Alumniportal Deutschland

Alumniportal Deutschland
ဓာတ်ပုံ: Alumniportal Deutschland
ကမ္ဘာပေါ်ရှိ ထောင်ပေါင်းများစွာသောလူများသည် ဂျာမနီနိုင်ငံတွင် ပညာသင်ကြား၊ အလုပ်လုပ် သို့မဟုတ် ဂျာမနီနှင့် နိုင်ငံရပ်ခြားရှိ ဂျာမန်အဖွဲ့အစည်းများတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်နေကြပါသည်။ အခြေခံ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုခု သင်ယူခြင်းများ၊ ကျွမ်းကျင်မှုအဆင့်မြှင့်ခြင်းသင်တန်းများ သို့မဟုတ် ဘာသာစကားသင်တန်းများလည်း တက်ရောက်ကြပါသည်။ ဂျာမနီတွင် ပညာသင်ကြားပြီးနောက် မိမိ၏ဇာတိမြေသို့ ပြန်လာကြသောကျောင်းသားဟောင်းများအနေဖြင့် ,,ဂျာမနီနိုင်ငံ၏ ကျောင်းသားဟောင်းများ အင်တာနက်စာမျက်နှာ (Alumniportal Deutschland)“ပေါ်တွင် တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်ရှိနေနိုင်ပြီး ဂျာမနီနိုင်ငံနှင့်လည်း အဆက်အသွယ်မပြတ် ရှိနေနိုင်မည်ဖြစ်ပါသည်။

,,ဂျာမနီနိုင်ငံ၏ ကျောင်းသားဟောင်းများ အင်တာနက်စာမျက်နှာ (Alumniportal Deutschland)“ ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလတွင် အွန်လိုင်းပေါ် စတင်လွှင့်တင်ခဲ့ပါသည်။ ဤအင်တာနက်စာမျက်နှာသည် ဂျာမနီနိုင်ငံကို ပညာအရသော်လည်းကောင်း၊ အလုပ်အကိုင်အရသော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးရာအရသော်လည်းကောင်း စိတ်၀င်စားမှုရှိကြသည့် ကျောင်းသားဟောင်းများ (သို့) အခြားသော ဂျာမနီနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိပြီးသူများအတွက် ရည်ရွယ်တည်ဆောက်ထားသည့် ကွန်ရက်တစ်ခု ဖြစ်ပါသည်။ အင်တာနက်စာမျက်နှာ၏ အဓိကနှလုံးသားမှာ ကျောင်းသားဟောင်းများ အဆက်အသွယ်လုပ်ကြရာနေရာဖြစ်သော၊ အဆက်အသွယ်မပြတ်အောင် ထားရှိပေးထားသော ကွန်မြူနတီဖြစ်ပြီး၊ အဖွဲ့များ၊ ဖိုရမ်များနှင့် ဘလော့များထဲတွင် နှီးနှောဖလှယ်နိုင်ကြသလို၊ အွန်လိုင်းဆွေးနွေးပွဲများတွင်လည်း ပါ၀င်နိုင်ပါသည်။ မဂ္ဂဇင်းတွင်လည်း ဂျာမန်ဘာသာစကားအကြောင်း၊ ပွဲအခမ်းအနားများအကြောင်းနှင့် ကျောင်းသားဟောင်းများအကြောင်း စိတ်၀င်စားစရာ ဆောင်းပါးများ၊ အလုပ်အကိုင်များ၊ အကြံဉာဏ်များနှင့် သတင်းအချက်အလက်များကို တွေ့နိုင်ပါသည်။
 
အသင်သည် မည်သည့်အဖွဲ့အစည်းမှ ပညာတော်သင်ဆု ရရှိခဲ့သည်မဆို ,,ဂျာမနီနိုင်ငံ၏ ကျောင်းသားဟောင်းများ အင်တာနက်စာမျက်နှာ (Alumniportal Deutschland)“ သည် သင့်အတွက် အမြဲတမ်း တံခါးဖွင့်ထားပါသည်။ ပညာတော်သင်ဆု ရရှိခဲ့သူများသာမက မိမိစရိတ်ဖြင့် ဂျာမနီတွင် ကျောင်းတက်ခဲ့ကြသူများ၊ ဂျာမနီနှင့် နိုင်ငံရပ်ခြားရှိ ဂျာမန်အဖွဲ့အစည်းများတွင် အသက်မွေးဝမ်းကျောင်း အလုပ်သင်ယူခြင်း သို့မဟုတ် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ခြင်းသင်တန်းတွင် တက်ရောက်ခဲ့ကြသူများအတွက်လည်း ပါ၀င်ပါသည်။ ပါဝင်လုပ်ဆောင်လိုပါက အင်တာနက်စာမျက်နှာတွင် စာရင်းပေးသွင်းပါ၊ ပရိုဖိုင်တစ်ခု သတ်မှတ်ပါ။ ဤနည်းဖြင့် ဂျာမနီနိုင်ငံနှင့် အဆက်အသွယ်မပြတ် ရှိနေရင်း၊ ကမ္ဘာအနှံ့ သင့်ကွန်ရက်ကို ဖြန့်ကျက်လိုက်ပါ။

,,ဂျာမနီနိုင်ငံ၏ ကျောင်းသားဟောင်းများ အင်တာနက်စာမျက်နှာ (Alumniportal Deutschland)“ ကို ဂျာမနီနိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန (Bundesministerium für wirtschaftliche Zusammenarbeit (BMZ))နှင့် နှစ်ပေါင်းများစွာကတည်းက နိုင်ငံခြားရေးရာနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ နယ်ပယ်တွင် အတွေ့အကြုံရှိသော ဂျာမန်အဖွဲ့အစည်း ငါးခုတို့မှ ကူညီထောက်ပံ့ပေးထားပါသည်။ Goethe-Institut မှလည်း မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး ,,ယဥ်ကျေးမှု”၊ ,,ဂျာမန်ဘာသာစကား” အကြောင်းအရာများနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ပေးနေကာ ၎င်းနယ်ပယ်များထဲမှ ကျောင်းသားဟောင်းများကိုလည်း ခေါ်ဆောင်လာပေးပါသည်။