သင်တန်းရပ်နားလိုပါက သင်တန်းစတင်ပြီးသုံးရက်အတွင်းရပ်နားနိုင်ပါသည်။ သို့သော် ဤအတွက်လုံလောက်သည့်အကြောင်းပြချက် (ဥပမာ ဆရာဝန်လက်မှတ်ပါသည့်ဆေးခွင့်) ကိုပြသရပါမည်။ သင်တန်းကြေးငွေများကိုပြန်လည်ထုတ်ပေးရာတွင် တက်ရောက်ခဲ့ပြီးသောသင်တန်းချိန်များအတွက်ကျသင့်ငွေနှင့် ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) တို့ကို နှုတ်ယူသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရန်စာရင်းသွင်းငွေပေးချေပြီးနောက်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်မဖြေဆိုလိုခြင်း၊ မဖြေဆိုနိုင်ခြင်းများရှိပါက မဖြေဆိုခင်အနည်းဆုံး (၁) ပတ်ကြိုတင်၍စာနှင့်ရေးသားအကြောင်းကြားရပါမည်။
စာမေးပွဲကြေးငွေများထဲမှ ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) ကိုနှုတ်ယူပြီး ကျန်ငွေကိုပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။