Materials of Life

Open Call

Materials of Life © Goethe-Institut Myanmar

လက်မှုအတတ်ပညာဖန်တီးမှုများနှင့် ခေတ်ပြိုင်အနုပညာ တို့ကို ပူးပေါင်းတင်ဆက်ပြသမှုများအတွက် Goethe-Institut Myanmar မှလေ့ကျင့်သင်ကြားပေးမည့်အလုပ်ရုံဆွေးနွေးပွဲများနှင့် အနုပညာဖန်တီးမှုပြပွဲ ပြုလုပ်သွားမည့် “Materials of Life” အစီအစဉ်တွင်ပါဝင်လိုသော အနုပညာရှင်များအားဖိတ်ခေါ်ခြင်း

အစီအစဉ် အချိန်ဇယား

မတ်လ ၁၈ ရက်၊ ၂၀၂၄ - ဧပြီလ ၁၂ ရက်၊ ၂၀၂၄

လျှောက်လွှာပိတ်ရက် 

ဖေဖော်ဝါရီလ ၂၉ ရက်၊ ၂၀၂၄ (ကြာသပတေးနေ့)

ဘယ်သူတွေ လျှောက်ထားနိုင်မလဲ။

မြန်မာနိုင်ငံတွင်နေထိုင်သည့် အနုပညာရှင်များလျှောက်ထားနိုင်ပါသည်။ အသက်ကန့်သတ်ချက် မရှိပါ။ လူငယ်အနုပညာရှင်များနှင့် ရန်ကုန်ပြင်ပမှအနုပညာရှင်များအား လျှောက်ထားကြဖို့ အထူးတိုက်တွန်းပါသည်။ အခမဲ့ပို့ချသွားမည့်သင်တန်းဖြစ်ပြီး အလုပ်ရုံဆွေး‌နွေးပွဲအားလုံးကို အပြည့်တက်ရောက်နိုင်ရန်လိုအပ်ပါသည်။ သင်ထောက်ကူများကိုလည်း သင်တန်းမှ အခမဲ့ ပံ့ပိုးသွားမည်ဖြစ်ပါသည်။

Materials of life အကြောင်း

ယနေ့ခေတ်ကမ္ဘာတွင် AI  နှင့် ဒစ်ဂျစ်တယ်နည်းပညာအသစ် ပံ့ပိုးမှုတို့ဖြင့် သတ်မှတ်ပုံဖွဲ့မှုစံနှုန်းများပြားလာတာကို တွေ့ရှိလာရပါသည်။ ဤအကြောင်းအရာသည် နည်းပညာနှင့် လူသားဆန်သောဖန်တီးမှုများကို  ဆက်စပ်၍ မိမိကိုယ်ကို မေးခွန်းထုတ်စေပါသည်။

ယနေ့ခေတ် အနုပညာသည် မည်ကဲ့သို့ အဓိပ္ပါယ်ရှိသနည်း။ ဖန်တီးမှုပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းဖြင့် မည်သို့အကျိုးသက်ရောက်စေသနည်း။ သဘာဝပစ္စည်းများကို လက်ရာမြောက်ဖန်တီးခြင်းဟူသည် အဘယ်နည်း။

ယနေ့ခေတ် ရုပ်ပိုင်းဆိုင်ရာ အနုပညာလက်ရာများတွင် မည်သို့တန်ဖိုးဖြတ်မည်နည်း။

အဓိပ္ပါယ်ဖွင့်ဆိုမှုများအပေါ် မေးခွန်းထုတ်ဖွယ်ရာဖြစ်လာစေပါသည်။ 

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများနှင့် ရိုးရာကုန်ကြမ်းဖန်တီးမှုများ ကြွယ်ဝလှပါသည်။ ဤအစဉ်လိုက် ပြုလုပ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲများတွင် သဘာဝကုန်ကြမ်းများနှင့် ဖန်တီးမှုအနုပညာအရင်းအမြစ်များကို အခြေခံ လေ့လာကာ ခေတ်ပြိုင်အနုပညာဖန်တီးမှုများအတွက်လိုအပ်သော နည်းစနစ်များ၊ ဖန်တီးလှုံ့ဆော်မှုများကို ရှာဖွေကြပါမည်။ ယခုလိုစဉ်းစားတဲ့အခါမှာ မြန်မာနိုင်ငံရှိ ရှေးခေတ်နံရံဆေးရေးပန်းချီများနှင့်  ယနေ့ခေတ်နေ့စဉ်ဘဝတွေ့မြင်နေရသည့် ယဉ်ကျေးမှုဖန်တီးမှု အသစ်သစ်များကို ဆက်စပ်တွေးတောမိပါသည်။ ဤတွင်၊ ပါဝင်ကြမည့် ရိုးရာလက်မှုအတတ်ပညာရှင်များနှင့် အနုပညာရှင်များသည် သဘာဝကုန်ကြမ်းအရင်းအမြစ်များအားအသုံးပြုပြီး အနုပညာဖန်တီးမှုများကို ပြုလုပ်ကြပါမည်။ 

အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်သူများအနေဖြင့် သဘာဝဆေးအရောင်များ၊ ဒီဇိုင်းပုံစံများ၊ သဘာဝကိုအလေးထား ဖန်တီးထားသည့် ကြိမ်/ဝါးမျှင်များ၊ စာရွက်များ၊ အထည်အလိပ်များကို မည်သို့ပြုလုပ်အသုံးပြုရမည်ကို လေ့လာကြမည်ဖြစ်သည်။

ပါဝင်လိုသောအနုပညာရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် အစဉ်အလာဖြင့်တည်ရှိခဲ့သော လက်မှုလက်ရာများဖြစ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် နည်းစနစ်များကိုအသုံးပြုခြင်းဖြင့် ခေတ်ပြိုင်၊ မူရင်းအနုပညာလက်ရာများထုတ်လုပ်ရာတွင် စိတ်ဝင်စားပါဝင်လိုသူများကို ဖိတ်ခေါ်လိုပါသည်။ 

ပရိုဂရမ်အကြောင်းအရာ

ခေတ်ပြိုင်အနုပညာလက်ရာများဖန်တီးရန် ရန်ကုန်မြို့ရှိ အလုပ်ရုံဆွေးနွေးပွဲများတွင် အနုပညာရှင်များကိုပါဝင်ရန် ဖိတ်ခေါ် အပ်ပါသည်။ 

အနုပညာရှင်များကို သမားရိုးကျမဟုတ်သော၊ ဖန်တီးမှု၊ လှုံ့ဆော်မှုနည်းလမ်းများဖြင့် ဤပစ္စည်းများနှင့် နည်းပညာများကို အသုံးပြုရန် အနုပညာရှင်များအား တိုက်တွန်းလိုပါသည်။ 

ရွေးချယ်ထားသော အနုပညာရှင်များသည် ကြိမ်/ဝါး၊ အထည်အလိပ်၊ သဘာဝဆိုးဆေးများနှင့် စက္ကူများဖြင့် ပန်းချီ လက်ရာများ ထုတ်လုပ်ရန် နည်းစနစ်များကို လေ့လာကြမည့် အလုပ်ရုံဆွေးနွေးပွဲ (လေးခု) တွင် ပါဝင်ကြဖို့တိုက်တွန်းလို ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကို မတ်လ ၁၈ ရက်နေ့ မှ ဧပြီလအထိ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်သည်။ 

ပါဝင်တက်ရောက်သူ အနုပညာရှင်များအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေချိန်အတွင်းတွင် လေ့လာသင်ယူမှုအပေါ်အခြေခံ၍ အနုပညာဖန်တီးမှုလက်ရာများ ထုတ်လုပ်ရန်၊ အဆိုပြုတင်ပြရန်နှင့် စုပေါင်းပြပွဲတွင် ၎င်းတို့၏လက်ရာများကို ပြသရန် ဖိတ်ကြားသွားမည်ဖြစ်ပါသည်။
၎င်း သဘာဝပတ်ဝန်းကျင်အရင်းအမြစ်သုံးအနုပညာဖန်တီးမှုများပြပွဲ ”Material of life” အား ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် Goethe-Institut Myanmar တွင်ကျင်းပမည်ဖြစ်သည်။ 

ဤခေါ်ဆိုမှုနှင့် ပတ်သက်သည့် အကောင်းဆုံးအနုပညာဖန်တီးမှုအဆိုပြုချက်ကောင်းများကို ကျူရေတာအဖွဲ့ မှ ရွေးချယ်သွားမည်ဖြစ်သည်။

ပါဝင်ရန်ရွေးချယ်ဖိတ်ကြားခြင်းလက်ခံရရှိသော အနုပညာရှင်များအနေဖြင့် အနုပညာဖန်တီးထုတ်လုပ်မှုအတွက် ရံပုံငွေကို ရရှိမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲများကို အဓိကအစီအစဉ်လေးခုဖြင့် စီစဉ်ကျင်းပသွားပါမည်

၁။ ကြိမ်နှင့်ဝါး - အမျှင်အသုံးပြု၍ အနုပညာလက်ရာပြုလုပ်ခြင်း

၂။ ဆိုးဆေးများ၊ သဘာဝအပင်များ၊ သတ္တုဓာတ်များအသုံးပြု၍ဖန်တီးထားသောဆိုးဆေးများလေ့လာခြင်း

၃။ အထည်အလိပ်များ- ချည်၊ ပိတ်ချောနှင့်ပိုးချည်

၄။ ရှမ်းစက္ကူကဲ့သို့ သစ်ပင်အခေါက်ဖြင့် ပြုလုပ်ထားသောစာရွက်များ စသည့်ကုန်ကြမ်းပစ္စည်းများကို အသုံးပြုဖန်တီးနိုင်မည့် နည်းလမ်းများကို လေ့လာသွားမှာဖြစ်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေး နှင့် ရှမ်းပြည်နယ်-အင်း‌လေး‌ဒေသတို့မှ အတွေ့အကြုံရှိလက်မှုပညာ အတတ်ပညာရှင်များမှ ပြုလုပ်သင်ကြားပေးသွားမှာဖြစ်ပါသည်။

တချိန်တည်းမှာပဲ၊ အလုပ်ရုံဆွေးနွေးပွဲတွင် အောက်ပါအကြောင်းအရာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 
  • မြန်မာ့လက်မှုပစ္စည်းများသည် ခေတ်ပြိုင်အနုပညာဖန်တီးမှုအတွက် လှုံ့ဆော်မှုပေးနိုင်တဲ့အရင်းအမြစ်မည်သို့ဖြစ်နိုင်သနည်း။
  • သဘာဝအရ ယခုလက်ရှိ ဖန်တီးသူများအသုံးပြုနိုင်သည့် ပစ္စည်းများနှင့်အရင်းအမြစ်များသည် အဘယ်နည်း။ 
  • အနုပညာနဲ့သဘာဝက ဘယ်လိုဆက်စပ်နေပါသနည်း။
  • ယနေ့ခေတ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ အနုပညာကို မည်သို့ထုတ်လုပ်နိုင်မည်နည်း။ 

လျှောက်လွှာလိုအပ်ချက်များ

၁။ ဤခေါ်ဆိုမှုတွင် ပါဝင်လိုကြောင်း  Motivation Letter (စာလုံးရေ ၃၀၀-၅၀၀၊ မြန်မာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်)
၂။ ကိုယ်ရေးအကျဉ်း (CV)
၃။ လတ်တလော အနုပညာမှတ်တမ်း (Portfolio)

အဆိုပြုချက်များကို info.kultur.MMR@goethe.de သို့ အီးမေးလ်ဖြင့်ပေးပို့ရပါမည်။ 

လျှောက်လွှာလုပ်ငန်းစဉ် 

  • ရွေးချယ်မည့်အစီအစဉ် - မတ်လ ၄ ရက် မှ ၇ ရက်၊ ၂၀၂၄ ခုနှစ်
  • ဆန်ခါတင်စာရင်းအကြောင်းကြားခြင်း - မတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်
  • လူတွေ့အင်တာဗျူး - မတ်လ ၁၁-၁၃ ရက်၊ ၂၀၂၄ ခုနှစ်
  • ရလဒ်ကြေငြာခြင်း - မတ်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်
လျှောက်လွှာအတွက်ပြင်ဆင်ရာတွင် အကူညီဖြစ်စေရန် မြန်မာဘာသာစကားဖြင့် အွန်လိုင်းလမ်းညွှန်ပေးပါသည် ။ Materials of life ပရိုဂရမ်နှင့်ပတ်သက်သော အသေးစိတ်အကြောင်းအရာများနှင့် မေးမြန်းလိုသောအကြောင်းအရာများကိုဖြေကြားသွားမည်ဖြစ်ပါသည်။

၁။ တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၄။ ၄ နာရီမှ ၅ နာရီအထိ။ ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရန်
၂။ တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၄။ ၄ နာရီမှ ၅ နာရီအထိ။ ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရန်
၃။ တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၄။ ၄ နာရီမှ ၅ နာရီအထိ။ ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၂ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရန်

နိုင်ငံတကာရွေးချယ်ရေးကော်မတီအနေဖြင့် အဆိုပြုချက်များကိုကြည့်ရှုပြီး ပါဝင်သူများကို ၎င်းတို့၏အနုပညာအရည်အသွေးနှင့် ဤခေါ်ဆိုမှု၏အကြောင်းအရာနှင့်ဆက်စပ်မှုအပေါ်အခြေခံ၍ စိစစ်ရွေးချယ်မှုများကို ပြုလုပ်သွားပါမည်။
ရွေးချယ်ထားသောအနုပညာရှင်များကိုကော်မတီနှင့် အင်တာဗျူးရန်အတွက် ဖိတ်ကြားသွားမည်ဖြစ်ပါသည်။ 

စုံစမ်းမေးမြန်းမှုများရှိပါက -
ခိုင်မွန်မြတ်
info.kultur.MMR@goethe.de

 

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက