Chronicles of Change: Performance Art in Myanmar (1997-2008)
Performance Art Exhibition

Performance Art Exhibition ©Goethe-Institut Myanmar

၁၉၉၇ ခုနှစ် မှ ၂၀၀၈ ခုနှစ်ကာလများအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အနုပညာရေချိန်ကို နောက်ခံထားပြီး ပန်းချီထိန်လင်း နဲ့အတူ အခြားသော အနုပညာရှင်တွေရဲ့ Performance Art ဖန်တီးမှု၊ ပြောင်းလဲလာမှုတွေကိုကြည့်ရှုခံစားနိုင်မဲ့ အနုပညာပြပွဲတစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက် မှ ဇန်နဝါရီလ ၆ ရက် ပြပွဲတစ်လျှောက်မှာ Goethe-Institut Myanmar ပြပွဲခန်းမအတွင်း Performance Artist ၁၀ ယောက်ရဲ့ အနုပညာတွေကို စခရင် မျိုးစုံမှာ curate လုပ်ထားတဲ့ ပြပွဲတစ်ခုကို လာရောက်ကြည့်ရှုခံစားကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပြပွဲပထမဆုံးရက် ဒီဇင်ဘာလ ၁၅ ရက် ညနေ ၃း၃၀ ကစပြီး Goethe-Institut Myanmar ပြပွဲခန်းမအတွင်းမှာ ဖွင့်ပွဲအစီစဥ်နှင့် ပန်းချီထိန်လင်း၊ ဖြူမွန်၊ ညိုဝင်းမောင်၊ စန်းဦး တို့ရဲ့ Performance Art တင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်မှာတော့ “My Body is My Tool” ခေါင်းစဥ်ဖြင့် ပန်းချီထိန်လင်းနှင့် ဖြူမွန်တို့ရဲ့ ဆွေးနွေးပွဲကို နားဆင်နိုင်အုံးမှာဖြစ်ပါတယ်။ အဆိုပါ နှစ်ရက်လုံးတွင် Performance Art ပြပွဲကို လာရောက်ကြသူတွေအချင်းချင်း စကားပြောဆက်သွယ်ရင်းမိတ်ဖွဲ့နိုင်ဖို့ ကျွေးမွေးဧည့်ခံခြင်းကိုလည်း ထည့်သွင်းစီစဥ်ထားပါတယ်။

Goethe-Institut Myanmar ကပြုလုပ်တဲ့ Chronicles of Change ပြပွဲကို Coming From Kalaw မှ curate လုပ်ထားပြီး ပြပွဲအစီစဥ်၊ ဖွင့်ပွဲနှင့်စကားဝိုင်းအစီစဥ်အသေးစိတ်ကို အောက်တွင်ဖတ်ရှု့နိုင်ပါတယ်။

Chronicles of Change: Performance Art in Myanmar (1997-2008)


ပြပွဲရက် - ဒီဇင်ဘာလ ၁၅ရက်မှ ဇန်နဝါရီလ ၆ ရက်
                (တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင်ပိတ်ပါသည်)
ပြပွဲချိန် - မနက် ၁၀ နာရီမှ ညနေ ၄း၃၀
ပြပွဲနေရာ - Goethe-Institut Myanmar ပြပွဲခန်းမ

အချိန်နှင့်အမျှပြောင်းလဲလာသော ပန်းချီထိန်လင်းအပါအဝင် အနုပညာရှင် ၁၀ ဦး၏ Performance Art Video များကို တင်ဆက်ပြသထားသည့်အနုပညာပြပွဲ


ပြပွဲဖွင့်ပွဲ နှင့် Performance Art တင်ဆက်မှု

ဖွင့်ပွဲရက် - ဒီဇင်ဘာလ ၁၅ ရက်
ဖွင့်ပွဲချိန် - ညနေ ၃း၃၀ မှ ၆း၃၀ ထိ
ဖွင့်ပွဲနေရာ - Goethe-Institut Myanmar ပြပွဲခန်းမ

ဖွင့်ပွဲအစီစဥ်
ညနေ ၃း၃၀  | စာရင်းသွင်းခြင်းနှင့်ကြိုဆိုခြင်း
ညနေ ၄း၀၀  | အဖွင့်အမှာစကားပြောခြင်း
ညနေ ၄း၃၀  | ပြပွဲကြည့်ရှုခံစားခြင်း
ညနေ ၅း၁၅  | Performance Art တင်ဆက်ပြသခြင်း
ညနေ ၆း၀၀  | ကျွေးမွေးဧည့်ခံခြင်း


အနုပညာရှင်စကားဝိုင်း - “My Body is My Tool”

စကားဝိုင်းရက် - ဒီဇင်ဘာလ ၂၁ ရက်
စကားဝိုင်းချိန် - ညနေ ၄း၀၀ မှ ၅း၃၀ ထိ
စကားဝိုင်းနေရာ - Goethe-Institut Myanmar ပြပွဲခန်းမ

စကားဝိုင်းအစီစဥ်
ညနေ ၄း၀၀  | စာရင်းသွင်းခြင်းနှင့်ကြိုဆိုခြင်း
ညနေ ၄း၃၀  | အနုပညာရှင် စကားဝိုင်း
ညနေ ၅း၁၅  | အမေးအဖြေပြုလုပ် ဆွေးနွေးခြင်း
ညနေ ၅း၃၀  | ကျွေးမွေးဧည့်ခံခြင်း