီးသူတွေက ဂန္တဝင်မော်ဒန်ဝါဒက ဆင်းသက်လာတဲ့ ဘဝအမြင် အပေါ် အဓိက အာရုံစိုက်လာကြပါတယ်။
ဒီဘဝအမြင်ကိုပဲ အိတ်စ်ပရပ်ရှင်နစ်အလွန် ဂျာမန်အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ New Objectivity ကို မကြာခဏ မှီငြမ်းပုံဖော်ခဲ့ကြပါတယ်။
Kästner နဲ့ Döblin တို့ဟာ ဒီဟန်ကို ဖော်ကျူးကြရာမှာ သြဇာကြီးမားလှတဲ့ စာပေပုံရိပ်တွေ ဖြစ်ပါတယ်။ ခုချိန်မှာတော့ သူတို့ရဲ့ အဓိက လက်ရာတွေကို ရုပ်ရှင်အဖြစ် ဖော်ကျူးထားကြပါပြီ ။ ဂျာမန်ဒါရိုက်တာ Dominik Graf က Fabian ကို ၂၀၂၁ မှာ ရုပ်ရှင်ပြန်ရိုက်ခဲ့တယ်။ ၂၀၂၀ မှာ ဒါရိုက်တာ ဘူဟန် ကွာဘနီက Berlin Alexanderplatz ကို အလိုက်သင့် အလျဥ်းသင့် ကနေ့ခေတ် ဘာလင်ထဲထည့်လို့ သမိုင်းကို ပြန်လည်နေရာချ ရိုက်ကူး ထားခဲ့ပါတယ်။ ရုပ်ရှင်ပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အရှေ့တောင်အာရှမှာ ဒီဆုရ ရုပ်ရှင်နှစ်ကားကို ပထမဆုံးအကြိမ်အဖြစ် ပြသနိုင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ (ဗီယက်နမ်နိုင်ငံမှာတော့ Berlin Alexanderplatz အစား Ökozid နဲ့ Draw a Line ကို ပြသသွားမှာပါ။) မြို့ပြဖွံ့ဖြိုးရေးအတွက် ရေရှည်မစဥ်းစားတဲ့ အိမ်ရာ၊ လမ်းတံတားနဲ့စီးပွားရေး လုပ်ငန်းတွေကြောင့် အတားအဆီးမဲ့ ပရမ်းပတာ တိုးတက်မှု urban sprawl ဖြစ်ပေါ်နေတဲ့ အရှေ့တောင်အာရှရဲ့ မြို့ပြတွေအတွက် မြို့ပြဘဝကို ပြန်လည်ဆင်ခြင်တာဟာ အထူး ဆီလျော်မှု ရှိပါတယ်။ ကျေးလက်ဒေသတွေမှာပါ အွန်လိုင်းသုံးလို့ ရနိုင်တဲ့ ကျေးဇူးကြောင့် လုံခြုံတဲ့ တစ်နေရာကနေ ယထာဘူတကျကျ ဆင်ခြင်သုံးသပ်မယ့် ကျေးလက်ပရိတ်သတ်ဆီကိုလည်း ဒီရုပ်ရှင်တွေ ရောက်ရှိသွားမှာပါ။
ဒီ ရုပ်ရှင် နှစ်ကားကို ရွေးချယ်ပြီးတဲ့နောက်မှာ ဂန္တဝင်စာပေလက်ရာတွေကို ပြန်လည်
ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကိုပဲ ကျွန်တော်တို့ ဦးတည်လိုက်ကြပါတယ်၊ ဒါရိုက်တာ Detlev Buck ရဲ့ Die Vermessung der Welt ဟာ ၂၀၀၅ ခုနှစ်ထုတ် Daniel Kehlmann ရဲ့ ဝတ္တုတစ်အုပ်ဖြစ်ပြီး သင်္ချာပညာရှင် ကားလ် ဖရီးဒရစ်ချ် ဂေါင်းစ် နဲ့ သဘာဝလေ့လာသူ အလက်ဇန္ဒား ဖွန် ဟွန်းဘေ့ာလ်ထ် တို့ရဲ့ ဘဝကို ဖော်ကျူးထားတာပါ။ Phillip Stölzl က ရုပ်ရှင်အဖြစ် ရိုက်ကူးတဲ့ Stefan Zweigရဲ့  Schachnovelle မှာကျတော့ ဂျာမန်ရုပ်ရှင်မင်းသား Oliver Masucci နဲ့ Albrecht Schuch တို့အပြင် ဇာတ်ညွှန်းဆရာ Joseph Bartok ကိုလည်း ကျွန်တော်တို့ တွေ့ကြရပါတယ်။ မင်းသား Schuch ကို Berlin Alexanderplatz မှာ Reinhold အဖြစ် နဲ့ Fabian မှာ Stephan Labude အဖြစ် ကျွန်တော်တို့ သိထားကြပြီး ဖြစ်ပါတယ်။ မင်းသား Masucci ဟာ အတ္ထုပတ္တိရုပ်ရှင် Enfant terrible မှာ ဒါရိုက်တာကြီး Rainer Werner Fassbinder အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ ဂျာမန်ရုပ်ရှင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုလည်း ကျွန်တော်တို့ ပြသဖို့ ရွေးချယ်ထားပါတယ်။ ဒါ့အပြင် ဝမ်းနည်းစရာ ဟာသရုပ်ရှင် tragicomedy ဇာတ်ကားတစ်ခုဖြစ်တဲ့ Whisky und Wodka ကိုလည်း အစီအစဥ်ထဲ ကျွန်တော်တို့ ထပ်ထည့်ထားပါတယ်။ နည်းနည်း ကြာပြီဖြစ်တဲ့ ဒါရိုက်တာ Andreas Dresen ရဲ့ ၂၀၀၉ ခုနှစ် ထွက် ဒီရုပ်ရှင်က မိတ်ဆွေကို Enfant terrible ကားထဲက ဇာတ်ဝင်ခန်း တစ်ခန်း နှစ်ခန်းလောက်ကို ပြန်မှတ်မိစေမှာပါ။
ဒါရိုက်တာ Johannes Naber ရိုက်ကူးထားတဲ့ Curveball – Wir machen die Wahrheit က  နိုင်ငံရေးသရော်ထားတဲ့လက်ရာအဖြစ် အရမ်းအောင်မြင်ထားပြီး ဒါရိုက်တာ Christian Petzold  ရဲ့ တေးဂီတရုပ်ရှင် melodrama Undineနဲ့ ဒါရိုက်တာ Christian Alvart ရဲ့  သည်းထိတ်ရင်ဖိုကား Freies Land တို့လိုပဲ မိတ်ဆွေ နှစ်ကြိုက်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။  ဒီ သုံးကားစလုံးက  ဂျာမနီနိုင်ငံအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိုနားလည်လာနိုင်စေမယ့် ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။
အဆုံးသတ်ရမယ်ဆိုရင် နောက်ခံစကားပြောပါဝင်ပြီး ပြောင်မြောက်တဲ့ မှတ်တမ်းရုပ်ရှင်
သုံးကားကိုလည်း ကျွန်တော်တို့ ရွေးချယ်ထည့်သွင်းထားပါတယ်။ Hans Block  ရဲ့ The Cleaners – Im Schatten der Netzwelt ၊  Franz Böhm  ရဲ့ Dear Future Children နဲ့ ၂၀၂၁ ခုနှစ် ၇၁ ကြိမ်မြောက် ဘာလင်နေး ရုပ်ရှင်ပွဲတော်မှာJury Award ရရှိထားတဲ့  Maria Speth ရဲ့ Herr Bachmann und seine Klasse တို့ပဲ ဖြစ်ပါတယ်။
သက်ဝင်လှုပ်ရှား လှပတဲ့ အချိန်တွေ ဖြစ်ပါစေ မိတ်ဆွေ!




 


Kinofest ရဲ့ရုပ်ရှင်တွေအားလုံးကို ဒီမှာကြည့်လို့ရပါတယ်။ https://kinofest22.goethe-on-demand.de/

သင့်တွင် အကောင့်တစ်ခုရှိလာပြီဆိုလျှင် ရုပ်ရှင်များအားလုံးကို ကြည့်ရှု့နိုင်ပါပြီ။ အကောင့်တစ်ခုဖွင့်ခြင်းက လျှင်မြန်ပြီး အခမဲ့ဖြစ်ပါတယ်။ အသုံးပြုသူအမည်၊ အီးမေးလ်လိပ်စာနှင့် ကိုယ်ပိုင်စကားဝှက်သာလျှင်လိုအပ်ပါသည်။
စာရင်းသွင်းထားသော သင်၏အီးမေးလ်လိပ်စာသို့ အတည်ပြုချက် အီးမေးလ်ဝင်လာပါလိမ့်မည်။ အတည်ပြုချက် အီးမေးလ်တွင်ပါသော လင့်ကို အကောင့်ကိုအသက်သွင်းရန်နှိပ်ပါ။ Goethe-On-Demand ရှိ သင်၏အကောင့် အသက်ဝင်လာပါပြီ။ ထို့နောက် လော့အင်ဝင်၍ ရုပ်ရှင်များကို ရွေးချယ်ကြည့်ရှု့နိုင်ပါပြီ။

ရုပ်ရှင်တစ်ခုကိုရွေးချယ်ပြီး "Play" ခလုတ်ကိုနှိပ်လိုက်ပါက ရုပ်ရှင်ကို ၄၈ နာရီအတွင်းကြည့်ရှု့နိုင်ပါပြီ။ 
  • Kinofest ရုပ်ရှင်များကို ထိုင်း၊ အင်ဒို နှင့် ဗီယမ်နမ် ဘာသာစာတန်းထိုးများနှင့် ကြည့်ရှု့နိုင်ပါသည်။
  • Kinofest ရုပ်ရှင်များအားလုံးကို ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ ဗီယမ်နမ် နှင့် စင်္ကာပူနိုင်ငံတို့တွင်ကြည့်ရှု့နိုင်ပါသည်။ (Berlin Alexanderplatz သာလျှင် ဗီယမ်နမ်နိုင်ငံတွင်ကြည့်ရှု့၍မရနိုင်ပါ။)

Windows: x86 သို့မဟုတ် x64 processor, 1.6 GHz သို့မဟုတ် ပို၍မြန်ဆန်သော (64 bit ထောက်ပံ့ထားသော Internet Explorer), 512 MB RAM
Mac: 1.83 GHz နှင့် Intel Core Duo Processor သို့မဟုတ် ပို၍မြန်ဆန်သော 512 MB RAM
iOS: Version 12 or later
Android: Version 6 or later

Goethe-On-Demand တွင်ရုပ်ရှင်ကြည့်ရန် အောက်ပါ အင်တာနက် ဒေါင်းလုတ် အမြန်နှုန်းများကို အကြံပြုပါသည်။

0.5 Mbps – min. required broadband speed
1.5 Mbps – recommended broadband speed
3.0 Mbps – recommended for standard resolution
5.0 Mbps – recommended for HD quality
25 Mbps – recommended for ultra HD quality

1.5 Mbps အမြန်နှုန်းသည် DSL-2000 line အတွက် ဖြစ်နိုင်ပါသည်။ သို့သော် ကြည့်ရှု့နေစဉ်အတွင်း ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုကွန်ရက်များ၊ အီးမေးလ်နှင့် အင်တာနက်တွင်ရှာဖွေခြင်းများ တပြိုင်နက်အသုံးပြု၍မရနိင်ပါ။ 

ကျွန်ုပ်တို့၏ ပြသသောရုပ်ရှင်များ












Mr. Bachmann and His Class © Madonnen Film

March 11 - 31, 2022
Mr. Bachmann and His Class

Germany
Year:2021
Runtime: 217 min
Age Rating: 0
Genre: Documentary
Director: Maria Speth